How To Install Windows From A USB Stick ဆိုတဲ့ ဆောင်းပါးကို ရေးပေးပြီးပါပြီ။အခုတစ်ခါတော့ သင့် android phone ကနေ windows ကို အင်စတောလုပ်ဖို့ နည်းကို ရေးပေးပါမယ်။ Windows installer disc ကို သင့် ဖုန်း မှာ ဆောင်သွားသလို ပါပဲ ။အဲဒီလို ဆောင်ထားတဲ့အတွက် သင့်ဖုန်းကနေပဲ ၀င်းဒိုး အင်စတောလုပ်တာတွေ၊ ၀င်းဒိုးကို repair လုပ်တာတွေ၊system restore လုပ်တာတွေ၊၀င်းဒိုးကပြဿနာတွေကို အဖြေရှာတာတွေ၊Boot မတက်တော့တဲ့ ကွန်ပြူတာကဖိုင်တွေကို ပြန်လည်ရှာဖွေ သိမ်းဆည်း တာတွေ ကို ပြုလုပ်နိုင်ပါတယ်။ဒီလို လုပ်ဖို့ အတွက် DriveDroid ဆို တဲ့ android application ကိုသုံးပါမယ်။သင့်ဖုန်းဟာ root လုပ်ထားဖို့ လို ပါတယ်။နောက်ပြီး DriveDroid က android 2.2 နဲ့ သူ့ အထက်မှာ ပဲအလုပ်လုပ်ပါတယ်။
Thursday, February 28, 2013
Wednesday, February 27, 2013
Windows 7 (Home Premium , Professional & Ultimate)
Windows 8 Professional ကိုဒေါင်းလုပ်လုပ်ဖို့ ဆောင်းပါး ရေးပေးဖူးပါတယ်။Windows 8 မသုံးချင်သေးသူတွေ အတွက် Windows 7 Home Premium,Professional,Ultimate စတဲ့  OS တွေ ရဲ့  official direct download link တွေကို ရှာတွေ့ လို့ မျှဝေလိုက်ပါတယ်။ISO ဖိုင်အနေနဲ့ ဒေါင်းလုပ်ရရှိမှာဖြစ်ပြီး ISO Burner တွေ နဲ့  cd/dvd မှာ burn ပြီးသုံးနိုင်ပါတယ်။Genuine ဖြစ်အောင်လုပ်ဖို့ အတွက် Windows 7 Loader ကို အသုံးပြုနိုင်ပါတယ်။
Tuesday, February 26, 2013
Trick To Install Incompatible Android Applications From Google Play
Google Play Store က Android Applications တွေကို ဒေါင်းလုပ်လုပ်လို့ ရပြီလား? မရသေးရင် ဒီဆောင်းပါး နဲ့  ဒီဆောင်းပါး နှစ်ခုကိုဖတ်ပါ။Google Play Store က သင့် android device နဲ့  compatible ဖြစ်တဲ့ applications တွေကို ဒေါင်းလုပ်လုပ်ခွင့်ပေးပါတယ်။သင့် android device နဲ့  compatible မဖြစ်တဲ့ applications တွေကို ဒေါင်းလုပ်လုပ်ချင်ရင်တော့ ဒီဆောင်းပါးကို ဆက်ဖတ်ပါ။ဒီလို လုပ်ဖို့ နည်းနှစ်နည်းရှိပါတယ်။ပထမ နည်းက market helper ဆိုတဲ့ application ကို သုံးမှာပါ။နောက်တစ်နည်း ကတော့ သင့် android device က device model ကို ဖော်ပြပေးတဲ့ bulid.prop ဆိုတဲ့ ဖိုင်ကို ပြင်မှာပါ။ဒီနည်းနှစ်နည်းစလုံးက သင့် android device ကို model မြင့်တဲ့ device အမျိုး အစားအဖြစ် google play store ကထင်စေမှာဖြစ်တဲ့ အတွက်အဲဒီ model မြင့်  android device နဲ့  compatible ဖြစ်တဲ့ applications တွေကို ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
Monday, February 25, 2013
SRS Root : One Click Root For Android
Android Devices တွေကို လွယ်လွယ်ကူကူ one click နှိပ်ရုံနဲ့  root လုပ်ပေးနိုင်ပါတယ်။Android Version 1.5, 2.1, 2.2, 2.3, 3.1, 3.2, 4.0, 4.1, 4.2 စတာတွေကို root လုပ်ပေးနိုင်ပါတယ်။Root လုပ်ပေးနိုင်တဲ့ supported devices တွေကို official page မှာ ကြည့်ရှုနိုင်ပါတယ်။Root မလုပ်ခင် သင့် android device ကို Backup လုပ်ထားသင့်ပါတယ်။
Sunday, February 24, 2013
Add Your Social Feeds To Your Email Signature With WiseStamp
သင့် အီးမေး (gmail,yahoo,hotmail) စတဲ့ အီးမေး တွေ မှာ သင့်ရဲ့  social feed လှလှလေး တွေကိုထည့် သွင်းပေးနိုင်တဲ့ free web service တစ်ခု ပါ။သင့်အီးမေးကို လက်ခံရရှိတဲ့သူ က အပေါ်ကပုံမှာတွေ့ ရသလို သင့်ရဲ့ ဖုန်း၊အီးမေးလိပ်စာ၊၀က်ဆိုက်၊နေရပ်လိပ်စာအပြင်သင့် ရဲ့  social network တွေကို ဆက်သွယ်နိုင်တဲ့ လင့် တွေကိုရရှိနိုင်ပါတယ်။ဒါ့အပြင်သင့် ရဲ့  social network တွေက latest post တွေကို ပါ မြင်တွေ့ နိုင်ပါတယ်။ Chrome, Firefox, Internet Explorer, and Safari browsers တွေမှာအသုံးပြုနိုင်ပြီး အဲဒီ browser တွေမှာ WiseStamp (Add-on,Extension) ကို အင်စတောလုပ်ရမှာပါ။
Saturday, February 23, 2013
Your Guide To Google Drive
Google Drive ကို Google က April 24, 2012 မှာ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။အရင် Google Docs လို့ သိကြတဲ့ Web-based office suite ကနေ အသွင်ပြောင်းလာတာပါ။Google Drive ကို Google account တစ်ခု ရှိရင် အသုံးပြုလို့ ရပြီး အခမဲ့ 5 gb storage space ရရှိမှာ ပါ။ Google Drive မှာ သင့်ဖိုင် တွေ ကို upload လုပ်ပြီးသိမ်းထားနိုင်ပြီး သင်ဘယ်နေရာရောက်ရောက်အသုံးပြုနိုင်ပါတယ်။Google Drive ကသင့်ဖိုင်တွေကို Gmail,Facebook,Twitter,Google Plus ကနေ တစ်ဆင့် သင့်သူငယ်ချင်း ၊မိတ်ဆွေ တွေကို share လုပ်နိုင်ပါတယ်။ Google Drive ကသင့်ဖိုင်တွေကို Windows , Android , IOS device တွေ နဲ့ sync လုပ်နိုင်ဖို့  Google Drive Application တွေ ကိုလည်းဒေါင်းလုပ်လုပ်နိုင်ပါတယ်။တစ်ခြား cloud storage တွေထက်အားသားတဲ့ အချက်တွေက video, image, microsoft office documents,adobe photoshop,pdf စတဲ့ဖိုင် တွေ အပြင် တစ်ခြားဖိုင် အမျိုးအစား(၃၀) ကျော်ကို Google Drive မှာ ပဲကြည့်ရှုနားဆင်နိုင်ပါတယ်။Google Drive မှာ Preview ကြည့်နိုင်တဲ့ Supported File Types တွေ အားလုံးကို official page မှာ ကြည့်ရှုနိုင်ပါတယ်။Microsoft Office Document အပါအ၀င် တစ်ခြား ဖို်င် အမျိုးအစားတွေကို Google Docs အဖြစ်ပြောင်းလဲ နိုင်ပြီး edit လုပ်နိုင်သလို edit လုပ်ထားတဲ့ Google Docs ဖိုင်ကို Microsoft Office Document အပါအ၀င်တစ်ခြား ဖိုင် ဖောက်မက်တွေအနေနဲ့ ပြောင်းလဲပြီးဒေါင်းလုပ်လုပ်နိုင်ပါတယ်။Google Docs အဖြစ်ပြောင်းလဲပေးနိုင်တဲ့ Supported File Types တွေကို official page မှာ ကြည့်ရှုနိုင်ပါတယ်။နောက်ပြီး Google Drive ကနေ Google Docs ဖိုင်တွေကို ပြုလုပ်နိုင်ပြီး Microsoft Office Document,plain text file,pdf,html ဖိုင် အနေနဲ့ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ နောက်ထပ်အားသာချက်တစ်ခုက Google Drive ကို ပိုမိုအသုံးဝင်အောင်လုပ်ပေးနိုင်တဲ့ Web Applications တွေရှိပြီး Chrome Web Store မှာ အင်စတောလုပ်နိုင်ပါတယ်။
Friday, February 22, 2013
Ninite : The Easiest & Fastest Way To Install Or Update Software
သင့်ကွန်ပြူတာမှာ မရှိမဖြစ်လို အပ်တဲ့ ဆော့ဝဲ တွေ ဖြစ်တဲ့ browsers,messengers,media player,java,flash player,image viewer,document reader,antivirus and antimalware,online storage application,password manager,note applications,utilities,compression စတဲ့ ဆော့ဝဲတွေ ရဲ့  latest version တွေကို သက်ဆိုင်ရာ ၀က်ဆိုက်တစ်ခု ချင်းစီက ဒေါင်းလုပ်လုပ်ပြီး အင်စတောလုပ်ရတာ အချိန် ကုန် ပြီး အလုပ်ရှုပ်ပါတယ်။အဲဒီ ဆော့ဝဲတွေ ကို တစ်ခါတည်း ဒေါင်းလုပ်လုပ်ပြီးအင်စတောလုပ်ပေးနိုင်တဲ့ installer မရှိဘူးလား?ရှိပါတယ်။Ninite installer က အဲဒီ ဆော့ဝဲတွေအားလုံးကို အလိုလို ဒေါင်းလုပ်လုပ်ပြီး အင်စတောလုပ်ပေးနိုင်ပါတယ်။ သင့်ကွန်ပြူတာမှာ ရှိပြီးသား ဆော့ဝဲတွေကိုလည်း update လုပ်ပေးနိုင်ပါတယ်။
Add A Background To Google Search With Custom Google Background[Chrome Extension]
Google Search ရဲ့  background ကို သင့်စိတ်ကြိုက် ပုံတွေနဲ အလှဆင်ပေးနိုင်တဲ့ chrome extension ပါ။သင့်ကွန်ပြူတာကပုံတွေကို အသုံးပြုနိုင်သလို web ပေါ်က ပုံတွေကိုလည်း background အဖြစ်သုံးနိုင်ပါတယ်။ပုံတွေတစ်ခု ထက်ပို အသုံးပြုနိုင်ပြီး သင့်စိတ်ကြိုက်ပုံကို ရွေးချယ်သုံးနိုင်သလို random လည်း အသုံးပြုနိုင်ပါတယ်။
Thursday, February 21, 2013
Sticky Password 6 With Serial
Web accounts,app account တွေကို မှတ်သားထားပေးနိုင်ပြီးအလိုအလျှောက် log in လုပ်ပေးနိုင်တဲ့ password manager တစ်ခုပါ။Online forms တွေကို လည်း အလို လို ဖြည့်ပေးနိုင်ပါတယ်။Internet Explorer, Firefox, Google Chrome စတဲ့ browser တွေ အပြင်တစ်ခြား browser တွေနဲ့ အသုံးပြုနိုင်ပါတယ်။Google Talk ,Dropbox ,Filezilla ,iTunes ,Skype ,Windows Live Messenger ,Yahoo Messenger ,Opera ,Digsby စတဲ့ applications တွေအပြင် တစ်ခြား application တွေရဲ့ အကောင့်တွေကို မှတ်သားထားနိုင်ပြီးအလိုလို log in လုပ်ပေးနိုင်ပါတယ်။Password generator ပါရှိပြီး strong password တွေကို generate လုပ်ပေးနိုင်ပါတယ်။Virtual keyboard လည်းပါရှိပြီး key logger တွေရဲ့ သင့် အကောင့်ကို ခိုးယူမှုမှလည်းကာကွယ်ပေးနိုင်ပါတယ်။Phishing scams (fake sites) တွေကသင့်အကောင့်ကို ခိုးယူမှုမှကာကွယ်ပေးနိုင်ပါတယ်။Secure memo တွေလည်းမှတ်သားထားနိုင်ပါတယ်။Browser တွေအပြင် lastpass, keepass, ai roboform စတဲ့  applications တွေက သင့်အကောင့်တွေကို sticky password ကို import/export လုပ်နိုင်ပါတယ်။Sticky password portable version ကို Portable memory device တွေ မှာ အင်စတောလုပ်နိုင်ပြီး အကောင့်တွေကို sync လုပ်နိုင်တဲ့အတွက် သင်သွားလေရာ သင့် အကောင့်တွေကို တပါတည်း ယူဆောင်သွားနိုင်ပါတယ်။Windows XP ,Windows Vista ,Windows 7 ,Windows 8 (Desktop mode only) စတဲ့ os တွေမှာ သုံးနိုင်ပါတယ်။
Wednesday, February 13, 2013
Tips To Speed Up Mozilla Firefox
Mozilla Firefox Browser ကိုမြန်စေမယ့်နည်းလမ်းများ ထဲမှ ကျွန်တော် အကြိုက်ဆုံးနည်းလမ်းများကို ရှာပြီးမျှဝေပါတယ်။
Tuesday, February 12, 2013
Internet Download Manager 6.15 With Patch
ဒီ version အသစ်မှာတော့ file sharing sites တစ်ချို့ ကနေ ဒေါင်းလုပ်လုပ်ရင်ဖြစ်တတ်တဲ့ ပြဿနာ တွေကို ပြင်ထားပါတယ်။IE browser သုံးသူများမှာဖြစ်တတ်တဲ့ integration module ပြဿာနာကို ပြင်ထားပါတယ်။Advanced user တွေအတွက် automatic proxy configuration scripts တွေကိုသုံးနိုင်ပါတယ်။Windows 8 သုံးသူများအတွက် "Minimize to tray" button style ကိုပြင်ထားပါတယ်။
Internet download manager ရဲ့ features တွေကတော့
*IE, AOL, MSN,Chrome, Netscape, Firefox, Avant Browser စတဲ့ browsers များနဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။
*Internet applications တွေရဲ့ bulid in download manager နေရာမှာအစားထိုး နိုင်ခြင်း။(ဥပမာ။ windows itunes က applications တွေကို idm နဲ့ ဒေါင်းလုပ်ဆွဲချင်ရင် idm ရဲ့ option>general မှာ add browser နှိပ်ပြီး itunes main exe ဖိုင်ကိုရွေးပေးလိုက်ပါ။)
*youtube,google video စတဲ့ video sites များမှ video များကို ဖမ်းယူနိုင်ခြင်း။
*Antivirus program များဖြင့် download ဆွဲပြီးသောဖိုင်များကို စစ်ဆေးနိုင်သော Automatic virus checking ပါရှိခြင်း။
*download link များကို idm windows ပေါ်သို့ drag and drop လုပ်နိုင်ခြင်း။
*Intelligent dynamic file segmentation technology ဖြင့် download speed acceleration ကို မြှင့်တင်နိုင်ခြင်း။
*Resume download ပြုလုပ်နိုင်ခြင်း။
*Scheduler ပါရှိခြင်း
*Quick update feature ပါရှိခြင်း။
Sunday, February 10, 2013
Google Adds Over 1,000 Emoticons To Gmail’s New Compose[Updates]
Gmail new compose ကို သုံးနေပြီလား?သင်သတိထားမိရင် gmail new compose က emoticon ကို နှိပ်ရင် “coming soon” ဆိုတဲ့ message ကိုတွေ့ မြင်ရမှာပါ။အခုတော့ gmail new compose မှာ emoticon ကို သုံးလို့ ရပါပြီ။အဲဒီအတွက် သင့်သူငယ်ချင်း၊မိတ်ဆွေ တွေဆီကို emoticon လေးတွေ သုံးပြီး မေး ပို့ နိုင်ပါပြီ။အရင် old compose မှာတော့ emoticon အနည်းငယ်သာရှိပြီး new compose မှာ emoticon 1000 ကျော်ထပ်ဖြည့်ထားပါတယ်။
Saturday, February 9, 2013
How To Remove All Modern Applications From Windows 8
Windows 8 မှာ နဂို ပါရှိလာတဲ့ Modern or Metro applications တွေကို တွေ့ မြင်နိုင်ပါတယ်။အဲဒီ applications တွေ ဟာ touch screen device တွေအတွက် ရည်ရွယ်ပြီး ပြုလုပ်ထားတာပါ။သင်ဟာ touch screen device တွေကို အသုံးပြုသူမဟုတ်ရင် အဲဒီ applications တွေအားလုံးကို တစ်ပြိုင်နက်တည်း ဖြုတ် နိုင်ပါတယ်။Windows Store ကိုတော့ဖြုတ်လို့ မရပါဘူး။အဲဒီအတွက် ဖြုတ်လိုက်တဲ့ modern apps တွေကို သင်နောက်ပိုင်းမှာပြန်အသုံးပြုချင်ရင် Windows Store ကနေပြန်ပြီးအင်စတောလုပ်နိုင်ပါတယ်။Application တစ်ခုချင်းစီ ကို ပဲသီးသန့် ဖြုတ်ချင်ရင်တော့ Customize The Windows 8 Start Screen ဆိုတဲ့ ဆောင်းပါးကိုဖတ်ပါ။
Thursday, February 7, 2013
Control YouTube & Vimeo Playback In Chrome From IOS Or Android[ Chrome Extension ]
သင့်ရဲ့  android နဲ့  ios device တွေကို remote control လို အသုံးပြုပြီးသင့်ကွန်ပြူတာ ရဲ့  chrome browser ကနေ ကြည့်ရှုနေတဲ့ YouTube & Vimeo က video တွေကို ထိန်းချုပ်နိုင်ပါတယ်။Volume အတိုးအလျှော့ ပြုလုပ်နိုင်ပြီး အဲဒီ channel က video တွေကို next/previous ကြည့်နိုင်ပါတယ်။Rewind ,fast-forward ပြုလုပ်နိုင်ပါတယ်။Search bar လည်းပါရှိပြီး video တွေကိုရှာဖွေကြည့်ရှုနိုင်ပါတယ်။ဒီလိုကြည့်ရှုနိုင်ဖို့ အတွက် android or ios device တွေအတွက် de mobo application ကို အင်စတော့လုပ်ရမှာဖြစ်ပြီး သင့်ကွန်ပြူတာက chrome browser မှာတော့ YouTube Couch Mode ဆိုတဲ့ Extension ကို အင်စတောလုပ်ရမှာဖြစ်ပါတယ်။YouTube,Vimeo အပြင် တစ်ခြား web sites တွေဖြစ်တဲ့ pandora,grooveshark,google dos,slideshare,last.fm,scribd စတာတွေကို ပါ ios or android device ကနေ ထိန်းချုပ် ကြည့်ရှုနိုင်ပါတယ်။
Wednesday, February 6, 2013
Save Web Pages,Audio,Video & Files To Google Drive [Chrome Extension]
သင့်မှာ google အ ကောင့် တစ်ခု ရှိ ရင် Google Drive ဆိုတဲ့ cloud service ကို အသုံးပြုပြီးသင့်ဖိုင်တွေကို အင်တာနက်ပေါ်မှာသိမ်းထားလို့ ရပြီး နေရာတိုင်းမှာသင့်ဖိုင်တွေကိုအသုံးပြုလို့ ရပါတယ်။ဒါ့အပြင် ဖိုင်တွေကို ပြန်လည်ဝေမျှလို့ လည်းရပါတယ်။သင်ဟာ google chrome အသုံးပြုသူတစ်ယောက်ဆိုရင် Save To Google Drive ဆိုတဲ့ google ရဲ့  official extension ကို သုံးပြီး အင်တာနက်က web pages တွေ ဖိုင်တွေကို သင့်ရဲ့  google drive ကို တိုက်ရိုက်သိမ်းလို့ ရပါတယ်။အဲဒီအတွက် download & upload လုပ်စရာမလိုဘဲ အချိန်ကုန်သက်သာစေပါတယ်။
StudioLine Web 3.70.54.0 With Serial
Web designer software တစ်ခုပါ။Programming မတတ်ဘဲနဲ့ ဝက်ဆိုက်တွေအလွယ်တကူပြုလုပ်နိုင်ပါတယ်။အသင့်ပါရှိပြီးသား design template တွေပါရှိပြီး စိတ်ကြိုက်ပြုပြင်နိုင်ပါတယ်။ပြုလုပ်ပြီးတဲ့ ၀က်ဆိုက်တွေကို IE,Chrome,Firefox,Opera,Safari စတဲ့ browser တွေနဲ့ preview ကြည့်နိုင်ပါတယ်။Windows® 8 / 7 / Vista / XP SP3 စတဲ့ OS တွေမှာသုံးနိုင်ပါတယ်။Tutorial တွေကို www.studioline.net မှာလေ့လာနိုင်ပါတယ်။
Pimp My Picture 1.1.5.87 With Patch
Fun image editor software တစ်ခုပါ။အသင့်ပါရှိပြီးသား clipart graphics, text balloons, and quotes စတာတွေနဲ့ အလှဆင်နိုင်ပါတယ်။သင့်ပုံတွေ နဲ့  graphic ပုံ တွေကို rotate လုပ်နိုင်ပြီးအရွယ်အစားချိန်ညှိနိုင်ပါတယ်။Graphic ပုံတွေကမလိုတဲ့အပိုင်းတွေကို ဖျက်လို့ ရပြီး shadow effect တွေထည့်သွင်းနိုင်ပါတယ်။ပြုလုပ်ပြီးတဲ့ပုံနဲ့ မပြုလုပ်ခင်ကပုံကိုနှိုင်းယှဉ်ကြည့်ရှုနိုင်ပါတယ်။ပြုလုပ်ပြီးတဲ့ ပုံတွေကိုလည်း facebook မှာ share လုပ်နိုင်ပါတယ်။
Tuesday, February 5, 2013
Windows 8 မှာ Custom Refresh Image ပြုလုပ်ခြင်း။
Windows 8 ရဲ့  feature အသစ်တစ်ခု ဖြစ်တဲ့ Refresh And Reset အကြောင်းရေးပေးခဲ့ပြီးပါပြီ။Windows 8 မှာ Refresh လုပ်ရင် သင့်ရဲ့ ဖိုင်တွေ ၊ Windows Store ကနေ အင်စတောလုပ်ထားတဲ့ applications တွေမပျက်ဆီးဘဲ ရှိနေမှာဖြစ်ပေမယ့် Windows store ကနေ install လုပ်ထားတာမဟုတ်တဲ့ applications တွေအားလုံးကို ဖျက်ပစ်မှာပါ။Windows store ကနေ အင်စတောလုပ်ထားတာမဟုတ်တဲ့ applications တွေကို မပျက်ဆီးဘဲ refresh လုပ်နိုင်ဖို့ custom refresh image ကိုပြုလုပ်ပြီးအသုံးပြုနိုင်ပါတယ်။
Create A Custom Refresh Image
WinX menu (Win+X) ကို နှိပ်ပြီး command prompt(admin) ကို နှိပ်ပါ။
Refresh images တွေကို သီးသန့် ဖိုဒါတစ်ခုမှာသိမ်းဖို့ အတွက် C: အောက်မှာ CustomRefreshImages ဆိုတဲ့ ဖိုဒါတစ်ခု အရင်ပြုလုပ်ထားပါ။ပြီးရင် Command Prompt မှာ အောက်က command ကို ရိုက်ပါ။ Image1 နာမည်အစားသင်ကြိုက်နှစ်သက်ရာနာမည်ပေးနိုင်ပါတယ်။နောက်ပြီး ကြိုက်နှစ်သက်သလောက် custom fresh image တွေပြုလုပ်နိုင်ပြီး ကြိုက်နှစ်သက်ရာ image ကို အသုံးပြုပြီး refresh လုပ်နိုင်ပါတယ်။”Recovery image creation and registration completed successfully” ဆိုတဲ့ message ပေါ်လာရင် custom refresh image ပြုလုပ်တာပြီးဆုံးပါပြီ။
recimg /createimage C:\CustomRefreshImages\Image1 |
Custom image တွေတစ်ခုထက်ပို ပြုလုပ်ထားရင်တော့ နောက်ဆုံးပြုလုပ်ထားတဲ့ image က current image ဖြစ်နေမှာဖြစ်ပြီး refresh လုပ်တဲ့အချိန်မှာ အဲဒီ image ကို အသုံးပြုမှာပါ။တစ်ခြား image တွေကို current image အဖြစ်သတ်မှတ်ဖို့ အောက်က command ကို သုံးပါ။Image1 နေရာမှာ current image အဖြစ်သုံးမယ့် image ရဲ့ နာမည်ကို ရိုက်ပါ။
recimg /setcurrent C:\CustomRefreshImages\Image1 |
Current refresh image ကို သိရှိနိုင်ဖို့ အတွက် အောက်က command ကို သုံးနိုင်ပါတယ်။
recimg /showcurrent |
Custom refresh image ကို အသုံးမပြုချင်တော့ဘဲ default အတိုင်းပဲထားချင်ရင်တော့အောက်က command ကို သုံးပါ။
recimg /deregister |
Facebook Page ကို Like ပြီးအားပေးပါအုံး
ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ
Monday, February 4, 2013
Disable User Account Control Prompt In Windows 8
Windows 8 မှာ သင်အသုံးပြုနေကျ applications တွေကို အသုံးပြုတိုင်း user account control ပေါ်လာလို့ အလုပ်ရှုပ်ရင် မပေါ်အောင်ဖျောက်နိုင်ပါတယ်။ဒီလို လုပ်ဖို့ အတွက် Admin account နဲ့  Windows 8 ကို ၀င်ပြီး Charms Bar (Win + C) ကိုသွားပြီး Search ကို နှိပ်ပြီး search box ကနေ uac လို့ ရိုက်ပါ။ပြီးရင် Setting ကို နှိပ်ပြီး “Change User Account Control settings” ကို နှိပ်ပါ။