Monday, September 30, 2013
Windows မှာ Data Partition တစ်ခုသီးခြားပြုလုပ်အသုံးပြုခြင်း။
clip_image002
Windows Install ပြုလုပ်တဲ့အခါမှာ Data Partition ပြုလုပ်ခြင်း။
သင့်ကွန်ပြူတာမှာဝင်းဒိုး Install မလုပ်ရသေးလို့ ဖြစ်ဖြစ်၊ Reinstall လုပ်တာပဲဖြစ်ဖြစ်၊ Upgrade လုပ်တာပဲဖြစ်ဖြစ် ဒီနည်းကိုသုံးနိုင်ပါတယ်။Windows 7 or Windows 8 ကိုအင်စတောလုပ်တဲ့အခါမှာ Data Partition တစ်ခုကိုပြုလုပ်နိုင်ပါတယ်။Installation Wizard အတိုင်းပြုလုပ်ပြီး Upgrade or Custom ရွေးခိုင်းတဲ့ Wizard   မှာ  သင်ပြုလုပ်မယ့်အရာကိုရွေးပေးပါ။
clip_image004
နောက်အဆင့်မှာ Drive options (advanced) ဆိုတာကိုနှိပ်ပါ။
clip_image006
New button ကိုနှိပ်ပြီးကြိုက်သလောက် Partition တွေခွဲခြားနိုင်ပါတယ်။Size ကိုလည်းသတ်မှတ်ပေးရမှာပါ။ ပြီးရင်တော့ Windows Install လုပ်မယ့်  Partition ကိုရွေးချယ်ပေးပြီး Next နှိပ်ပါ။ Windows က ရွေးချယ်ထားတဲ့ Partition မှာအင်စတောလုပ်ပေးမှာဖြစ်ပြီးတစ်ခြား Partition တွေကို Data Partition အဖြစ်သုံးနိုင်ပါတယ်။
clip_image008
Windows Install လုပ်ပြီးတဲ့အခါမှာ Data Partition ပြုလုပ်ခြင်း။
အသုံးပြုနေတဲ့ ၀င်းဒိုးမှာ Partitioin အသစ်တစ်ခုပြုလုပ်ပြီး Data တွေခွဲခြားသိမ်းချင်တဲ့အခါမှာဒီနည်းသုံးပါ။Windows ရဲ့ Disk Management Tool ကိုအသုံးပြုနိုင်ပါတယ်။ Windows 7 , Windows 8 မှာ Windows Key+ R ကိုနှိပ်ပြီး Diskmgmt.msc လို့ ရိုက်ပြီး Enter ခေါက်ရင် Disk Management Tool ကိုသုံးနိုင်ပါတယ်။ Disk Management Tool ကိုအသုံးပြုနည်းကတော့ Windows 7 , Windows 8 မှာတူတူပဲဖြစ်ပါတယ်။ Disk Management Tool ကိုအသုံးပြုပြီး Partition အသစ်တစ်ခုပြုလုပ်နည်းကို ရေးသားပေးထားပြီး ဒီဆောင်းပါး မှာဖတ်ရှုပါ။ဒီဆောင်းပါးမှာအသေးစိတ်ထပ်ပြီးမရေးတော့ပါဘူး။
clip_image010
အပေါ်ကနည်းတွေကိုအသုံးပြုပြီး  သင့်ကွန်ပြူတာမှာ Data Partitioin တွေခွဲခြားသုံးနိုင်ပါပြီ။
Windows 7|8 မှာ Context Menu Items တွေကို Add,Remove,Edit ပြုလုပ်ခြင်း။
Add-Copy-To-Move-To-Folder-Options-To-Context-Menu-Windows-8
Right Click Menu or Context Menu ဆိုတာ Desktop or File or Folder တစ်ခုပေါ်မှာ Right Click နှိပ်လိုက်ရင်ပေါ်လာတဲ့ Menu တစ်ခုဖြစ်ပါတယ်။တစ်ချို့   Programs တွေအင်စတောလုပ်တဲ့အခါ Context Menu မှာ Item or Entry တွေ အလိုလို ထည့်သွင်းကြပါတယ်။အဲဒီ Menu ကနေ သင့်အလုပ်တွေကိုလွယ်ကူလျှင်မြန်စွာပြုလုပ်နိုင်ပါတယ်။ဒါပေမယ့် တစ်ချို့  Programs တွေကိုဖြုတ်လိုက်တဲ့အခါမှာ Context Menu မှာ Item တွေကျန်ခဲ့တတ်ပါတယ်။ နောက်ပြီး Context Menu မှာ Items  တွေများပြားခြင်းဟာလည်း Right Click Process ကို နှေးစေပါတယ်။အဲ ဒီလို အခြေအနေမှာ အဲဒီ Entry တွေကို ဖြုတ်ဖို့ နည်းလမ်းတွေ ရှိပါတယ်။
Edit Windows Context Menu
Context Menu Entries တွေကို ဖြုတ်ဖို့ အတွက် Registry Editor ကိုသုံးနိုင်ပါတယ်။ Windows + R ကိုနှိပ်ပြီး regedit လို့ ရိုက်ပြီး Enter ခေါက်ပါ။ပြီးရင်အောက်က Location ကိုသွားပြီး Entry တွေကို Delete လုပ်ပါ။
HKEY_CLASSES_ROOT\*\shellex\ContextMenuHandlers
 Ashampoo_Snap_01
တစ်ခြား Registry Locations တွေမှာလည်း Context Menu Entries တွေရှိတတ်ပါတယ်။အဲဒီအတွက် Registry Editor  ကိုအသုံးပြုပြီး Context Menu Entries တွေကိုဖြုတ်ခြင်းဟာ Perfect တော့မဖြစ်ပါ။ဒီလို အခြေအနေမှာ Third-Party Freeware တွေကိုအသုံးပြုနိုင်ပါတယ်။အဲဒီ Freeware တွေက Context Menu Entries တွေကို Add,Remove,Edit လုပ်ပေးနိုင်ပါတယ်။
Context Menu Editors
(1)Entries တွေကို Context Menu မှာအလွယ်တကူ Add,Remove,Edit လုပ်ပေးနိုင်တဲ့ Context Menu Editor ဆိုတဲ့ Freeware အကြောင်းရေးပေးဖူးပါတယ်။အသေးစိတ်ကို ဒီဆောင်းပါး မှာဖတ်ပါ။
clip_image006
(2)ContextEdit ဆိုတဲ့ Freeware ကလည်း Context Menu ကို Manage လုပ်ပေးနိုင်ပါတယ်။ ဒီမှာ Download လုပ်နိုင်ပါတယ်။
clip_image008
(3)Entries တွေကို ဖြုတ်ပေးနိုင်တဲ့ ShellExView အကြောင်း ဆောင်းပါး ကိုလည်းလေ့လာနိုင်ပါတယ်။
clip_image010
(4)File Menu Tools ကလည်း Items တွေကို Add,Delete,Customize လုပ်ပေးနိုင်ပါတယ်။File Menu Tools ကို ဒီမှာ Download လုပ်ပါ။
clip_image012
Windows 8 မှာ System Image ပြုလုပ်အသုံးပြုခြင်း။
clip_image002
Windows 8 မှာ System Recovery ပြုလုပ်ဖို့  Refresh & Reset ဆိုတဲ့ Feature အသစ်ပါရှိလာပါတယ်။ သင့်ကွန်ပြူတာအလုပ်ကောင်းကောင်းမလုပ်တဲ့အချိန်မှာ Refresh & Reset ကအသုံးဝင်ပါတယ်။Refresh & Reset နဲ့ ပတ်သက်ပြီး Custom Refresh Image  ပြုလုပ်နည်းကိုလည်းရေးပေးထားပါတယ်။ Windows 7 ကစပြီး ပါရှိလာတဲ့ System Image ကိုလည်း Windows 8 မှာသုံးလို့ ရပါတယ်။Windows 8 မှာတော့ System Image ပြုလုပ်ဖို့ Windows 7 နဲ့ အနည်းငယ်ကွာခြားသွားပါတယ်။
Search box ကနေ Recovery လို့ ရိုက်ပြီး Settings ကိုနှိပ်ပါ။Windows 7 File Recovery ကိုနှိပ်ပါ။
clip_image004
ဘယ်ဘက်က Create a system image ကိုနှိပ်ပါ။
clip_image006
System Image ကိုသိမ်းမယ့်နေရာကိုရွေးပေးပါ။ External Storage, DVD or Local Storage စသဖြင့် ရွေးချယ်နိုင်ပါတယ်။
clip_image008
Backup Settings ကို Confirm လုပ်ပေးပြီး Start Backup button ကိုနှိပ်ပါ။ဒါဆိုရင် System  Image တစ်ခုကို ပြုလုပ်ပြီးပါပြီ။
clip_image010
System Image ကို Restore လုပ်ချင်ရင် Advanced Startup Options ထဲက System Image Recovery ကိုအသုံးပြုရမှာပါ။
Sunday, September 29, 2013
Phone လာရင် Floating Popups အနေနဲ့ ပြပေးမယ့် Call Popout
clip_image001
Setting Screen က Mode Option မှာ App အားလုံးဒါမှမဟုတ် သတ်မှတ်ထားတဲ့ Apps တွေမှသာ Call Popout ကိုအလုပ်စေဖို့  ရွေးချယ်နိုင်ပါတယ်။App List ကိုနှိပ်ပြီး Apps တွေကို ရွေးချယ်နိုင်ပါတယ်။ Off option ကတော့ Call Popout ကို Off လုပ်ထားတာဖြစ်ပါတယ်။
clip_image003
Call Bubble ကို Touch လုပ်ရင် Silent လုပ်ဖို့  ၊မလုပ်ဖို့ လည်းရွေးနိုင်ပါတယ်။ Head Size ကိုလည်း small,medium,large စသဖြင့် ရွေးနိုင်ပါတယ်။ Head Border Color ကိုလည်းရွေးနိုင်သလို  Bubble Alignment ကိုလည်း top,center,bottom စသဖြင့်ရွေးနိုင်ပါတယ်။
ဖုန်းလာရင် အောက်ကပုံမှာလို Popup ပေါ်လာမှာဖြစ်ပြီး Caller Photo,Name စသဖြင့်ပြပေးမှာဖြစ်ပြီး Accept,Reject လုပ်နိုင်ပါတယ်။
clip_image005
Call Popout က Beta အဆင့်ပဲရှိသေးတာဖြစ်ပြီး errors,bugs အနည်းငယ်ရှိနိုင်ပါတယ်။ ဖုန်း ၀င်လာလို့  လုပ်လက်စအလုပ်တွေ ဆက်လုပ်လို့ မရဘဲ အနှောင့်အယှက်ဖြစ်ရရင်တော့ Call Popout ကိုအသုံးပြုပါ။Call Popout ကို XDA Developer ၀က်ဆိုက်မှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
Download Call Popout
Gmail မှာ Scheduled,Self-Destruct အသုံးပြုနိုင်မယ့် mxHero Toolbox
clip_image001
Gmail က လူသုံးအများဆုံး Email Provider တွေထဲကတစ်ခုပါ။ ဒါပေမယ့် Gmail မှာ အီးမေးတွေကို အချိန်သတ်မှတ်ပြီးပို့ လို့ မရပါဘူး။ပို့ ပြီးတဲ့ အီးမေးကို ရရှိသူကဖတ်ပြီးတာနဲ့ အလိုလို ဖျက်ဆီးပေးဖို့ မလုပ်ပေးနိုင်ပါဘူး။သင်ပို့ လိုက်တဲ့ အရေးကြီးအီးမေး ကို တစ်ဖက်လူကလက်ခံရရှိလား၊ မရရှိဘူးလား ဆိုတာကိုလည်းသင်မသိနိုင်ပါဘူး။အဲဒီလို အပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့  mxHero Toolbox ဆိုတဲ့ Chrome Extension ကိုအသုံးပြုနိုင်ပါတယ်။
mxHero Toolbox ရဲ့  Features များ။
1.Reply Timeout
Reply Timeout က သင်ပို့ လိုက်တဲ့အရေးကြီးအီးမေးကို တစ်ဖက်လူက ဖတ်  ၊မဖတ် Track လုပ်ပေးနိုင်ပြီးမဖတ်ရသေးရင်သင့်ကို Alert လုပ်ပေးနိုင်ပါတယ်။
2. Attachment Track
Attachment Track ကလည်း Reply Timeout လို ပါပဲ။ ကွာခြားသွားတာက Attachment ပဲဖြစ်ပါတယ်။သင်ပို့ လိုက်တဲ့ Attachment ကို လက်ခံရရှိသူက Access လုပ်မလုပ် သိနိုင်ပါတယ်။
3. Self Destruct
သင့်ရဲ့ Personal  Data တွေကို အီးမေးပေးပို့ တော့မယ်ဆိုရင် ဒီ Feature ကအသုံးဝင်ပါတယ်။အီးမေးလက်ခံရရှိသူက ဖတ်ပြီးတာနဲ့  အဲဒီအီးမေးကို အလိုလို ဖျက်ဆီးပေးနိုင်ပါတယ်။
4. Send Later
တစ်ခါတစ်ရံမှာ အချိန်မတော် တဲ့အချိန်မှ အီးမေးပို့ ရတဲ့ အချိန်မျိုးတွေ ရှိတတ်ပါတယ်။ ဒီလို အခြေအနေမှာ Schedule လုပ်ပြီးပေးပို့ နိုင်ပါတယ်။အရေးကြီးတဲ့အီးမေး ပို့ ရတော့မယ့် အချိန်မှာလည်းအသုံးဝင်ပါတယ်။ Schedule  လုပ်ထားခြင်းဖြင့် မေ့ လျော့နိုင်တဲ့ပြဿနာကိုဖြေရှင်းပြီးသားဖြစ်သွားပါပြီ။
mxHero Toolbox  ကိုအသုံးပြုခြင်း။
Chrome Web Store ကနေ mxHero Toolbox ကို Download လုပ်ပါ။Gmail ကို login ၀င်ရင် mxHero Toolbox အသုံးပြုနည်းကို ပြသပေးပါလိမ့်မယ်။ Compose button ကိုနှိပ်ရင် အ၀ါရောင် mxHero Toolbox icon ကိုတွေ့ မြင်နိုင်ပါတယ်။
clip_image003
Recipient Email  , Subject ကိုဖြည့်ပြီးရင် mxHero Toolbox icon ကိုနှိပ်ပါ။ဒါဆိုရင် အပေါ်မှာပြောပြခဲ့တဲ့ Feature တွေကို တွေ့ မြင်အသုံးပြုနိုင်ပါတယ်။
clip_image005
mxHero Toolbox က သင့် Gmail မှာပိုမိုကောင်းမွန်တဲ့ Features တွေကိုဖြည့်ဆည်းပေးနိုင်ပါတယ်။အရေးကြီး အီးမေးတွေကိုပေးပို့ နေရတဲ့သူတွေ ၊ အလုပ်မှာ Gmail  ကိုအသုံးပြုနေရတဲ့သူတွေ အတွက် အလွန်အသုံးဝင်တဲ့ Extension တစ်ခု ဖြစ်ပါတယ်။
သင့်အလုပ်တွေကို အလိုလို လုပ်ပေးမယ့် Mini Tasker
clip_image001
Android Device တွေမှာအလုပ်တွေ အလိုလို လုပ်ပေးနိုင်တဲ့ Tasker ဆိုတဲ့နာမည်ကြီး  Automation App ရှိပါတယ်။Tasker မှာ Feature တွေများပြားပြီးစုံလင်လှပါတယ်။ Tasker ကိုအသုံးပြုရတာအနည်းငယ်ရှုပ်ထွေးမှုတော့ရှိပါတယ်။ Mini Tasker က Tasker လို App ဖြစ်ပြီး အသုံးပြုရတာလွယ်ကူမှုရှိပါတယ်။
အလိုလိုလုပ်ပေးနိုင်တဲ့အလုပ်တွေထဲကကောင်းမွန်တဲ့ Tasks အချို့ ကိုပြောပြရရင်
·         Headset ကို Phone မှာချိတ်ဆက်လိုက်တာနဲ့ Music Player ကိုဖွင့်ပေးပြီးသီချင်းတွေ အလိုလိုဖွင့်ပေးနိုင်ပါတယ်။ဒီလိုလုပ်ပေးနိုင်တဲ့ App တွေရှိပါပေမယ့်  Mini Tasker လို App မျိုးရှိရင်အဲဒီ App တွေမလိုအပ်တော့ပါဘူး။
·         မသိတဲ့ဖုန်း Calls, သတ်မှတ်ထားတဲ့ ဖုန်း Calls တွေကို Silence လုပ်ပေးနိုင်ပါတယ်။
·         Battery အားနည်းလာရင် Brightness ကိုလျှော့ချပေးနိုင်ပါတယ်။
·         Calendar မှာ Event တစ်ခုရောက်တိုင်း Notificaiton ပေးနိုင်ပါတယ်။
·         Mobile Data ကို အချိန်သတ်မှတ်ပြီးအဖွင့်အပိတ်လုပ်ပေးနိုင်ပါတယ်။
ဒါတွေ အပြင် Mini Tasker လုပ်ပေးနိုင်တဲ့အလုပ်တွေ အများကြီးရှိပါသေးတယ်။
Mini Tasker လုပ်ပေးနိုင်တဲ့ Actions တွေကတော့
·         Apps တွေကိုဖွင့်ပေးနိုင်ပါတယ်။
·         Music Playback တွေကို Control လုပ်ပေးနိုင်တယ်။
·         Phone’s Volume ကို Control လုပ်ပေးနိုင်ပါတယ်။
·         Notifications တွေကို Set up လုပ်ပေးနိုင်ပါတယ်။
·         SMS messages တွေကို Forward လုပ်ပေးနိုင်ပါတယ်။
·         Wi-Fi,Background Sync,Mobile Data,Airplane,GPS,Bluetooth,NFC စတာတွေကို အဖွင့်အပိတ်လုပ်ပေးနိုင်ပါတယ်။
·         Screen Brightness တွေကို ပြောင်းပေးနိုင်ပါတယ်။
·         Calls တွေကို Silence လုပ်ပေးနိုင်ပါတယ်။
Action တစ်ခု ပြုလုပ်ဖို့  + Sign ကိုနှိပ်ပါ။ Actions တွေကို ‘Apps and Music’,’Calls’,’SMS and Notifications’,’Battery and Screen’  ဆိုပြီး Category တွေခွဲခြားထားပါတယ်။
clip_image003
Conditon (Context) ကိုလည်းသတ်မှတ်ပေးရမှာဖြစ်ပြီးအဲဒီ Condition နဲ့ ကိုက်ညီမှုရှိတာနဲ့ Action(task) တွေကိုအလိုလိုပြုလုပ်ပေးမှာဖြစ်ပါတယ်။ Time,Calendar Event,Activity Detection,Phone Docking,Low Battery,Charger or Headset Connection စသဖြင့် ရွေးချယ်စရာ Condition တွေလည်းများစွာပါရှိပါတယ်။
Mini Tasker မှာ Users တွေကပြုလုပ်ထားတဲ့ Tasks တွေလည်းပါရှိပါတယ်။အဲဒီ Tasks တွေကို အဆင်သင့်သုံးနိုင်ပါတယ်။
clip_image005
Mini Tasker ကအသုံးဝင်တဲ့ Automation App  တစ်ခုဖြစ်ပြီး Android Phone တိုင်းမှာဆောင်ထားသင့်ပါတယ်။
Download Mini Tasker from Play Store  or 1mobile
Chrome ရဲ့  Desktop Applicatons များ။
clip_image002
ဒီလအစောပိုင်းက Google က Chrome Web Store မှာ Package Apps တွေကို စတင်မိတ်ဆက်ခဲ့ပါတယ်။Web Apps တွေကို Desktop Apps  အနေနဲ့ သုံးလို့ ရလာတာဖြစ်ပါတယ်။ဒီဆောင်းပါးမှာ Chrome Packaged Apps တွေထဲက ကောင်းတဲ့ Apps တစ်ချို့ ကို ဖော်ပြလိုက်ပါတယ်။
What Are Chrome Packages Apps?
Chrome Packaged Apps ဆိုတာကတော့ Web Apps တွေကို Desktop Apps အနေနဲ့ သုံးလို့ ရလာတာဖြစ်ပါတယ်။တစ်ခြား Web Apps တွေ နဲ့ မတူတဲ့အချက်က Offline အသုံးပြုလို့ ရတာဖြစ်ပြီး Web Apps တွေကို သင့်ကွန်ပြူတာမှာအင်စတောလုပ်ပေးထားတာပါ။တစ်ချို့  Apps တွေအသုံးပြုဖို့ တော့ Internet ရှိမှ Function ပြည့်ပြည့်၀၀သုံးနိုင်မှာပါ။
clip_image004
Google Hangouts
Google Talk လို မျိုး Desktop မှာသုံးလို့ ရမယ့် Google Hangouts ဖြစ်ပါတယ်။Browser ကိုအသုံးပြုနေရင်လည်း Hangouts ကို Browser အပေါ်ကနေ သုံးလို့ ရပါတယ်။အဲဒီအတွက်ဘယ်ဝက်ဆိုက်ကိုကြည့်နေနေ Hangouts ကိုသုံးလို့ ရမှာပါ။Mobile Phone တွေက Hangouts  နဲ့ လည်း Message တွေ Sync လုပ်ပေးမှာဖြစ်ပါတယ်။
Install Hangouts
clip_image006
Any.DO
Any.DO ကတော့ to do list app ဖြစ်ပြီး Mobile Device တွေ အတွက်လည်း Apps တွေ ရှိပါတယ်။ အလုပ်တွေလုပ်ဖို့  မှတ်သားထားနိုင်ပြီး Device အားလုံးမှာ Sync လုပ်နိုင်ပါတယ်။
Install Any.DO
clip_image008
Wunderlist
Wunderlist က အင်တာနက်ကဆောင်းပါးတွေကို နောက်မှဖတ်ဖို့ သိမ်းပေးထားနိုင်တဲ့ Read Later app တစ်ခုဖြစ်ပါတယ်။
Install Wunderlist
clip_image010
Google Keep
Google ရဲ့  Note မှတ်တဲ့ App ဖြစ်ပြီး Mobile Device တွေအတွက်လည်း App တွေ ရှိပါတယ်။ Note တွေမှတ်သားနိုင်ပြီး Device တွေ မှာ Sync လုပ်နိုင်ပါတယ်။
Install Google Keep
clip_image012
Pocket
Pocket ကလည်း Wunderlist လို ပဲ အင်တာနက်ကဆောင်းပါး၊ပုံတွေ၊ ဗီဒီယိုတွေကိုနောက်မှဖတ်ဖို့ သိမ်းပေးထားနိုင်ပါတယ်။ Pocket အသုံးပြုနည်းကို ရေးပေးထားပြီး ဒီဆောင်းပါး မှာဖတ်ပါ။
Install Pocket
clip_image014
Remo
Remo က Music Player ဖြစ်ပြီး သင့်ကွန်ပြူတာက သီချင်းတွေကိုနားထောင်လို့ ရပါတယ်။ Remo ကို သင့် Smart Phone နဲ့ လည်း Control လုပ်နိုင်ပါတယ်။
Install Remo
clip_image016
အခုဖော်ပြလိုက်တဲ့ Chrome Packaged Apps တွေဟာအနည်းငယ်ပဲရှိတာဖြစ်ပြီး  Chrome Web Store က For Your Desktop section မှာ အများကြီးရှိပါသေးတယ်။
Checkout Chrome Packaged Apps
Saturday, September 28, 2013
Adobe Flash Player ကို Android မှာအင်စတောလုပ်ပြီးအသုံးပြုနည်း။
clip_image001
Adobe က Mobile Flash Development ကိုရပ်နားတော့မယ်လို့  မကြာခင်က ဆုံးဖြတ်ခဲ့ပါတယ်။နောက်ပိုင်း Android Device တွေမှာ Flash Player ပါရှိလာမှာမဟုတ်တော့ပါဘူး။အဲဒီအတွက် Internet က Video,Flash Content တွေကို သင့်ဖုန်းကနေ ကြည့်လို့  မရတော့ပါဘူး။ဒါပေမယ့် Flash Player ကို အင်စတောလုပ်ပြီးအသုံးပြုနည်း  တော့ရှိပါတယ်။
Download Flash Player
Flash Player ကို Play Store မှာ မတင်ပေးတော့ပါဘူး။Flash Player ကို Adobe ရဲ  Official Page ကနေဒေါင်းလုပ်လုပ်ပါ။အောက်ဘက်ကိုဆင်းကြည့်ရင် Android အတွက် Flash Player တွေကိုတွေ့ နိုင်ပါတယ်။သက်ဆိုင်ရာ Android Version အလိုက်ရွေးချယ်ဒေါင်းလုပ်လုပ်ပါ။Flash Player နောက်ဆုံး Version ကိုရွေးချယ်ဒေါင်းလုပ်လုပ်ပါ။ဥပမာအားဖြင့် Android Version 4.0 အတွက် Flash Player Version တွေအများကြီးရှိပြီး နောက်ဆုံး Version ကိုရွေးချယ်ဒေါင်းလုပ်လုပ်ပါ။ Android 4.0 အထိပဲတွေ့ ရမှာဖြစ်ပါပေမယ့် 4.0 ထက်အမြင့်ဖုန်းတွေအတွက် 4.0 ကိုပဲအင်စတောလုပ်လို့ ရပါတယ်။
clip_image002
Flash ကို Install ပြုလုပ်ခြင်း။
အင်စတာလုပ်ဖို့ အတွက် Settings>Security>Unknown Sources ကို အမှန်ခြစ်ပေးထားရပါမယ်။ ဖုန်းတစ်လုံးနဲ့ တစ်လုံးတော့တူမှာမဟုတ်ပါ။ပြီးရင်တော့ ဒေါင်းလုပ်လုပ်ထားတဲ့ Flash Player (apk) ကိုအင်စတောလုပ်လို့ ရပါပြီ။
clip_image003
Flash Player ကိုအသုံးပြုခြင်း။
Flash Player ကိုအင်စတောလုပ်ပြီးရင် အသုံးပြုဖို့  Browser App တစ်ခုကို Configure လုပ်ရပါမယ်။အရင်လို Browser တွေအားလုံးမှာ အလိုလို အသုံးပြုလို့ မရတော့ပါဘူး။Browser တော်တော်များများက Flash Player ကို Support မပေးတော့လို့ ဖြစ်ပါတယ်။အကောင်းဆုံး အဆင်အပြေဆုံး ဖြစ်မယ့် Browser ကတော့ Firefox ဖြစ်ပြီး Firefox ကိုဖွင့်ပြီး Menu ကိုနှိပ်ပါ။ Settings>Plugins ထဲဝင်ပြီး Enabled or Tap to play ရွေးပေးထားပါ။
clip_image005
တစ်ခုမှတ်ထားရမှာက Update မပေးတော့တဲ့ Plugin တွေ အထူးသဖြင့် Flash Player ကိုအသုံးပြုခြင်းဟာ Security ပိုင်းအရစိုးရိမ်စရာရှိပါတယ်။အဲဒီအတွက်  Flash Player ကို အသုံးပြုဖို့  “Tap to play” option ကိုရွေးချယ်ပြီးအသုံးပြုသင့်ပါတယ်။
Internet အသုံးပြုရင်း Language တွေလေ့လာဖို့  Lingua.ly
clip_image001[4]
Internet အသုံးပြုနေရင်း ၀က်ဆိုက်တစ်ခုက မသိတဲ့ စကားလုံးတွေ ရဲ့ အဓိပ္ပါယ်ကိုလွယ်လွယ်သိနိုင်မယ့် Browser Extension တွေဖြစ်တဲ့ Google Dictionary , Kikin စတာတွေ အကြောင်းရေးပေးဖူးပါတယ်။သိချင်တဲ့စကားလုံးပေါ်မှာ Double Click နှိပ်ရုံ၊ ဒါမှမဟုတ် စကားလုံးကို Select လုပ်ရုံနဲ့  အဓိပ္ပါယ်ကိုသိနိုင်ပါတယ်။ဒါပေမယ့် အဲဒီစကားလုံးကို အလွတ်ကျက်မှတ်ဖို့  ၊ Practice လုပ်ဖို့ အတွက်တော့သိမ်းထားမှတ်ထားလို့ မရပါဘူး။ အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ Lingua.ly ဆိုတဲ့ Chrome Extension ကိုရှာတွေ့ ပါပြီ။ Lingua.ly က Language Learning Tool တစ်ခုဖြစ်ပြီး အင်တာနက်တစ်ခုလုံးက စကားလုံးတွေကို သင့်ကိုယ်ပိုင် Word List ထဲထည့်ပြီးလေ့လာ ကျက်မှတ်နိုင်ပါတယ်။ Lingua.ly က English အပြင် Spanish,French,Hebrew,Arabic တွေကိုပါလေ့လာနိုင်ဖို့  Support ပေးပါတယ်။တစ်ချိန်တည်းမှာ ဘာသာစကားတစ်ခုထက်ပိုလေ့လာနိုင်ပါတယ်။
clip_image002[4]
မှတ်ထားတဲ့စကားလုံးတွေကိုလေ့လာဖို့  အပြင် Lingua.ly က Suggest လုပ်ပေးထားတဲ့ စကားလုံးတွေ ၊ ၀က်ဆိုက်တွေကဆောင်းပါးတွေကိုလေ့လာဖို့  Lingua.ly Toolbar Icon ကိုနှိပ်ပါ။ပြီးရင် ရွေးချယ်စရာလေးခုရှိပါတယ်။ပထမဆုံးတစ်ခုက Lingua.ly က Suggest လုပ်ပေးထားတဲ့ ၀က်ဆိုက်တွေကဆောင်းပါးတွေကနေ စကားလုံးတွေကိုလေ့လာဖို့ ပါ။
clip_image003[4]
Suggested Websites တွေ က ဆောင်းပါးတွေကနေ လေ့လာဖို့ နှိပ်ကြည့်ရင်ဆောင်းပါးတွေကိုတွေ့ မြင်နိုင်ပြီး ဆောင်းပါးတစ်ခုချင်းစီရဲ့ အောက်မှာ စကားလုံးအရေအတွက်၊သင်လေ့လာနိုင်မယ့် စကားလုံးအရေအတွက်၊လေ့လာပြီးသားစကားလုံးအရေအတွက် နဲ့ အဲဒီလေ့လာပြီးသားစကားလုံးကိုပါဖော်ပြပေးပါမယ်။ဆောင်းပါးကိုဖတ်ရှုလေ့လာချင်ရင်တော့ ဆောင်းပါးကိုတစ်ချက်နှိပ်ပြီး New Tab Window ကနေလေ့လာနိုင်ပါတယ်။
clip_image004[4]
clip_image005[4]
တတိယ တစ်ခုကတော့ စကားလုံးတွေကို သင်ကိုယ်တိုင်လေ့လာမယ့်စာရင်းထဲထည့်ပေးရမှာပါ။နောက်ဆုံးတစ်ခုကတော့ သင် Collect လုပ်ထားတဲ့ စကားလုံးတွေကို Practice လုပ်နိုင်မယ့်နေရာပါ။လေ့လာရမယ့်စကားလုံးတွေကို Flash Cards တွေနဲ့ ပြပေးမှာဖြစ်ပါတယ်။ Flash Card သုံးခုရှိပြီး သင့်ရဲ့ အားလပ်တဲ့အချိန်ပေါ်မူတည်ပြီးလေ့လာဖို့ ခွဲခြားပေးထားတာဖြစ်ပါတယ်။့ 
clip_image006[4]
clip_image007[4]
Browser Toolbar ပေါ်က Lingua.ly အိုင်ကွန်မှာလည်း လေ့လာရမယ့်စကားလုံးအရေအတွက်ကိုတွေ့ မြင်နိုင်ပါတယ်။ Lingua.ly က အင်တာနက်ပေါ်က စကားလုံးတွေ ၊ Language တွေကိုလေ့လာဖို့ အကောင်းဆုံး Language Learning Tool အဖြစ်တင်ပြလိုက်ပါတယ်။စာဖတ်သူရော အင်တာနက်အသုံးပြုရင်း စကားလုံးတွေ၊ Language တွေကိုဘယ်လို လေ့လာသလဲ? ဘယ်လို နည်းတွေကိုအသုံးပြုလဲ ? Lingua.ly ထက်ကောင်းမွန်တဲ့ Application ရှိသေးလား?ဆိုတာ ကွန်းမန့် ရေးခဲ့ပါအုံး။
Chrome (Android) လေးလံနေရင် ဒီနည်းသုံးပါ။
Google Chrome Browser က Desktop Browser တွေထဲမှာတော့ အကောင်းဆုံး၊အမြန်ဆုံးတစ်ခုပါ။Browser တွေရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးပေးနိုင်တဲ့ Browser Benchmark Tool တစ်ခုဖြစ်တဲ့ Peacekeeper နဲ့ စမ်းသပ်ထားတဲ့ ရလဒ် ဆောင်းပါး မှာလေ့လာနိုင်ပါတယ်။ Android မှာ Chrome ကိုသုံးရင်လေးလံနေတာကိုသတိထားမိတာကြာပါပြီ။Chrome ရဲ့ Android Version ဟာ ဒီလောက်ညံ့သလားလို့ လည်း မကျေမနပ်ဖြစ်မိပါတယ်။အခုတော့ အဖြေရှာတွေ့ ပါပြီ။
Chrome ကိုဖွင့်ပြီး Setting ထဲက Preferences ထဲဝင်ပါ။ပြီးရင် Developer Tools ထဲက Check Box ကအားလုံးကို Uncheck လုပ်ပါ။
clip_image002
ဒီ Feature နှစ်ခုကို Disable လုပ်ပြီးရင်တော့ Chrome က မြန်ဆန်လာတာတွေ့ မြင်နိုင်ပါတယ်။ကြိုက်တဲ့ အချိန်မှာ Enable  ပြန်လုပ်နိုင်ပါတယ်။ Google က အဲဒီ Developer Tools နှစ်ခုကို Default အားဖြင့် Disable လုပ်ပေးထားသင့်တယ်လို့ ထင်ပါတယ်။
Chrome Browser က သင့် Google Account နဲ့ ချိတ်ဆက်ထားလို့ ရပြီး Windows,Tablet,Mobile စတဲ့ သင့် Device တွေအားလုံးမှာ Bookmarks,Passwords တွေကို Sync လုပ်ပေးနိုင်တဲ့ကောင်းမွန်တဲ့ Browser တစ်ခုပါ။ Tab တွေလည်း အများကြီးအသုံးပြုနိုင်ပြီး Tab Management လည်းကောင်းမွန်ပါတယ်။ အဲဒီအတွက် Chrome ကိုအသုံးပြုဖို့  အကြံပေးပါတယ်။
Download Chrome(Android) From Play Store  or  Android Drawer
Friday, September 27, 2013
Windows 7/8 မှာ Laptop Touchpad ကို Disable ပြုလုပ်ခြင်း။
download (1)
သင့် Laptop မှာစာရိုက်နေရင်း Mouse Cursor တစ်ခြားနေရာရောက်သွားတဲ့ ပြဿနာ ဖြစ်မိကြမှာပါ။စာရိုက်နေရင်း Laptop Touchpad ကို ထိမိလို့ ဖြစ်ပါတယ်။ အဲဒီအတွက်အဲဒီပြဿနာကိုဖြေရှင်းနည်းတွေကိုရေးပေးလိုက်ပါတယ်။ဖြေရှင်းနည်းတွေထဲမှာ Touchpad ကို Disable လုပ်နည်းနဲ့ စာရိုက်တဲ့အခါမှသာ Touchpad ကိုအလိုလို Disable ပြုလုပ်နည်း  ဖြစ်ပါတယ်။တစ်ချို့  Laptop တွေမှာတော့ Touchpad ကို Enable,Disable လုပ်ပေးတဲ့ Button , Function Key တွေပါရှိတတ်ပါတယ်။အဲဒီ Laptop ပိုင်ရှင်တွေကတော့ ဒီပြဿနာတွေ ကိုအလွယ်တကူဖြေရှင်းနိုင်ပါတယ်။
Disable Laptop Touchpad
1.Control Panel
ဒီနည်းကတော့ Touchpad ကိုလုံးဝမသုံးတဲ့သူတွေ အတွက် သင့်တော်ပါတယ်။Control Panel  ကနေ Mouse Properties ကိုသွားပါ။ အဲ ဒီကနေ Disable လုပ်လို့ ရပါတယ်။
clip_image002
2.Device Manager
Driver ရှာမရရင် နောက်တစ်နည်းနဲ့ ပြုလုပ်နိုင်ပါတယ်။Device Manager ကနေ Touchpad Driver ကို Disable,Uninstall လုပ်နိုင်ပါတယ်။ Uninstall လုပ်မယ်ဆိုရင်တော့ Driver ကို Backup လုပ်ထားသင့်ပါတယ်။
clip_image004
3.Freeware
စာရိုက်နေတဲ့  အချိန်မှာမှ Touchpad ကို Auto  Disable လုပ်ပေးနိုင်တဲ့ Freeware တွေရှိပါတယ်။အဲဒီအတွက်ကျန်တဲ့အချိန်တွေမှာ Touchpad ကိုအသုံးပြုနိုင်ပါတယ်။
Touchpad Pal : ဒီ Freeware က စာရိုက်တဲ့အချိန်မှာ Touchpad ကို Auto  Disable လုပ်ပေးနိုင်ပါတယ်။ဖိုင်ဆိုက်ကလည်းသေးငယ်ပါတယ်။ဒီမှာ Download လုပ်ပါ။
clip_image006
TouchFreeze : ဒီ Freeware ကလည်း Touchpad Pal လို စွမ်းဆောင်ပေးနိုင်ပါတယ်။ဖိုင်ဆိုက်သေးငယ်ပြီး အခမဲ့ Download လုပ်နိုင်ပါတယ်။
အပေါ်က Freeware နှစ်ခုစလုံးက Windows 7 အထိပဲ Support ပေးတယ်လို့ ဆိုပါတယ်။Windows 7 ကိုကျွန်တော်သုံးနေတုန်းကတော့ Touchfreeze ကိုသုံးပါတယ်။တော်တော်အဆင်ပြေပါတယ်။Windows 8 မှာသုံးကြည့်တာတော့ သိပ်ပြီးအဆင်မပြေလှပါဘူး။ စာဖတ်သူမှာ Windows 8 မှာအဆင်ပြေမယ့်နည်း ဒါမှမဟုတ် Software တစ်ခုခုများသိရင် ကွန်းမန့် မှာမျှဝေခဲ့ပါအုံး။
iOS 7 ရဲ့  Features တွေကို Android မှာသုံးချင်လား?
clip_image001
iOS 7  ရဲ    Features တွေကို Android မှာသုံးလို့ ရမလား?  ရပါတယ်။ Third-Party Developer တွေ က iOS နဲ့  တစ်ခြား  နာမည်ကြီး  Android Phone တွေမှာပါရှိလာတဲ့ Features တွေကို သာမာန် Android User တွေသုံးနိုင်အောင် Application ပြုလုပ်ပေးကြပါတယ်။
Control Center
iOS 7 ရဲ့ ထူးခြားပြောင်းလဲမှုတစ်ခုကတော့ iOS Control Center ဖြစ်ပြီး Wi-Fi , Bluetooth,Brightness,Music Playback တွေကို Control အလွယ်တကူ လုပ်နိုင်ပါတယ်။ဒါ့အပြင် Flashlight,Calculator,Camera စတာတွေအားလုံးကိုလည်း Screen ရဲ့ အပေါ်ကဘားကနေ Control လုပ်နိုင်ပါတယ်။
Android User တွေ မှာလည်း အဲဒီ Feature တွေ ပါရှိပြီးသားဖြစ်ပါတယ်။ iOS 7 Control Center လို ဒီဇိုင်းမျိုးနဲ့ သုံးချင်ရင်တော့ iOS 7 Control Center  ဆိုတဲ့ Android App ကိုသုံးပါ။နောက်တစ်ခုကတော့ 1 Tab Quick Bar ဖြစ်ပြီး Noti Bar က App Shortcut တွေကိုသင်နှစ်သက်ရာ Shortcut လှလှလေးတွေ နဲ့ ပြောင်းလဲနိုင်ပါတယ်။
AirDrop
iPhone 5 နဲ့ နောက်ပိုင်းမှာ AirDrop ပါရှိလာပါတယ်။iPhone တွေ အချင်းချင်း ဖိုင်တွေကိုလွယ်လွယ်ကူကူ Transfer လုပ်ပေးနိုင်တဲ့ App တစ်ခုပါ။
Android မှာလည်းဖိုင်တွေကို Transfer လုပ်ဖို့ အတွက် App တွေအများကြီးရှိတာကိုအားလုံးသိကြပါတယ်။ Samsung ကလည်း သူ့ ရဲ့ ဖုန်းတွေ အချင်းချင်း မှာဖိုင်တွေ Transfer လုပ်ဖို့  S Beam ဆိုတဲ့ App ကိုပြုလုပ်ပေးထားပါတယ်။အဲဒီအတွက် AirDrop က သိပ်ပြီးပြောပလောက်တဲ့ Feature မဟုတ်ပါဘူး။
Camera Features
Android Phone မှာ Burst mode, slo-mo စတာတွေကိုသုံးနိုင်ဖို့  Fast Burst Camera Lite ,AndroVid Video Trimmer  လို Apps တွေသုံးနိုင်ပါတယ်။Fast Burst Camera Lite က တစ်စက္ကန့် ကို ပုံ  သုံးဆယ်ရိုက်ပေးနိုင်ပါတယ်။AndroVid Video Trimmer ကတော့ Video  တွေကို slow motion အနေနဲ့ ပြောင်းပေးနိုင်ပါတယ်။
HTC One , Galaxy S4 တို့ မှာဒီ Features တွေက ပါရှိပြီးသားဖြစ်ပြီးတစ်ခြား Apps တွေမလို ပါဘူး။
Multi-Tasking
iPhone User တွေအတွက် Apps တွေ ပြောင်းသုံးချင်ရင်  Home Button ကို Double Tap လုပ်နိုင်ပါတယ်။ iOS 7 မှာတော့ Multi-Tasking ပိုမိုကောင်းမွန်လာပြီး App Preview လုပ်တာတွေ၊ App တစ်ခုကို Swipe လုပ်ပြီး Force Close လုပ်တာတွေ ပါပါရှိလာပါတယ်။
Multi-Tasking ကိုလည်း Android Phone တွေမှာ အရင်ထဲကအသုံးပြုလို့ ရတာဖြစ်ပြီး Home Button ကို ဖိထားပြီး App တွေ  ပြောင်းသုံးလို့ ၊ ပိတ်လို့ ရပါတယ်။တစ်ချို့ Android Version တွေမှာ System Controls တွေပါပြုလုပ်နိုင်ပါတယ်။Multi-Tasking လုပ်ဖို့ အတွက် ကောင်းမွန်တဲ့ Android Apps တွေများစွာရှိပြီး Sidebar  ,  SwipePad  တို့ ကိုသုံးနိုင်ပါတယ်။
Audio Calls Over FaceTime
iOS 7 ရဲ့ FaceTime App က Video Call အပြင် Audio Call တွေပါခေါ်ဆိုလာနိုင်ပါတယ်။
Audio Calls ဟာ အထူးအဆန်းမဟုတ်ပါဘူး။ Audio Calls အတွက် Android App တွေများစွာရှိပြီး Viber,Skype,Tango စတာတွေကိုသုံးနိုင်ပါတယ်။
Safari
ဒါ့အပြင် Desktop Version အနေနဲ့ ဝက်ဆိုက်တွေကြည့်နိုင်သလို Bandwidth ကို Manage လုပ်တာတွေ၊ Desktop Browser က Tab တွေနဲ့  Sync လုပ်တာတွေပါလုပ်နိုင်ပါသေးတယ်။