Thursday, October 31, 2013
The wolverine 2013 ရုပ်ရှင်အကြည်
The wolverine 2013 ရုပ်ရှင်အကြည်ကိုမကြည့် ရသေးသောမိတ်ဆွေများအတွက်ပါ။
ကြည့် ပြီးသားမိတ်ဆွေများအနေနှင့် ကတော့ အသစ်တင်မဲ့ ရုပ်ရှင်များကိုစောင့် မျှော်အားပေးကြပါခင်ဗျာ။
တိုက်ရိုက်ကြည့် လို့ ရမျာဖြစ်ပြီးဒေါင်းယူချင်တယ်ဆိုရင်တော့  IDM နှင့် ဒေါင်းပါခင်ဗျာ။
အသစ်တင်တိုင်း FACEBOOK ကနေစောင့် ကြည့် မယ်ဆိုရင်
ဒီမှာ LIKE လုပ်ပေးပါ။
စိုင်းသူ
twitter မှာအကောင့် ဖွင့် ပြီး tweets ကျမယ်
twitter မသုံးဘူးသေးတဲ့ မိတ်ဆွေတွေအတွက်ပါ ။ ဖွဘုတ် ကြီးကိုစိတ်ညစ်လို့  ကွန်နက်ရှင်ကိုစိတ်ညစ်လို့  အသစ်အဆန်းလေးတွေသုံး ကြဖို့ စဉ်းစားနေတယ်ဆိုရင်အောက်မှာလေ့ လာလိုက်ပါဗျာ။ twitter သုံးရတာအရမ်းကိုပေါ့ ပါးပြီး 
အဆင်ပြေစေပါတယ်။ twitter ဟာ information network (သတင်းအချက်အလက် network )ကြီးတစ်ခုဖြစ်ပါတယ်။ သူ့ ကိုအသုံးပြုခြင်းအားဖြင့်   နောက်ဆုံးရသတင်းအချက်အလက် တွေကို အလွယ်တစ်ကူ၇ယူနိုင်ပါတယ်   အနောက်နိုင်ငံက လူတိုင်း twitter ကို တွင်ကျယ်စွာသုံးစွဲ နေကြပါတယ်။
twitter ကို email လိပ်စာတစ်ခုရှိရုံနှင့်  အလွယ်တစ်ကူဖွင့် လို့ ရပါတယ်။
အရင်ဆုံး မိမိတို့ အသုံးပြုနေတဲ့ iphone ,ipad , android ,nokia ,windows phone , blackbarry ,windows 8 အတွက် လိုအပ်တဲ့  app ကို ဒီမှာ ရယူပေးပါ။ iphone ,android မဟုတ်ရင် အနီရောင်နဲ့ ဘောင်ခတ်ထားတဲ့ နေရာမှာ ဝင်ရောက် install လုပ်ပေးပါ။ အီးမေးတောင်းရင် အီးမေးလိပ်စာပေးလိုက်ပါ။
အရင်ဆုံး sing up လုပ်ဖို့ အတွက် အောက်ကလိပ်စာကိုသွားပါ။
အောက်ကပုံအတိုင်းမိမိတို့ အချက်အလက်တွေပေးပြီးသွားရင် create my account ကိုနိုပ်ပါ။
အောက်ကပုံလေးထဲကလိုပေါ်လာပါလိမ့် မယ် အဲဒီမှာ next ကိုနိုပ်ပါ။
ဒီနေရာမှာအနည်းဆုံး( 5 ဦး ) အထက်ကို မိမိအနေနဲ့  following လုပ်ပေးရပါမယ်ပြီးရင်တော့  next ကိုနိုပ်ပါ။
ဒီနေရာမှာလည်း ( ၅ ခု ) အထက်ကို follow လုပ်ပေးရပါမယ်။မိမိနှစ်သက်ရာကိုရွေးပါ။
မိမိနှစ်သက်တဲ့ သူကိုရွေးလို့ ပြီးရင် တော့  next ကိုနိုပ်ပေးပါ။
ဒီနေရာမှာ သူငယ်ချင်းရှာရမှာဖြစ်ပါတယ်။မိမိမိတ်ဆွေများက twitter ပေါ်မှာရှိနေရင် အကုန်လုံးနှင့် ပြန်လည်ဆုံတွေ့ ခွင့် ရနိုင်ပါသည်။သူငယ်ချင်းကို အီးမေးအကောင့် နှင့် ရှာမလား yahoo စသည်ဖြင့် မိမိနှစ်သက်တဲ့ အကောင့် ကိုရွေးချယ်ပေးလိုက်ပါ။
ဒီနေရာမှာ allow acept ကိုနိုပ်ပေးလိုက်ပါ။မိမိက ခွင့် ပြုပေးခြင်းဖြစ်ပါသည်။
ဒီနေရာမှာ twitter မှာရှိသောသူငယ်ချင်းများကိုမြင်ရပါပြီ။ဒီနေရာမှာ မိမိရဲ့  photo လေးတစ်ပုံလောက်တော့ တင်ခဲ့ ချင်တယ်ဆိုရင် upload image ဆိုတာလေးကိုနိုပ်ပြီးတင်နိုင်ပါတယ်။
ဒီပုံလေးကဆိုရင်မိမိ အကောင့် ကို စတင်အသုံးပြုနေပုံလေးပါ။မိမိသွားချင်တဲ့ နေရာကိုသွားနိုင်ပါတယ်။လိုက်လေ့ လာကြည့် ပါ။
facebook မှာလိုပါပဲ မိမိရဲ့ သူငယ်ချင်းအကောင့် ထဲကိုဝင်ကြည့် နေတာပါ။
မိမိနှစ်သက်တဲ့ ပုံကိုရွေးပြီးပြီဆိုတာနှင့်  apply လုပ်ပေးလိုက်ပါ။
ဒါကတော့  လူရုပ်ကလေးနှင့်  Me ဆိုတဲ့ နေရာလေးကိုနိုပ်ပါက မိမိပိုင်ဆိုင်တဲ့ နေရာလေးကိုတွေ့ ရတဲ့ ပုံလေးပါ။ ဒီနေရာမှာ မိမိရေးလိုတာလေးရှိတာကိုရေးချင်ရင် ကြက်တောင်နဲ့ ကလောင်ပုံလေးဖြစ်တဲ့ အပြာရောင်လေးကိုနိုပ်ပြီး မိမိရေးလိုတဲ့  status (စကား ) tweets ကိုရေးသားနိုင်ပါတယ်။
ဒါကတော့  home ကိုနိုပ်ပြီး facebook မှာလို သူငယ်ချင်းတွေတင်သမျှ tweets သမျှကို မြင်ရတဲ့ နေရာလေးပါ။
ဒါကတော့ အကောင့် ကို log out လုပ်မယ်ဆိုရင်စက်သွားပုံလေးနဲ့ နေရာကိုနိုပ်ပြီး sing out လုပ်ဖို့ ပြပေးထားတာပါ။
twitter အကြောင်းနဲ့ ပက်သက်ပြီးဆက်လက်ဖော်ပြပေးပါမည်
-----------------------------------------
--------------------------------------
အသစ်တင်တိုင်း facebook ကနေဖတ်မယ်ဆိုရင်
ဒီမှာ like လုပ်ပေးပါ။
   စိုင်းသူ
Wednesday, October 30, 2013
Android Phone က Incoming & Outgoing Network Connections တွေကို စောင့်ကြည့်စစ်ဆေးမယ်
Ashampoo_Snap_02
သင့် Android Phone မှာ ကွန်နက်ရှင်ကိုအသုံးပြုနေတဲ့ Apps တွေရှိမှာပါ။ အဲဒီ Apps တွေအများကြီးရှိနေခြင်း ဟာ သင့် ကွန်နက်ရှင် ကို နှေးကွေးစေတဲ့ အကြောင်းတစ်ချက်ဖြစ်ပါတယ်။ သင် အသုံးမပြုဘဲနဲ့ Background မှာ ကွန်နက်ရှင်ကို အသုံးပြုနေတဲ့ Services, Apps တွေကို သိရှိနိုင်ဖို့ အတွက် Network Connections ဆိုတဲ့ App ကိုသုံးနိုင်ပါတယ်။ သင့်ဖုန်းကသတင်းအချက်အလက်တွေကို သင်မသိဘဲနဲ့ ပေးပို့ နေတဲ့  Malware App တွေကို ရှာဖွေရာမှာလည်း အသုံးဝင်ပါတယ်။ဒီ App က ကွန်နက်ရှင် တစ်ခုချင်းစီနဲ့ ပတ်သက်တဲ့  IP Address, AS Number , Abuse RBL Data, PTR စတာတွေကို စောင့်ကြည့်ပေးမှာပါ။
Connections Log မှာတော့ Live Capture လို့ ခေါ်တဲ့ ကွန်နက်ရှင်ကို လက်ရှိအသုံးပြုနေတဲ့ Apps, Services တွေကို တွေ့ နိုင်ပါတယ်။ Live Capture Mode ကို On/ Off လုပ်လို့ ရပါတယ်။ Most Active, Last Seen, Package Name စသဖြင့် လည်း စီ ပြီးကြည့်နိုင်ပါတယ်။
clip_image001
Settings မှာ Hidden Apps တွေက ကွန်နက်ရှင် ကို အသုံးပြုရင် သင့်ကို သတိပေးဖို့ ပြုလုပ်နိုင်ပါတယ်။
clip_image002
Download Network Connections from Dropbox  or Google Play Store
Facebookမှာ တိုင်မယ်တောမယ် (ေိေိ ) Report လုပ်မယ်
facebook ကပေးသောအခွင့် အရေးတွေကို သင်သိပါသလား.....? facebook က လူတစ်ယောက်ကို  လုပ်ပိုင်ခွင့် တွေ အပြည့် အဝပေးထားသလို   သူတို့ ရဲ့  pivacy တွေနဲ့ ညှိစွန်းရင်တော့ ပြန်လည်  ထိမ်းချုပ်ပေးပါတယ်။ facebook မှာ report လုပ်ပိုင်ခွင့် တွေ tag လုပ်တာတွေကို ပြန်လည် ဘယ်လိုချေဖျက် ကြမလဲ ဆိုတာ လိုအပ်ရင်အသုံးပြုလို့   ရအောင်ရှင်းပြပေးပါမယ်။အခုဆိုရင် facebook မှာမြန်မာဝန်ထမ်းတွေကိုခန့် အပ်ထားမှာဖြစ်လို့  သိသင့် တယ်ထင်လို့ ရေးလိုက်တာပါ။
 ကျွန်တော်တို့ကို မိမိတို့ နှစ်သက်တာကို လုပ်ပိုင်ခွင့် ပိုစ့် တင်ခွင့်၊ ရေးခွင့်ပေးထားပါတယ်။ ဒါပေမယ့် အများထင်နေကြသလိုမျိုး စည်းမဲ့ကမ်းမဲ့တော့ မဟုတ်ပါ။ လူတစ်ယောက် တင်တဲ့အကြောင်းအရာ၊ ဓာတ်ပုံ စတာတွေဟာ မူပိုင်ခွင့်နဲ့ငြိစွန်းရင်၊   လူမျိုးရေး  ဘာသာရေး  လိင်ပိုင်းဆိုင်ရာ ရိုင်းစိုင်းမှု၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ   တိုက်ခိုက်မှုတွေဆိုရင် Report လုပ်ပြီး ဖျက်ဖို့တောင်းဆိုနိုင်ခွင့်တွေ  ပေးထားပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ အထက်ပါအကြောင်းအရာမျိုးတွေ တစ်စုံတစ်ယောက်က သူ့ Facebook မှာ တင်တဲ့အခါမှာ ၀ိုင်းပြီးတော့ ဆဲနေမယ့် အစား Facebook ဆီ Report ၀ိုင်းတင်ပြီး ဖျက်ပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Report တင်တဲ့သူများရင် Facebook က ဖျက်ပေးမှာ အသေအချာပါပဲ။facebook ကအများလက်မခံတဲ့ ကိစ္စမျိုးတွေကို ခွင့် မပြုပါဘူး ။ကျွန်တော်အနေနဲ့ တစ်ဦးချင်း လုပ်ပိုင်ခွင် နှင့်  facebook ကို report တင်ပုံလေးကိုရှင်းပြပေးပါမယ်ခင်ဗျာ။
တစ်ဦးချင်းပြန်လည်ချေပခြင်း ( remove tag )လုပ်ခြင်း
-----------------------------------------------------------------
remove   tag လုပ်တာအနေနဲ့ ကတော့ ရှင်းပါတယ် ဘာမှ ထွေထွေထူးထူး   မရှိပါဘူး မိမိဖျက်ချင်တဲ့ photo ကိုယ့် ကို tag လုပ်ထားတဲ့ ပုံနေရာမှာStatus ရဲ့ ညာဘက်ထောင့်မှာရှိတဲ့ ကြက်ခြေခတ်ခလုတ်လေးကိုနှိပ်ပြီး Report/remove tag   ဆိုတာလေးကိုနိုပ်ပြီးဖျက်ပေးရုံပါပဲ။
i want to untag myself ဆိုတာလေးကိုနိုပ်လိုက်ပြီး ဖျက်လို့ ရပါတယ်။ဒီနေရာမှာ report တင်ချင်တယ်ဆိုရင် အောက်ကအကွက်လေးကိုနိုပ်လိုက်ရုံပါပဲ။
ပြီးရင်တော့  ဒီလိုလေးပါ။
report တင်ခြင်း
--------------------------------------------
report လုပ်တာကတော့  မိမိတစ်ယောက်တည်းလုပ်လို့ ရသလို သူငယ်ချင်းတွေဆီကိုပေးပို့ ပြီးအများနှင့် report တင်လို့ လည်းရပါတယ်။
အောက်ကပုံလေးအတိုင်း report abuse ကိုနိုပ်လိုက်ပါ။(ဒီကောင်လေးက group ) တွေမှာဆိုရင် လုပ်လို့ ရပါတယ်။
အောက်ကပုံလေးလိုပေါ်လာရင် report ဆိုတာကိုဆက်နိုပ်ပါ။
ဒီနေရာမှာ သူတင်ထားတဲ့ Post  ဟာ ဘယ်လိုအကြောင်းအရာမျိုးနဲ့ ငြိစွန်းတယ်ဆိုတာကို ကျွန်တော်တို့ ဘက်က သေချာရွေးပေးရပါလိမ့်
ဒါကတော့  မြန်မာလိုတတ်သဘောက်ဘာသာပြန်ပေးထားတာပါ။
  • I don't like this post (ဒီပို့စ်ကို ကျွန်တော်မကြိုက်ပါ)
  • It's harassing me (ဒီပို့စ်ဟာ ကျွန်တော့်ကို ထိခိုက်စေပါတယ်)
  • It's harassing a friend (ဒီပို့စ်ဟာ ကျွန်တော့် သူငယ်ချင်းကို ထိခိုက်စေပါတယ်)
  • Spam or scam (ဒီပို့စ်ဟာ အကျိုးမရှိတဲ့ ပိုစ်တစ်ခု spam ပါ )
 ( 1 )Hate Speech (ရိုင်းစိုင်းကြမ်းတမ်းတဲ့အကြောင်းအရာဖြစ်ပါတယ်)
သူ့ကိုရွေးလိုက်ရင်တော့ နောက်ထပ် ရွေးစရာတွေ ထပ်ပေါ်လာပါလိမ့်မယ်
           * Target a Race or Ethnicity (လူမျိုးရေး)
           * Target a religious group (ဘာသာရေး)
           * Targets based on gender or orientation (ယောကျာ်းဖြစ်မှု၊ မိန်းမဖြစ်မှုကို တိုက်ခိုက်မှု)
           * Targets people with disability or disease (မသန်မစွမ်းသူများကို တိုက်ခိုက်မှု)
( 2 ) Violence or harmful behavior (ချိုးဖောက်မှု သို့ ကြမ်းတမ်းရိုင်းစိုင်းတဲ့ အပြုအမူဖြစ်တယ်) သူ့ကိုရွေးလိုက်ရင်တော့ နောက်ထပ် ရွေးစရာတွေ ထပ်ပေါ်လာပါလိမ့်မယ်
            * Credible threat of violence (ငွေကြေးဆိုင်ရာ ခြိမ်းခြောက်မှု)
            * Self-Harm
            * Suicidal Content (ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုနှင့် ဆက်နွယ်သောအကြောင်းအရာ)
            * Graphic Violence (ပုံရိပ်ပိုင်း ချိုးဖောက်မှု - အခြားသူပုံများကို အခွင့်မရှိပဲ တင်ခြင်း)
            * Theft or vandalism (ခိုးယူမှု သို့ ရမ်းကားဖျက်ဆီးမှု)
            * Illegal drug use (မူးယစ်ဆေးဝါးသုံးစွဲမှု)
  (လိင်ပိုင်းဆိုင်ရာ မသင့်တော်သော အချက်အလက်များပါဝင်နေမှု)
Sexually explicit cont
My friend's account might be compromised or hacked (ကျွန်တော့်သူငယ်ချင်းရဲ့ အကောင့်ကို ခိုးယူပြီးသုံးစွဲနေခြင်း)
အထက်ပါရွေးစရာတွေထဲကမှ သင့်တော်တာကို ရွေးပြီး Continue ကို နှိပ်ပါ။ အဲဒီအခါ ပုံ ၄ မှာ ပြထားသလိုမျိုး Window တစ်ခု ထပ်ပေါ်လာပါလိမ့်ဦးမယ်။
Block ကို ရွေးပေးလိုက်ရင်တော့ သူနဲ့ကိုယ်နဲ့ Facebook မှာ ဆက်သွယ်လို့ မရတော့ပါဘူး။
Get help..... ကို ရွေးပေးရင်တော့ ကိုယ်နဲ့အတူ Report ၀ိုင်းတင်ဖို့ သူငယ်ချင်းတွေ အကူအညီတောင်းနိုင်ပါလိမ့်မယ်။
 အောက်ဆုံးက Report to Facebook ကို အမှန်ခြစ်ပြီး Continue ကို ဆက်နှိပ်ပါ။ဒါမှ repot လုပ်တာအောင်မြင်နိုင်ပါမယ်။
 Thank you ပေါ်လာရင်တော့ Report တင်တာ အောင်မြင်သွားပါပြီ။
credit to - ကိုလင်းသလ္လာဝတီ
ရေးသားထာသောပိုစ့် ကို ပြန်လည်ဖြည့် စွက် ထားပါတယ်။
ဆက်လက်သိထားသင့် သောလိပ်စာများ
----------------------------------------------------------
  ----------------------------------------------------------------
အသစ်တင်တိုင်း facebook ကနေဖတ်မယ်ဆိုရင် 
ဒီမှာ like လုပ်ပေးပါ။
စိုင်းသူ
facebook မှာမိမိအကောင့် ကို ပြန် hack ကျမယ် (လော့ ကျသူများ ) အတွက်
facebook  မှာ lock ကျနေ တဲ့ မိမိရဲ့ အကောင့် ကို မိမိဘာသာ ပြန် hack ကျမယ်ဗျာ။ လော့ ကျနေတဲ့ အကောင့် တော်တော်များများ အတွက်အသုံးဝင်မှာပါ။ နိုင်ငံခြားမှာနေတဲ့ မိတ်ဆွေ တွေအတွက်တော့  ပြသနာမရှိ ပေးမယ့် မြန်မာပြည်မှာ နေတဲ့ မိတ်ဆွေတွေအ
တွက်ကျတော့  ဖုန်းနံပါတ်တွေ photo တွေပြပြီးရွေးခိုင်းတာမှာတစ်နေတတ်ပါတယ်။ ကဲအခုပြောပြမဲ့ နည်းလမ်းလေး  နဲ့ မိမိ အကောင့် ကိုမိမိပြန် hack ကြည့် ပါ။ေိေိ ဘာဖြစ်လို့ ဒီလို နည်းလမ်းကိုပြောပြရသလဲဆိုတာကတော့   ဒီနည်းလမ်းကိုသိထားခြင်းအားဖြင့်  မိမိကိုယ်မိမိ ကာကွယ် နိုင်သလို security ယိုပေါက်တွေကို မီးမောင်းထိုးပြ ပေးခြင်းသဘောပါ။
အားလုံးအတွက် fair ဖြစ်ပါတယ်။ဟက်ချင်တဲ့ သူလည်း ဟက်ကြပေါ့ ဗျာ ။
ဒီနည်းလမ်းကို 3 trusted friends နည်းလမ်းလို့  ခေါ်လို့ ရပါတယ်။ တကယ်တော့  facebook ကတရားဝင်ခွင့် ပြုထားပါတယ်။ အကောင့် တွေလော့ ကျရင် 3 trused friends နည်းလမ်းနှင့် ပြန်လည်ရယူခြင်းပါ။  hacker တော်တော်အများစုက တော့ ဒီနည်းလမ်းကိုသိပြီးသားပါ။
ကျွန်တော်လည်းပြန်လည်မျှဝေချင်ယုံသက်သက်ပါ။
ဘာတွေလိုအပ်မလဲ
=======================
facebook လုံးဝ မဖွင့် ရသေးသော အီးမေး အသစ်တစ်ခု
security question 
သူငယ်ချင်း ( ၃ ဦး ) ၏ အကူအညီ ။
ဒီနေရာမှာ တော်ရုံတန်ရုံအကောင့် ကတော့  ရပါတယ် ဘာဖြစ်လို့ လဲဆိုတော့ မိမိ အကောင့် ကိုမိမိ ပြန်ဟက်တာပဲေိေိ ဘာပြသနာမှမရှိပါဘူး။ သူများအကောင့် တွေ hack မယ်ဆိုရင်တော့ 
ညဏ်ကိုလွာ သုံးမှ ရပါမယ်။
( အဆင့်-1)  မိမိရဲ့ အီးမေး နံပါတ် (သို့  မဟုတ် ) hack ချင်တဲ့ အကောင့် အီးမေးကိုထည့် ပေးပါ။
ပြီးရင် forgot your password ကိုနိုပ်ပါ။
( အဆင့်-2 ) မိမိရှာချင်တဲ့ အီးမေး ( hack ) ချင်တဲ့   အကောင့် ကို ဒီမှာတစ်ခါထပ်ထည့် ပေးပါ။ပြီးရင် search ကိုနိုပ်ပါ။
( အဆင့်-3 )  အနီရောင်ကွင်းလေးဘောင်ခတ်ထား တဲ့  နေရာကိုနိုပ်ပါ။
( အဆင့်-4 ) facebook မဖွင့် ရသေးသောအီးမေး အသစ်ကို နှစ်ခါရိုက်ထည့် ပေးလိုက်ပါ။
( အဆင့်-5 )  seurity question ကိုဖြေပေးရပါမယ်။တစ်ချို့ အကောင့် တွေကတော့ security မရှိ ရင်ရင်တော့  အောက်ကပုံလေးအတိုင်းလုပ်ပေးပါ။
Continue ဆိုတာကိုပဲ ဆက်နှိပ်ပါ။
(အဆင့်  -6 ) continue ကိုဆက်နိုပ်ပါ။
(အဆင့် - 7 )    Facebook အကောင့်ထဲက 3 trusted friends (သူငယ်ချင်း ၃ ယောက်ကို )  ရွေးရပါ မယ် ။အဲဒီသူငယ်ချင်း ( ၃ ) ယောက်ဆီကို facebook မှ ကုဒ်နံပါတ် ပို့ ပေးမှာဖြစ်ပါတယ်။ တစ်ကြိမ်မှာ တစ်ယောက် ပဲရွေးလို့ ရလို့  ( ၃ ) ခါဆက်တိုက်ရွေးပေးရမှာဖြစ်ပါတယ်။
(အဆင့် - ၈ ) ရွေးချယ်ထားတဲ့ သူငယ်ချင်းတွေပုံပါ။သူတို့ ဆီကိုကုဒ်နံပါတွေရောက်သွားမှာဖြစ်ပါတယ်။ Send Codes to Friends ဆိုတာကိုနှိပ်လိုက်ပါ..။
( အဆင့်-9 )   စောစောကအပေါ်မှာရွေးချယ်ခဲ့ တဲ့  သူငယ်ချင်းတွေဆီကို facebook မှကုဒ်နံပါတ်တွေ ပေးလာပါလိမ့် မယ် ။ ၄င်း ကုဒ် နံပါတ် ကို ရိုက်ထည့် ပေးပါ။  Submit Condes ကိုနိုပ်ပေးပါ။
ဒါဆိုရင်သင့် အကောင့် ကို recovery လုပ်လို့ ရပါပြီ။ဒါကြောင့်  facebook မှာ
ကာကွယ်ရမယ့်အချက်တွေကတော့
 Facebook   မှာ ဖွင့်ထားတဲ့    Emailကို   Only Me   လုပ်ထာပါ။
Security Question ကို လေးလေးနက်နက်ပြုလုပ်ထာပါ ။
မိမိ မသိတဲ့  အကောင့် တွေလာ အက်ရင်  သတိထားလက်ခံပါ။
Security Question   များကို သေသေချာချာ လုပ်ထာပါ ။
အသစ်တင်တိုင်း facebook က ဖတ်မယ်ဆိုရင် 
ဒီမှာ like လုပ်ပေးပါ။
www.saithu102.blogspot.com
စိုင်းသူ
Tuesday, October 29, 2013
Android Phone ကို Remote Control အဖြစ်အသုံးချနည်းများ။
clip_image002
YouTube
သင့် ကွန်ပြူတာကနေပဲဖြစ်ဖြစ်၊ Smart TV ကနေပဲဖြစ်ဖြစ် YouTube ကြည့်တဲ့ အခါမှာ Android Phone ကနေ ထိန်းချုပ်နိုင်အောင် Google ကပြုလုပ်ပေးထားပါတယ်။ Google ရဲ  YouTube Remote app ကိုသုံးနိုင်ပါတယ်။အဲဒီ App သုံးစရာမလိုဘဲလည်း YouTube app ကနေလည်း ထိန်းချုပ်လို့ ရပါတယ်။
ဒီလိုလုပ်ဖို့  youtube.com/leanback ကို ကွန်ပြူတာ ရဲ့ Browser ကနေ ဖွင့်ပါ။ Gear Icon  ကိုနှိပ်ပြီး   Pair Device ကိုနှိပ်ပြီး Code ရယူပါ။
clip_image003
Android Phone က YouTube app ကိုဖွင့်ပြီး Menu Button ကိုနှိပ်ပါ။ Settings ကိုနှိပ်ပြီး Connected TVs ကိုဖွင့်ပါ။ Add a TV ကိုနှိပ်ပါ။ ရယူထားတဲ့ Code ကိုထည့်ပါ။ ဒါဆိုရင် သင့် Android Phone ကနေ ကွန်ပြူတာ၊ Smart TV က YouTube Video တွေကို ရွေးချယ်ကြည့်နိုင်ပါပြီ။ Playback တွေကို Pause , Resume စတာတွေလုပ်နိုင်ပါတယ်။
Android Tablet က YouTube Video တွေကို Android Phone ကနေ Control လုပ်ချင်ရင် CheapCast app ကိုသုံးနိုင်ပါတယ်။
clip_image004
uTorrent Remote
Torrent ဖိုင်တွေကို ဒေါင်းလုပ်လုပ်ပေးတဲ့ Torrent Downloader or Torrent Client App ဖြစ်တဲ့ uTorrent ကို Android ဖုန်းကနေထိန်းချုပ်ဖို့  uTorrent Remote ဆိုတဲ့ Android App ကိုသုံးနိုင်ပါတယ်။ uTorrent Remote ကနေ သင့်ကွန်ပြူတာက uTorrent ကို ဒေါင်းလုပ် လုပ်ခိုင်းလို့ ရပါတယ်။
သင့် ကွန်ပြူတာမှာ ဒေါင်းလုပ် လုပ်ပြီးတဲ့ဖိုင်ကိုလည်း uTorrent Remote ကနေ ပြန်ပြီး ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
clip_image005
Media Player တွေကို Control လုပ်ပါ။
နာမည်ကြီး Free Media Player တွေဖြစ်တဲ့ GOM, VLC တို့ က သူတို့ ရဲ့ Player တွေကို Android Phone ကနေ ထိန်းချုပ်ဖို့ အတွက် App တွေပြုလုပ်ပေးထားပါတယ်။ GOM Remote App အကြောင်းကို ရေးပေးထားပြီး အဲဒီ လင့်ကနေလေ့လာပါ။ VLC Media Player Remote ဆိုတဲ့ Android App က VLC ရဲ့ Playback တွေကို Play,Pause, Volume Control စတာတွေကို ပြုလုပ်နိုင်ပါတယ်။
သင့်ကွန်ပြူတာက VLC မှာ  VLC's HTTP Interface ကို Enable လုပ်ထားဖို့ လိုပါတယ်။
clip_image006
Unified Remote
သင့် ကွန်ပြူတာမှာလည်း Unified Remote Server App ကို အင်စတောလုပ်ထားဖို့ လိုပါတယ်။ သင့်ကွန်ပြူတာ နဲ့ ဖုန်း နှစ်မျိုးစလုံးက Local Network တစ်ခုထဲမှာရှိရမှာဖြစ်ပြီး အလွယ်တကူချိတ်ဆက်နိုင်ပါတယ်။
Windows 8 PC တွေကို ထိန်းချုပ်ဖို့ အတွက်သီးသန့် ပြုလုပ်ထားတဲ့ Windows 8 Controller ဆိုတဲ့ Android App အကြောင်းကိုလည်း အသေးစိတ်ရေးပေးထားပြီးလေ့လာနိုင်ပါတယ်။
clip_image007
TeamViewer Remote Desktop
Unified Remote, Windows 8 Conroller တို့ က သင့်ကွန်ပြူတာ ရဲ့  အနီးအနားကနေပဲထိန်းချုပ်ပေးနိုင်တာပါ။ သင့်ကွန်ပြူတာကို အဝေးတစ်နေရာကနေထိန်းချုပ်ဖို့ အတွက်တော့ နာမည်ကြီး TeamViewer ကိုသုံးနိုင်ပါတယ်။
TeamViewer for Windows ကို အင်စတောလုပ်ပြီးရင် ကုတ် တစ်ခု ရပါမယ်။အဲဒီကုတ် ကို Android ဖုန်း က TeamViewer App မှာထည့်ပေးရမှာပါ။ ဒါဆိုရင် သင့်ကွန်ပြူတာကို ဖုန်းကနေ Control လုပ်လို့ ရပါပြီ။
clip_image008
Huawei ဖုန်းတွေမှာOfficial Firmware ပြန်တင်ရင် ဖြစ်တတ်တဲ့  error
Huawei ဖုန်းတွေမှာ..............
Official Firmware ပြန်တင်ရင် Step 2 မှာ Fail ဖြစ်ဖြစ်နေတတ်တဲ့ error
 ဘာ Firmware ပြန်တင်တင် recovery ထဲပဲပြန်ပြန် ရောက်သွားတဲ့ error
 တွေကို ဒီလိုနည်းနဲ့ ရှင်းပါမယ်
လိုတာလေးတွေ အရင်ဒေါင်းလိုက်ကြ ရအောင်
--------------------------------------------------------------
/Huawei+Firmware+Extractor+AND+boot+recovery+flasher%281%29.7z
-----------------------------------------------------------------------------------------
၁.page ကို သွားပါ ကိုယ်နဲ့သက်ဆိုင်ရာ window အလိုက် ဒေါင်းလုပ်ချပါ။
pc မှာ install လုပ်ပါ
၂. ကတော့ ကျွန်တော်ရေးထားတဲ့ Tool လေးပါ ဖြည်ချလိုက်ပါ
Huawei Firmware Extractor AND boot recovery flasher ဆိုတဲ့ ဖိုဒါလေး ရလာပါမယ်
Read this first ဆိုတာလေးပါ ပါတယ် ဖတ်ပေးပါ
ကိုယ်တင်မယ့် Firmware ရဲ့ dload ဖိုဒါအောက်က UPDATE.APP ဆိုတဲ့ ဖိုင်ကို
Huawei Firmware Extractor AND boot recovery flasher ဖိုဒါအောက်မှာ
ကျန်တဲ့ ဖိုင်တွေနဲ့ အတူတူ ထားပေးပါ ၊
အားလုံး အဆင်သင့် ဖြစ်ပီဆိုရင် 1.Mytool.bat ဆိုတာလေးကို Run လိုက်ပါ
*******************************************************
 *   You Can Extract boot image and recovery image     *
*         from some Huawei Stock Firmware             *
*           Thankyou for using this Tool              *
*                   Phyo Nyi Nyi                      *
*******************************************************
Place "UPDATE.APP" that you extracted from Stock Firmware
Check!! if you see "output" folder in main directory, delete it!!
after procsess , you will get boot.img and recovery.img
in main folder that you extracted
Select Your Device:
1) now extract boot and recovery
2) flash Stock boot and recovery
3) All in One
Exit) press " e " to close command-prompts
Make a choice:
-------------------------------------------------------------------
အထက်ပါ ပုံအတိုင်းတွေ့ရပါမယ် ၊ နံပါတ် ၁ ကိုရွေးပြီး  enter ခေါက်ပေးလိုက်တာနဲ့
သူဟာသူ ဆက်အလုပ်လုပ်သွားပါလိမ့်မယ် ၊
boot_recovery_Output ဆိုတဲ့ ဖိုဒါလေးပေါ်လာပြီး အဲဒီဖိုဒါအောက်မှာ
boot.img နဲ့
recovery.img ဆိုတဲ့ image ဖိုင်လေး နှစ်ဖိုင် ရလာပါမယ်
ဖုန်းကို fastboot mode ပို့ပြီး PC နဲ့ ချိတ်လိုက်ပါ
နံပါတ် ၂ ကိုရွေးပြီး Enter ခေါက်ပေးပါ
သူဟာသူ ဆက်အလုပ်လုပ်သွားပါလိမ့်မယ် လုပ်ငန်းစဉ်ပြီးသွားရင်တော့
Stock Firmware ပြန်တင်ဖို့ အဆင်သင့်ဖြစ်သွားပါပြီ
နံပါတ် ၃. ကတော့ All in one ပါ ၁ နဲ့ ၂ ကို တစ်ဆက်တည်း အလုပ်လုပ်ပေးသွားမှာပါ
စမ်းသပ်ပြီးသော မော်ဒယ်များ
C8825D
U8661Sonic+
U8818
U8825D
U9850D1
Credit :   Phyo Nyi Nyi (MMUG)
Samsung galaxy s4 GT-I9500,.ကို root လုပ်နည်း
Samsung galaxy s4 GT-I9500, GT-I9505, SGH-I337M, SPH-L720.ကို Error ကင်းပြီးအလွယ်တစ်ကူ root လုပ်နိုင်မဲ့ နည်းလမ်းလေးတစ်ခုပါ။တကယ်တော့  ဒီဘက်ခေတ်ထဲမှာroot လုပ်တာဟာသိပ်မခက်ခဲတော့ ပါဘူး ။အရမ်းကိုပွင့် လင်းတဲ့ ခေတ်ကိုရောက်သွားပါပြီခင်ဗျာ။
အခုဖော်ပြပေးမဲ့ နည်းလမ်းလေးက လွယ်ကူရိုးရှင်းပြီး 99.9% နှုန်းအလုပ်လုပ်ပါတယ်ခင်ဗျာ။ဖုန်းကိုroot လုပ်တော့ မယ်ဆိုရင်တော့် ဘက်ထရီ ကို အားပြည့် အောင်ထည့် ထားပေးကြပါခင်ဗျာ။
ဖုန်းနှင့် ကွန်ပျူတာကို Micro-USB/USB cord လေးနှင့် ချိတ်ဆက်လိုက်ပါ။
 USB Debugging လုပ်ပေးပါ။unknow source ကိုအမှတ်ခြစ်ပေးပါ။အသေးစိတ်ကြည့် ရန်နိပ်ပါ။
ဒီအဆင့် မှာတော့  root tool လေးကို run ပြီးတာနှင့်  root ဆိုတာလေးကိုနိပ်ပေးရုံပါပဲခင်ဗျာ။
အန္တရယ်ရှိတဲ့ နည်းလမ်းတွေနှင့် root မလုပ်ပဲနှင့် ယခုပြသပေးထားသောနည်းနှင့် အန္တရယ်ကင်းစွာနှင့် root လုပ်နိုင်ပါပြီခင်ဗျာ
အသစ်တင်တိုင်း facebook ကနေဖတ်မယ်ဆိုရင်
ဒီမှာ like လုပ်ပေးပါ။
စိုင်းသူ
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ