Windows 7မှာsystem files တစ်ချို့ ပျက်ဆီးပြီးသင့်ကွန်ပြူတာအလုပ်ကောင်းကောင်း
မလုပ်တဲ့အခြေအနေကြုံဖူးကြရင်ဒီဆောင်းပါးလေးကအကူအညီပေးပါလိမ့်မယ်။ အရင်ကဆိုရင်သင့်ကွန်ပြူတာကောင်းကောင်းအလုပ်မလုပ်တော့ရင် သင့် windows ကိုအကုန်ပြန်ဖြုတ်ရ
မှာပါ။ ဒီပြသာနာကို Microsoft ကဖြေရှင်းပြီးပါပြီ။Windows xp ကစပြီး “Non-destructive reinstall ability” ကိုဖြည့်ဆည်းပြီးပါပြီ။ ဒါကြောင့် သင့်ကွန်ပြူတာ ရဲ့ user data, setting , installed programs , drivers တွေမပျက်ဆီးဘဲ သင့် windows ကို repairလုပ်နိုင်ပါပြီ။
repair လုပ်ဖို့ သင့် မှာလိုအပ်တာတွေက
*windows 7 installation dvd
*original 25 character product key
*minimum 12869 mb free space on system drive C
သင့်မှာ windows 7 installation dvd မရှိရင် သင့် windows နဲ့ edition ချင်းတူတဲ့ အခွေဝယ်နိုင်ပါတယ်။
အရေးကြီးတာ က လက်ရှိသုံးနေ တဲ့ သင့် windows က genuine copy of windows 7 ဖြစ်ရ ပါ မယ်။
သင့် ၀င်းဒိုး ရဲ့ Product key ကိုရှာဖို့ အတွက် Produkey ဆိုတဲ့ application ကိုအောက်မှာဒေါင်းလုပ် လုပ်ပါ။
ဖိုင်ဆိုက် 113 kbပဲရှိပါတယ် download produkey
သင့် windows ဟာ windows 7 service pack 1 install လုပ်ထားရင်ပြန်ဖြုတ်ပါ။သင် repair လုပ်မယ့်
အခွေက windows 7 service pack 1 ဆိုရင်တော့ဖြုတ်စရာမလိုပါဘူး။ ဒီအ ဆင့်ကိုကျော်နိုင်ပါတယ်။
Start > control panel > programs and features သို့ သွားပါ။ ဘယ်ဘက်အပေါ်ထောင့်
မှာ ရှိတဲ့ view installed updates ကိုနှိပ်ပါ။ဒီလိုမြင်ရမှာပါ။
Uninstallလုပ်ပါ။သင့်anti virusကိုdisableလုပ်ပါ။ပြီးရင်installation dvdထည့်ပြီးSetup.exe ကို run ပါ။
တကယ်လို့ များအောက်ပုံကလို error ပြရင်
Setup.exe file ကို right click ထောက်ပြီးproperties နှိပ်ပါ။
Compatibility tab မှာ run this program in compatibility mode for Check box ကို အမှန်ခြစ်ပေးပြီး
windows vista(service pack 2) ရွေးပေးပါ။ပြီးရင် setup.exe fileကိုdouble click နှိပ်ပြီး installလုပ်လို့ ရပါပြီ။
Go online to get the latest updates for installation
Do not get the latest updates for installation
အဲဒီ option 2 ခုမှာ ကျွန်တော်ကတော့ connection ကြောင့် Do not get the latest updates for installation
ကိုရွေးပါတယ်။နောက်ထပ်option၂ခု ကအရေးကြီးပါတယ်။Upgrade နဲ့ Custom ပါ။Upgrade ကို ရွေးပေးရပါမယ်။
Custom ကိုရွေးရင် repair မလုပ်ဘဲ windows အသစ်တင်ပါလိမ့်မယ်။Upgrade လုပ်ပြီးရင် product key တောင်း
ပါလိမ့်မယ်။ဒီအဆင့်ရောက်ရင်သင့် windows ဟာ repair လုပ်ပြီးသွားပါပြီ။ Anti virus ကို enable ပြန်လုပ်ပါ။
ဖြည့်စွက်အကြံပေးချင်တာ ကတော့ Online ချိတ်ပြီး windows update centre ကနေ update လုပ်ပေးပါ။
ကျွန်တော်repair လုပ်တုန်းကတော့ ၂ နာရီလောက်ကြာပါတယ်။သင်တို့ အတွေ့ အကြုံတွေကိုလဲ အောက်မှာ
comment ပေးခဲ့ပြီးဝေမျှခဲ့ပါအုံး။ အဆင်ပြေပါစေ။
No comments:
Post a Comment