သင့်ကွန်ပြူတာမှာ software တွေသွင်းတာများလာတာနဲ့ အမျှ သင့် ရဲ့ right click context menu မှာ entries တွေများလာပါတယ်။သင် right click နှိပ်တိုင်း စိတ်ညစ်စရာကောင်းအောင်စောင့်နေရရင် အောက်ကနည်းတွေနဲ့  context menu entries တွေကို ရှင်းပေးပါ။
CCleaner Business Edition
CCleaner Business Edition မှာ context menu management ပါရှိပါတယ်။သင့် မှာ မရှိရင် ဒီမှာ Download လုပ်ပါ။ Install လုပ်ပြီးရင် Tools>Startup မှာ Context Menu ကိုတွေ့ မှာပါ။အဲဒီမှာ သင်မလိုချင်တဲ့ entries တွေကို disable လုပ်နိုင်ပါတယ်။
Delete လုပ်ရင်တော့သင် နောက်တစ်ခါ အဲဒီ context menu entry ကို သုံးချင်ရင် software ကို install ပြန်လုပ်ရမှာပါ။ဒါကြောင့် Disable ပဲလုပ်သင့်ပါတယ်။
ShellExView
CCleaner အသုံးပြုရတာလွယ်ကူပါတယ်။ ဒါပေမယ့်  သင်သတိထားမိရင် CCleaner ဟာ Entries အားလုံးကို သင့်ကိုမပြပေးနိုင်ပါဘူး။အဲဒီအတွက် ShellExView By NirSoft ကို သုံးရအောင်။ Official Page အောက်ဆုံးမှာ download link တွေ့ ပါလိမ့်မယ်။ ပြီးရင် ShellExView ကို run လိုက်ရင် သင့်ကွန်ပြူတာ ရဲ့ context menu entries နဲ့  တစ်ခြား shell extensions တွေကို scan လုပ်ပါလိမ့်မယ်။ Context menu entries ပဲ လိုချင်တဲ့ အတွက် Option>Filter By Extension Type ကို နှိပ်ပြီး context menu ကို ရွေးပေးပါ။
ပန်းရောင် နဲ့  highlight လုပ်ထားတာကတော့ သင်အသစ်သွင်းထားတဲ့ software တွေရဲ့ context menu entry တွေဖြစ်ပြီး ကျန်တာကတော့ windows built-in context menu entry တွေပဲဖြစ်ပါတယ်။ ShellExView က Product Name, Company တွေပါပြ ပေးနိုင်တဲ့ အတွက် CCleaner ထက်ပိုပြီး ရှင်းရှင်းလင်းလင်းတွေ့ မြင်နိုင်ပါတယ်။သင်အလိုမရှိတဲ့ context menu entry ကို Select လုပ်ပြီး ဘယ်ဘက်အပေါ်ထောင့်က အနီရောင် Disable Selected Item ကိုနှိပ်ပေးပါ။ပြီးရင်တော့ သင့်ကွန်ပြူတာကို Restart လုပ်ပေးရပါမယ်။
No comments:
Post a Comment