သင့် gmail ရဲ့  setting ကို ၀င် ကြည့် ရင် POP/IMAP ဆိုတာကို တွေ့ ရမှာပါ။ Mozilla Thunderbird , Postbox တို့ လို email client တွေသုံးရင်လည်း POP/ IMAP ဆိုတဲ့ စကားလုံး တွေ သင်မြင်တွေ့ ဖူးပါလိမ့်မယ်။ POP / IMAP ရဲ့ သဘောသဘာဝ ၊ ဘယ်တစ်ခု ကို သင့် ဂျီမေး အတွက်ရွေးချယ်အသုံးပြု သင့်တယ်ဆိုတာအောက်မှာဆက်ဖတ်ပါ။
POP(Post Office Protocol)
POP Work Flow
*connect to server
*retrieve all mail
*store locally as new mail
*delete mail from server
*disconnect
(POP ရဲ့ မူလသဘောသဘာဝကတော့ server ကမေးအားလုံးကို ဖျက်ပါတယ်။ ဒါပေမယ့် POP client တော်တော်များများကတော့ mail server မှာ ကော်ပီတစ်ခုချန်ထားဖို့  ရွေးချယ်နိုင်ပါတယ်။)
သင့် ဂျီမေး client ထဲရောက်ပြီး တဲ့မေးတွေကိုဖျက်လိုက်တဲ့ အတွက် တစ်ခြား ကွန်ပြူတာ ဒါမှမဟုတ် phone ကနေသင့်ဂျီမေးကိုဝင်တဲ့အခါအသစ်ဝင် တဲ့မေးတွေပဲသင်မြင်ရမှာဖြစ်ပြီး အဟောင်းတွေကိုသင်မမြင်တွေ့ တော့ပါဘူး။မေးတွေကိုဖျက်တဲ့အတွက် server storage မှာတော့ နေရာ လွတ်တွေပိုမိုရရှိနိုင်ပါတယ်။
IMAP(Internet Message Access Protocol)
IMAP Work Flow
*connect to server
*sync across server and clients(client မှာ ဖိုဒါတစ်ခုဆောက်လိုက်ရင် web gmail မှာလည်း label ပေးပြီး folder တစ်ခုဆောက်လိုက်ပါတယ်။သင့် web gmail မှာ မေးတစ်ခုကိုဖျက်လိုက်ရင် client မှာလည်း အဲဒီမေးကိုဖျက်လိုက်ပါတယ်။)
*disconnect
two way communication ဖြစ်ပြီး မေးတွေကို server မှာမဖျက်တဲ့အတွက် သင့် ဂျီမေးအားလုံးကို နေရာတိုင်း၊ device တိုင်းမှာ ဖတ်ရှုနိုင်ပါတယ်။ဒါပေမယ့်server ကမေးတွေကိုမဖျက်တဲ့အတွက် အချိန်ကြာတာနဲ့ အမျှသင်ရရှိထားတဲ့ storage space ကုန်သွားနိုင်ပါတယ်။
ဘယ်တစ်ခုကိုသင်ရွေးချယ်မလဲ? သင်မြင်တွေ့ တဲ့အတိုင်း IMAP က POP ထက်အားသာချက်တွေ ပိုရှိပါတယ်။Google ကလည်း IMAP ကိုအသုံးပြုဖို့ အကြံပေးထားပါတယ်။
No comments:
Post a Comment