Web ပေါ်ကစကားလုံးတွေကို သင့်စိတ်ကြိုက်စကားလုံးအဖြစ်ပြောင်းလဲပေးနိုင်တဲ့ chrome extension ပါ။ဒီ extension ကိုသုံးပြီး သင့်သူငယ်ချင်းတွေကိုနောက်လို့ လည်းရပါတယ်။သင်နောက်ချင်တဲ့သူငယ်ချင်း ရဲ့ စက်ထဲကို extension ကို install လုပ်ပါ။ပြီးရင်တော့ chrome wrench icon ထဲက tools ထဲက Extensions ကိုသွားပြီး In My Words ရဲ့  option ကိုနှိပ်ပြီးသင်ပြောင်းချင်တဲ့ စကားလုံးတွေကို ပြောင်းပေးပါ။
ဥပမာ ။ ။ သင့် သူငယ်ချင်းနာမည်က ဇင်မာ ဆိုပါစို့ ဘယ်ဘက်ခြမ်းမှာ ဇင်မာ လို့ ရိုက်ပြီး ညာဘက်ခြမ်းမှာ ဇင်မာအရူး လို့ ရိုက်ပေးပါ။ နောက်ပြီး facebook လို့ ရိုက်ပြီး နောက်တစ်ခြမ်းမှာ stupidbook လို့ ရိုက်ပါ။ပြီးရင် Save နှိပ်ပါ။
Google ကနေ ဇင်မာ လို့ ရိုက်ပြီးရှာကြည့်ရင် အောက်ကပုံ မှာလို စာသားတွေပြောင်းနေတာတွေ့ ရမှာပါ။နောက်ပြီး facebook ကနေ stupidbook လို့ ပြောင်းနေတာတွေ့ ရမှာပါ။
Checkout In My Words @ Chrome Web Store
No comments:
Post a Comment