သင့် ကွန်ပြူတာကိုသူများရောင်းချင်လို့  ပဲဖြစ်ဖြစ် ၀င်းဒိုးအသစ်တင်ချင်လို့ ပဲဖြစ်ဖြစ်သင့်စက်ထဲက သတင်းအချက်တွေကိုအကုန်အစင်ဖျက်ပြစ်နိုင်ဖို့  အတွက် DBAN ဆိုတဲ့ freeware ကိုသုံးပါ။DBAN ကိုအသုံးပြုဖို့ အတွက် DBAN iso image ကိုအရင်ဒေါင်းလုပ်လုပ်ရမှာပါ။ဖိုင်အရွယ်အစားက (10.5) mb ပဲရှိပါတယ်။ပြီးရင် iso image burner တွေဖြစ်တဲ့ nero burning rom , express burn , power iso စတဲ့ ဆော့ဝဲတွေအသုံးပြုပြီး cd/dvd မှာ burn ရပါမယ်။
Wipe The Drive With DBAN
Cd/dvd ကိုစက်ထဲထည့်ပြီး စက်ကို cd/dvd ကနေ boot လုပ်ရမှာပါ။စက်စတက်တက်ချင်းမှာ setup ထဲဝင်မယ့် key ကိုနှိပ်ပြီး boot device မှာ သင့် cd/dvd ကို အပေါ်ဆုံးရွေးပေးပါ။ပြီးရင် save and exit လုပ်ပြီးရင်တော့ DBAN prompt menu ကိုရောက်သွားပါပြီ။အဲဒီမှာရွေးစရာ option တွေရှိပါတယ်။ autonuke လို့ ရိုက်ပြီးရင်တော့သင့် စက်ထဲက hard drive’s data တွေကိုအကုန်ဖျက်ပါပြီ။
ဒါဆိုရင်တော့သင့်စက်ထဲက ဒေတာတွေကို recover မလုပ်နိုင်အောင်အကုန်အစင်ဖျက်ပြီးပါပြီ။သင့်စက်ကို သူများရောင်းချင်ရင်ပဲဖြစ်ဖြစ်၊ ၀င်းဒိုးအသစ်တင်ချင်ရင်ပဲဖြစ်ဖြစ် အဆင်သင့်ဖြစ်နေပါပြီ။
Download DBAN from sourceforge.net/projects/dban/
No comments:
Post a Comment