Windows 8 Metro User Interface ကို windows 7 မှာမြည်းစမ်းသုံးစွဲကြည့် နိုင်ဖို့  IObit ရဲ့  freeware WinMetro နဲ့ မိတ်ဆက်ပေးပါရစေ။Windows 8 metro user interface ကိုပုံသေပြောင်းလဲမှာမဟုတ်ဘဲ winmetro ကိုအသုံးပြုနေတဲ့အချိန်မှသာ Windows 8 metro user interface ကို မြင် ရ မှာ ဖြစ် တဲ့အ တွက် မြည်းစမ်းတဲ့သဘောမျိုးအသုံးပြုနိုင်မှာပါ။Facebook,twitter,weather,news,stock,calender စတဲ့ gadget တွေကို အလွယ်တကူအသုံးပြုနိုင်သလိုအမြဲအသုံးပြုနေတဲ့ system tools,programs တွေကိုလျှင်လျှင်မြန်မြန်အသုံးပြုနိုင်အောင် design လုပ်ထားပါတယ်။
UI ရဲ့ ညာဘက်အောက်ထောင့်ကို mouse cursor ရွှေ့ ကြည့်ရင် Charms Bar ပေါ်လာပြီး Search,Start,Settings ကိုမြင်တွေ့ နိုင်ပါတယ်။
Search button ကိုနှိပ်ပြီး system တစ်ခုလုံးမှာသင်ရှာချင်ရာရှာဖွေနိုင်ပါတယ်။
Settings button ကိုနှိပ်ပြီး network ,system volume,shut down စတာတွေကိုအသုံးပြုနိုင်မှာပါ။
ညာဘက်အပေါ်ထောင့်က Program setting မှာတော့ အောက်က ပုံမှာမြင်တွေ့ ရတဲ့ setting တွေကိုပြုပြင်နိုင်မှာပါ။
WinMetro က beta အဆင့်ပဲရှိသေးတဲ့အတွက် bugs အနည်းငယ်ရှိတတ်ပါတယ်။ တစ်ချို့ စက်တွေမှာ user interface မှန်မှန်ကန်ကန် မပေါ်တဲ့ ပြဿနာအနည်းငယ်ရှိနိုင်ပါတယ်။စမ်းသပ်သုံးကြည့်ချင်ရင်တော့ IObit ဆိုက် မှာ latest version ကိုဒေါင်းလုပ်လုပ်နိုင်ပါတယ်။
System Requirements
Microsoft® Windows® 7 (32-bit and 64-bit) Starter/ Home Basic/Home Premium/Professional/Ultimate
Microsoft® Windows® Vista (32-bit and 64-bit) Starter/Home Basic/Home Premium/Business /Ultimate
Microsoft® Windows® XP (32-bit and 64-bit) with SP2/SP3 or Home/Professional/Media Center
Download WinMetro @ www.iobit.com/iobit-winmetro.php#none
No comments:
Post a Comment