Firefox user တွေအနေနဲ့  သင့်ကွန်ပြူတာက bookmarks တွေကို တစ်ခြားကွန်ပြူတာတွေမှာ အသုံးပြုချင်ရင် လွယ်လွယ်ကူကူ ပဲ sync လုပ်နိုင်ပါတယ်။Bookmarks တွေတင်မကဘဲ add on , preference,tabs,passwords,history တွေကိုပါ sync လုပ်နိုင်ပါတယ်။အဲဒီအတွက် သင်ဘယ်နေရာရာရောက်ရောက်သင့်ကွန်ပြူတာက firefox browser ကို တစ်ခြားကွန်ပြူတာမှာအသုံးပြုနိုင်ပါတယ်။ပထမဆုံးသင့်ကွန်ပြူမှာ အရင်ဆုံး sync setup လုပ်ရပါမယ်။
Settingup Firefox Sync
သင့်ကွန်ပြူတာက firefox browser ရဲ့  option ထဲက sync tab မှာ set up firefox sync ကိုနှိပ်ပါ။
နောက်တစ်ဆင့်မှာ create a new account လုပ်ပြီးအကောင့်တစ်ခု ပြုလုပ်ရပါမယ်။
နောက်တစ်ဆင့်မှာ email , password တွေ ထည့်ပေးပြီး agree လုပ်ပြီး captcha code တွေထည့်ပေးပြီး sync option ကိုနှိပ်ပါ။
ဒီအဆင့်မှာသင် ကြိုက်နှစ်သက်ရာ sync လုပ်မယ့် အရာတွေ ရွေးချယ်ပေးပြီး ရင် အကောင့်လုပ်တဲ့ ၀င်းဒိုး ကို ပြန်သွားပြီး next နှိပ်ပါ။
နောက်ဆင့်မှာတော့ သင့် bookmarks တွေကို firefox sync server ကိုပို့ ပေးပြီး အနည်းငယ်အကြာ ပြီးဆုံးပါပြီ ဆိုတဲ့ message ရပါမယ်။ပြီးရင် option ရဲ့  sync tab ကိုပြန်သွားပြီး manage account ကိုနှိပ်ပြီး my recovery key ကိုနှိပ်ပါ။
Recovery key ကို save လုပ်ပါ။Html ဖိုင်အနေနဲ့ သိမ်းပေးမှာဖြစ်ပြီးအဲဒီဖိုင်ကို သင့် online storage site တစ်ခုမှာသိမ်းထားပါ။သင်တစ်ခြား ကွန်ပြူတာတွေနဲ့ သင့်ကွန်ပြူတာ က firefox browser ကို sync လုပ်ရင် အဲဒီ key လိုပါမယ်။ဒါဆိုရင်တော့ သင့်ကွန်ပြူတာမှာ sync setup လုပ်တာပြီးဆုံးပါပြီ။
Sync Firefox Across Other Computers
သင် တစ်ခြားကွန်ပြူတာ မှာ သင့် ကွန်ပြူတာက firefox browser နဲ့  sync လုပ်ဖို့ အတွက် option ထဲက sync tab အောက်မှာ set up firefox sync ကိုနှိပ်ပါ။နောက်တစ်ဆင့်မှာတော့ I have an account ကိုနှိပ်ပါ။နောက်ဝင်းဒိုး တစ်ခုပေါ်လာပြီး sync option မှာ ရွေးချယ်နိုင်ပါသေးတယ်။ပြီးရင်တော့ I don’t have the device with me ကိုနှိပ်ပါ။
အကောင့် email,password,recovery key ထည့် ပေးပြီး next နှိပ်ပါ။
Account and recovery key တွေကို verify လုပ်ပြီးရင်တော့ setup လုပ်တာပြီးဆုံးပါပြီ။Sync လုပ်ဖို့ အတွက် firefox drop down menu ကိုနှိပ်ပြီး sync now ကိုနှိပ်ပါ။
Google Chrome User တွေအတွက် Sync Your Google Chrome Bookmarks With Computers And Android Devices ဆိုတဲ့ ဆောင်းပါးကို ဖတ်ပါ။
No comments:
Post a Comment