Android & IOS devices တွေကို computer ကနေ manage လုပ်နိုင်မယ့် tools တွေစုံလင်စွာပါရှိတဲ့ software တစ်ခုပါ။Moborobo လုပ်ပေးနိုင်တဲ့ အလုပ်တွေကတော့ contacts,messages, call logs,images,media,applications,ringtones,themes,wallpaper စတာတွေကို သင့်ကွန်ပြူတာမှာ backup and restore လုပ်ပေးနိုင်ပါတယ်။Android , Ios device ရဲ့  screen ကို real time တွေ့ မြင်နိုင်ပြီး screenshot ရိုက်ပြီး သိမ်းထားနိုင်ပါတယ်။ကွန်ပြူတာကနေ message တွေဖတ်နိုင် ပေးပို့ နိုင်ပြီး သင့်ကွန်ပြူတာကနေ android,ios applications တွေကို လည်း install/uninstall လုပ်နိုင်ပါတယ်။Application store ပါရှိပြီး applications တွေကို ဒေါင်းလုပ်လုပ်နိုင်ပြီး သင့် android,ios devices မှာ တစ်ခါတည်း install လုပ်နိုင်ပါတယ်။Music file တွေကို သင့်ကွန်ပြူတာကနေ နားဆင်နိုင်သလို ringtone ပြုလုပ်နိုင်ပါတယ်။Video ဖိုင်တွေကို လည်း ကြည့်ရှုနိုင်ပါတယ်။File manager ပါရှိပြီး computer and divices တွေ နဲ့  အပြန်အလှန်ဖိုင်တွေ ပေးပို့ နိုင်ပြီး manage လုပ်နိုင်ပါတယ်။Supported devices တွေကို www.moborobo.com/supporteddevices.html မှာ ကြည့် ရှု နိုင် ပါ တယ် ။ Tutorial တွေကို www.moborobo.com/tutorial/ မှာလေ့လာနိုင်ပါတယ်။
Connecting Your Android Device With Moborobo
ဒီ tutorial မှာ တော့ android device ကို အသုံးပြုမှာဖြစ်ပါတယ်။Moborobo ကို သင့်ကွန်ပြူတာမှာ အင်စတောလုပ်ပြီးရင် usb or wifi နည်းနှစ်မျိုး နဲ့ သင့်ကွန်ပြူတာနဲ့  android device ကို ချိတ်ဆက်နိုင်ပါတယ်။Moborobo application ကို run ပြီးရင် Android device ကို usb နဲ့  မချိတ်ဆက်ခင် Setting>application>unknown sources ကို အမှန်ခြစ်ပေးပါ။Setting>application>development>usb debugging ကို အမှန်ခြစ်ပေးပါ။Android device နဲ့  ကွန်ပြူတာကို usb အသုံးပြုပြီး ချိတ်ဆက်ပါ။Moborobo ကချိတ်ဆက်လိုက်တဲ့ device ကို အလို လို သိရှိပြီး driver ကို အင်စတောလုပ်ပါလိမ့်မယ်။နောက်ပြီး သင့် device မှာလည်း moborobo application ကို အင်စတောလုပ်ပါလိမ့်မယ်။ပြီးရင်တော့ သင့် android device နဲ့ moborobo ချိတ်ဆက်မိပြီးအောက်ကပုံမှာ လို မြင်တွေ့  ရမှာပါ။ သင်ကြိုက်နှစ်သက် သလောက် devices အများအပြားကို တစ်ပြိုင်နက်ချိတ်ဆက်နိုင်ပါတယ်။Switch Devices ကိုနှိပ်ပြီးတော့ device တွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
Live Screen Capture
Android screen capture လုပ်ဖို့ အတွက် home window က device ပုံအောက်မှာပြုလုပ်နိုင်ပြီး setting ထဲမှာ device model ကို show/hide လုပ်နိုင်ပြီး captured screenshot တွေကို clipboard မှာသိမ်းနိုင်သလို ဖိုဒါမှာသိမ်းဖို့ ရွေးချယ်နိုင်ပါတယ်။Screenshot folder ကို လည်း ဖွင့်နိုင်ပါတယ်။Screen ကို refresh/auto refresh လုပ်နိုင်ပြီး full screen ကြည့်ရှုနိုင်ပါတယ်။
File Manager & Backup/Restore
Home window မှာ ပဲ device or sd card ကို ရွေးချယ်ပြီး file manager ကနေ သင့် android ဖုန်း ထဲကဖိုင်တွေ ကို manage လုပ်နိုင်ပါတယ်။ကွန်ပြူတာနဲ့  device ကြားမှာ အပြန်အလှန် ဖိုင်တွေ ပေးပို့ နိုင်ဖို့  upload , download ကို အသုံးပြုနိုင်ပါတယ်။android applications(apk) ဖိုင်တွေကိုလ ည်း file manager ကနေ အင်စတောလုပ်နိုင်ပါတယ်။
Backup/Restore လုပ်ဖို့  home tab က Backup/Restore ကို နှိပ်ပါ။contacts, messages, call logs,images,media,applications, app data, ringtones, themes, wallpaper စတာတွေကို backup လုပ်ပေးနိုင်ပြီး သင်ကြိုက်နှစ်သက်ရာကို ရွေးချယ် backup လုပ်နိုင်ပါတယ်။Restore လုပ်ဖို့ အတွက် Restore tab ကိုနှိပ်ပါ။
Data Management
Data tab မှာတော့ သင့် android device က contacts,messages,call logs တွေကို ကြည့်ရှုနိုင် manage လုပ်နိုင်ပါတယ်။ဖုန်းတစ်လုံးကနေတစ်လုံးကို contacts တွေ ကူးချင်တဲ့ အခါမျိုးမှာ Import&Export ကို အသုံးပြုပါ။ Android to Ios,Ios to Android စသဖြင့် အပြန်အလှန် contact တွေ ကူးယူနိုင်ပါတယ်။နောက်ပြီး သင့် contacts တွေဆီကို message ပို့ နိုင်ပါတယ်။
App Management – Install, Delete, Update & Find Apps
Apps tab မှာ တော့ user applications,system applications,applications updater တွေကို တွေ့ မြင်နိုင်ပြီး install/uninstall လုပ်နိုင်ပါတယ်။ကွန်ပြူတာက android application(apk) ဖိုင်တွေကိုလည်း အင်စတောလုပ်နိုင်ပါတယ်။Web Resources ကနေလည်း application တွေကို download and install လုပ်နိုင်ပါတယ်။
Image,music,video management
Image,music,video tabs တွေကနေ device မှာ ရှိတဲ့ image,music,video တွေကို ကြည့်ရှုနားဆင်နိုင်ပြီး သင့်ကွန်ပြူတာနဲ့  device ကြားမှာအပြန်အလှန် image,music,video တွေကို ကူးယူ နိုင်ပါတယ်။Music tab မှာ သင်ကြိုက်နှစ်သက်ရာ သီချင်းတွေကို ringtone အဖြစ်ပြုလုပ်နိုင်ပါတယ်။
Downlaod Moborobo for free @ www.moborobo.com/download/
No comments:
Post a Comment