သင့်ကွန်ပြူတာ နှစ်လုံး မှာ ဖိုင်တွေ sync လုပ်ဖို့ ဘယ်နည်းကို အသုံးပြုပါသလဲ? Dropbox, Google Drive တွေ ရဲ့  client application တွေကို အသုံးပြုပြီး သင့်ကွန်ပြူတာ နှစ်လုံးကြားမှာ ဖိုင်တွေ sync လုပ်လို့ ရပါတယ်။ဒီနည်းက ကြားခံ cloud storage,server တစ်ခု လိုအပ်ပြီး ပထမစက်က sync လုပ်မယ့် ဖိုင်တွေကို ပထမဆုံး cloud storage ကို upload လုပ်ပါတယ်။ပြီးတဲ့ အခါကျမှ ဒုတိယစက်က အဲဒီဖိုင်တွေကို download လုပ်ပြီး sync လုပ်တာဖြစ်ပါတယ်။အဲဒီအတွက် upload / download လုပ်ရတဲ့ အတွက် အချိန် ပို ကြာပါတယ်။နောက်ပြီး cloud storage တွေကို အသုံးပြုရတာဖြစ်တဲ့ အတွက် storage limit ရှိပါတယ်။Bittorrent Sync ကို အသုံးပြုရင် တော့ ကြားခံ cloud storage တွေ မလို ဘဲ၊အကောင့်တွေ လုပ်စရာမလိုဘဲ သင့်ကွန်ပြူတာတွေကြားမှာ ဖိုင်တွေ တိုက်ရိုက် sync လုပ်နိုင်ပါတယ်။Bittorrent Sync က freeware ဖြစ်ပြီး Windows , Mac , Linux စတဲ့ os တွေ မှာ Bittorrent Sync ကို သုံးနိုင်ပါတယ်။
ပထမစက်မှာ အင်စတောလုပ်ခြင်း
Bittorrent Sync ကို အင်စတောလုပ်ရင် Standard Setup (or) I have a secret နှစ်မျိုးကို ရွေးချယ်ရမှာပါ။ပထမ စက်မှာ အင်စတောလုပ်ရင်တော့ Standard Setup ကို ရွေးချယ်ပြီးအင်စတောလုပ်ပါ။
နောက်အဆင့်မှာ ဒုတိယစက် မှာ ရိုက်ထည့်ရမယ့် secret code တွေကို ကော်ပီကူးနိုင်ပါတယ်။ဒီအဆင့်မှာ ဘာမှမလုပ်ဘဲ ဆက်သွားနိုင်ပါတယ်။ပထမစက်နဲ့ ဒုတိယစက်ကို ချိတ်ဆက်ဖို့ ဒုတိယစက် မှာ အင်စတောလုပ်တဲ့ အခါ ဒါမှမဟုတ် အင်စတောလုပ်ပြီးတဲ့ အခါ မှာ ပြုလုပ်နိုင်ပါတယ်။
ဒုတိယစက်မှာ အင်စတောလုပ်ခြင်း
ဒုတိယစက်အနေနဲ့  Mac ကွန်ပြူတာမှာ bittorrent sync ကိုအင်စတောလုပ်ပါမယ်။ Windows,Mac,Linux စတဲ့ သင်မှာ ရှိတဲ့ ကွန်ပြူတာတွေမှာ အင်စတောလုပ်ပြီး sync လုပ်နိုင်ပါတယ်။ အင်စတောလုပ်တဲ့ အခါမှာ ပထမစက်က secret code တွေကို ဖြည့်ပေးနိုင်သလို Next နှိပ်ပြီး ဆက်သွားနိုင်ပါတယ်။အင်စတောလုပ်ပြီးမှ စက်နှစ်လုံးကို ချိတ်ဆက်ပြီး sync လုပ်ဖို့ ပြုလုပ်နိုင်ပါတယ်။
ဖိုဒါတစ်ခု ကို sync လုပ်ခြင်း
ပထမစက်က ဖိုဒါတစ်ခု ကို ဒုတိယ စက်နဲ့  sync လုပ်ဖို့ အတွက် ပထမစက်က bittorrent sync မှ Shared Folders ကို သွားပြီး Add ကို နှိပ်ပါ။Generate ကို နှိပ်ပြီး ဒုတိယစက်မှာ ဖြည့်ပေးရမယ့် ကုတ်တွေကို ပြုလုပ်ပါ။ပြီးရင် sync လုပ်မယ့်ဖိုဒါကို ရွေးချယ်ပေးပါ။
ပြီးရင် sync လုပ်မယ့်ဖိုဒါကို Shared Folders မှာတွေ့ မြင်နိုင်ပါပြီ။အဲဒီ ဖိုဒါပေါ်ကို right click နှိပ်ပြီး Copy secret ကို နှိပ်ပြီးကုတ်တွေကို ကူးပြီး မှတ်ထားပါ။
ဒုတိယစက်က bittorrent sync က Shared Folders မှာ Add ကို နှိပ်ပါ။Generate မလုပ်ဘဲနဲ့  ပထမစက်က ကုတ်တွေကို ဖြည့်ပေးပါ။ပြီးရင် sync လုပ်မယ့် ဖိုဒါကို ရွေးချယ်ပေးပါ။ဒါဆိုရင် အဲဒီဖိုဒါကို စပြီး sync လုပ်ပါပြီ။
Folder Preferences
Bittorrent Sync က default အားဖြင့် two-way sync လုပ်ပေးမှာဖြစ်ပါတယ်။ဥပမာအားဖြင့် ပထမစက်မှာ ဖိုင်တစ်ခု အတိုးအလျှော့ပြုလုပ်ရင် ဒုတိယစက်မှာလည်း အဲဒီဖိုင်ကို အတိုးအလျှော့လုပ်ပေးမှာပါ။အပြန်အလှန်အားဖြင့် ဒုတိယစက်မှာဖိုင်တစ်ခု အတိုးအလျှော့လုပ်ရင် ပထမစက်မှာ လည်း အဲဒီဖိုင်ကို အတိုးအလျှော့လုပ်ပေးမှာပါ။ဒါက two-way sync ပါ။တကယ်လို့  ပထမစက်မှာ ဖိုင်အတိုးအလျှော့လုပ်ရင် ဒုတိယစက်မှာ အဲဒီဖိုင်ကို အတိုးအလျှော့လုပ်မယ်။ဒါပေမယ့် ဒုတိယစက်မှာ ဖိုင်အတိုးအလျှော့လုပ်ရင် ပထမစက်မှာ အပြောင်းအလဲမလုပ်ချင်ရင် အောက်ကနည်းအတိုင်းပြုလုပ်နိုင်ပါတယ်။ပထမစက်က bittorrent sync က Shared Folders မှာ ဖိုဒါကို right click နှိပ်ပြီး Show folder preferences ကို နှိပ်ပါ။Read only secret ကို ကော်ပီကူးပြီးဒုတိယစက်မှာဖြည့်ပေးပါ။ဒါဆို one-way ပဲ sync လုပ်ပေးမှာပါ။
Bittorrent System အကြောင်းနဲ့  torrent ဖိုင်တွေကို ဒေါင်းလုပ်လုပ်နည်းဆောင်းပါးတွေကို လည်းရေးပေးထားပါတယ်။အောက်ကလင့်တွေမှာဖတ်ရှုနိုင်ပါတယ်။
What is Torrent & How to download it?
How to download Torrent without Torrent Client
Torrent ဖိုင်တွေကို Chrome & Firefox ကနေတိုက်ရိုက်ဒေါင်းလုပ်လုပ်နိုင်ပြီ
No comments:
Post a Comment