Windows ကို upgrade install လုပ်ရင် ဖြစ်ဖြစ် format မချဘဲနဲ့  clean install လုပ်ရင်ဖြစ်ဖြစ် Windows.old ဆို တဲ့ဖိုဒါ C:\ အောက်မှာ ကျန်ခဲ့ပါတယ်။အဲဒီဖိုဒါ မှာ အရင် ၀င်းဒိုးက files,program files, documents and setting စတာတွေ ကျန်ခဲ့ပါတယ်။အဲဒီဖိုဒါထဲကဖိုင်တွေကို ပြန်လည်ရယူချင်ရင် အောက်ကနည်းတွေ နဲ့ ပြန်ယူနိုင်ပါတယ်။
Copy Them Manually
C:\ အောက်က Windows.old ဖိုဒါအောက်ကို သွားပါ။
ပြန်ရယူချင်တဲ့ ဖိုင်တွေကို select လုပ်ပြီး right click နှိပ်ပြီး copy လုပ်ပါ။
Use the Wizard
ဖိုင်တွေ အားလုံးကို ပြန်ယူချင်တယ် manual လုပ်ရတာလည်းအလုပ်ရှုပ်တယ်ဆိုရင် recover personal files troubleshooter ကို ဒေါင်းလုပ်လုပ်ပါ။
Troubleshooter ကို run ပြီးရင် သင့်ဖိုင်တွေကို သက်ဆိုင်ရာနေရာတွေ မှာ ပြန်ပြီးရှာတွေ့ နိုင်ပါပြီ။
How To Remove The Windows.Old Folder ?
သင့်ဖိုင်တွေကို ပြန်ရယူပြီးလို့  Windows.old ဖိုဒါကို ဖျက်ချင်ရင် C: drive အပေါ်မှာ right click နှိပ်ပြီး properties ကိုနှိပ်ပါ။Disk Cleanup ကိုနှိပ်ပါ။
Clean up system files ကိုနှိပ်ပါ။
Previous Windows installation ကိုအမှန်ခြစ်ပေးပြီး Ok နှိပ်ပါ။နောက်အဆင့်မှာ confirm လုပ်ပေးပါ။ဒါဆိုရင် Windows.old ဖိုဒါကို သင့်စက်မှာမတွေ့ ရတော့ပါဘူး။
No comments:
Post a Comment