Friday, July 12, 2013

New Metro Tab : Chrome ရဲ့  New Tab Page ကို Windows 8 Start Screen ပုံစံလိုသုံးရအောင်

ashampoo 01

Chorme users တွေ အတွက် Windows 8 start screen ရဲ့ ဒီဇိုင်းကို chrome new tab page မှာ ခံစားသုံးနိုင်ဖို့   new metro tab ဆို တဲ့ chrome  extension ကို ပြောပြချင်ပါတယ်။Chrome new tab page မှာတော့ chrome web store ကနေ အင်စတောလုပ်ထားတဲ့ web app တွေကို အရင်က မြင်တွေ့ နိုင်ပါတယ်။New metro tab ကို အင်စတောလုပ်ပြီးရင်တော့ အဲဒီ app တွေ အပြင် facebook,google plus, twitter,rss reader,flickr,vimeo,outlook,skydrive,weather,tumblr စတဲ့ app တွေကို ပါ အလွယ်တကူအသုံးပြုနိုင်မှာပါ။

Adding & Editing Tiles

Tiles တွေကို edit လုပ်ဖို့ windows 8 မှာလို ပဲ tile တစ်ခု ပေါ်ကို right click နှိပ်ပြီး uninstall,change label,change background color,change size,change icon,delete tile စတာတွေပြုလုပ်နိုင်ပါတယ်။

ashampoo 06

Tile အသစ်တစ်ခု add လုပ်ဖို့ အတွက် profile picture ကိုနှိပ်ပြီး Add tile ကိုနှိပ်ပါ။သင်နှစ်သက်တဲ့ ၀က်ဆိုက်တစ်ခု လိပ်စာထည့်ပေးပါ။ Label မှာတော့ အဲဒီဆိုက်ရဲ့ title ကို အလို လို ဖြည့်ပေးပါလိမ့်မယ်။အဲဒီဆိုက်ရဲ့ favicon ကို အလို လို အသုံးပြုပေးမှာဖြစ်ပြီး သင်နှစ်သက်တဲ့ icon  ကိုလည်း upload လုပ်နိုင်ပါသေးတယ်။ပြီးရင် Create tile ကိုနှိပ်ပါ။

ashampoo 02

Moving And Grouping Tiles

Tile တွေကို နေရာချဖို့  windows 8 မှာလို ပဲ drag and drop လုပ်နိုင်ပါတယ်။

1

Options

Options  ထဲ က Appearance ထဲမှာတော့ user name ,color,animation စတာတွေကို သင့်စိတ်ကြိုက်ပြုလုပ်နိုင်ပါတယ်။

ashampoo 07

တစ်ခြား options တွေ အနေနဲ့  live tile တွေ ရဲ့ ပြောင်းလဲတဲ့အချိန်ကို သတ်မှတ်နိုင်ပါတယ်။Default reader မှာ feedly,aoi,digg စတဲ့ reader တွေ ထဲက နှစ်သက်ရာတစ်ခုသတ်မှတ်နိုင်ပါတယ်။Touch screen device တွေ မှာ အသုံးပြုနိုင်ဖို့  touch screen support ကိုလည်း သုံးနိုင်ပါတယ်။Import/export settings မှာတော့ tiles တွေကို တစ်ခြား chrome browser မှာသုံးနိုင်ဖို့  export လုပ်နိုင်သလို တစ်ခြား chrome browser ကနေ လည်း import လုပ်နိုင်ပါတယ်။

Install new metro tab @ Chrome Web Store 

No comments:

Post a Comment