တစ်ခါတစ်ရံ မှာ သင်ပြောင်းလဲလိုက်တဲ့ settings တွေကို အကျိုးသက်ရောက်စေဖို့  Windows ကို logoff, login လုပ်ရပါတယ်။အဲလို အနေအထားမှာ windows explorer ကို restart လုပ်လိုက်ရင်လည်း အကျိုးသက်ရောက်စေပါတယ်။Windows explorer ကို task manager က process မှာ သတ်ပြီး restart လုပ်ရပါတယ်။Windows 8 မှာတော့ task manager ကနေပဲ restart လုပ် လို့ ရပါတယ်။ ဒီထက်မြန်တဲ့နည်းလေးကို share လုပ်ပါတယ်။
Windows 7
Windows 7 မှာ start menu ကလွတ်တဲ့ နေရာမှာ Ctrl + Shift ကီးကို ဖိပြီး right click ကိုနှိပ်ရင် Exit Explorer ကို တွေ့ မြင်နိုင်ပြီး မြန်မြန် ဆန်ဆန် ပဲ windows explorer ကို သတ်နိုင်ပါတယ်။
Windows Explorer ကို relaunch လုပ်ဖို့ အတွက် Ctrl + Shift + Esc ကိုနှိပ်ပြီး task manager ကိုဖွင့်ပါ။ Applications tab အောက်က New Task ကိုနှိပ်ပြီး explorer လို့ ရိုက်ပြီး OK နှိပ်ပါ။
Windows 8
Windows 8 မှာတော့ task bar မှာ Ctrl + Shift ကီးကို ဖိပြီး right click ကိုနှိပ်ရင် Exit Explorer ကိုတွေ့ မြင်နိုင်ပါတယ်။
Windows Explorer ကို relaunch လုပ်ဖို့ အတွက် Ctrl + Shift + Esc ကိုနှိပ်ပြီး task manager ကိုဖွင့်ပါ။File menu က run new task ကိုနှိပ်ပြီး explorer လို့ ရိုက်ပြီး OK နှိပ်ပါ။
No comments:
Post a Comment