Software Company တွေက သူ တို့  ရဲ့  Program တွေမှာ Reset လုပ်တဲ့ Function ကိုထည့်ပေးတတ်ကြပါတယ်။Program တစ်ခုကောင်းကောင်းအလုပ်မလုပ်တော့တဲ့ အခြေအနေ၊ပြုပြင်လို့ လည်းမရတော့တဲ့အခြေအနေမှာ Reset ကအသုံးဝင်ပါတယ်။Frefox မှာလည်း Reset လုပ်လို့ ရပါတယ်။Microsoft ကလည်း Windows 8 မှာ Reset & Refresh ကိုထည့်ပေးထားပါတယ်။Chrome မှာတော့ အခုနောက်ဆုံးထွက် Version 29 မှာမှ Reset ပါရှိလာပါတယ်။
Chrome V. 29 မှာ Reset လုပ်ဖို့ အတွက် Settings ထဲက Show advanced settings ကို ကလစ်ပါ။Reset browser settings ဆိုတာ ကိုတွေ့ ရမှာပါ။
Reset ချရင်ဘာဖြစ်မလဲ?
Reset browser settings ကိုနှိပ်ကြည့်ရင် သတိပေးတဲ့ Message ကျလာမှာဖြစ်ပြီး Learn more ကိုထပ်နှိပ်ကြည့်ပြီးလေ့လာနိုင်ပါတယ်။
Learn more ကိုနှိပ်ရင်နောက် Page တစ်ခုကျလာပြီး Reset ချရင်ဘာဖြစ်မလဲဆိုတာရှင်းပြထားပါတယ်။
- Search Engine ကို Default Search Engine ဖြစ်တဲ့ Google ကို ပြောင်းမှာပါ။
- Homepage ကို Reset ချပါမယ်။ တစ်ခြား လင့်တွေကို Homepage အဖြစ်သတ်မှတ်ထားရင် Default Homepage ဖြစ်တဲ့ New Tab Page ကို ပဲရောက်မှာပါ။
- Chrome ကို ဖွင့်ဖွင့်ချင်းမှာ ဖွင့်ပေးတဲ့ Startup Tab ကို တစ်ခြားလင့်တွေကို သတ်မှတ်ထားရင် Default ဖြစ်တဲ့ New Tab ကို ပြောင်းပါမယ်။
- New Tab Page မှာ App တွေကို Disable လုပ်ပါမယ်။
- Pin လုပ်ထားတဲ့ Tab တွေကို Unpin လုပ်ပါမယ်။
- Content Settings ထဲက ဒေတာတွေကို ရှင်းပြီး မူလ Setting အတိုင်းပြန်ပြောင်းပါမယ်။
- Cookies , Site Data တွေကို ရှင်းပစ်ပါမယ်။
- Extension , Theme တွေကို Disable လုပ်ပါမယ်။
Chrome ရဲ့  Reset Feature ကအားလုံးကို Reset ချတာမဟုတ်ဘဲ Bookmark,Theme,Extension,App,Password တွေကို ပြန်ပြီးအသုံးပြုနိုင်တဲ့သဘောဖြစ်ပါတယ်။နောက်ဆုံးထွက် Version 29 ရဲ့ Standalone Installer ကို ဒေါင်းချင်ရင်တော့ ဒီလင့် ကနေဒေါင်းပါ။
No comments:
Post a Comment