Internet အသုံးပြုနေရင်း ၀က်ဆိုက်တစ်ခုက မသိတဲ့ စကားလုံးတွေ ရဲ့  အဓိပ္ပါယ်ကိုလွယ်လွယ်သိနိုင်မယ့် Browser Extension တွေဖြစ်တဲ့ Google Dictionary , Kikin စတာတွေ အကြောင်းရေးပေးဖူးပါတယ်။သိချင်တဲ့စကားလုံးပေါ်မှာ Double Click နှိပ်ရုံ၊ ဒါမှမဟုတ် စကားလုံးကို Select လုပ်ရုံနဲ့  အဓိပ္ပါယ်ကိုသိနိုင်ပါတယ်။ဒါပေမယ့် အဲဒီစကားလုံးကို အလွတ်ကျက်မှတ်ဖို့  ၊ Practice လုပ်ဖို့ အတွက်တော့သိမ်းထားမှတ်ထားလို့ မရပါဘူး။ အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ Lingua.ly ဆိုတဲ့ Chrome Extension ကိုရှာတွေ့ ပါပြီ။ Lingua.ly က Language Learning Tool တစ်ခုဖြစ်ပြီး အင်တာနက်တစ်ခုလုံးက စကားလုံးတွေကို သင့်ကိုယ်ပိုင် Word List ထဲထည့်ပြီးလေ့လာ ကျက်မှတ်နိုင်ပါတယ်။ Lingua.ly က English အပြင် Spanish,French,Hebrew,Arabic တွေကိုပါလေ့လာနိုင်ဖို့  Support ပေးပါတယ်။တစ်ချိန်တည်းမှာ ဘာသာစကားတစ်ခုထက်ပိုလေ့လာနိုင်ပါတယ်။
Lingua.ly ကို အင်စတောလုပ်ပြီးရင် လေ့လာဖို့ ဘာသာစကားကိုရွေးချယ်ရမှာပါ။ကျွန်တော်ကတော့ English ကိုပဲလေ့လာမှာဖြစ်တဲ့ အတွက် English to English ကိုပဲရွေးချယ်ပါတယ်။လေ့လာချင်တဲ့ဘာသာစကားတွေကိုနောက်ပိုင်းမှပြန်ပြောင်းလို့ ရပါတယ်။ပြီးရင် Lingua.ly က Tutorial အနည်းငယ်ပြပေးမှာဖြစ်ပါတယ်။Tutorial ကိုလည်းလေ့လာနိုင်ပြီးအသုံးပြုရတာလွယ်ကူလှပါတယ်။ပြီးရင်တော့ ၀က်ဆိုက်တစ်ခုက မသိတဲ့စကားလုံးတစ်ခုကို Double Click နှိပ်ပါ။ဒါဆိုရင် အဲဒီစကားလုံးရဲ့  Definition ကို ပြပေးမှာဖြစ်တဲ့အပြင် စကားလုံးကိုနောက်မှပြန်လေ့လာကျက်မှတ်ဖို့  သင့်ကိုယ်ပိုင် Personal Database ထဲကိုထည့်ပေးပါလိမ့်မယ်။ စကားလုံးတစ်ခု က Definition တစ်ခုထက်ပိုရင်လည်းပြပေးနိုင်ပြီး အစိမ်းရောင်အမှန်ခြစ်လေးမပေါ်သေးရင် Click နှိပ်ပြီး လေ့လာဖို့ စာရင်းထဲထည့်ရမှာပါ။ Lingua.ly က Audio Pronounciation ပါ ရှိပြီးအသံထွက်ကိုလည်းလေ့လာနိုင်ပါတယ်။ လေ့လာဖို့ စာရင်းထဲထည့်ပြီးသားစကားလုံးတွေကိုလည်း အပြာနုရောင်နဲ့ Highlight လုပ်ပေးထားပြီးသိရှိနိုင်ပါတယ်။
မှတ်ထားတဲ့စကားလုံးတွေကိုလေ့လာဖို့  အပြင် Lingua.ly က Suggest လုပ်ပေးထားတဲ့ စကားလုံးတွေ ၊ ၀က်ဆိုက်တွေကဆောင်းပါးတွေကိုလေ့လာဖို့  Lingua.ly Toolbar Icon ကိုနှိပ်ပါ။ပြီးရင် ရွေးချယ်စရာလေးခုရှိပါတယ်။ပထမဆုံးတစ်ခုက Lingua.ly က Suggest လုပ်ပေးထားတဲ့ ၀က်ဆိုက်တွေကဆောင်းပါးတွေကနေ စကားလုံးတွေကိုလေ့လာဖို့ ပါ။
Suggested Websites တွေ က ဆောင်းပါးတွေကနေ လေ့လာဖို့ နှိပ်ကြည့်ရင်ဆောင်းပါးတွေကိုတွေ့ မြင်နိုင်ပြီး ဆောင်းပါးတစ်ခုချင်းစီရဲ့ အောက်မှာ စကားလုံးအရေအတွက်၊သင်လေ့လာနိုင်မယ့် စကားလုံးအရေအတွက်၊လေ့လာပြီးသားစကားလုံးအရေအတွက် နဲ့ အဲဒီလေ့လာပြီးသားစကားလုံးကိုပါဖော်ပြပေးပါမယ်။ဆောင်းပါးကိုဖတ်ရှုလေ့လာချင်ရင်တော့ ဆောင်းပါးကိုတစ်ချက်နှိပ်ပြီး New Tab Window ကနေလေ့လာနိုင်ပါတယ်။
ဒုတိယတစ်ခုဖြစ်တဲ့ Lingua.ly က Suggest လုပ်ပေးထားတဲ့ စကားလုံးတွေကိုလည်း သင့်ရဲ့ Practice စာရင်းထဲထည့်နိုင်ပါတယ်။Word Pack တွေကိုပြပေးမှာဖြစ်ပြီး သင်မသိသေးတဲ့ Word Pack တွေကို Practice ထဲထည့်လေ့လာနိုင်ပါတယ်။Word Pack တွေကို အလွယ်၊အခက် စသဖြင့် ရွေးချယ်နိုင်ပြီး လေ့လာချင်တဲ့ Word Pack တွေ့ ရင် Add these words ကိုနှိပ်ပါ။
တတိယ တစ်ခုကတော့ စကားလုံးတွေကို သင်ကိုယ်တိုင်လေ့လာမယ့်စာရင်းထဲထည့်ပေးရမှာပါ။နောက်ဆုံးတစ်ခုကတော့ သင် Collect လုပ်ထားတဲ့ စကားလုံးတွေကို Practice လုပ်နိုင်မယ့်နေရာပါ။လေ့လာရမယ့်စကားလုံးတွေကို Flash Cards တွေနဲ့ ပြပေးမှာဖြစ်ပါတယ်။ Flash Card သုံးခုရှိပြီး သင့်ရဲ့ အားလပ်တဲ့အချိန်ပေါ်မူတည်ပြီးလေ့လာဖို့ ခွဲခြားပေးထားတာဖြစ်ပါတယ်။့ 
Flash Card ကိုရွေးချယ်ပြီးရင် စကားလုံးတစ်ခုရဲ့ Definition ကိုသိလားမေးပါလိမ့်မယ်။မသိဘူးဖြေရင် Definition ကိုပြပေးမှာဖြစ်ပြီး အသံထွက်ပြီးသင်ကြားပေးပါမယ်။ ညာဘက်ဘေးမှာတော့ စကားလုံးရဲ့  အဓိပ္ပါယ်ကို ပုံနဲ့ ဖော်ပြပေးထားပါသေးတယ်။ စကားလုံးရဲ့  Reference Words တွေကို ထပ်ပြီးလေ့လာချင်သေးရင် Reference ကိုနှိပ်ပါ။ဒါဆိုရင် wordreference.com ကိုရောက်သွားပြီးပိုမိုလေ့လာနိုင်ပါသေးတယ်။ စကားလုံးရဲ့ Definition ကိုသိတယ်လို့ ဖြေရင်တော့ Multiple Choice အနေနဲ့ ရွေးချယ်ဖြေပေးရမှာဖြစ်ပြီးအဖြေမှန်ရင် အဲဒီစကားလုံးကို စာရင်းထဲကဖယ်ထုတ်ပေးမှာဖြစ်ပါတယ်။
Browser Toolbar ပေါ်က Lingua.ly အိုင်ကွန်မှာလည်း လေ့လာရမယ့်စကားလုံးအရေအတွက်ကိုတွေ့ မြင်နိုင်ပါတယ်။ Lingua.ly က အင်တာနက်ပေါ်က စကားလုံးတွေ ၊ Language တွေကိုလေ့လာဖို့ အကောင်းဆုံး Language Learning Tool အဖြစ်တင်ပြလိုက်ပါတယ်။စာဖတ်သူရော အင်တာနက်အသုံးပြုရင်း စကားလုံးတွေ၊ Language တွေကိုဘယ်လို လေ့လာသလဲ? ဘယ်လို နည်းတွေကိုအသုံးပြုလဲ ? Lingua.ly ထက်ကောင်းမွန်တဲ့ Application ရှိသေးလား?ဆိုတာ ကွန်းမန့် ရေးခဲ့ပါအုံး။
No comments:
Post a Comment