Phone လာရင် Facebook Chat Heads လို Popup အနေနဲ့ ပြပေးတဲ့ CallHeads app အကြောင်းရေးပေးဖူးပါတယ်။ CallHeads က App တစ်ခုကိုသုံးနေတဲ့အချိန် မှာဖုန်းဝင်လာရင် အဲဒီ App ကိုဆက်လက်အသုံးပြုလို့ ရစေမှာဖြစ်ပြီး Popup အနေနဲ့ ပဲပြပေးမှာပါ။အဲဒီအတွက်လုပ်လက်စ အလုပ်မပျက်တော့ပါဘူး။အရေးကြီးအကြောင်းအရာတွေရေးမှတ်နေတဲ့အခြေအနေမျိုးမှာဆိုရင်လည်းအသုံးဝင်ပါတယ်။CallHeads ကိုနှစ်သက်ရင် Call Popout ဆိုတဲ့ App ကိုလည်းသင်နှစ်သက်မှာပါ။Call Popout က CallHeads နဲ့ ဆင်တူတဲ့ App ဖြစ်ပြီး တစ်ခြား Features အပိုတွေ လည်းပါရှိပါတယ်။ အပိုပါတဲ့ Features တွေကတော့ Head border color ကိုပြောင်းလဲနိုင်တာ၊ ရွေးချယ်ထားတဲ့ App တွေကိုသုံးနေမှသာ Call Popout ကိုအလုပ်လုပ်စေနိုင်တာတွေ ဖြစ်ပါတယ်။
Setting Screen က Mode Option မှာ App အားလုံးဒါမှမဟုတ် သတ်မှတ်ထားတဲ့ Apps တွေမှသာ Call Popout ကိုအလုပ်စေဖို့  ရွေးချယ်နိုင်ပါတယ်။App List ကိုနှိပ်ပြီး Apps တွေကို ရွေးချယ်နိုင်ပါတယ်။ Off option ကတော့ Call Popout ကို Off လုပ်ထားတာဖြစ်ပါတယ်။
Call Bubble ကို Touch လုပ်ရင် Silent လုပ်ဖို့  ၊မလုပ်ဖို့ လည်းရွေးနိုင်ပါတယ်။ Head Size ကိုလည်း small,medium,large စသဖြင့် ရွေးနိုင်ပါတယ်။ Head Border Color ကိုလည်းရွေးနိုင်သလို Bubble Alignment ကိုလည်း top,center,bottom စသဖြင့်ရွေးနိုင်ပါတယ်။
ဖုန်းလာရင် အောက်ကပုံမှာလို Popup ပေါ်လာမှာဖြစ်ပြီး Caller Photo,Name စသဖြင့်ပြပေးမှာဖြစ်ပြီး Accept,Reject လုပ်နိုင်ပါတယ်။
Call Popout က Beta အဆင့်ပဲရှိသေးတာဖြစ်ပြီး errors,bugs အနည်းငယ်ရှိနိုင်ပါတယ်။ ဖုန်း ၀င်လာလို့  လုပ်လက်စအလုပ်တွေ ဆက်လုပ်လို့ မရဘဲ အနှောင့်အယှက်ဖြစ်ရရင်တော့ Call Popout ကိုအသုံးပြုပါ။Call Popout ကို XDA Developer ၀က်ဆိုက်မှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
No comments:
Post a Comment