သင့် Laptop မှာစာရိုက်နေရင်း Mouse Cursor တစ်ခြားနေရာရောက်သွားတဲ့ ပြဿနာ ဖြစ်မိကြမှာပါ။စာရိုက်နေရင်း Laptop Touchpad ကို ထိမိလို့ ဖြစ်ပါတယ်။ အဲဒီအတွက်အဲဒီပြဿနာကိုဖြေရှင်းနည်းတွေကိုရေးပေးလိုက်ပါတယ်။ဖြေရှင်းနည်းတွေထဲမှာ Touchpad ကို Disable လုပ်နည်းနဲ့  စာရိုက်တဲ့အခါမှသာ Touchpad ကိုအလိုလို Disable ပြုလုပ်နည်း ဖြစ်ပါတယ်။တစ်ချို့  Laptop တွေမှာတော့ Touchpad ကို Enable,Disable လုပ်ပေးတဲ့ Button , Function Key တွေပါရှိတတ်ပါတယ်။အဲဒီ Laptop ပိုင်ရှင်တွေကတော့ ဒီပြဿနာတွေ ကိုအလွယ်တကူဖြေရှင်းနိုင်ပါတယ်။
Disable Laptop Touchpad
1.Control Panel
ဒီနည်းကတော့ Touchpad ကိုလုံးဝမသုံးတဲ့သူတွေ အတွက် သင့်တော်ပါတယ်။Control Panel ကနေ Mouse Properties ကိုသွားပါ။ အဲ ဒီကနေ Disable လုပ်လို့ ရပါတယ်။
တကယ်လို့  Mouse Properties မှာ Touchpad ကို မတွေ့ ရရင်တော့ သင့် Laptop မှာ Touchpad Driver အင်စတောမလုပ်ရသေးလို့ ဖြစ်ပါတယ်။သင့် Laptop ရဲ့ Manufacturer Website မှာ Laptop Model , OS စသဖြင့် Filter လုပ်ရှာပြီး သက်ဆိုင်ရာ Touchpad Driver ကို ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ကျွန်တော်ကတော့ Acer ၀က်ဆိုက်ကနေ Synaptics Touchpad Driver ကို Windows 8 အတွက်ဒေါင်းလုပ်လုပ်ပြီးအင်စတောလုပ်လိုက်မှသာ Mouse Properties မှာ Touchpad Option ကိုတွေ့ မြင်ရပါတယ်။
2.Device Manager
Driver ရှာမရရင် နောက်တစ်နည်းနဲ့ ပြုလုပ်နိုင်ပါတယ်။Device Manager ကနေ Touchpad Driver ကို Disable,Uninstall လုပ်နိုင်ပါတယ်။ Uninstall လုပ်မယ်ဆိုရင်တော့ Driver ကို Backup လုပ်ထားသင့်ပါတယ်။
3.Freeware
စာရိုက်နေတဲ့ အချိန်မှာမှ Touchpad ကို Auto Disable လုပ်ပေးနိုင်တဲ့ Freeware တွေရှိပါတယ်။အဲဒီအတွက်ကျန်တဲ့အချိန်တွေမှာ Touchpad ကိုအသုံးပြုနိုင်ပါတယ်။
Touchpad Pal : ဒီ Freeware က စာရိုက်တဲ့အချိန်မှာ Touchpad ကို Auto Disable လုပ်ပေးနိုင်ပါတယ်။ဖိုင်ဆိုက်ကလည်းသေးငယ်ပါတယ်။ဒီမှာ Download လုပ်ပါ။
TouchFreeze : ဒီ Freeware ကလည်း Touchpad Pal လို စွမ်းဆောင်ပေးနိုင်ပါတယ်။ဖိုင်ဆိုက်သေးငယ်ပြီး အခမဲ့ Download လုပ်နိုင်ပါတယ်။
အပေါ်က Freeware နှစ်ခုစလုံးက Windows 7 အထိပဲ Support ပေးတယ်လို့ ဆိုပါတယ်။Windows 7 ကိုကျွန်တော်သုံးနေတုန်းကတော့ Touchfreeze ကိုသုံးပါတယ်။တော်တော်အဆင်ပြေပါတယ်။Windows 8 မှာသုံးကြည့်တာတော့ သိပ်ပြီးအဆင်မပြေလှပါဘူး။ စာဖတ်သူမှာ Windows 8 မှာအဆင်ပြေမယ့်နည်း ဒါမှမဟုတ် Software တစ်ခုခုများသိရင် ကွန်းမန့် မှာမျှဝေခဲ့ပါအုံး။
No comments:
Post a Comment