Windows 7 ဒါမှမဟုတ် အရင်ဝင်းဒိုးတွေက နေ Windows 8 ပြောင်းလဲပြီးအသုံးပြုရင် Programs,Drivers တွေ Compatible မဖြစ်တဲ့ ပြဿနာတွေ ရှိနိုင်ပါတယ်။အဲဒီအခါမျိုးမှာ Windows 8 ရဲ့ Compatibility Mode ကိုသုံးနိုင်ပါတယ်။Windows 8 မှာတော့ Compatibility Mode ကအနည်းငယ်ပြောင်းလဲသွားပြီးပိုမိုအသုံးဝင်တဲ့ Tools တွေ ပါရှိလာပါတယ်။
Windows 8 Compatibility Mode က EXE Installer တွေ သာမကဘဲ Driver Package ဖိုင်တွေအတွက်လည်းသုံးနိုင်ပါတယ်။ အသုံးပြုမယ့် Programs,Drivers တွေကတော့ OS Version နဲ့ ကိုက်ညီမှုရှိရပါမယ်။ဥပမာအားဖြင့် Windows 8 64-bit ကိုသုံးရင် Programs,Driver တွေကလည်း 64-bit ဖြစ်ရပါမယ်။
Compatibility Mode ကိုအသုံးပြုခြင်း။
အသုံးပြုမယ့် EXE Installer,Driver ပေါ်မှာ Right Click နှိပ်ပြီး Properties ထဲဝင်ပါ။Compatibility tab ကိုနှိပ်ပါ။တကယ်လို့  Compatibility tab ကိုမတွေ့ ရင် အဲဒီ EXE ဖိုင်ဟာ Windows 8 Compatibility Mode မှာသုံးလို့ မရလို့ ဖြစ်ပါတယ်။
Compatibility tab မှာ Compatibility mode, Settings and Privilege level ဆိုပြီး Section သုံးခုရှိပါတယ်။
Compatibility Mode မှာ Windows 95 ကနေ Windows 7 အထိရွေးချယ်သုံးနိုင်ပါတယ်။အသုံးပြုမယ့် Programs နဲ့  Compatible ဖြစ်တဲ့ OS ကိုရွေးချယ်အသုံးပြုရမှာပါ။
Settings မှာတော့ Display Settings ကိုပြောင်းလဲနိုင်ပါတယ်။အသုံးပြုမယ့် Programs ဟာ Modern Display တွေ နဲ့  Compatible မဖြစ်ရင် အဲဒီ Tool ကအသုံးဝင်ပါတယ်။
Privilege Level မှာ EXE,Driver ကို Admin အနေနဲ့  Run လို့ ရအောင်ပြုလုပ်နိုင်ပါတယ်။ Installer ဖိုင်အများစုဟာ Admin အနေနဲ့  Run ဖို့ လိုအပ်ပါတယ်။
Compatibility Mode ကိုအသုံးပြုလို့ ရတယ်ဆိုရင်တော့ Windows 8 နဲ့ Compatible မဖြစ်တဲ့ Programs တွေကိုအသုံးပြုလို့ ရပါပြီ။တကယ်လို့  Compatibility Mode ကိုသုံးလို့ မရဘူးဆိုရင်တော့ Compatibility Troubleshooter ကိုအသုံးပြုပြီးစစ်ဆေးနိုင်ပါတယ်။
Compatibility Troubleshooter ကိုအသုံးပြုခြင်း။
Compatibility Troubleshooter ကိုအသုံးပြုဖို့  Compatibility Tab ကနေသုံးနိုင်သလို EXE ဖိုင်ပေါ် Right Click နှိပ်ပြီး “Troubleshoot Compatibility” ကိုနှိပ်ပါ။ Compatibility Troubleshooter ကိုသုံးဖို့  နည်းနှစ်နည်းရှိပါတယ်။ Recommended Settings , Troubleshooting Programs ဖြစ်ပါတယ်။Configure မလုပ်တတ်ရင် Recommended Settings ကိုနှိပ်ပါ။
မှန်ကန်တဲ့ Settings ကိုရရှိဖို့  အချိန်အနည်းငယ်ကြာမြင့်မှာဖြစ်ပြီး Test the program ကိုနှိပ်ပါ။ပြီးရင် Next ကိုနှိပ်ပါ။
Windows က Settings တွေ မှန်မမှန်မေးပါလိမ့်မယ်။ မှန်ရင် Yes နှိပ်ပါ။ မမှန်ရင် No, try again ကိုနှိပ်ပြီး Setting အပြောင်းအလဲပြုလုပ်ခိုင်းနိုင်ပါတယ်။Settings တော်တော်များများကိုပြောင်းလဲစမ်းသပ်ခိုင်းပြီးတာတောင်မှအဆင်မပြေသေးရင် Online ကနေ အဖြေရှာဖို့  Report လုပ်ပါ။
Settings တွေ တော်တော်များများကို ပြောင်းလဲစမ်းသပ်ပြီးရင် Settings အမှန်ရရှိဖို့  ၀င်းဒိုးက သင့်ကို မေးခွန်းတွေ မေးပါလိမ့်မယ်။ ဒီမေးခွန်းတွေကို ဖြေခြင်းဖြင့်လည်း Settings အမှန်ကိုရရှိနိုင်ပါတယ်။
Settings တစ်ခုနဲ့ မှအဆင်မပြေရင် တော့ အောက်ကလို Message ကျလာတတ်ပါတယ်။ဒီလို ဆိုရင်တော့ EXE or Installer က Windows 8 နဲ့ လုံးဝ Compatible မဖြစ်ဘဲအသုံးပြုလို့ မရလို့ ဖြစ်နိုင်ပါတယ်။
Windows 8 Compatibility Mode က Programs , Drivers တွေ အားလုံးကိုတော့ အသုံးပြုလို့ ရအောင်လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ဒါပေမယ့် တော်တော်များများကိုတော့ အဆင်ပြေအောင်ပြုလုပ်ပေးနိုင်ပါလိမ့်မယ်။သင့်ရဲ့  Programs , Drivers တွေကို Windows 8 မှာအသုံးပြုလို့ မရရင် Compatibility Mode ကို သုံးနိုင်ပါတယ်။
No comments:
Post a Comment