Applications တွေ တော်တော်များများမှာ ကွန်ပြူတာ Boot တက်တာနဲ့  Run ဖို့ ပြုလုပ်ထားတတ်ကြပါတယ်။အဲဒီအတွက် Boot Time ကိုကြာမြင့်စေသလို Background မှာ Run နေတဲ့ အတွက် System Resources တွေကိုအသုံးပြုနေတဲ့အတွက်စက်ကိုလေးလံစေပါတယ်။ Windows Vista နဲ့  7 မှာ Startup Applications တွေကို Manage လုပ်ဖို့  Tools တွေပါရှိပြီးသားဖြစ်ပါတယ်။
Windows 8 မှာလည်း Startup Applications တွေကို Manage လုပ်ဖို့  Tool ပါရှိပါတယ်။အရင် ၀င်းဒိုးတွေ နဲ့ မတူဘဲ Task Manager ကနေအသုံးပြုရမှာပါ။Task Manager ကနေ အသုံးပြုလို့ ရလာတဲ့အတွက် ပို မိုအဆင်ပြေစေပါတယ်။
Note : Desktop Applications တွေကို ပဲ Manage လုပ်ရမှာဖြစ်ပါတယ်။ Modern or Metro Applications တွေက Startup မှာ Run ခြင်းမရှိပါဘူး။
Task Manager ကိုဖွင့်နည်းများ။
Windows 8 မှာ Task Manager ကို ဖွင့်ဖို့ အတွက်နည်းတွေ အများကြီးရှိပါတယ်။Taskbar ပေါ်မှာ Right Click နှိပ်ပြီး Task Manager ကို နှိပ်ပါ။
Windows 8 မှာအသစ်ပါရှိလာတဲ့ Win X menu ကနေလည်း Task Manager ကိုသုံးနိုင်ပါတယ်။ Win X menu ကိုဖွင့်ဖို့  Windows Key + X ကိုနှိပ်ပါ။
Windows + C ကို နှိပ်ပြီး Charms Bar က Search ကိုနှိပ်ပါ။Search box ကနေ task လို့ ရိုက်ပါ။ Apps ကိုနှိပ်ပါ။
အဲဒီမှာ Task Manager ကိုတွေ့ မြင်ပြီးသုံးနိုင်ပါတယ်။
Startup Applications တွေကို Manage ပြုလုပ်ခြင်း။
Task Manager ကိုဖွင့်ရင် Compact Mode ကိုပဲတွေ့ မြင်ရမှာဖြစ်ပြီး Run နေတဲ့ Programs တွေကို ပဲတွေ့ မြင်ရမှာပါ။Startup tab နဲ့  တစ်ခြား Features တွေကို အသုံးပြုနိုင်ဖို့  More details ကိုနှိပ်ပါ။
Startup tab ကိုနှိပ်ပါ။ အဲဒီမှာ Windows စဖွင့်ဖွင့်ချင်းမှာ Run တဲ့ Programs တွေကိုတွေ့ မြင်ရမှာပါ။ Disable လုပ်ချင်တဲ့ Program ပေါ်မှာ Right Click နှိပ်ပပြီး Disable ကိုနှိပ်ပါ။
Program ကို Select လုပ်ပြီး Disable button ကိုနှိပ်လို့ လည်းရပါတယ်။
ပြီးရင်တော့ Reboot လုပ်ပေးရပါမယ်။
Note : အနည်းငယ်သောတစ်ချို့  Programs တွေ က Startup မှာ Run မှအဆင်ပြေပြေအလုပ်လုပ်ပါတယ်။ Startup မှာ Disable လုပ်လိုက်လို့  ကောင်းကောင်း အလုပ်မလုပ်တော့ဘူးဆိုရင်တော့ အဲဒီ Program ကို Startup မှာ Enable ပြန်လုပ်ပေးနိုင်ပါတယ်။
ကွန်ပြူတာရဲ့  Boot Time ကိုမြန်စေတဲ့နည်းများ ကိုလည်းရေးပေးထားပြီးလေ့လာနိုင်ပါတယ်။ အဲဒီနည်းတွေကို အသုံးမပြုခင်နဲ့ အသုံးပြုပြီး Boot Time မြန်ဆန်လာတာကို စစ်ဆေးပေးဖို့  BootRacer ဆိုတဲ့ Freeware ကိုသုံးနိုင်ပါတယ်။
No comments:
Post a Comment