ဒီနည်းလမ်းကို သိပြီးသားသူများလည်း ရှိမှာပါ။ ကျွန်တော်ပြန်လည်တင်ပြတာကတော့ မသိသေးသော သူများ အတွက် ရည်ရွယ်ပါတယ်။ Drive(သို့)Partition ကို cmd ကိုသုံးပြီး ဖျောက်နည်းနှင့် Local GroupPolicy Editors ကိုသုံးပြီး ဖျောက်နည်းကိုတင်ပြချင်ပါတယ်။
စိတ်ပါဝင်စားသူများ နည်းပညာဗဟုသုတတခု ရရှိစေဖို့ ရည်ရွယ်ပါတယ်။
အောက်မှာကြည့်ပြီး ပြုလုပ်နိုင်ပါတယ်။
နည်းလမ်း(၁)Run မှcmd ကိုသုံးပြီး ဖျောက်နည်း
*******************************
1.အရင်ဆုံး Win+R(Run Box) ကိုခေါ်ပြီး cmd လို့ရိုက်ပါ။ပြီးရင် "DISKPART" ကိုရိုက်ပါ။2.အောက်ကပုံအတိုင်းပေါ်လာပါမယ်။
3.အဲဒီမှာ list disk ကိုရိုက်ပါ။ ပြီးရင် list volume ကိုရိုက်ပါ။အောက်ကပုံအတိုင်းပေါ်လာပါမယ်။ကျွန်တော်ကတော့ volume 2 letter D ကိုဖျောက်ပြပါမယ်။
4.ပြီးရင် "select volume 2"လို့ရိုက်ပါ။ မိမိဖျောက်ချင်တဲ့ Disk(သို့) Partition ရဲ့ရှေ့က volume number ကို 2 နေရာမှထည့်ပါ။ အောက်ကပုံအတိုင်းပေါ်လာပါမယ်။
5.ပြီးရင် "remove letter C or D or E "ကိုရိုက်ပါ။ ကျွန်တော်ကတော့ volume 2 letter D ကိုဖျောက်မှာဆိုတော့ "remove letter D"လို့ရိုက်ပါမယ်။
6.အောက်ကပုံအတိုင်းပေါ်လာရင်တော့ အဆင်ပြေသွားပါပြီ။ မိမိရဲ့ ဖျောက်ထားတဲ့ Drive(or) Partition ကိုသွားကြည့်လိုက်ပါ။
7.ပြန်ဖော်ချင်တယ်ဆိုရင်တော့ အပေါ်ကပြခဲ့တဲ့ အဆင့်(4)ထိပြန်သွားပြီး (5)နေရာရောက်ရင်
"assign letter C or D or E" ကိုရိုက်ပါ။ မိမိဖျောက်ထားတဲ့ letter ကိုထည့်ပါ။ ဒါဆိုရင်အဆင်ပြေပါပြီ။အောက်ကပုံအတိုင်းပါ။
အပေါ်က တင်ပြခဲ့တဲ့နည်းလမ်းလေးကတော့ Run မှ cmd ကိုခေါ်ပြီး Drive(or) Partition ကိုဖျောက်နည်းဖြစ်ပါတယ်။
နည်းလမ်း(၂) Group Policies ကိုသုံးပြီးဖျောက်နည်း
*************************************
1.Win+R(Run Box)ကိုခေါ်ပါ။
2.'gpedit.msc ရိုက်ပါ။
3.User configuration>>Administrative templates>>Windows components>>Windows explorer အဆင့်ဆင့်သွားပါ။အောက်က မျှားပြထားတဲ့ "Hide these specified drives in My computer" ကိုနှိပ်ပါ။
4.ပထမဆုံးမျှားပြထားတဲ့နေရာမှာ Enabled ပေးပါ။ ပြီးရင် အောက်ကပြထားတဲ့မျှားမှာ မိမိဖျောက်ချင်တဲ့ Partition ကိုရွေးပါ။
5.ပြန်ဖော်ချင်လည်း ဒီနေရာထိပြန်လာပြီး Disabled ကိုရွေးလိုက်ရင် မိမိရဲ့ Partition ပြန်ပေါ်လာပါပြီ။
အားလုံးဘဲအဆင်ပြေကြပါစေ.......
အစိမ်းရောင်မင်းသား(ဆော့ဝဲမြို့တော်)
No comments:
Post a Comment