Friday, August 23, 2013
Facebook မှာ သူငယ်ချင်းတွေမသိအောင် Relationship Status တင်ပါ။
1
Facebook မှာ Relationship Status ကို သင်နဲ့  သင့်ချစ်သူ နှစ်ယောက် ပဲ တွေ့ နိုင်အောင်တင်ချင်တဲ့သူတွေ အတွက်ပါ။ဒီလို လုပ်ဖို့  သင့် Timeline ကိုသွားပြီး About ကိုနှိပ်ပါ။ Basic Information မှာ Edit ကိုနှိပ်ပါ။
ashampoo 01
Relationship Status မှာ ကမ္ဘာလုံးပုံကိုနှိပ်ပြီး Only Me လုပ်ပါ။သူငယ်ချင်းအချို့ ကို သိစေချင်ရင်လည်း Custom မှာ ရွေးချယ်နိုင်ပါတယ်။ပြီးရင် Save နှိပ်ပါ။
ashampoo 03
Thursday, August 22, 2013
Chrome ကို Reset လုပ်မယ်။
Software Company တွေက သူ တို့  ရဲ့  Program တွေမှာ Reset လုပ်တဲ့ Function ကိုထည့်ပေးတတ်ကြပါတယ်။Program တစ်ခုကောင်းကောင်းအလုပ်မလုပ်တော့တဲ့ အခြေအနေ၊ပြုပြင်လို့ လည်းမရတော့တဲ့အခြေအနေမှာ Reset ကအသုံးဝင်ပါတယ်။Frefox မှာလည်း Reset လုပ်လို့ ရပါတယ်။Microsoft ကလည်း Windows 8 မှာ Reset & Refresh ကိုထည့်ပေးထားပါတယ်။Chrome မှာတော့ အခုနောက်ဆုံးထွက် Version 29 မှာမှ Reset ပါရှိလာပါတယ်။
Chrome V. 29 မှာ Reset လုပ်ဖို့ အတွက် Settings ထဲက Show advanced settings ကို ကလစ်ပါ။Reset browser settings ဆိုတာ ကိုတွေ့ ရမှာပါ။
reset-chrome-browser
Reset ချရင်ဘာဖြစ်မလဲ?
Reset browser settings ကိုနှိပ်ကြည့်ရင် သတိပေးတဲ့ Message ကျလာမှာဖြစ်ပြီး Learn more ကိုထပ်နှိပ်ကြည့်ပြီးလေ့လာနိုင်ပါတယ်။
reset-browser-settings
Learn more ကိုနှိပ်ရင်နောက် Page တစ်ခုကျလာပြီး Reset ချရင်ဘာဖြစ်မလဲဆိုတာရှင်းပြထားပါတယ်။
- Search Engine ကို Default Search Engine ဖြစ်တဲ့ Google ကို ပြောင်းမှာပါ။
- Homepage ကို Reset ချပါမယ်။ တစ်ခြား လင့်တွေကို Homepage အဖြစ်သတ်မှတ်ထားရင် Default Homepage ဖြစ်တဲ့ New Tab Page ကို ပဲရောက်မှာပါ။
- Chrome ကို ဖွင့်ဖွင့်ချင်းမှာ ဖွင့်ပေးတဲ့ Startup Tab ကို တစ်ခြားလင့်တွေကို သတ်မှတ်ထားရင် Default ဖြစ်တဲ့ New Tab ကို ပြောင်းပါမယ်။
- New Tab Page မှာ App တွေကို Disable လုပ်ပါမယ်။
- Pin လုပ်ထားတဲ့ Tab တွေကို Unpin လုပ်ပါမယ်။
- Content Settings ထဲက ဒေတာတွေကို ရှင်းပြီး မူလ Setting အတိုင်းပြန်ပြောင်းပါမယ်။
- Cookies , Site Data တွေကို ရှင်းပစ်ပါမယ်။
- Extension , Theme တွေကို Disable လုပ်ပါမယ်။
Chrome ရဲ့  Reset Feature ကအားလုံးကို Reset ချတာမဟုတ်ဘဲ Bookmark,Theme,Extension,App,Password တွေကို ပြန်ပြီးအသုံးပြုနိုင်တဲ့သဘောဖြစ်ပါတယ်။နောက်ဆုံးထွက် Version 29 ရဲ့ Standalone Installer ကို ဒေါင်းချင်ရင်တော့ ဒီလင့်  ကနေဒေါင်းပါ။
Android Phone က ကြော်ညာတွေကို ဖျောက်ပြီး ကွန်နက်ရှင်ကို မြှင့်တင်ပါ။
Android Phone က App, Games တွေ ကစားရင် ကြော်ညာတွေကို သင်တွေ့ ဖူးမှာပါ။နောက်ပြီး Browser ကနေ ၀က်ဆိုက်တွေကို ကြည့်ရင်လည်း ကြော်ညာတွေကို တွေ့ မြင်ရပါတယ်။ကွန်နက်ရှင်မကောင်း တဲ့သူတွေ အဖို့ ဒီ ကြော်ညာတွေကို Load လုပ်နေရတာ အင်တာနက်အသုံးပြုရတာနှေးစေပါတယ်။အဲဒီအတွက် ကြော်ညာတွေကို Block လုပ်ပေးနိုင်တဲ့ Adblocker Application တစ်ခုဖြစ်တဲ့ AdFree ကို သုံးပါ။AdFree ကိုသုံးဖို့  သင့်ဖုန်း က Root လုပ်ထားဖို့ လို ပါတယ်။
AdFree ကို အင်စတောလုပ်ပြီးရင် ဖွင့်ပါ၊ Bootup Normally? မှာ Skip this screen in future ကို အမှန်ခြစ်ပေးပြီး Booup Normally ကို နှိပ်ပါ။ Update Found တွေ့ ရင် Ok နှိပ်ပါ။
Moborobo2013082Moborobo20130822002832
Download & Install Hosts ကိုနှိပ်ပါ။ Success ပေါ်လာရင်  Ok နှိပ်ပါ။ Download လုပ်တာ စက္ကန့် ပိုင်းပဲကြာပါတယ်။
Moborobo20130822003141Moborobo20130822003311
ဒါဆိုရင် သင့် Android Phone မှာ ကြော်ညာတွေ ကို မတွေ့ မြင်ရတော့တဲ့အတွက် ကွန်နက်ရှင်ကို မြှင့်တင်လိုက်တဲ့သဘောလည်းဖြစ်သွားပါပြီ။ကျွန်တော်စမ်းကြည့်တာတော့ အားလုံးကို တော့ မဖျောက်ပေးနိုင်ပါဘူး။တော်တော်များများကိုတော့ ဖျောက်ပေးနိုင်ပါတယ်။ စမ်းကြည့်လိုက်ပါအုံး။AdFree က Google Play Store မှာမရှိတော့ပါဘူး။ Google က အင်တာနက်သုံးသူတွေ သူ့ ရဲ့ ကြော်ညာတွေကို  မမြင်ရအောင် Block လုပ်ပေးနိုင်တဲ့ Adblocker App တွေကို Play Store ကနေ ဖယ်ရှားထားလို့ ပါ။ PC အတွက်တော့ AdBlock Plus  ကိုသုံးပါ။
Download AdFree from official site  or sideme
Wednesday, August 21, 2013
Android Phone တွေမှာ Wake ဖြစ်ပြီးအလိုလိုမီးထလင်းတာကို အဖြေရှာပေးမယ့် Wake Lock Detector
ashampoo 03
Android Phone တွေ မှာ Wake ဖြစ်ပြီးအလိုလို မီးထလင်းတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ App ပါ။ဘာလို့ မီးလင်းလဲဆိုတော့ Android  Phone တွေရဲ့ အလုပ်လုပ်တဲ့စနစ်မှာ Wake Lock Function ပါရှိပါတယ်။အဲဒီ Wake Lock Function ကို အသုံးပြုတဲ့ Application တစ်ချို့ ကြောင့် မီးအလိုလို လင်းတာဖြစ်ပါတယ်။
Wake Lock Detector ကို အင်စတောလုပ်ပြီးရင် ဖုန်းကို 90 % လောက်အထိ အားဖြည့်ပါ။ပြီးရင် အားသွင်းတာကို ရပ်ပြီးဖုန်းကို Restart ချပါ။နာရီအနည်းငယ်လောက် ဒီအတိုင်းထားထားပြီး Wake Lock Detector ကို ဖွင့်ပါ။ Wake Lock ဖြစ်စေတဲ့ App တွေကို အချိန်အများဆုံးကနေအနည်းဆုံးစီပြီး ပြသပေးပါလိမ့်မယ်။Partial Wake Lock , Full Wake Lock နှစ်မျိုးလုံးကို ပြောင်းပြီးလေ့လာပါ။အပေါ်ဆုံးက App တွေ က Wake Lock အဖြစ်ဆုံး App တွေ ဖြစ်ပြီး  ပြဿနာက အဲဒီ App တွေ  မှာဖြစ်နိုင်ပါတယ်။ Google App တွေလို Sync လုပ်တဲ့ App တွေ ဆိုရင်လည်း Sync ကို Off လုပ်ပြီး မီးလင်းတဲ့ ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ ပြဿနာဖြစ်နိုင်ခြေရှိတဲ့ App တွေကို ဖြုတ်ပစ်ပါ။
ashampoo 04
Download Wake Lock Detector @ Play Store
Windows Programs တွေကို အမြန်ဆုံး Speed နဲ့  Run ပေးမယ့် Full Throttle
သင်နေ့ စဉ်အသုံးပြုနေတဲ့ Programs တွေ ကို လျှင်လျှင်မြန်မြန် အသုံးပြုချင်ရင်တော့ Full Throttle  ဆို တဲ့ Freeware ကို သုံးကြည့်ပါ။ Memory နည်းလို့ လေးလံနေတဲ့စက်တွေ ၊ Programs တွေများပြားပြီးလေးလံနေတဲ့စက်တွေ မှာ အသုံးပြုရင်အဆင်ပြေစေပါတယ်။ စာစီစာရိုက် Programs တွေကို မြန်မြန်ဆန်ဆန်သုံးချင်ရင်ပဲဖြစ်ဖြစ်၊ ဂိမ်းတွေ ကိုမြန်မြန်ကစားချင်ရင်ပဲဖြစ်ဖြစ် ၊ အင်တာနက်နဲ့ အသုံးပြုရတဲ့ Communication Software တွေ မှာ အသံ၊ ရုပ်တွေ ကို ကောင်းမွန်စွာ အသုံးပြုချင်ရင်ပဲဖြစ်ဖြစ် သုံးနိုင်ပါတယ်။ Full Throttle က ကွန်နက်ရှင်ကောင်းအောင်တော့မလုပ်ပေးနိုင်ပါဘူး။ Programs တွေကို ပဲ မြန်မြန် အသုံးပြုနိုင်အောင်လုပ်ပေးနိုင်တာပါ။
Full Throttle  ကို အင်စတောလုပ်ပြီးရင် System Tray မှာ Run နေပါလိမ့်မယ်။ Right Click နှိပ်ပြီး Add program ကနေ Programs တွေကို ရွေးပေးပါ။
full-throttle
Full Throttle က Running Processes တွေကို စောင့်ကြည့်နေပြီး သင်ရွေးချယ်ထားတဲ့ Programs စပြီး Run တာနဲ့ CPU ကို အမြင့်မားဆုံးစွမ်းဆောင်အောင်ပြုလုပ်ပေးပါလိမ့်မယ်။ Programs တွေကို Add,Remove လုပ်လို့ ရသလို Context Menu ကနေ Enable,Disable လုပ်နိုင်ပါသေးတယ်။Full Throttle ကို Windows Vista ကနေ Windows 8 အထိသုံးနိုင်ပါတယ်။
Download Full Throttle
Metro Wallpaper Pack For Windows 8
ashampoo 02
Windows 8 / 8.1 မှာ Metor Wallpaper သုံးပြီးအလှဆင်ချင်တဲ့ သူငယ်ချင်းတွေ အတွက် Metro Wallpaper Pack ပါ။ တစ်ခြား ၀င်းဒိုး တွေမှာလည်း သုံးနိုင်ပါတယ်။အရောင် (၁၀) မျိုး နဲ့  Wallpaper (၆၅) ခုပါရှိပါတယ်။Dark, Glossy and Light ဆိုပြီး ဖိုဒါသုံးခုခွဲခြားပေးထားပါတယ်။
Download Metro Wallpaper Pack  (34) MB
Tuesday, August 20, 2013
Multitask လုပ်လို့ ရလာတဲ့ YouTube V 5.0.21
ashampoo 05
ဒီ Feature ကိုအသုံးပြုဖို့ 
Player ကို လက်နဲ့  အောက်ကို ဆွဲချနိုင်သလို ဘယ်ဘက်အပေါ်ထောင့်က Down Arrow ကိုနှိပ်ပြီး Minimize လုပ်နိုင်ပါတယ်။
Maximize ပြန်လုပ်ဖို့  Player ကို လက်နဲ့ အပေါ်ကို ဆွဲတင်နိုင်သလို Tap လုပ်ပြီးလည်းပြုလုပ်နိုင်ပါတယ်။
Minimize လုပ်ထားတဲ့ Video ကို အမြန်ပိတ်ဖို့  ဘယ် ၊ညာ ကို ဆွဲချပြီးပိတ်နိုင်ပါတယ်။
ashampoo 06
တစ်ခုမှတ်ထားရမှာက multitasking feature က ဖုန်းတွေ မှာဆို portrait mode မှာပဲအလုပ်လုပ်မှာပါ။ Tablet တွေ မှာတော့ portrait , landscape (၂) မျိုးလုံးမှာအလုပ်လုပ်ပါတယ်။
Download YouTube from link1  or link 2 (6) mb
သင့် Android Phone မှာ Malware ရှိမရှိဘယ်လို သိနိုင်မလဲ ?
android-malware
Google Play Store မှာ Malware စတင်တွေ့ ရှိပြီးကတည်းက သင့်ဖုန်းမှာလည်း Malware ကူးစက်နိုင်ခြေရှိတယ်ဆိုတာ သတိပြုပါ။နေ့ စဉ်နေ့ တိုင်းများစွာသော Application အသစ်တွေ ရောက်ရှိလာတဲ့အတွက် Google ကလည်း အဲဒီ Application တွေ အားလုံးကို နိုင်နင်းစွာ စစ်ဆေးနိုင်ခြင်းမရှိပါဘူး။နောက်ပြီး Cracked Application တွေဟာ Malware ကူးစက်မှုအများဆုံး ဖြစ်တဲ့အတွက် Cracked Application တွေ အသုံးပြုခြင်းဟာလည်း Malware ကူးစက်နိုင်ပါတယ်။အဲဒီအတွက် သင့်ဖုန်း ဟာ Malware ကိုက်ခံရခြင်းရှိမရှိ သိနိုင်မယ့်နည်းတွေကို မျှဝေပါတယ်။
Phone Call
ဖုန်းပြောနေစဉ်အတွင်းမှာ လိုင်း ပြတ်တောက်သွားရင် နောက်ဖုန်းတစ်လုံးကို ခေါ်ပြီးပြောကြည့်ပါ။ ပြဿာနာက မိမိဖုန်းမှာလား၊ တစ်ခြားဖုန်းမှာလားဆိုတာသိနိုင်ဖို့ ပါ။ Line Phone တွေကိုခေါ်ပြီးပြောကြည့်ပါ။ဒီလို ခေါ်ကြည့်လို့  လိုင်းခနခန ပြတ်တောက်နေရင်တော့ သင့်ဖုန်း မှာ Malware ရှိနိုင်ပါတယ်။Malware တွေ မှာဖုန်းခေါ်ဆိုမှုကို ဟန့် တားနိုင်တဲ့ စွမ်းရည်ရှိပါတယ်။သင့် ဖုန်း ခေါ်ဆိုမှုတွေကိုပါ Record လုပ်နိုင်တဲ့ စွမ်းရည် လည်းရှိကြပါတယ်။
Phone Card ခနလေးနဲ့ ကုန်ခြင်း  or Phone Bill များအဆမတန်တက်ခြင်း။
Phone Card ခနလေးနဲ့ ကုန်ခြင်း  or Phone Bill များအဆမတန်တက်ခြင်းဟာလည်း Malware ကြောင့်ဖြစ်နိုင်ပါတယ်။အင်တာနက်အသုံးပြုတဲ့ဖုန်းတွေမှာဆိုရင်လည်း Data Usage များအဆမတန်များနေတာဟာလည်း စိုးရိမ်စရာဖြစ်ပါတယ်။Malware တွေ မှာ သင့်ဖုန်းက ဒေတာတွေကို ပေးပို့ နိုင်တဲ့ စွမ်းရည်တွေ၊ SMS တွေ အလိုလို ပို့ ပေးနိုင်တဲ့ စွမ်းရည်တွေ ရှိပါတယ်။အဲလို အခြေအနေမျိုးကြုံတွေ့ နေရရင် ဖုန်း Contact ထဲကသူငယ်ချင်းတွေကို သင့် ထံမှ ထူးဆန်းပြီးမူမမှန်တဲ့ Message မျိုးတွေ ရလားစုံစမ်းကြည့်ပါ။ Malware ကပေးပို့ တဲ့ Message တွေကို Reply လုပ်ထားတဲ့ မူမမှန်တဲ့ Message တွေကိုတွေ့ မြင်ရင်လည်း သိနိုင်ပါတယ်။
သင့်ဖုန်း ရဲ့  Performance အလွန်ကျဆင်းခြင်း။
Windows မှာ Virus ကိုက်လို့  Performance ကျဆင်းသလို ၊ Android မှာလည်း Malware ကိုက်ရင် ဖုန်းရဲ့  Performance ကို အလွန်အမင်းကျဆင်းစေပါတယ်။သင့်ဖုန်းဟာ လေးလံလာလို့  Apps တွေ တော်တော်များများလည်း ဖြုတ်ပြီးပြီ၊ ဒါပေမယ့် Performance က ကျမြဲကျနေရင် သင့်ဖုန်း မှာ Malware ရှိနိုင်ပါတယ်။Malware ဟာ ဖုန်းရဲ့  Processor ကို အလွန်အမင်းအသုံးချနေလို့ ဖြစ်နိုင်ပါတယ်။
သင့်ဖုန်း Malware အကိုက်မခံရအောင်ပြုလုပ်သင့်တဲ့အချက်များ။
Antivirus ကောင်းကောင်းတစ်ခုကို အသုံးပြုပါ။Free Antivirus တွေ တော်တော်များများရှိပါတယ်။ Paid Antivirus တွေ လည်းရှိပြီး Cracked လုပ်ထားတာတွေကို ရှာသုံးနိုင်ပါတယ်။ဒါကတော့ “Do It As Your Own Risk” ပါ။Free Antivirus တွေ ထဲက Avast , AVG , Kaspersky , Bitdefender  စတာတွေကို သုံးနိုင်ပါတယ်။
Google Play Store ကနေသာ Apps  တွေ အင်စတောလုပ်ပါ။ ဘာလို့ လည်းဆိုတော့ Google Play Store က App တစ်ခုကို Malware အဖြစ်သိသွားတာနဲ့  အဲဒီ App ကို အင်စတောလုပ်ထားတဲ့ ဖုန်းတွေ အားလုံးကနေ Uninstall လုပ်ပေးနိုင်တဲ့စွမ်းရည်ရှိ လို့ ပါ။Google Play Store က Apps တွေကိုပဲ   အသုံးပြုချင်တယ်ဆိုရင်  သင့်ဖုန်းမှာ Google Play Store က Apps တွေကို ပဲအင်စတောလုပ်လို့ ရအောင်ပြုလုပ်နိုင်ပါတယ်။ဒီလို လုပ်ဖို့  Settings>Security ကိုသွားပြီး “Unknown Sources” ဆိုတဲ့ Check Box ကအမှန်ခြစ်ကို ဖြုတ်ပေးထားပါ။
Google Play Store ကနေ Apps တွေ အင်စတောမလုပ်ခင် Review တွေ အရင်ဖတ်ပါ။တစ်ချို့ Review တွေ မှာ Malware လို့ ဖော်ပြတတ်ပါတယ်။အဲလို Apps တွေကို အင်စတောမလုပ်သင့်ပါ။
Malware ကူးစက်မှုနှုန်းအများဆုံးက Cracked Application တွေအသုံးပြုခြင်းကြောင့်ဖြစ်ပါတယ်။ Cracked Apps တွေကို အသုံးမပြုဖို့ အကြံပေးပါတယ်။ အရမ်းသုံးချင်တဲ့ App မှသာ Cracked Version ကို သုံးသင့်ပါတယ်။ဒါကလည်း “ Do It As Your Own Risk” ပေါ့။
Google Play Store က Apps တွေကို Download လုပ်ဖို့ နည်းများ။
Google Play Store က မြန်မာပြည်ကို ဖွင့်ပေးလိုက်ပြီဖြစ်ပေမယ့် တစ်ချို့  App Developer တွေက မြန်မာပြည်ကိုပိတ်ထားဆဲဖြစ်တဲ့အတွက် တစ်ချို့  App တွေကို အင်စတောလုပ်လို့ မရဘဲ Incompatible ဆိုပြီးပြတတ်ပါတယ်။ ဒါဟာ သင့်ဖုန်း နဲ့  တကယ် Incompatible ဖြစ်လို့ ဒါမှမဟုတ် Developer တွေက မြန်မာပြည်ကိုပိတ်ထားလို့ ဖြစ်နိုင်ပါတယ်။ Incompatible လို့ ပြတိုင်း သင့် ဖုန်းမှာအင်စတောလုပ်မရတာမဟုတ်ပါဘူး။အင်စတောလုပ်ကြည့်မှသိနိုင်မှာပါ။ဒီလို အခြေအနေမျိုးတွေမှာ Hola Accelerator & Unblocker လို ကျော်ခွတဲ့ App တွေ သုံးပြီးအင်စတောလုပ်နိုင်ပါတယ်။PC ကနေဒေါင်းချင်တဲ့သူတွေ အတွက် Real APK Leecher , APK Downloader လို Tool တွေသုံးနိုင်ပါတယ်။ Incompatible ဖြစ်တဲ့ App တွေကိုသုံးဖို့  နည်းလမ်းများ  ကိုလည်းရေးပေးထားပါတယ်။