Thursday, September 26, 2013
Online Accounts တွေကိုကာကွယ်ဖို့ နည်း(၅) နည်း။
clip_image002
Strong Passwords တွေကို အမြဲအသုံးပြုပါ။
Passwords တွေကိုရိုးရိုးရှင်းရှင်းပေးခြင်းဟာ ဖောက်ထွင်းခံရဖို့ လွယ်ကူတဲ့အတွက် သင့် Passwords တွေကို Strong ဖြစ်အောင်ပြုလုပ်သင့်ပါတယ်။မှတ်ရလည်းလွယ်တဲ့ ဖောက်ထွင်းရခက်တဲ့ Passwords တွေပေးရင်တော့အကောင်းဆုံးပါပဲ။ကောင်းမွန်တဲ့ Passwords တွေပြုလုပ်ဖို့ အောက်ကအချက်တွေကိုလိုက်နာသင့်ပါတယ်။
·         Dictionary ထဲမှာမပါတဲ့ စကားလုံးမျိုးကိုသုံးပါ။
·         Special Characters,Numbers တွေကို အသုံးပြုပါ။
·         Upper Case,Lower Case Letters တွေကိုရောနှောသုံးပါ။
·         စကားလုံးအနည်းဆုံး (၁၀) လုံးပါဝင်သင့်ပါတယ်။
·         Birthdate,Postal Code, Phone Number တို့ လို မှန်းဆရလွယ်တဲ့ Number တွေ၊စကားလုံးတွေကိုအသုံးမပြုသင့်ပါ။
မှတ်ရလွယ်ပြီးကောင်းမွန်တဲ့ Passwords တွေပြုလုပ်ဖို့ နည်းတွေ ရှိပါတယ်။
·         Letters တွေနေရာမှာ Numbers တွေ အစားထိုးသုံးပါ။ဥပမာ ။ thuzar အစား  thuz@1
·         Sentence တစ်ခုကစကားလုံးတွေ ရဲ့  ထိပ်ဆုံးစာလုံးတွေကိုအသုံးပြုပါ။ဥပမာ ။ “Everything I Do I Do It For You” ဆိုတဲ့ စာကြောင်းကနေ EIDIDIFY ဆိုတဲ့ Password ပြုလုပ်နိုင်ပါတယ်။
·         စကားလုံးတစ်ခု ကို Reverse လုပ်ပြီးသုံးပါ။ဥပမာ ။ neighborhood -à doohrobhgien
အပေါ်ကဥပမာ ပေးထားတဲ့ Passwords တွေကအရမ်းတော့ ကောင်းမွန်မှုမရှိပါဘူး။Numbers,Letters,Special Characters တေါ ပါဝင်ပြီးရှည်လျားတဲ့ Passwords မျိုးပေးနိုင်ရင်တော့ အကောင်းဆုံးပါ။ဥပမာ။   E1d_1D!4Y:
Passwords ပေးဖို့ မစဉ်းစားတတ်ရင် Pronounceable Password Manager လို Web App တွေကိုသုံးနိုင်ပါတယ်။
clip_image004
မတူညီတဲ့ Passwords တွေသုံးပါ။
Password Manager တွေ သုံးပါ။
အင်တာနက်စွဲလမ်းသူတွေ အတွက်တော့ Online Account တွေ ရာဂဏန်းလောက်ရှိမယ်ထင်ပါတယ်။အဲလောက်များတဲ့အကောင့်တွေ မှာ မတူညီတဲ့၊ မှန်းဆရခက်တဲ့ Passwords တွေကို သင်ဘယ်လို Manage လုပ်မလဲ? LastPass  လို Password Manager ကိုသုံးရင် Master Password တစ်ခုသာမှတ်ထားရမှာဖြစ်ပြီး ကျန်တဲ့ Passwords အားလုံးကိုမေ့ထားနိုင်ပါပြီ။ LastPass က Features တွေ များစွာပါရှိပါတယ်။ကောင်းမွန်တဲ့ Features အနည်းငယ်ကိုဖော်ပြလိုက်ပါတယ်။ Password Generator ပါရှိပြီး ဖောက်ထွင်းရခက်တဲ့ Passwords တွေကို ပြုလုပ်ပေးနိုင်ပါတယ်။ Passwords တွေကို ကဏ္ဍတွေခွဲပြီးမှတ်သားပေးနိုင်သလို Auto Login,Auto Fill  လုပ်ပေးနိုင်ပါတယ်။ Passwords သာမကဘဲ Secure Notes,Auto Fill Form တွေကိုပါမှတ်သားပေးနိုင်ပါတယ်။ LastPass က Online , Offline ရောသုံးနိုင်ပါတယ်။ Online မှာလည်းသင့်အကောင့်တွေကိုသိမ်းထားတဲ့အတွက် Device အားလုံးကနေ Sync လုပ်ပြီးသုံးနိုင်ပါတယ်။Online မှာသိမ်းထားလို့  စိတ်ချရပါ့မလား?အဲဒီအတွက် LastPass က Security Features တွေ များစွာပြုလုပ်ပေးထားပါတယ်။ Google Authenticator ကိုသုံးပြီး 2-step verification ပြုလုပ်နိုင်သလို တစ်ခြား Multi Factor Authentication လုပ်နိုင်တဲ့ Features တွေ လည်းရှိပါတယ်။LastPass က Free/Premium နှစ်မျိုးရှိပြီး Windows,Mac,Linux တို့ မှာ Free သုံးနိုင်ပါတယ်။ Premium ၀ယ်သုံးရင်တော့ Mobile ,Tablet တွေမှာပါသုံးနိုင်တယ်လို့ အကြမ်းဖျင်းပြောနိုင်ပါတယ်။Password တွေကို Online မှာမသိမ်းချင်ရင် KeePass လို Open Source Freeware ကိုသုံးနိုင်ပါတယ်။ KeePass က LastPass လောက် Features တွေ မစုံသလို အသုံးပြုရတာသိပ်ပြီးအဆင်မပြေလှပါဘူး။
clip_image006
Two-Factor Authentication အသုံးပြုပါ။
Google,Facebook,Microsoft စတဲ့ Service တွေ က Two-Factor Authentication ကို Support ပေးပါတယ်။အဲလို မျိုး Service တွေမှာ Two-Factor Authentication ကိုအသုံးပြုခြင်းဖြင့်သင့်အကောင့်တွေကို Passwords နှစ်ထပ်ခတ်ပြီးလုံခြုံမှုရှိစေပါတယ်။ ဒီ Feature ကိုသုံးခြင်းဖြင့်သင့်အကောင့် Password တွေကို တစ်ခြားသူကသိသည့်တိုင်အောင် သင့်ဖုန်းသူ့ မှာမရှိတဲ့အတွက် သင့်အကောင့်ကိုသူဝင်လို့ မရတော့ပါဘူး။ Two-Factor Authentication က သင့်အကောင့်ကို သင့် Mobile Phone နဲ့  ပူးချည်ထားသလို ဖြစ်ပါတယ်။ Google, Microsoft အကောင့်တွေမှာ 2-step verification အသုံးပြုနည်းကိုရေးပေးဖူးပါတယ်။
clip_image008
Password Recovery ပြုလုပ်ဖို့ မတူညီတဲ့ အီးမေးသုံးပါ။
Websites တော်တော်များများမှာ  Password မေ့သွားရင် Recover လုပ်နိုင်ဖို့  တစ်ခြားအီးမေးတစ်ခုကို အသုံးပြုလို့ ရပါတယ်။Passwords မမေ့ခင်ကတည်းက Account Setting ထဲမှာ Setup လုပ်ထားဖို့ လိုပါတယ်။အဲဒီ Feature ကိုအသုံးပြုခြင်းဖြင့်သင့်အကောင့် Hack ခံရရင် ပြန်ပြီး Recover လုပ်နိုင်မှာပါ။
အချုပ်အားဖြင့်ပြောရရင် အင်တာနက်အသုံးပြုနေရင်တော့ ဘယ်အရာမှစိတ်မချရပါဘူး။ဒါပေမယ့်အပေါ်ကနည်းတွေကိုအသုံးပြုပြီးသင့်အကောင့်တွေကို အကောင်းဆုံးကာကွယ်နိုင်ပါတယ်။
Online/Offline Status ပါရှိလာတဲ့ Hangout Version အသစ်
Google က Hangout Version 1.2 အသစ်ကို Update ပေးလိုက်ပြီဖြစ်ပါတယ်။Version အသစ်မှာတော့ Online/Offline ဖြစ်နေတဲ့သူတွေကိုသိရှိနိုင်ပြီဖြစ်ပြီးတစ်ခြား Feature အသစ်တွေလည်းပါရှိလာပါတယ်။
New Features
  • Online /Offline Status ကိုတွေ့ မြင်နိုင်ပါတယ်။
  • Contacts တွေကို စကားပြောနေကျသူတွေ၊Suggested Contacts တွေ စသဖြင့် Organize လုပ်ပေးထားပါတယ်။
  • Contact ပေါ်မှာ Long Press ဖိထားပြီး Hide လုပ်လို့ ရပါတယ်။
Wednesday, September 25, 2013
Windows 8/8.1 မှာ .NET Framework 3.5 ကို Enable ပြုလုပ်ခြင်း။
Windows 8/8.1 မှာ .NET Framework 4.5 အင်စတောလုပ်ပြီးသား ပါရှိလာမှာဖြစ်ပါတယ်။တစ်ချို့  Application တွေကို အင်စတောလုပ်ဖို့ အတွက် .NET Framework 3.5 လို Version အနိမ့်တွေ အင်စတောလုပ်ထားဖို့ လို ပါတယ်။Windows 8 မှာ .NET Framework 3.5 နဲ့  သူ့ အနိမ့် Version တွေကို Enable လုပ်ပြီးသုံးနိုင်ပါတယ်။ထပ်ပြီးအင်စတောလုပ်လို့ မရပါဘူး။ဒီိဆောင်းပါးမှာ Enable လုပ်နိုင်မယ့် နည်းနှစ်နည်းကိုရေးပါမယ်။
When You Are Online
ကွန်နက်ရှင်ရှိနေရင်တော့ ဒီနည်းကိုသုံးနိုင်ပါတယ်။ Windows 8 Search Box ကနေ Uninstall a program ကိုရှာပြီး ဖွင့်ပါ။
ပြီးရင်  ညာဘက်က Turn Windows features on or off ကိုနှိပ်ပါ။
ဝင်းဒိုး တစ်ခုပေါ်လာရင် ".NET Framework 3.5 (includes .NET 2.0 and 3.0) " ဆိုတဲ့ Check Box တွေ မှာ အမှန်ခြစ်ပေးပါ။
OK နှိပ်ရင် လိုအပ်တဲ့ဖိုင်တွေကို ဒေါင်းလုပ်လုပ်ပါလိမ့်မယ်။ ဒေါင်းလုပ်လုပ်ပြီးရင်တော့ Restart ချရင် .NET Framework 3.5,  3.0  ,2.0  အားလုံးကို Enable လုပ်ပြီးပြီဖြစ်လို့  အင်စတောလုပ်မရတဲ့ Application တွေကို အင်စတောလုပ်နိုင်ပါပြီ။
ကျွန်တော်ကတော့ ဒီနည်းသုံးကြည့်တာ ဒေါင်းနေတဲ့ အချိန်ကြာတဲ့အတွက် Cancel လုပ်ပြီးအောက်ကနည်းကိုသုံးပါတယ်။
When You Are Offline
C:  အောက်မှာ NET35 ဆိုတဲ့ဖိုဒါတစ်ခုပြုလုပ်ပါ။
Windows 8 CD/DVD ခွေထဲက sources\sxs ဖိုဒါကို ကော်ပီကူးပါ။ ISO Image ဖိုင်ရှိရင် ISO ဖိုင်ပေါ် Right Click နှိပ်ပြီး Mount လုပ်ပါ။ sources\sxs ဖိုဒါကိုကော်ပီကူးပါ။ ကူးထားတဲ့ဖိုဒါကို NET35 ဖိုဒါထဲထည့်ပါ။
Cmd ကို Admin အနေနဲ့ ဖွင့်ပြီး အောက်က Command ရိုက်ပေးပြီး Enter ခေါက်ပါ။
DISM.exe /online /enable-feature /featurename:NetFX3 /All /Source:c:\net35 /LimitAccess
Successful Message ကျလာရင် အဆင်ပြေပါပြီ။
Tuesday, September 24, 2013
နေ့ တိုင်း Full Version Software တစ်ခုအလကားပေးတဲ့ဆိုက်
ashampoo 01
Checkout Giveaway.glarysoft.com
Monday, September 23, 2013
Computer အသစ်မှာ Programs တွေအမြန်ဆုံး Install လုပ်ပြီးအသုံးပြုနိုင်မယ့်နည်းများ။
ashampoo 03
Smartphones,Tablets,Macs,Linux  မှာ Programs တွေကိုလျှင်လျှင်မြန်မြန် အင်စတောလုပ်နိုင်ပေမယ့် Windows မှာ Programs တွေကို အင်စတောလုပ်ရတာ အနည်းငယ်အလုပ်ရှုပ် ပါတယ်။ Windows မှာ Programs တွေကို အင်စတောလုပ်ရင် Wizard တွေကိုတွေ့ မြင်ရမှာဖြစ်ပြီးတစ်ဆင့်ချင်းလုပ်ဆောင်ရတာဖြစ်ပါတယ်။ကွန်ပြူတာအသစ်ဝယ်လို့ ပဲဖြစ်ဖြစ် ၊၀င်းဒိုးအသစ်တင်လို့ ပဲဖြစ်ဖြစ်  Programs တွေ ကို အမြန်ဆုံးအင်စတောလုပ်ပြီးအသုံးပြုနိုင်မယ့်နည်းတွေကို မျှဝေပါတယ်။
Programs တွေ အများအပြားကို တစ်ပြိုင်နက်အင်စတောလုပ်ဖို့  Ninite ကိုသုံးပါ။
Ninite က Programs တွေ အများအပြားကို တစ်ပြိုင်နက်အင်စတောလုပ်ပေးနိုင်ပါတယ်။ Installer တစ်ခုထဲကိုအသုံးပြုပြီး Programs တွေကိုအင်စတောလုပ်ပေးနိုင်ပါတယ်။Installation Wizard တွေကိုလည်းသင်မြင်တွေ့ ရမှာမဟုတ်တဲ့အတွက်အဆင်ပြေလှပါတယ်။ Programs တွေ နဲ့ အတူပါလာတဲ့ Junk Software တွေ၊ Toolbars တွေကိုလည်း Ninite က Block လုပ်ပေးနိုင်ပါတယ်။Ninite က Popular Applications တွေ တော်တော်များများကို အင်စတောလုပ်ပေးနိုင်ပါတယ်။Chrome, Firefox, Skype, Pidgin, iTunes, VLC, Silverlight, Paint.NET, OpenOffice, Microsoft Security Essentials, µTorrent, Dropbox, Steam, 7-Zip အပါအ၀င် တစ်ခြား Applications တွေ ကို Ninite ကနေရွေးချယ်ပြီး အင်စတောလုပ်နိုင်ပါတယ်။ Ninite အကြောင်း ဆောင်းပါး ရေးသားပေးထားပြီးလေ့လာဖတ်ရှုနိုင်ပါတယ်။
ashampoo 04_thumb[6]
Portable Apps  တွေ သုံးပါ။
01_portableapps_com
PickMeApp ကိုသုံးပါ။
PickMeApp က ကွန်ပြူတာအဟောင်း ၊ ၀င်းဒိုးအဟောင်း မှာ အင်စတောလုပ်ထားတဲ့ Programs တွေကို ကွန်ပြူတာအသစ် ၊ ၀င်းဒိုးအသစ်ကို အလွယ်တကူကူးပြောင်းပေးနိုင်ပါတယ်။ Programs တွေ သာမကဘဲ Files,Program Setting,Windows Setting ,Internet Setting တွေကိုပါ ကူးပေးနိုင်ပါတယ်။PickMeApp က Portable  ဖြစ်ပြီး USB Stick ထဲကနေအသုံးပြုနိုင်ပြီး Programs တွေကို ကွန်ပြူတာအသစ်ကို အလွယ်တကူကူးပေးနိုင်ပါတယ်။ ကူးမယ့် Programs တွေကိုလည်းရွေးချယ်နိုင်ပါတယ်။PiceMeApp က Windows 7, Windows Vista and Windows XP မှာ အလုပ်လုပ်ပါတယ်။ PickMeApp အသုံးပြုပုံကို ဒီဆောင်းပါး မှာလေ့လာပါ။
ashampoo 06_thumb[3]
Windows Easy Transfer ကိုသုံးပါ။
Microsoft ရဲ့ Windows Easy Transfer Tool ကလည်း  PickMeApp လို ပဲ Windows Setting,Program Settings, Files တွေကို Windows အသစ်ကို ကူးပေးနိုင်ပါတယ်။ ဒါပေမယ့် PickMeApp လို Programs တွေ ရွေးချယ်လို့ မရသလို Program Setting တွေ ပဲကူးပေးမှာဖြစ်ပြီး Programs တွေကို ပြန်ပြီးအင်စတောလုပ်ရမှာပါ။Windows Easy Transfer Tool က Windows XP,Windows Vista,Windows 7 က Settings တွေကို  Windows 7 တစ်ခု ထဲကိုပဲကူးပေးနိုင်တဲ့ ကန့် သတ်ချက်တော့ရှိပါတယ်။Windows 7 ကို Reinstall လုပ်တာပဲဖြစ်ဖြစ်၊ Windows XP, Windows Vista ကနေ Upgrade လုပ်တာပဲဖြစ်ဖြစ် Windows Easy Transfer Tool ကိုသုံးရင် Program Settings တွေကိုပြန်ပြီး Configure လုပ်စရာမလို တဲ့အတွက်အသုံးဝင်ပါတယ်။Windows Easy Transfer Tool အသုံးပြုနည်းကို ဒီဆောင်းပါး မှာလေ့လာပါ။
300px-Windows_Easy_Transfer
Windows 8 ကို Upgrade လုပ်မယ်ဆိုရင်
လက်ရှိ windows os အသုံးပြုနေသူတွေအတွက် လက်ရှိ windows ကနေ windows 8 ကို upgrade လုပ်နိုင်ပါတယ်။Windows 8 installation wizard မှာ custom (or) upgrade ရွေးချယ်ရမယ့်နေရာမှာ upgrade ကို ရွေးပြီး upgrade လုပ်နိုင်ပါတယ်။
Upgrading Windows 7
သင်ဟာ windows 7 အသုံးပြုသူဆိုရင် တော့ windows 8 ကို upgrade လုပ်ရင် သင့် ရဲ့ program (compatible with windows 8),program settings, windows settings, files တွေအားလုံး မပျက်ဆီးဘဲ အကုန် ပြန် ပါလာပါလိမ့်မယ်။
Upgrading Windows Vista
Windows Vista ကနေ upgrade လုပ်မယ်ဆိုရင်တော့ windows settings, files တွေ ပဲပြန်ပါလာပါလိမ့်မယ်။
Upgrading Windows XP
Windows XP ကနေ upgrade လုပ်မယ်ဆိုရင်တော့ files တွေပဲ ပြန်ပါလာပါလိမ့်မယ်။
Windows 7 အသုံးပြူသူတွေကတော့ Windows 8 ကို Upgrade လုပ်ရင် Programs တွေပါ ပါသွားမှာဖြစ်ပါတယ်။ဝင်းဒိုးဗားရှင်းအဟောင်းသုံးသူတွေ အတွက်ကတော့ အပေါ်ကနည်းတွေကိုအသုံးပြုပြီး Windows 8 မှာ Programs တွေကို အမြန်ဆုံးအင်စတောလုပ်နိုင်ပါတယ်။
Windows 8/8.1 နဲ့  Compatible မဖြစ်တဲ့ Programs တွေကိုအသုံးပြုခြင်း။
image131
Windows 8 Compatibility Mode  က  EXE Installer တွေ သာမကဘဲ Driver Package ဖိုင်တွေအတွက်လည်းသုံးနိုင်ပါတယ်။ အသုံးပြုမယ့် Programs,Drivers တွေကတော့ OS Version နဲ့ ကိုက်ညီမှုရှိရပါမယ်။ဥပမာအားဖြင့် Windows 8 64-bit ကိုသုံးရင် Programs,Driver တွေကလည်း  64-bit ဖြစ်ရပါမယ်။
Compatibility Mode ကိုအသုံးပြုခြင်း။
အသုံးပြုမယ့် EXE Installer,Driver ပေါ်မှာ Right Click နှိပ်ပြီး Properties ထဲဝင်ပါ။Compatibility tab ကိုနှိပ်ပါ။တကယ်လို့  Compatibility tab ကိုမတွေ့ ရင် အဲဒီ EXE ဖိုင်ဟာ Windows 8 Compatibility Mode မှာသုံးလို့ မရလို့ ဖြစ်ပါတယ်။
Win8CompMode-comp-mode-settings-all-users
Compatibility tab မှာ Compatibility mode, Settings and Privilege level ဆိုပြီး Section သုံးခုရှိပါတယ်။
Compatibility Mode မှာ Windows 95 ကနေ Windows 7 အထိရွေးချယ်သုံးနိုင်ပါတယ်။အသုံးပြုမယ့် Programs နဲ့ Compatible ဖြစ်တဲ့ OS   ကိုရွေးချယ်အသုံးပြုရမှာပါ။
Win8CompMode-comp-mode
Settings မှာတော့ Display Settings ကိုပြောင်းလဲနိုင်ပါတယ်။အသုံးပြုမယ့် Programs ဟာ Modern Display တွေ နဲ့  Compatible  မဖြစ်ရင် အဲဒီ Tool ကအသုံးဝင်ပါတယ်။
Win8CompMode-comp-mode-settings
Privilege Level မှာ EXE,Driver ကို Admin အနေနဲ့  Run လို့ ရအောင်ပြုလုပ်နိုင်ပါတယ်။ Installer ဖိုင်အများစုဟာ Admin အနေနဲ့  Run ဖို့ လိုအပ်ပါတယ်။
Compatibility  Troubleshooter ကိုအသုံးပြုခြင်း။
Compatibility Troubleshooter ကိုအသုံးပြုဖို့  Compatibility Tab ကနေသုံးနိုင်သလို EXE ဖိုင်ပေါ် Right Click နှိပ်ပြီး “Troubleshoot Compatibility” ကိုနှိပ်ပါ။ Compatibility Troubleshooter  ကိုသုံးဖို့  နည်းနှစ်နည်းရှိပါတယ်။ Recommended Settings , Troubleshooting Programs ဖြစ်ပါတယ်။Configure မလုပ်တတ်ရင် Recommended Settings ကိုနှိပ်ပါ။
Win8CompMode-troubleshooter-type
မှန်ကန်တဲ့ Settings ကိုရရှိဖို့  အချိန်အနည်းငယ်ကြာမြင့်မှာဖြစ်ပြီး Test the program ကိုနှိပ်ပါ။ပြီးရင် Next ကိုနှိပ်ပါ။
Win8CompMode-test-troubleshooter-settings
Windows က Settings တွေ မှန်မမှန်မေးပါလိမ့်မယ်။ မှန်ရင် Yes နှိပ်ပါ။ မမှန်ရင် No, try again ကိုနှိပ်ပြီး Setting အပြောင်းအလဲပြုလုပ်ခိုင်းနိုင်ပါတယ်။Settings   တော်တော်များများကိုပြောင်းလဲစမ်းသပ်ခိုင်းပြီးတာတောင်မှအဆင်မပြေသေးရင် Online ကနေ အဖြေရှာဖို့  Report လုပ်ပါ။
Win8CompMode-troubleshooter-results
Settings တွေ တော်တော်များများကို ပြောင်းလဲစမ်းသပ်ပြီးရင် Settings အမှန်ရရှိဖို့ ၀င်းဒိုးက သင့်ကို မေးခွန်းတွေ မေးပါလိမ့်မယ်။  ဒီမေးခွန်းတွေကို ဖြေခြင်းဖြင့်လည်း Settings အမှန်ကိုရရှိနိုင်ပါတယ်။
Win8CompMode-try-different-settings
Win8CompMode-cant-be-used
Windows 8 Compatibility Mode က Programs  , Drivers တွေ အားလုံးကိုတော့ အသုံးပြုလို့ ရအောင်လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ဒါပေမယ့် တော်တော်များများကိုတော့ အဆင်ပြေအောင်ပြုလုပ်ပေးနိုင်ပါလိမ့်မယ်။သင့်ရဲ့ Programs , Drivers တွေကို Windows 8 မှာအသုံးပြုလို့ မရရင် Compatibility Mode ကို သုံးနိုင်ပါတယ်။
Sunday, September 22, 2013
Hashtags အသုံးပြုနည်းသုံးနည်း။
How-To-Use-Hashtags-In-Novel-Ways-For-Better-Search-840x420
Twitter, Facebook, Instagram, Google+, Flickr စတဲ့ Social Networks တွေမှာ Hashtags(#) ကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပါ  ပြီ။ Hashtag ရဲ့  အဓိကရည်ရွယ်ချက်ကတော့ တူညီတဲ့ Topic တွေကို တစ်စုတစ်စည်းထဲ ရှာဖွေနိုင်ဖို့ ပါ။ဒါ့အပြင် Brand , Products တွေ ကိုလည်း လူကြိုက်များအောင် Hashtags ကို အသုံးပြုနိုင်ပါသေးတယ်။ဒီဆောင်းပါးမှာတော့ Social Networks တွေ မှာ Hashtags အသုံးပြုနည်းကို ရေးမှာမဟုတ်ပါဘူး။ တစ်ခြား နေရာတွေ မှာ Hashtags ကိုအကျိုးရှိရှိအသုံးပြုနိုင်တဲ့နည်းတွေကို ရေးမှာပါ။
Mobile Message တွေကို အလွယ်တကူရှာလို့ ရအောင်သုံးပါ။
WhatsApp က နာမည်ကြီး Messaging App တစ်ခုဖြစ်ပြီးမကြာမီက Voice Message ပါပို့ လို့ ရအောင်ပြုလုပ်နိုင်ခဲ့ပါတယ်။သူ့ မှာ Message တွေကို ရှာနိုင်တဲ့ စွမ်းရည်ရှိပေမယ့် အရေးကြီး Message တွေကို အမှတ်အသားလုပ်နိုင်ဖို့ နည်းလမ်းမရှိပါဘူး။Hashtag ကိုသုံးခြင်းဖြင့် ဒီပြဿနာကိုဖြေရှင်းနိုင်ပါတယ်။တစ်စုံတစ်ယောက်ကို အရေးကြီးတဲ့ Message ပို့ တဲ့အခါမျိုး ဒါမှမဟုတ်  ပို့ မယ့် Message ဟာ နောင်တစ်ချိန်မှာ   ပြန်ပြီးရှာဖတ်ရမယ့် Message မျိုးကို ပို့ တဲ့အခါမျိုးတွေမှာ #important  ဆိုပြီး  Hashtag နဲ့ အမှတ်အသားလုပ် ပြီး ပို့ ပါ။နောက်ပြန်ရှာတဲ့အခါကျရင် #important လို့ ရိုက်ပြီးရှာလိုက်တာနဲ့  လွယ်လွယ်ကူကူ ရှာတွေ့ နိုင်ပါပြီ။
Hashtag ကို Shopping List တွေ လုပ်တဲ့နေရာမှာလည်း သုံးနိုင်ပါတယ်။သူငယ်ချင်းနှစ်ယောက် ဈေးဝယ်ဖို့  Message ပို့ ရင်းကနေ ၀ယ်မယ့် ပစ္စည်းတွေကို Hashtag ခံပြီးအမှတ်အသားလုပ်ထားလို့ ရပါတယ်။အဲဒီအတွက် တစ်ခြား ပြောတဲ့စကားတွေနဲ့ မရောနှောတော့ဘဲ လွယ်လွယ်ပြန်ရှာနိုင်ပါတယ်။
ashampoo 02
ဒီနည်းကို Search Function ပါရှိတဲ့ SMS App တွေ ,  Messenger App တွေ မှားသုံးနိုင်ပါတယ်။
Email တွေကိုအလွယ်တကူရှာဖို့ သုံးပါ။
ဥပမာအားဖြင့် သင့် အလုပ်က Boss ကို SystemA ရဲ့  တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ProjectX နဲ့ ပတ်သက်ပြီးအီးမေးပို့ ရင်အောက်ကပုံမှာလို Hashtag ခံအမှတ်အသားလုပ်ပြီးပို့ နိုင်ပါတယ်။
Use-Hashtags-In-Gmail-For-Search
အဲဒီ အီးမေးကို ပြန်ရှာချင်ရင် Search Box ကနေ #ProjectX,   #SystemA လို့ ရိုက်ပြီးအလွယ်တကူရှာနိုင်ပါတယ်။ဒီနည်းကို Gmail အပြင်တစ်ခြား Search Engine ပါရှိတဲ့ Email Service တွေမှာသုံးနိုင်ပါတယ်။
သတင်းအချက်အလက်တွေ နဲ့  အကြံပြုချက်တွေကို Chat Logs မှာမှတ်သားပါ။
ဘယ် ရုပ်ရှင်တွေ၊သီချင်းတွေ ကောင်းလဲဆိုတာ ကျွန်တော်တို့ တွေ သူငယ်ချင်းတွေ ဆီက အကြံရယူတတ်ကြပါတယ်။များသောအားဖြင့် သူငယ်ချင်းတွေနဲ့  Google Hangouts မှာ စကားပြောကြတဲ့အချိန်တွေ မှာ ဖြစ်တတ်ပါတယ်။ Mobile Phone တွေ မှာ Multitask လုပ်ရတာမလွယ်တဲ့အတွက် သူတို့ ပြောတဲ့ ရုပ်ရှင်တွေ၊ သီချင်းတွေကို ရှာဖို့  အဆင်မပြေပါဘူး။အဲလို နေရာမှာ လည်း Hashtag ကအသုံးဝင်ပါတယ်။ #Watchthis ,   #Readthis , #Hearthis စသဖြင့် အမှတ်အသားလုပ်ထားနို်င်ပါတယ်။
Use-Hashtag-ReadThis-WatchThis-In-GTalk-Hangouts-For-Search 
သင့်ကွန်ပြူတာကို အသုံးပြုလို့ ရတဲ့အချိန်ကျမှ Gmail ကိုဖွင့်ပြီးSearch Box ကနေ အမှတ်အသားလုပ်ထားတဲ့ Hashtag နဲ့ ရှာလိုက်ရင် လွယ်လွယ်ကူကူရှာဖွေနိုင်ပြီပေါ့။
Use-Hashtag-WatchThis-In-GTalk-Hangouts-For-Search-Results
ဒီနည်းကို Hangouts ရဲ့  Web Version မှာလည်းသုံးနိုင်သလို Mobile App မှာလည်းသုံးနိုင်ပါတယ်။Desktop Client ဖြစ်တဲ့ GTalk မှာလည်းသုံးနိုင်ပါတယ်။GTalk or Hangouts မှာသာမကဘဲ Chat Logs တွေကို သိမ်းပေးနိုင်တဲ့ Chat Services တွေ အားလုံးမှာသုံးနိုင်ပါတယ်။
Myanamr ICT  မှာကျွန်တော်ရေးသားထားသောဆောင်းပါးကိုကူးယူဖော်ပြပါသည်။
Smart Phone ရဲ့  Camera ကို အသုံးချနည်းများ။
ashampoo 01
သင့် Smart Phone ရဲ့  Camera ဟာ Photo,Video တွေ ရိုက်ဖို့ အတွက်သာအသုံးဝင်တာမဟုတ်ပါဘူး။ဈေးသက်သာတဲ့ ပစ္စည်းတွေကို ရှာဝယ်ဖို့ ၊ ဘာသာပြန်ဖို့ ၊ Scanner အဖြစ်အသုံးပြုဖို့ စတာတွေကို ပါ ပြုလုပ်နိုင်ပါတယ်။
ကုန်ပစ္စည်းတွေကိုဈေးသက်သာတဲ့ နေရာမှာရွေးချယ်ဝယ်ယူပါ။ 
Store တစ်ခုမှာ ပစ္စည်းတစ်ခုကို ၀ယ်ယူဖို့ ကြည့်ရှုနေတဲ့အခါ အဲဒီ ပစ္စည်း ရဲ့ ဈေးနှုန်းကို Online Store တွေ ကဈေးနှုန်း နဲ့ နှိုင်းယှဉ်ဖို့ အတွက် Application တွေ ရှိပါတယ်။ပစ္စည်းရဲ့  Barcode ကို Application ကနေ Scan လုပ်ပြီး Online Store က ဈေးနှုန်း တွေ နဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ Amazon ရဲ့  Price Check က အဲလို လုပ်ပေးနိုင်ပါတယ်။Online မှာဈေးဝယ်ဖို့  Shwemoney Virtual Visa Card ကို သုံးနိုင်ပါတယ်။
ashampoo 02
ဘာသာပြန်ဖို့ သုံးပါ။
နားမလည်တဲ့ဘာသာစကားတစ်ခုကို ဘာသာပြန်ဖို့ အတွက်လည်းသင့် Camera ကို သုံးနိုင်ပါတယ်။ Google Translate Application က Optical Character Recognition (OCR) စွမ်းရည်ပါရှိတဲ့အတွက် နားမလည်တဲ့ ဘာသာစကားကို Camera ကနေ Photo အဖြစ်ရိုက်ပြီး Google Translate ကနေဘာသာပြန်နိုင်ပါတယ်။
google-translate-from-camera
Visual Search လုပ်ဖို့ သုံးပါ။
Search Application တွေ မှာ စာနဲ့ ရိုက်ပြီးသိချင်တာရှာနိုင်သလို ပုံနဲ့ လည်းရှာနိုင်ပါတယ်။ဥပမာအားဖြင့် Product တစ်ခု အကြောင်းသိချင်တယ်ဆိုရင် Product ကို Photo အနေနဲ့ ရိုက်ပြီးအဲဒီ Product ရဲ့  သတင်းအချက်အလက်တွေကို ရှာနိုင်ပါတယ်။Google Goggles Application မှာ Visual Search ကို သုံးနိုင်ပါတယ်။
google-goggles-product-recognition
Scanner အဖြစ်သုံးပါ။
Smart Phone ရဲ့  Camera ကို Scanner အဖြစ်သုံးနိုင်ပါတယ်။Google Drive , Evernote , Scan To PDF Free  စတဲ့ Application တွေက Document တွေကို Scan လုပ်ပြီး PDF ဖိုင်အနေနဲ့ ပြုလုပ်ပေးနိုင်ပါတယ်။
evernote-android-page-camera
QR Code တွေကို Scan လုပ်ပါ။
QR Code( Quick Response code)တွေကို Application Store,Billboards,Advertisements,Products တွေ မှာ တွေ့ မြင်နိုင်ပါတယ်။အဲဒီ QR Code တွေကို QR Code Scanner application တွေသုံးပြီးတော့ Scan လုပ်ပြီးသက်ဆိုင်ရာ ၀က်ဆိုက်တွေ မှာ Products တွေ ရဲ့  သတင်းအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။အဲဒီအတွက် ၀က်ဆိုက်လိပ်စာရိုက်ရတဲ့ အလုပ်ရှုပ်မှုကင်းဝေးစေပါတယ်။
qr-code-scanning
Security Camera အနေနဲ့ သုံးပါ။
Smart Phone ရဲ့  Camera ကို Security Camera အနေနဲ့ လည်းသုံးနိုင်ပါတယ်။ သင့်မှာ အသုံးမပြုတော့တဲ့ Phone တစ်လုံးရှိရင် အဲဒီ Phone ကို IP Webcam လို Application ကိုသုံးပြီး Security Camera အဖြစ်နဲ့ သုံးနိုင်ပါတယ်။ 
2013-02-27_135340
Smart Phone တွေ ဟာ အိတ်ကပ်အရွယ်အစားရှိတဲ့ Computer တွေ ဖြစ်ပါတယ်။အဲဒီအတွက် Application တွေသုံးပြီးSmart Phone တွေရဲ့ Camera တွေမှာ သာမာန် Phone တွေ၊ Digital Camera ထက်ပို ပြီးစွမ်းဆောင်နိုင်တဲ့ စွမ်းရည်တွေ ကို အသုံးချနိုင်ပါတယ်။
Myanmar ICT မှာကျွန်တော်ရေးသားထားသောဆောင်းပါးကို ကူးယူဖော်ပြပါသည်။