Friday, May 23, 2014

DTAC Joey Turbo 4.0 ZTE V765M Firmware

 
DTAC Joey Turbo 4.0 V765M
Download @ http://pc.cd/vzm or http://vadsade.bytebx.com/ufile/0d533f4ca8e480ebce4ef63683b92f50
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Sunday, May 18, 2014

My Sassy Girl Myanmar Subtitle Download Full Movie



Download Part 1 350MB
Download Part 2 290MB
Download Single Link 700MB
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Friday, May 16, 2014

IOS 7 နှင့်အထက်မှာ မိမိစိတ်ကြိုက် Font ကို Jailbreak လုပ်စရာမလိုဘဲထည့်သွင်းခြင်း


iOS 7 နှင့်အထက်မှာ ဇော်ဂျီ font ကို Jailbreak မလိုဘဲထည့်သွင်းနိုင်ပြီဆိုတာကတော့ သိသူတွေများကြပါတယ်။
ဒါတင်မက မိမိစိတ်ကြိုက် font ကို Jailbreak လုပ်စရာမလိုဘဲထည့်သွင်းနိုင်ပြီဆိုတာ သိသူ နည်းနေပါသေးတယ်။
ဧပြီလကုန်လောက်မှာ AnyFont အမည်ရဆော့ဝဲလေးတစ်ခု iTunes ပေါ်ကိုရောက်ရှိလာပါတယ်။
ဒီဆော့ဝဲလေးက သင့်ဖုန်းကို Jailbreak လုပ်စရာမလိုဘဲ စိတ်ကြိုက် font ဒီဇိုင်းကို device ထဲသို့ထည့်သွင်းပေးမှာဖြစ်ပါတယ်။
Installation profiles စနစ်ကိုအသုံးပြုပြီး font သွင်းစေတဲ့ AnyFont ဆော့ဝဲလေးကို ယခုအခါ iTunes Store မှာ ၀.၉၉ ဒေါ်လာနဲ့ဝယ်ယူလို့ရနေပါပြီ။
AnyFont ဆော့ဝဲကို free ရယူလိုသူများကတော့ Tongbu ဆော့ဝဲထဲကနေ free သွင်းယူနိုင်ပါတယ်။
OpenType (.OTF) သို့ TrueType (.TTF) စတဲ့ font format ၂ မျိုးကို ဒီဆော့ဝဲအသုံးပြုပြီး font ထည့်သွင်းနိုင်မှာပါ။
အသုံးပြုပုံအနေနဲ့ကတော့ Mail app , Dropbox , file manager စတဲ့ဆော့ဝဲတွေနဲ့တွဲဖက်အသုံးပြုရမှာဖြစ်ပြီး ယင်း app တွေထဲမှာ ကိုယ်က ကြိုတင်ထည့်သွင်းထားခဲ့တဲ့ font ဖိုင်ကိုဖွင့်ပေးရမှာဖြစ်ပါတယ်။
ဥပမာ mailbox ထဲမှာ သူများက (သို့မဟုတ်) ကိုယ့်ဘာသာ မေးလ်ပို့ထားတဲ့ font file ကိုဖွင့်ကြည့်ရမှာဖြစ်ပါတယ်။ ယင်းကဲ့သို့ဖွင့်လိုက်ပါက Open in Anyfont ဆိုတာပေါ်လာပါမယ် ။
အဲဒါကိုနှိပ်လိုက်မှ font က AnyFont ဆော့ဝဲထဲမှာပွင့်လာပြီး font installation step များကိုဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။တစ်ချို့ဆော့ဝဲတွေမှာကျ Open in….. လို့ပဲပေါ်တာမျိုးရှိတတ်ပါတယ်။
အဲဒါကိုနှိပ်ပြီး Anyfont ကိုနှိပ်ရင်လည်းအပေါ်မှာပြောခဲ့တဲ့ step နဲ့အတူတူပဲဖြစ်ပါတယ်။ Font က AnyFont ဆော့ဝဲထဲကိုရောက်ရှိနေပြီဆိုရင်တော့ သွင်းလိုတဲ့ font file ကိုနှိပ်ပြီး install လုပ်နိုင်ပါပြီ။
Font သွင်းရန်Tap to install ကိုနှိပ်လိုက်လိုက်ရုံပါပဲ။
Font Install Profile ပေါ်လာပြီး Install ကိုနှိပ်လိုက်တာနဲ့ သွင်းလိုတဲ့ font ကိုသွင်းပြီးသွားပြီဖြစ်ပါတယ်။
Any Font နဲ့ စိတ်ကြိုက် font ထည့်သွင်းခြင်းကိုလက်တွေ့လုပ်ပြထားတဲ့ ဗီဒီယိုကျူတိုရီရယ်ကိုတော့အောက်မှာကြည့်ရှုပါ။ 
You Tube Link  
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
ref:MMAS

Tuesday, May 13, 2014

Frozen Keyboard Pro v1.0.8 Crack by Orange Cracker



Frozen Keyboard Pro v1.0.8 Crack by Orange Cracker
ဖရိုဇန်ကြိုက်သောသူများအတွက်။
v.1.0.9 ထွက်တာတောင် တော်တော်ကြာနေပြီမို့ v.1.0.8 ကို ပေးလိုက်တော့တာပါ။ 
ဝယ်နိုင်သူများဝယ်သုံးပါလို့အကြံပေးချင်ပါတယ် တင်ပေးတဲ့ရည်ရွယ်ချက်ကတော့
အဝေရောက်နေသူများဝယ်လို့အဆင်မပြေသူများအတွက်ဖြစ်ပါတယ် လိုအပ်ပါကအောက်မှာ
Download ပါ
  Download
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Sunday, May 4, 2014

Acer aspire E1-410G ကို WIindows တင်ကြမယ်။



acer aspire E1-410G ကို windows တင်ကြည့် ခြင်း
===============================

Acer aspire E1-410G ကို Windows ပြန်တင်ဖို့ အခက် အခဲ ရှိသူများ အတွက်ပါ။ သုံးနေရင်းနဲ့  restart ကျ ပြီး windows ပြန် လည်း တက်မလာ windows install လုပ် လို့ မရ တဲ့ မိတ် ဆွေ တွေ အတွက်ပါ ။အခု နောက် ထွက်လာ တဲ့  notebook တွေမှာ windows ပြန်တင် တဲ့  အခါ ပြသနာ တော်တော်လေး ရှိပါတယ်။
သိတဲ့ မိတ်ဆွေ တွေ အတွက်တော့ အဆန်းတကြယ် မဟုတ် ပေမဲ့  မသိသေးတဲ့ မိတ်ဆွေ တွေ ငွေကုန်ကြေးကျ သက်သာအောင် ပြန်လည်မျှ ဝေ ပေး လိုက် ပါတယ်။
windows တင်တော့ မယ် ဆို ရင် အများစုကတော့  BIOS ထဲ မှာ BOOT ကို ဝင် ချိန် ကြတဲ့  အခါ UEFI Mode ကနေ Legacy Mode ကိုပြောင်း ပြီး တင်ကြပါတယ်.... အခု နောက် ထွက်လာ တဲ့  လက်တော့ တွေ မှာ ကျ တော့  UEFI MODE ကနေ LEGACY MODE ကိုပြောင်းစရာ မလို ပဲ တိုက်ရိုက် တင် လို့ ရပါတယ်။အောက် မှာ ပုံ နှင့် တကွ ဖော်ပြပေးထားတာမို့ အဆင်ပြေမယ် လို့ မျှော်လင့် ပါတယ်။ UEFI Modeတစ်ခု တည်းပါတဲ့  လက်တော့ တွေ အတွက် လုံးဝ အဆင်ပြေ ပါတယ်။



အဆင့်  ( ၁ )
================
အရင်ဆုံး မိမိ ကွန်ပျူ တာ ကို ဖွင့် ပြီးrestart ချ ပါ ပြီးရင် F2 ကိုနိုပ်ပြီး  BIOS ထဲ မှာ main နေရာမှာ အောက်ပါအတိုင်း ပြောင်း ပေးလိုက်ပါ။

Network Mode [Disabled]
F12 Boot Menu [Enabled]
D2D Recovery [Disabled]
Wake on LAN [Disabled]
SATA Mode [IDE Mode]

ကိုပြောင်းပေး ပါ။


အဆင့်  ( ၂ )
==============

နောက်တစ်ဆင့် အနေ နဲ့ ကတော့  Security မှာ set up supervisor password ကို enter  ခေါက်ပြီး password ပေးပါ။ ( ဥပမာ - 123 ) password ကိုမှတ် သားထားပါ။


အဆင့်  ( ၃ )
==========

Boot setting ထဲ မှာ
Boot Mode ကို ( UEFI )
Secure Boot ကို ( Enable )

ပေးပါ။ ပြီးရင်

  • ATAPI CDROOM HL-DT-ST DVDRAM GUAON
  • HDD :ST500L TO12 -9WS142 ကို အပေါ်အောက်ထားပေးပါ။ပုံအကူအညီကို အောက်မှာ ရယူပါ။







အဆင့်  ( ၄ )
============

ဒီအဆင့် မှာ တော့  Windows iso burn ထားတဲ့ အခွေ ကို ထည့် ပြီး  F 10 ကို နှိပ်ပြီး SAVE လုပ်ကာ မည်သည့် ကီးကိုမဆို နှိပ်ပြီး ပုံမှန်အတိုင်း windows ပြန်တင် နိုင်ပါတယ်ခင်ဗျာ။





အသစ်တင်တိုင်း Facebook ကနေဖတ်မယ်ဆိုရင် ဒီမှာ like လုပ်ပေးပါ။



စိုင်းသူ


www.saithu102.blogspot.com

Wednesday, April 30, 2014

Any Video Converter Download PC

 အသုံးပြုပုံကတော့ Format fectory လိုပဲဖိုင်ဖော်မက်တွေပြောင်းလို့ရပါတယ် 
ဘာတွေပိုကောင်းသလဲဆိုရင် cut ဖြတ်လို့ရတယ် ကိုယ်လိုတဲ့ video အပိုင်း mp3 ဆိုရင်လဲ
ringtone ဖြတ်မယ်၊ subtitle ထည့်လို့ရမယ်
လိုအပ်ရင်အောက်ကလင့်မှာ Download ပါ free ပေးထားပါ
Download
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Firefox ဒီဇိုင်းအသစ်ပေါ့ပါး 29 Download PC

Firefox version 29 ကို April လ ၃၀ရက်နေ့ကထုတ်ပေးလိုက်တာဖြစ်ပီးအရင်ကထက်မြန်
လာတာကိုတွေ့ရမှာဖြစ်ပြီး ဒီဇိုင်းလဲလှပလာတာ ကိုတွေ့ရမှာဖြစ်ပါတယ်                          လိုအပ်ရင်အောက်မှ Download ပါ
Download
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Monday, April 21, 2014

EQ လား IQ လား (ကောင်းထက်)

 ကျွန်တော်တို့ နိုင်ငံမှာ IQ မြင့်တဲ့သူတွေတော်တော် များများရှိပါတယ်။ ဒါပေမဲ့ အများစုကတော့ ဘ၀မှာ မအောင်မြင်ဘဲ ရိုးရိုးသာမာန်ဘ၀နဲ့ ဘဲ ပြီးဆုံးသွားကြတယ်။ ဒါဟာ IQ မြင့်တိုင်းလည်း ခရီးမပေါက်တာတွေ့ ရတယ်၊ဘ၀မှာ အောင်မြင်ဖို့ EQ ဆိုတာလည်း အရေးကြီးပါတယ်။ EQ ဆိုတာ ဘာလည်းနဲ့  ဘယ်လိုမြင့်အောင်လုပ်မလဲ ဆိုတာ အောက်က ဆောင်းပါးလေးက ရှင်းပြပါလိမ့်မယ် ။

EQ လား IQ လား (ကောင်းထက်)

လူတစ်ယောက်၏ အောင်မြင်မှုရရန်အတွက်လိုအပ်ချက်မှာ ဦးနှောက်ဉာဏ်ရည်အဆင့်(IQ) မဟုတ်။ နှလုံးရည်အဆင့်အတန်း(EQ)ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ စိတ်ပညာရှင် နီးယဲလ်ဂိုးလ်မန်းက ဖော်ထုတ်ပြောကြားခ့သဲ ည်။ သူသည် ဆယ်နှစ်အတွင်း အလုပ်သမား တစ်ထောင်ခန့်ကို သုတေသနပြု လေ့လာတွေ့ရှိမှုအရ (IQ)ကြောင့်အောင်မြင်သူ ၂၅%၊ (EQ)ကြောင့်အောင်မြင်သူ ၇၅% ရှိကြောင်း တွေ့ရှိခဲ့သည်။

ဦးနှောက်ဉာဏ်ရည်အဆင့်ကောင်းသော ဘွဲ့ရပညာတတ်အုပ်ချုပ်ရေးမှူးတစ်ယောက်သည် နှလုံးရည်အဆင့်အတန်း ညံ့ဖျင်းသဖြင့် လုပ်ငန်းခွင်မှာ အောင်မြင်မှုမရ၊ အလုပ်မှ ထွက်ခဲ့ရလေပြီ။ ထိုအလုပ်ကို ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်ပြီး ဘွဲ့မရသော်လည်း နှလုံးရည်အဆင့်အတန်းမြင့်သည့် အုပ်ချုပ်ရေးမှူးက အုပ်ချုပ်လုပ်ကိုင်သည့်အခါ လုပ်ငန်းအောင်မြင်ရုံမက ထိုအုပ်ချုပ်ရေးမှူးသည် လုပ်ငန်းတွင် ရှယ်ယာဝင်တစ်ယောက်ပင် ဖြစ်ခ့ရဲ ကြောင်း နီးယဲလ်ဂိုးလ်မန်းသုတေသနပြုရာ၌ တွေ့ရှိခဲ့ရသည်။

(EQ)နှလုံးရည်ပြကိန်း (Emotional Quotient)သည် အကျင့်စာရိတ္တနှင် စိတ်နေသဘော သဘာဝ၏ အရည်အသွေးပင်ဖြစ်သည်။ နှလုံးရည်အဆင့်အတန်း (EQ)မြင့်သူသည် -

(၁) ကိုယ့်ကိုကိုယ် အကဲဖြတ်သိနိုင်ခြင်း (Self Evaluation)

(၂) ရုတ်တရက်ပေါ်ပေါက်လာသော စိတ်လှုံ့ဆော်မှုကို ထိန်းချုပ်နိုင်ခြင်း (Impulse Control)

(၃) ကိုယ့်သိက္ခာကိုယ်စောင့်ခြင်း (Self Oiscupline)

(၄) တစ်ဖက်သားအပေါ် စာနာထောက်ထားင့ညဲာနိုင်စွမ်းရှိခြင်း (Compassion)

(၅) တစ်ဖက်သား၏ကောင်းသောလုပ်ရပ်ကို ထုတ်ဖော်ချီးကျူးနိုင်စွမ်းရှိခြင်း (Praise)

(၆) မှန်ကန်ကောင်းမွန်စွာ တွေးခေါ်စဉ်းစားနိုင်ခြင်း (Positive Thinking)

စသည့် အချက်အလက်များနှင့်ပြည့်စုံသူဖြစ်သည်။ ထိုသူသည် (EQ)ကို မိဘနှစ်ပါးထံမှ အမွေဆက်ခံရရှိနိုင်သည်။ နှလုံးရည်အဆင့်မြင့်သော မိဘများမှ ပေါက်ဖွားလာသူသည် အလိုအလျောက် နှလုံးရည်မြင့်သူဖြစ်လာပြီး နှလုံးရည်အဆင့်နိမ့်သောမိဘမှ ပေါက်ဖွားလာသူမှာ

နှလုံးရည်အဆင့်နိမ့်သူသာ ဖြစ်နေတတ်သည်။

သည်နေရာနှင် မိကောင်းဖခင်သားသမီးဆိုသည့်စကားရပ်၏ လေးနက်မှုကို သိမြင်နိုင်လိမ့်မည် ထင်ပါသည်။ မိဘကောင်းလျှင် သားသမီးကောင်းမည်၊ မိဘဆိုးလျှင် သားသမီးလည်းဆိုးမည်ဆိုသည့် အဓိပ္ပါယ်သဘောပင်ဖြစ်သည်။

နှလုံးရည်အဆင့်ကို မိဘထံမှရသဖြင့် ဆိုးသောမိဘမှ ပေါက်ဖွားလာသောသူသည် သားစဉ်မြေးဆက်ဆိုးပြီး အောင်မြင်မှုမရ၊ ဘ၀ခရီးလမ်းတစ်လျှောက်လုံး နလံမထူနိုင်ဖြစ်နေလျှင် သဘာဝကြီးကို တရားပါ့မလားဟု မေးစရာပေါ်လာနိုင်ပါသည်။

ထိုမေးခွန်းအတွက် အဖြေရှိပါသည်။ အဖြေက နှလုံးရည်အဆင့်အတန်းမြင့်မားလာစေရန် ပြုပြင်ယူ၍ရသည်ဆိုခြင်းပင်ဖြစ်၏

နှလုံးရည်အဆင့်ကို မိဘထံမှရသလို ဦးနှောက်ဉာဏ်ရည်အဆင့်မှာလည်း မိဘများထံမှ ထက်ဝက်ရကြောင်းတင်ပြလိုပါသေးသည်။ စိတ်ပညာရှင် ပါမောက္ခကြီး၏ သုတေသနပြုချက်အရ ဦးနှောက်ဉာဏ်ရည်အဆင့် ၅၀% မှာ မိဘများထံမှရရှိသည်။ ထိုသို့ရရှိခြင်းသည် အတိုးအလျော့မရှိ။ ပြောင်းလဲခြင်းမရှိပေ။ ကျန်သော ၅၀%ကို ပတ်ဝန်းကျင်နှင့် မိမိအား ထိန်းကျောင်းပြုပြင်ပေးသူ (ဆရာ၊ ဆရာမ)များထံမှရသည်။

ဦးနှောက်ဉာဏ်ရည်အဆင့်နိမ်သောပတ်ဝန်းကျင်တွင် နေထိုင်ကြီးပြင်းခ့သဲူ၊ ဉာဏ်ရည်အဆင့်နိမ့်သော ထိန်းကျောင်းပြုပြင်ပေးသူတို့လက်တွင် ကြီးပြင်းခ့သဲူသည် ကျန် ၅၀%မှာ အဆင့်နိမ့်တတ်သည်။ ကျွန်တော့်ဆိုလိုရင်းမှာ ပထမ ၅၀% (မိဘများထံမှရ)သည် ပြောင်းလဲမှု မရှိနိုင်သော်လည်း ကျန် ဒုတိယ ၅၀%သည် ပတ်ဝန်းကျင်နှင့်ပြုပြင်ထိန်းကျောင်းပေးသူများအပေါ် လိုက်ပြီး ဉာဏ်ရည်အနိမ့်အမြင့် ပြောင်းလဲမှုရှိတတ်ကြောင်းပင်ဖြစ်သည်။

ဦးနှောက်ဉာဏ်ရည်အဆင့် နှလုံးရည်အဆင့်တို့တွင် နှလုံးရည်အဆင့်က အဓိကကျကြောင်း ကျွန်တော် တင်ပြခဲ့ပြီးဖြစ်သည်။ ကျွန်တော် ပြောဆိုခြင်းအပေါ် ဉာဏ်ရည်အဆင့်ရှိရန်မလိုဟု မယူဆ စေလိုပါ။ လူတစ်ယောက်သည် ဉာဏ်ရည်အဆင့်ကောင်းပြီး၊ နှလုံးရည်အဆင့်အတန်းပါကောင်းလျှင် ထိပ်ဆုံးရောက်ဖို့ သေချာပါသည်။ ဉာဏ်ရည်အဆင့်နိမ့်ပြီး နှလုံးရည်အဆင့်ကောင်းလျှင်လည်း ထိပ်ဆုံးသို့ ရောက်နိုင်ပါသည်။ ဦးနှောက်ဉာဏ်ရည်အဆင့်သာကောင်းပြီး နှလုံးရည်မကောင်းလျှင် အဆင့်အတန်းတစ်ခုကို ရရှိနိုင်သော်လည်း ထိပ်ဆုံးသို့ မရောက်နိုင်၊ ရွှေလက်ပိုင်ရှင်မဖြစ်နိုင်ပါ။

နှလုံးရည်ကောင်းသော ရွှေလက်ပိုင်ရှင်ဖြစ်ရန် မိဘနှစ်ပါးက မပေးခဲ့လျှင် မိမိဘာသာ မိမိတည်ဆောက်ယူရပါမည်။ ထိုသို့တည်ဆောက်ရန် လိုအပ်သည့်အချက်များကို တင်ပြပါမည်။

နှလုံးရည်အဆင့်ပြောင်းလဲရန်အတွက် …………….

(၁) အခြေအနေကို မှန်မှန်ကန်ကန်အကဲဖြတ်ပါ။

(၂) မှန်ကန်စွာသိခြင်းဖြင့် ဘ၀င်မြင့်ခြင်း၊ သိမ်ငယ်ခြင်းတို့ကို ရှောင်ရှားရမည်။ မိမိစိတ်ကို အစွန်းတစ်ဘက်သို့ မရောက်ပါစေနှင့်။

(၃) စိတ်ခံစားချက်ကို ထိန်းချုပ်ပါ။ ၀မ်းနည်းလွယ်၊ ဒေါသဖြစ်လွယ် မရှိပါစေနှင့်။

(၄) ပြဿနာတစ်ရပ်ကို ဖြေရှင်းရာတွင် ငြိမ်းချမ်းစိတ်မွေးပါ။ စိတ်ကိုတည်ငြိမ်အောင်ထားပါ။

(၅) ကိုယ်ချင်းစာတရားရှိပါ။ အများ၏ ချစ်ခင်မှုရရှိစေရန် အပေးအယူမျှတစွာ နေတတ်အောင် ကြိုးစားလေ့ကျင့်ပါ။

(၆) စည်းကမ်းသတ်မှတ်ပါ။ အလုပ်အကိုင် အကြံအစည်တစ်ခုကို ချက်ချင်းထလုပ်ပါ။ အချိန်ရွေှ့ဆိုင်းခြင်းမပြုဘဲ သတ်မှတ်ချိန်တွင် ပြီးစီးအောင်လုပ်ပါ။

(၇) အပြုစိတ်ထားပါ။ အကောင်းဘက်က တွေးခေါ်စဉ်းစား အကောင်းမြင်စိတ်ထားပါ။

(၈) တစ်ဖက်သားကို အဓိပ္ပါယ်ရှိစွာ ချီးကျူးပါ။

(၉) သိက္ခာရှိခြင်း၏အဓိပ္ပါယ်ကိုသိပါ။ သိက္ခာရှိစွာနေထိုင်တတ်အောင် ကြိုးစားပါ။

ဖော်ပြပါအချက်များအနက် သင့်တွင် ဘာတွေရှိပြီး ဘာတွေချို့ယွင်းနေသည်ကို ဝေဖန် အကဲဖြတ်ပါ။ ချွတ်ယွင်းချက်များပြည့်စုံလာအောင်ကြိုးစားပါ။ သင်သည် နှလုံးရည်အဆင့်ရှိသူ တစ်ယောက်ဘ၀သို့ ရောက်လာပါလိမ့်မည်။ သင်သည် ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်လာနိုင်သလို သင်၏ သားစဉ်မြေးဆက်တို့လည်း ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်အောင် အမွေပေးနိုင်ပါလိမ့်မည်။

မိဘထံမှအမွေရသော နှလုံးရည်အဆင့်ကို မြင့်မားကြံ့ခိုင်လာစေရန် ကြိုးစားအားထုတ်ပြီး ပြုပြင် ပြောင်းလဲ၍ရသလို မိမိ၏အပြုအမူအနေအထိုင်ကြောင့် အမွေရထားသော နှလုံးရည်အဆင့် ပျက်စီးသွားနိုင်သည်ကိုလည်း သတိပြုစေချင်သည်။

လူတစ်ယောက်ကို ကောင်းအောင်ပြုပြင်နိုင်သူသည် ထိုသူကိုယ်တိုင်ဖြစ်သလို ဆိုးအောင် တွန်းပို့နိုင်သူမှာလည်းထိုသူပင်ဖြစ်သည်။

သင်သည် ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်သော်လည်း နှလုံးရည်အဆင့်မြင့်သူဖြစ်ခဲ့လျှင် သင့်ထံမှ အမွေမရနိုင်သော ဉာဏ်ရည်အဆင့်သို့ သားသမီးများ ရရှိနိုင်စေရန်ကောင်းသော ပတ်ဝန်းကျင်၌နေပါစေ။ ကောင်းသော ပြုပြင်ထိန်းသိမ်းသူနှင့် တွေ့ပါစေ။

လူတစ်ယောက်အတွက် ဉာဏ်ရည်အဆင့်ရှိပြီး နှလုံးရည်အဆင့်ပါရှိလျှင် အကောင်းဆုံးဟု ကျွန်တော် ဆိုချင်ပါသည်

credit to ခွန်အားရှိသောစာ
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်