Internet အသုံးပြုသူတွေအနေနဲ့ online accounts တွေအများအပြားရှိမယ်လို့ ယုံကြည်ပါတယ်။အဲဒီ အကောင့် user name ,password တွေကို ထိန်းသိမ်းဖို့  password manager တွေသုံးရင်ပိုအဆင်ပြေစေပါတယ်။အရင်ဆောင်းပါးတစ်ခု မှာ LastPass Password Manager အကြောင်းရေးဖူးပါတယ်။LastPass က password တွေကို online မှာသိမ်းတာပါ။KeePass ကတော့ password တွေကို သင့်စက်ထဲမှာသိမ်းတဲ့အတွက် အချိန်မရွေးအသုံးပြုနိုင်ပါတယ်။
KeePass ကိုဖွင့်ပြီးရင် New ကိုနှိပ်ပြီး database တစ်ခု တည်ဆောက်ပါ။ပြီးရင် Master Password တစ်ခု ပေးရပါမယ်။သင့် ကွန်ပြူတာ က အ များသုံးဆို ရင် လည်းအဆင် ပြေ ပါ တယ်။ Users တွေအနေနဲ့  ကိုယ်ပိုင် password database တွေတည်ဆောက်အသုံးပြုနိုင်ပါတယ်။
Password Database တည်ဆောက်ပြီးရင် Add Entry ကိုနှိပ်ပြီး websites,user name, password တွေဖြည့်သွင်းပါ။သင် ဟာ lastpass user ဆိုရင်လည်း lastpass password တွေကို import လုပ်နိုင်ပါတယ်။နောက်ပြီး password တွေမှတ်ထားတဲ့ text file တွေကနေလည်း import လုပ်နိုင်ပါတယ်။
ပုံမှာတွေ့ တဲ့အတိုင်း password တွေကို အလိုလို generate လုပ်ပေးပါတယ်။သင်ဟာအကောင့်အသစ်လုပ်တာဆိုရင်တော့ဒီ password တွေကိုအဆင်သင့်ယူသုံးနိုင်ပါတယ်။ရှိပြီးသားအကောင့်ကို ဖြည့်မယ်ဆိုရင်တော့ သင့် website url,user name,password တွေကိုဖြည့်ပေးပါ။အကောင့်တွေ သွင်းပြီးသွားရင်တော့ သင်သွားချင်တဲ့ ဆိုက်ကို keepass ကနေသွားလို့ ရပါတယ်။နောက်ပြီး user name ,password တွေကို Perform Auto-Type ကိုနှိပ်ပြီး အလိုလို ဖြည့်ခိုင်းပြီး sign in လုပ်နိုင်ပါတယ်။KeePass က freeware ပါ။Latest version ကို KeePass website မှာ ဒေါင်းလုပ်လုပ်ပါ။
Checkout KeePass @ http://keepass.info
No comments:
Post a Comment