Windows8 Metro Applications တွေကို ဖွင့် ကြည့်ရင် close,minimize,maximize buttons တွေကို တွေ့ ရမှာမဟုတ်ပါဘူး။အခုဆောင်းပါးမှာ keyboard , mouse စတာတွေကို အသုံးပြုပြီး full screen metro applications တွေကို close,minimize,maximize လုပ်တာတွေကို ဝေမျှပါတယ်။Windows 8 pro ကို ဒေါင်းလုပ်လုပ်ဖို့ တင်ပေးထားပါတယ်။နောက်ပြီး Windows 8 မှာ start menu ကို ပြန်အသုံးပြုနိုင်ဖို့ ဆောင်းပါး နဲ့  start screen ကို customize လုပ်နိုင်ဖို့ ဆောင်းပါး တွေကိုလည်း ရေးပေးထားပါတယ်။
Use The Keyboard To Close A Metro App
အရင် ၀င်းဒိုးတွေမှာ အသုံးပြုတဲ့ နည်းလမ်းအတိုင်းပဲ Alt + F4 ကို နှိပ်ပြီး full screen metro app တွေကို ပိတ်နိုင်ပါတယ်။
Use The Mouse To Close A Metro App
Application window ရဲ့  အပေါ်ဆုံး အစွန်ကို mouse cursor ရွှေ့ ပါ။လက်ဝါးပုံပေါ်လာရင် Left click ကို drag ဆွဲ ပြီး application window ရဲ့  အောက် အစွန်းကို ဆွဲချပါ။ဒါဆို application ပိတ်သွားပါလိမ့်မယ်။
Minimize A Metro App
Application ကို keyboard ကိုအသုံးပြုပြီး minimize လုပ်ဖို့ အရင် ၀င်းဒိုး တွေ က နည်းအတိုင်းပဲ Win + D ကို နှိပ်ပါ။Mouse အသုံးပြုပြီး minimize လုပ်ဖို့ အတွက်ဘယ်ဘက်အောက်ထောင့်စွန်းကို mouse cursor ရွှေ့ ပါ။Start screen ပေါ်လာရင် left click နှိပ်ပါ။Start screen ကို ပြန်ရောက်သွားပြီး application ကတော့ background မှာ run နေမှာပါ။
Restore,Close A Minimize App
Minimize လုပ်ထားတဲ့ metro applications ကို restore ,close လုပ်ဖို့  start screen က ဘယ်ဘက်အပေါ်ထောင့်စွန်းကို mouse ရွှေ့ ပြီး thumbnail ပေါ်လာရင် left click ကို နှိပ်ရင် application ကို ပြန်အသုံးပြုနိုင်ပါပြီ။ဒါမှမဟုတ် ပိတ်ချင်ရင်တော့ thumbnail ပေါ်မှာ right click နှိပ်ပြီး close ကို နှိပ်ပါ။
No comments:
Post a Comment