သင့် gmail က မေးတွေကို offline ဖတ်နိုင်အောင်ပြုလုပ်ပေးနိုင်တဲ့ chrome extension ပါ။ဒါ့အပြင် မေးတွေပါပေးပို့ နိုင်ဖို့ ရေးသားထားနိုင်ပြီး ကွန်နက်ရှင် ရတာနဲ့ အလို လို ပေးပို့ ပေးနိုင်ပါတယ်။ဒီ extension ရဲ့ အလုပ်လုပ်ပုံက ကွန်နက်ရှင်ရနေတဲ့ အချိန်မှာ background မှာ run နေပြီး မေးတွေကို synchronizes လုပ်ထားတာဖြစ်လို့  offline ဖြစ်နေတဲ့ အချိန်မှာ သင့်မေးတွေကို ဖတ်ရှနိုင်တာပါ။Firefox user တွေအတွက်တော့ ဒီလို မျိုး add-on မရှိသေးပါဘူး။Gmail အကောင့် တစ်ခုထက်ပို ရှိတဲ့ သူတွေ အတွက် လည်း အကောင့်တစ်ခု ထက်ပို အသုံးပြုနိုင်ပါတယ်။
Tuesday, January 29, 2013
Atomic Alarm Clock 5 With Serial
Windows built-in clock နေရာမှာ အစားထိုးနိုင်ပြီး alarm ပေးနိုင်ပါတယ်။Windows system tray နေရာကနာရီနေရာမှာ အစားထိုးဖော်ပြနေမှာဖြစ်ပြီး ရွေးချယ်စရာ skins တွေလည်းပါရှိပြီး နောက်ထပ် Download လည်းလုပ်နိုင်ပါတယ်။သင့်စိတ်ကြိုက်အသံဖိုင်ကို ရွေးချယ်ပြီး alarm လုပ်ထားနိုင်ပြီး message ရေးသားပြီး alarm ပေးနိုင်ပါတယ်။သင့်ကွန်ပြူတာ က အချိန်ကိုလည်း atomic time server နဲ့  sync လုပ်နိုင်ပါတယ်။Calendar widget လည်းပါရှိပါတယ်။Windows XP, 7 စတဲ့ os တွေမှာသုံးနိုင်ပါတယ်။
Monday, January 28, 2013
Ashampoo Uninstaller 5.02 With Crack
Program တစ်ခု ကို Windows uninstaller နဲ့  uninstall လုပ်တဲ့ အခါ leftovers တွေဖြစ်တဲ့ files,folders,registry,icon စတဲ့ အမှိုက်တွေ ကျန်ခဲ့ပါတယ်။Program တွေ install/uninstall လုပ်တာများလာတာနဲ့ အမျှ သင့် ကွန်ပြူတာ ထဲမှာ အမှိုက်တွေ ကျန်ခဲ့ ပြီးစက်လေးလာမှာပါ။အဲဒီအတွက် uninstaller တွေသုံးသင့်ပါတယ်။ Ashampoo uninstaller က အမှိုက်တွေ စက်ထဲမှာ မကျန်အောင် uninstall လုပ်နိုင်ပါတယ်။ Program တွေ ကို install လုပ် ပေးနိုင်ပြီး install လုပ်တဲ့အချိန်မှာ စောင့်ကြည့်မှတ်သားထားနိုင်ပြီး uninstall လုပ်တဲ့ အခါ အမှိုက်တွေ မကျန်အောင် uninstall လုပ်နိုင်ပါတယ်။ဒါ့အပြင် drive cleaner,registry optimizer,internet cleaner,hard disk defrag,service manager,startup tuner,font manager,system restore manager,file wiper,undeleter,link checker,duplicate finder စတာတွေလည်းပါရှိပါတယ်။Windows® XP, Windows Vista® (32bit/64bit), Windows® 7 (32bit/64bit), Windows® 8 (32bit/64bit) စတဲ့ os တွေ မှာသုံးနိုင်ပါတယ်။
Ashampoo Internet Accelerator 3.20 With Serial
Internet speed ကို မြန်အောင် Computer က အင်တာနက် setting, browser setting တွေကို ကောင်းမွန်အောင်လုပ်ပေးနိုင်ပါတယ်။Internet Explorer,Firefox က setting တွေကို သင့် စိတ်ကြိုက်ပြုပြင် ပြီး ပို မြန်အောင်လုပ်ပေးနိုင်ပါတယ်။Internet cleaner tool ပါရှိပြီး Internet Explorer, Firefox and Opera က history,cookies,cache စတဲ့  traces တွေကို ရှင်းပေးနိုင်ပါတယ်။Internet speed test လည်းပြုလုပ်နိုင်ပြီး ဒီဆော့ဝဲ အသုံးမပြုခင်နဲ့ အသုံးပြုပြီး တိုးတက်မှုကို လည်း ကြည့်ရှုနိုင်ပါတယ်။Hoset file checker ပါရှိပြီး malware တွေ host file ကို မပြင်နိုင်အောင်ပြုလုပ်ပေးနိုင်ပါတယ်။ဒီဆော့ဝဲကို သုံးပြီး speed မမြန်ဘဲ နှေးသွားခဲ့ ရင် setting တွေကို ပြန်ပြီး reset လုပ်နိုင်ပါတယ်။Windows® XP, Windows Vista®(32bit/64bit) and Windows® 7 (32bit/64bit) စတဲ့ os တွေမှာသုံးနိုင်ပါတယ်။
Ashampoo HDD Control 2.10 With Crack
သင့်ကွန်ပြူတာ hard drives တွေ ရဲ့  health , performance , temperature တွေကို အချိန်ပြည့် စောင့်ကြည့်ပေးနိုင်ပြီး ပျက်စီးမှုမဖြစ်ခင် အကြံပေး ၊အဖြေရှာပေးနိုင်ပါတယ်။Hard drives တွေကို auto defragment လုပ်ပေးနိုင်ပါတယ်။Hard drives speed ကို စမ်းသပ်ပေးနိုင်ပြီး online မှာ compare လုပ်နိုင်ပါတယ်။Drive cleaner,internet cleaner စတာတွေလည်း ပါရှိပါတယ်။Data recovery လည်း ပြုလုပ်နိုင်ပြီး မတော်တဆမှားဖျက်မိတဲ့ ဖိုင်တွေကို ပြန်ရှာပေးနိုင်ပါတယ်။Data destruction ကတော့ သင့် Hard drives က personal files တွေကို ပြန်လည်ရှာလို့ မရအောင်ဖျက်ဆီးပေးနိုင်ပါတယ်။Windows® XP, Windows Vista® (32bit/64bit), Windows® 7 (32bit/64bit), Windows® 8 (32bit/64bit) စတဲ့ os တွေမှာ သုံးနိုင်ပါတယ်။
Sunday, January 27, 2013
StarDock Multiplicity 2.01 With Patch
Computer အများအပြားကို mouse and keyboard တစ် စုံတည်းနဲ့ ထိန်းချုပ် ပေးနိုင်တဲ့ ဆော့ဝဲ ပါ။ကွန်ပြူတာ တွေက အသံတွေကို ကွန်ပြူတာတစ်လုံးတည်းမှာ ကြားနိုင်အောင်လည်းလုပ်ပေးနိုင်ပါတယ်။ကွန်ပြူတာ တစ်လုံးနဲ့ တစ်လုံးကြားမှာ drag and drop လုပ်ပြီး data တွေ ကူးပြောင်းနိုင်ပါတယ်။ကွန်ပြူတာ အများအပြားကို keyboard တစ်ခုတည်းကနေ တစ်ပြိုင်နက်တည်း စာတွေ ရိုက်နိုင်ပါတယ်။ကွန်ပြူတာတွေကို တစ်ပြိုင်နက်တည်း Lock လုပ်နိုင်ပါတယ်။Windows 7/8/Vista/XP (XP 32-bit only) စတဲ့ OS တွေမှာသုံးနိုင်ပါတယ်။
Saturday, January 26, 2013
How To Use Windows Installer Disc To Backup Your Files When Your Computer Won’t Boot
သင့်ကွန်ပြူတာက ဖိုင်တွေကို Backup လုပ်မထားမိဘူး ၊ ကွန်ပြူတာကလည်း boot မတက်နိုင်တော့ဘူး၊ဒါဆိုရင် သင့်ဖိုင်တွေ ဆုံးရှုံးသွားပြီလား? စိတ်မပူပါနဲ့ ။အဲဒီအတွက် အဖြေရှိပါတယ်။သင့်မှာ လို အပ်တာက Windows 7 (or) Windows 8 Installation Disc ပါ။အဲဒီ disc ကနေ boot မတက်တော့တဲ့ Windows XP, Windows Vista , Windows 7 and Windows 8 ကွန်ပြူတာကဖိုင်တွေကို ပြန်ပြီး ရယူနိုင်ပါတယ်။သင့်မှာ Windows installation disc မရှိရင်လည်း USB Drive ကနေ Boot တက် နိုင်ပါတယ်။
Friday, January 25, 2013
Change The Firefox Button With CustomAppButton[Firefox Add-On]
Firefox browser က single menu button က စာသား ၊ အရောင် ကို သင့်စိတ်ကြိုက်ပြုလုပ်ပေးနိုင်တဲ့ firefox add-on တစ်ခုပါ။ဒါ့အပြင် CustomAppButton ဆိုတဲ့ add-on က single menu button ပေါ်မှာ middle click ,right click နှိပ်ပြီး CustomAppButton Options, options, add-on, file, edit, view, history, bookmark, tools, help စတာတွေကို အလွယ်တကူအသုံးပြုနိုင်အောင်ပြုလုပ်ပေးနိုင်ပါတယ်။
Face Off Max 3.4.9.8 With Patch & Keygen
အသင့်ပါရှိပြီးသား body template တွေမှာ မိမိရဲ့ မျက်နှာပုံကို အလွယ်တကူ တပ်ဆင်ပေးနိုင်တဲ့ fun software တစ်ခုပါ။အသင့်ပါပြီးသား body template တွေအပြင် မိမိရဲ့ တစ်ကိုယ်လုံးပုံတွေမှာလည်း ကြိုက်နှစ်သက်ရာ မျက်နှာတပ်ဆင်နိုင်ပါတယ်။www.faceoffmax.com/templates.html မှာလည်း templates တွေအခမဲ့ ဒေါင်းလုပ်ရယူနိုင်ပါတယ်။ပြုလုပ်ပြီးတဲ့ ပုံတွေကို သိမ်းနိုင်ပြီး Facebook , Myspace, blog, email စ တာ တွေမှာလည်း share လုပ်နိုင်ပါတယ်။ပုံတွေမှာစာတွေလည်းထည့်သွင်းနိုင်ပါတယ်။Body template က skin နဲ့  မိမိမျက်နှာပုံက skin ကို match ဖြစ်အောင်လုပ်ပေးတဲ့ tools တွေလည်းပါရှိပါတယ်။မျက်နှာ က မလို အပ်တဲ့ အစိတ်အပိုင်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။အသုံးပြုရတာလွယ်ကူပြီး fun image တွေလွယ်လွယ်ကူကူ ဖန်တီးနိုင်ပါတယ်။
Thursday, January 24, 2013
Flip Image 3.1.0 With Serial
Image ဖိုင်အများအပြားကို album အနေ နဲ့  ကြည့်လို့ ရအောင်လုပ်ပေးနိုင်တဲ့ flip book maker software တစ်ခုပါ။JPEG/JPG/JPE, BMP/Bitmap, PNG, TIF/TIFF, PSD, PCX, JPEG2k/JP2/J2K, RAW, DCM/DIC/DICOM စတဲ့ image ဖိုင်တွေကို အသုံးပြုနိုင်ပြီးအသင့်ပါရှိပြီးသား frame ,clip art တွေနဲ့ လည်းအလှဆင်နိုင် ပါတယ်။ပြုလုပ်ပြီးတဲ့ flip book ကို HTML, EXE, Zip and Burn to CD စတဲ့ ဖောက်မက်တွေအနေနဲ့  output ထုတ်နိုင်ပြီး pdf ဖိုင်အနေနဲ့ လည်း သိမ်းနိုင်ပါတယ်။Flip book မှာ social share button,sound on/off button စတာတွေလည်းထည့်သွင်းနိုင်ပြီး web ပေါ်ကို upload လုပ်နိုင်ပါတယ်။Windows 7, Vista, XP စတဲ့ os တွေမှာသုံးနိုင်ပါတယ်။နမူနာ flip book ကို www.flipbuilder.com/flip-image/example/ မှာကြည့်နိုင်ပါတယ်။
Profi.ly : Get Uniform Web Address For Your Different Online Profiles
ဒီနေ့ ခေတ် မှာ social networks တွေအများအပြားရှိလာပြီးတော့ popular social networks တွေဖြစ်တဲ့ facebook,linkedin,twitter စတာတွေမှာ အကောင့်တစ်ခုစီရှိကြမယ်လို့ ယုံကြည်မိပါတယ်။မိသားစု၊သူငယ်ချင်း၊မိတ်ဆွေ တွေနဲ့  အဆက်အသွယ်ရဖို့ လည်း ဒီ social networks တွေကို အသုံးပြုကြပါတယ်။သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့ သင့်ရဲ့  profile address တွေကို ပေးပို့ ရယူကြပါတယ်။Facebook,linkedin,twitter စတာတွေက profile address တွေဟာ ရှည်လျားပြီးမှတ်ရတာ မလွယ်ပါဘူး။Profile address တွေကို တူညီပြီးမှတ်သားရလွယ်ကူတဲ့ address တွေရအောင်ပြုလုပ်ပေးနိုင်တဲ့ free web service တစ်ခုကတော့ Profi.ly ပါ။ ဥပမာ ။ ကျွန်တော့် ရဲ့  facebook profile address က profi.ly/thuya/facebook ၊ Twitter အတွက် က profi.ly/thuya/twitter ၊ Linkedin အတွက် က profi.ly/thuya/linkedin ပါ။မှတ်ရတာလွယ်ကူပြီး သင့်သူငယ်ချင်းတွေကို အလွယ်တကူ ပဲ profile address ကို ပေးပို့ နိုင်ပါတယ်။
Wednesday, January 23, 2013
Fences 2.01 With Patch
သင့်ကွန်ပြူတာ desktop ပေါ်မှာ applications တွေများပြားပြီးရှုပ်နေရင် stardock ရဲ့ fences ကို သုံးကြည့်ပါ။Applications တွေကို organize လုပ်ပေးနိုင်ပြီး ခြံစည်းရိုးခတ်ပြီးအသုံးပြုနိုင်တဲ့အတွက် မျက်စိရှုပ်သက်သာစေပါတယ်။Desktop ကလွတ်တဲ့နေရာမှာdouble click နှိပ်ပြီး Icons,fences တွေကို hide/unhide လုပ်ပေးနိုင်ပါတယ်။အသစ်ပါရှိလာတဲ့ feature တွေကတော့ desktop အများအပြားပြုလုပ်ပေးနိုင်ပြီး အဲဒီ desktop တွေမှာ icons,fences တွေကို organize လုပ်ပေးနိုင်ပါတယ်။Fences တွေထဲက applications တွေကို sort လုပ်ပေးနိုင်ပါတယ်။ဖိုဒါတွေကိုလည်း fences အနေနဲ့ desktop မှာအသုံးပြုနိုင်ပါသေးတယ်။ Fences တွေရဲ့ နာမည်စာလုံးဖောင့်အမျိုးအစား(မြန်မာဖောင့်အပါအ၀င်) ၊အရောင်တွေကိုလည်း သင့်စိတ်ကြိုက်ပြုလုပ်နိုင်ပါတယ်။Windows 8/7/Vista/XP (XP 32-bit only) စတဲ့ os တွေမှာသုံးနိုင်ပါတယ်။
Norton Ghost 15.0.0.35659 With Serial
Tools တွေ စုံလင်စွာပါရှိတဲ့ Backup Manager တစ်ခုပါ။Operation System တစ်ခုလုံးနဲ့  ဖိုင်အားလုံးကို backup and restore လုပ်ပေးနိုင်ပါတယ်။Automatic backup လုပ်ပေးနိုင်ပြီး external drive တွေမှာလည်း backup လုပ်ပေးနိုင်ပါတယ်။File types အမျိုးအစားပေါ်မူတည်ပြီးလည်း backup လုပ်ပေးနိုင်ပါတယ်။Incremental backup လည်းလုပ်ပေးနိုင် ပါတယ်။ဖိုင်တွေကို ချှုံ့ ပြီးသိမ်းပေးနိုင်သလို password ခတ်ပြီးသိမ်းနိုင်ပါတယ်။ OS boot မတက်နိုင်တဲ့အခြေအနေမျိုးမှာလည်း system restore လုပ်ပေးနိုင်ပါတယ်။Windows 7 ,Vista,XP စတဲ့ os တွေမှာ သုံးနိုင်ပါတယ်။
Saturday, January 19, 2013
WinZip Pro 17 With Keygen
Files , folders တွေကို zip ဖိုင်အနေနဲ့  ပြုလုပ်ပေးနိုင်သလို ဆိုက်အသေးဆုံး လုပ်ပေးနိုင်တဲ့ .zipx ဆို တဲ့ နည်းပညာအသစ်တစ်ခု ပါရှိလာပါတယ်။Zip, Zipx, RAR, 7Z, TAR, GZIP အပါအ၀င် တစ်ခြား zip ဖိုင်အများအပြားကို unzip လုပ်ပေးနိုင်ပါတယ်။Google Drive, SkyDrive and Dropbox စတဲ့ cloud services တွေကို zip လုပ်ပြီး upload လုပ်ပေးနိုင်ပါတယ်။Cloud ကဖိုင်တွေကို zip and unzip လုပ်နိုင်ပြီး share လုပ်နိုင်ပါတယ်။Facebook, Twitter and LinkedIn with ZipShare စတဲ့ social networks တွေမှာ share အလွယ်တကူလုပ်နိုင်ပါတယ်။ပုံတွေကို resize လုပ် ပေးနိုင်ပြီး watermark တွေပါထည့်သွင်းနိုင်ပြီး zip လုပ်ပေးနိုင်ပါတယ်။MS Office Documents တွေကိုလည်း PDF ဖိုင်အနေနဲ့  ပြောင်းလဲပေးနိုင်ပြီး zip လုပ်ပေးနိုင်ပါတယ်။Zip ဖိုင်တွေကို password တွေ နဲ့  encrypt လုပ်နိုင်ပါတယ်။Windows XP,Vista,7,8 စတဲ့ OS တွေမှာသုံးနိုင်ပါတယ်။
Wednesday, January 16, 2013
AOMEI Partition Assistant Home Edition
Tools တွေ စုံလင်စွာပါရှိတဲ့ Partition Manager တစ်ခုပါ။Partition တွေကို resize,extend,move,split,merge,create,wipe,delete လုပ်နိုင်ပါတယ်။Copy hard disk,copy partition စတာတွေပါပြုလုပ်နိုင်ပြီးသင့် OS တစ်ခုလုံးနဲ့  အင်စတောလုပ်ထားတဲ့ applications တွေအားလုံးကို hard disk တစ်ခု ကနေ အခြား တစ်ခု ကို ကူး ပြောင်းပေးနိုင် တဲ့ Migrate Os feature လည်းပါရှိပါတယ်။Partition recovery လည်းပြုလုပ်နိုင်ပြီး ပျောက်ဆုံးသွားတဲ့ ဖိုင်တွေကို ပြန်လည်ရှာပေးနိုင်ပါတယ်။Windows XP,Vista,7 and 8 os တွေမှာ အသုံးပြုနိုင်ပါတယ်။Home edition က freeware ပါ။Pro version မှာ တော့ feature တွေ ပို စုံပေမယ့်  home user တွေအတွက် home edition လောက်ဆိုရင်လုံလောက်တဲ့ tools တွေ စုံလင်စွာပါရှိပါတယ်။EaseUS Partition Master , Paragon Hard Disk Manager စတဲ့အလားတူ ဆော့ဝဲတွေကို တင်ပေးထားပါတယ်။ဒီဆော့ဝဲရဲ့  ကောင်းမွန်တဲ့ အချက်က system ကို restart လုပ်စရာမလိုဘဲ သင့်အလုပ်တွေကို ပြီးမြောက်အောင်ပြုလုပ်ပေးနိုင်ပါတယ်။Tutorial တွေကို official page မှာလေ့လာနိုင်ပါတယ်။
How To Use Windows 8 's Built-In Anti-Virus
Windows 8 မှာ Microsoft Security Essential ကို အင်စတောလုပ်လို့ မရပါဘူး။ဘာလို့ လဲဆိုရင် MSE က Windows 8 မှာ Windows Defender အနေနဲ့  Built-In ပါပြီးသားမို့ ပါ။Windows 8 မှာ တစ်ခြား Antivirus တွေကို အသုံးပြုချင်ရင်လည်း သုံးနိုင်ပါတယ်။ဒါမှမဟုတ် အသင့်ပါပြီးသား Windows Defender ကို သုံးချင်တဲ့သူတွေ အတွက် နည်းလမ်းမျှဝေပါတယ်။
Tuesday, January 15, 2013
Reallusion CrazyTalk Animator Pro 1.2.2010.1 With Crack
Tools တွေစုံလင်စွာပါရှိတဲ့  Animator software တစ်ခုပါ။ အသင့်ပါရှိပြီးသား cartoon ပုံ တွေ မှာ သင့် မျက်နှာကို အလွယ်တကူတပ်ပြီး animation ပြုလုပ်နိုင်ပါတယ်။သင့်ရဲ့  ခန္တာကိုယ်တစ်ခုလုံးပုံကနေလည်း animation ပြုလုပ်နိုင်ပါတယ်။Actor,Animation,Scene စတာတွေ ထည့် သွင်းနိုင်ဖို့  template တွေ အသင့်ပါရှိပါတယ်။အသံဖိုင်တွေပါထည့်သွင်းနိုင် ပြီး အသံထွက်အတိုင်း သင့် ပါးစပ်လှုပ်ရှားမှုတွေ ကို ပါ ပြုလုပ်ပေးနိုင်ပါတယ်။။ပြုလုပ်ပြီးတဲ့ animation တွေကို image,video,swf ဖိုင်တွေ အနေနဲ့  export လုပ်ပြီးသိမ်းနိုင်ပါတယ်။ဖိုင်ဆိုက် (300) mb ကျော်ရှိတဲ့အတွက် ကျွန်တော့် file hosting sites တွေကို ပြန်ပြီး upload မလုပ်နိုင်ပါဘူး။ကျွန်တော် ဒီ ဆော့ဝဲကို torrent ဆိုက်ကနေ ရရှိတာပါ။ဆောင်းပါးအောက်ဆုံး မှာ Torrent ဖိုင်ကို ဒေါင်းဖို့ လင့်ပေးထားပါတယ်။Torrent ဖိုင်တွေ အကြောင်းနဲ့  Torrent ဖိုင်တွေကို ဘယ်လို Download လုပ်ရလဲ ဆိုတာရေးထားတဲ့ ဆောင်းပါးတွေကို ဖတ်ပြီး ဒေါင်းလုပ်လုပ်ပါ။Tutorial တွေကို official page မှာလေ့လာနိုင်ပါတယ်။
Monday, January 14, 2013
RAM Saver Pro 13 With Serial
သင့်ကွန်ပြူတာလျှင်မြန်စွာအလုပ်လုပ်ပေးနိုင်အောင်ပြုလုပ်ပေးနိုင်တဲ့ RAM Optimizer တစ်ခုပါ။Total RAM Memory,Available Memory,Used Memory ကို အချိန်နဲ့ တပြေးညီဖော်ပြပေးနိုင်ပါတယ်။Automatic RAM Defragmenting ပြုလုပ်ပေးနိုင်တဲ့ အတွက် သင့်ကွန်ပြူတာ လေးမသွားအောင်ပြုလုပ်ပေးနိုင်ပါတယ်။RAM memory ကို အသုံးပြုနေတဲ့ applications တွေကို ဖော်ပြပေးနိုင်ပြီး အသုံးမပြုတဲ့ process တွေကို သတ်ပေးနိုင်ပါတယ်။
Sunday, January 13, 2013
Keep Your Desktop Wallpapers Always Fresh With John’s Background Switcher
သင့်ကွန်ပြူတာ desktop background တွေကို ကြည့်ရတာရိုးအီ နေရင်တော့ fresh ဖြစ်တဲ့ background တွေကို အမြဲ update လုပ်ပေးနိုင်တဲ့ John’s Background Switcher ဆိုတဲ့ freeware ကို သုံးကြည့် ပါ။Facebook,instagram,flickr,google image search,rss photo feed,picasa web album စတာတွေကနေ ပုံတွေကို အမြဲ update လုပ်ပေးနိုင်ပါတယ်။ဒါ့အပြင် သင့် ကွန်ပြူတာက ပုံတွေကို လည်း background အဖြစ်ပြုလုပ်နိုင်ပါတယ်။သင်ကြိုက်နှစ်သက်တဲ့ပုံတွေကို သိမ်းထားနိုင်သလို အီးမေး ပို့ နိုင်ပါတယ်။
Saturday, January 12, 2013
Restart Windows Explorer Process In Windows 8
Windows 7 မှာ shortcut ပြုလုပ်ပြီး Windows explorer ကို restart လုပ်နိုင်တဲ့ ဆောင်းပါးကို ရေးပေးပြီးပါပြီ။အခု Windows 8 မှာ windows explorer ကို restart လုပ်နည်းကို ရေးပါမယ်။သင့်ကွန်ပြူတာ hang တဲ့ အခါမျိုးတွေ ၊ applications တွေကို အင်စတောလုပ်ပြီးချိန်မှာ restart လုပ်ခိုင်းတဲ့ အခါမျိုးတွေ မှာ computer ကို restart လုပ်စရာမလိုဘဲ windows explorer ကို ပဲ restart လုပ် လိုက်ရင် ရတဲ့ အတွက် အချိန်ကုန်သက်သာပါတယ်။
How To Access Administrative Tools In Windows 8
Windows 8 မှာ Administrative Tools တွေကို default အားဖြင့် ဖွက်ထားပါတယ်။Search ကနေလည်းရှာလို့ မရပါဘူး။အရင်ဝင်းဒိုးတွေမှာလို Computer management,disk management,device manager,services and applications,performance monitor,resource monitor,task scheduler,disk cleanup,component services,event viewer စတာတွေ ပါဝင်တဲ့ administrative tools တွေကို သင် ပြန်ပြီး အသုံးပြု နိုင်မယ့်နည်းကို မျှဝေပါတယ်။
How To Prevent Files From Opening In Metro In Windows 8
Windows 8 မှာ image,music,video ဖိုင်တစ်ခုခု ကို ဖွင့်ကြည့်ရင် metro applications တွေနဲ့ ဖွင့်ပေးမှာဖြစ်ပါတယ်။အဲဒီ metro apps တွေကို မသုံးချင်ဘဲ အရင်ဝင်းဒိုးတွေမှာလို windows media player , photo viewer တွေနဲ့ ဖွင့်ချင်ရင်တော့ default programs မှာ ပြင်ပေးရမှာပါ။
How To Take A Screenshot In Windows 8 With No Extra Software
Windows 8 မှာတစ်ခြားဆော့ဝဲတွေ မသုံးဘဲနဲ့  အလွယ်တကူ screenshot ရိုက်နိုင်မယ့်နည်းလေးပါ။Windows 8 ကို ဒေါင်းလုပ်လုပ်နိုင်ဖို့ တင်ပေးထားပါတယ်။Windows 8 and 7 ကို dual-boot လုပ်နည်း၊dual-boot ကနေ windows 8 ကို remove လုပ်နည်းတွေလည်းရေးပေးထားပြီးပါပြီ။Windows 8 start screen ကို customize လုပ်နည်း၊start menu အသုံးပြုနည်း၊refresh and reset လုပ်နည်း၊automatically logon လုပ်နည်း၊full screen metro apps တွေကို shut down and minimize လုပ်နည်းတွေကို လည်းရေးပေးထားပါတယ်။
Friday, January 11, 2013
How To Shut Down Or Minimize Full Screen Metro Apps In Windows 8
Windows8 Metro Applications တွေကို ဖွင့် ကြည့်ရင် close,minimize,maximize buttons တွေကို တွေ့ ရမှာမဟုတ်ပါဘူး။အခုဆောင်းပါးမှာ keyboard , mouse စတာတွေကို အသုံးပြုပြီး full screen metro applications တွေကို close,minimize,maximize လုပ်တာတွေကို ဝေမျှပါတယ်။Windows 8 pro ကို ဒေါင်းလုပ်လုပ်ဖို့ တင်ပေးထားပါတယ်။နောက်ပြီး Windows 8 မှာ start menu ကို ပြန်အသုံးပြုနိုင်ဖို့ ဆောင်းပါး နဲ့  start screen ကို customize လုပ်နိုင်ဖို့ ဆောင်းပါး တွေကိုလည်း ရေးပေးထားပါတယ်။
Thursday, January 10, 2013
How To Make Your Windows 8 PC Logon Automatically
Windows 7 & vista မှာ logon အလို အလျောက် ပြုလုပ်ဖို့ ဆောင်းပါး ရေးပေးပြီးပါပြီ။အခုတစ်ခါ Windows 8 မှာ logon အလိုအလျောက်ပြု လုပ်နိုင်ဖို့ ရေးပေးပါမယ်။ သင့် windows 8 ကွန်ပြူတာ ကို ဖွင့်တိုင်း password တွေ ရိုက်ထည့်ရတာအလုပ်ရှုပ်တယ်ဆိုရင်ဒီနည်းလေးကို သုံးကြည့်ပါ။
Wednesday, January 9, 2013
Ways To Access Startup Settings In Windows 8
Windows 8 မှာ Safe Mode ကို ၀င်ဖို့ အရင် Windows တွေမှာ လို function key, F8 စတာတွေ နှိပ်ပြီးဝင်လို့ မရတော့ပါဘူး။BIOS configuration ထဲဝင်လို့ လည်းမရတော့ပါဘူး။Startup Settings ကို အသုံးပြုပြီးတော့ boot options menu ကို ၀င်ရောက်နိုင်မှာပါ။ဒီဆောင်းပါးမှာဒီနည်းတွေကို ရေးပါမယ်။
Tuesday, January 8, 2013
Moborobo : The Most Comprehensive Android & IOS Management Tool
Android & IOS devices တွေကို computer ကနေ manage လုပ်နိုင်မယ့် tools တွေစုံလင်စွာပါရှိတဲ့ software တစ်ခုပါ။Moborobo လုပ်ပေးနိုင်တဲ့ အလုပ်တွေကတော့ contacts,messages, call logs,images,media,applications,ringtones,themes,wallpaper စတာတွေကို သင့်ကွန်ပြူတာမှာ backup and restore လုပ်ပေးနိုင်ပါတယ်။Android , Ios device ရဲ့  screen ကို real time တွေ့ မြင်နိုင်ပြီး screenshot ရိုက်ပြီး သိမ်းထားနိုင်ပါတယ်။ကွန်ပြူတာကနေ message တွေဖတ်နိုင် ပေးပို့ နိုင်ပြီး သင့်ကွန်ပြူတာကနေ android,ios applications တွေကို လည်း install/uninstall လုပ်နိုင်ပါတယ်။Application store ပါရှိပြီး applications တွေကို ဒေါင်းလုပ်လုပ်နိုင်ပြီး သင့် android,ios devices မှာ တစ်ခါတည်း install လုပ်နိုင်ပါတယ်။Music file တွေကို သင့်ကွန်ပြူတာကနေ နားဆင်နိုင်သလို ringtone ပြုလုပ်နိုင်ပါတယ်။Video ဖိုင်တွေကို လည်း ကြည့်ရှုနိုင်ပါတယ်။File manager ပါရှိပြီး computer and divices တွေ နဲ့  အပြန်အလှန်ဖိုင်တွေ ပေးပို့ နိုင်ပြီး manage လုပ်နိုင်ပါတယ်။Supported devices တွေကို www.moborobo.com/supporteddevices.html မှာ ကြည့် ရှု နိုင် ပါ တယ် ။ Tutorial တွေကို www.moborobo.com/tutorial/ မှာလေ့လာနိုင်ပါတယ်။
Monday, January 7, 2013
How To Add Shutdown/Restart/Sleep To The Windows 8 Metro Start Screen
Windows 8 မှာ Shutdown/Restart လုပ်ဖို့ အတွက် Charms Bar(Win + C) ဒါမှမဟုတ် Setting(Win + I) ကနေ တစ်ဆင့်လုပ်ရပါတယ်။အဲဒီအဆင့်တွေကို လုပ်စရာမလို ဘဲ start screen ကနေပဲ Shutdown/Restart ကို လျှင်လျှင်မြန်မြန် လုပ်နိုင်ဖို့ အတွက် နည်းလမ်းကို ဝေမျှချင်ပါတယ်။ဒီလို လုပ်ဖို့ အတွက် Metro Start Screen ကနေ Desktop ကို အရင်သွားရပါမယ်။Desktop မှာ shortcut တစ်ခု ပြုလုပ်ရပါမယ်။
Close All : Shut Down All Running Windows Applications With One Click
သင့်ကွန်ပြူတာကို အသုံးပြုပြီးလို့ ပိတ်တော့မယ်ဆိုရင် run နေတဲ့ applications တွေအားလုံးကို တစ်ခု ချင်းစီလိုက်ပိတ်ရတာ အလုပ်ရှုပ်ပါတယ်။အဲဒီအစား click တစ်ချက်နှိပ်ရုံနဲ့ ဒါမှမဟုတ် shortcut key တစ်ချက်နှိပ်ရုံနဲ့ run နေတဲ့ applications တွေအားလုံးကို ပိတ်ပေးနိုင်တဲ့ Close All ဆို တဲ့ application ကို သုံးကြည့်ပါ။Freeware ဖြစ်ပြီး Protable အမျိုးအစားဖြစ်တဲ့အတွက် install လုပ်စရာမလိုသလို သင်သွားလေရာတိုင်းယူဆောင်အသုံပြုနိုင်ပါတယ်။ဖိုင်ဆိုက်သေးငယ်ပြီးအသုံးပြုရတာလွယ်ကူပါတယ်။Windows XP, Windows Vista, Windows 7 and Windows 8 စတဲ့ OS တွေမှာ အသုံးပြုနိုင်ပါတယ်။
Sunday, January 6, 2013
Norton Utilities 16.0.0.126 With Crack
နာမည်ကြီး antivirus တစ်ခု ဖြစ်တဲ့ Norton ရဲ့ system utility software ပါ။သင့်ကွန်ပြူတာက ပြဿနာများကို အဖြေရှာပေးနိုင်ပြီး crash ဖြစ်ခြင်း ကွန်ပြူတာနှေးခြင်းတွေ မဖြစ်အောင်ပြုလုပ်ပေးနိုင်ပါတယ်။မတော်တဆမှားဖျက်မိတဲ့ ဖိုင်တွေကို ပြန်ရှာပေးနိုင်ပါတယ်။Boot speed ကို မြန်စေတဲ့ startup manager လည်းပါရှိပါတယ်။Duplicate file finder,uninstaller,disk doctor,disk cleaner,registry cleaner,registry defragmenter,registry restore,service manager,unerase wizard စတဲ့ tools တွေစုံလင်စွာပါရှိပြီး သင့်ကွန်ပြူတာကို လျှင်မြန်စွာအလုပ်လုပ်စေနိုင်ပါတယ်။Browser က history တွေကို ရှင်းပေးနိုင်ပြီး file shredder လည်းပါရှိတဲ့အတွက် ဖိုင်တွေကို ပြန်ရှာဖွေလို့ မရနိုင်အောင်ဖျက်ဆီးပေးနိုင်ပါတယ်။Microsoft® Windows® XP SP3 (32-bit only),Vista,7 & 8 တွေကို support ပေးပါတယ်။
Thursday, January 3, 2013
How To Refresh & Reset Your Windows 8 PC
Windows 8 မှာ အရင် windows တွေ မှာ မပါတဲ့ features တွေ အများကြီးပါရှိလာပါတယ်။အဲဒီ ထဲက refresh and reset ဆို တဲ့ feature နှစ်ခု အကြောင်းမျှဝေချင်ပါတယ်။အရင် windows တွေမှာ windows ကောင်းကောင်းအလုပ်မလုပ်တော့ရင် windows အခွေ ဒါမှမဟုတ် တစ်ခြား installation media တစ်ခုခုကို အသုံးပြုပြီး windows ပြန်တင် ဒါမှမဟုတ် windows ကို repair ပြန်လုပ်ရပါတယ်။Windows 8 ရဲ့  refresh and reset ဆိုတဲ့ feature ကအလားတူအလုပ်မျိုး လုပ်ပေးနိုင်ပြီး windows 8 ကို repair or reinstall လုပ်ပေးနိုင်ပါတယ်။
Wednesday, January 2, 2013
Customize The Windows 8 Start Screen
Windows 8 ရဲ့  start screen ကို သင့်စိတ်ကြိုက် ပြုလုပ်နိုင်မယ့် နည်းတွေကို မျှဝေချင်ပါတယ်။ဒီဆောင်းပါးမှာ start screen ရဲ့  background image ပြောင်းတာတွေ၊အရောင်ပြောင်းတာတွေ၊applications တွေကို start screen မှာ pin/unpin လုပ်တာတွေ၊ tiles တွေရဲ့  အရွယ်အစားပြောင်းတာတွေ၊ live tiles တွေ ကို enable/disable လုပ်တာတွေ၊ applications တွေကို စုစည်းပြီး group ဖွဲ့ စည်းတာတွေ ၊group နာမည်ပေးတာတွေ၊ start screen ကို desktop application launcher လို အသုံး ပြု တာတွေ ၊ Websites and folders တွေကို pin လုပ်တာတွေ ကို ပြောပေးပါမယ်။
Bring Back Start Menu To Windows 8 With IObit StartMenu8
Windows 8 မှာ start menu မပါတော့တဲ့အတွက် စိတ်ညစ်မနေပါနဲ့ ။Start menu ကိုပြန်လည် ထည့်သွင်းပေးနိုင်တဲ့ Iobit ရဲ့  freeware တစ်ခုဖြစ်တဲ့ StartMenu8 ကို သုံးပါ။StartMenu8 က start menu ကို ထည့်သွင်းပေးနိုင်တဲ့အပြင် windows 8 စတက်တက်ခြင်းမှာတွေ့ ရတဲ့ Metro Screen ကို ကျော်ဖြတ်ပြီး desktop ကို တန်းရောက်သွားအောင်ပါပြုလုပ်ပေးနိုင်ပါတယ်။Windows key ကို နှိပ်ပြီး metro နဲ့  desktop interface ကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။Programs တွေကို task bar မှာ pin လုပ်ပေးနိုင်ပါတယ်။Metro interface က hot corner,side bar တွေကို လည်း disable လုပ်ပေးနိုင်ပါတယ်။
Tuesday, January 1, 2013
How To Batch Rename Files In Windows
Windows ကွန်ပြူတာတွေ မှာ ဖိုင်အများအပြားကို တစ်ပြိုင်နက်တည်း နာမည်ပြောင်းပေးနိုင်ပါတယ်။Windows Explorer, Command Prompt စတာတွေကို အသုံးပြုပြီးဖိုင်အများအပြားကို တစ်ပြိုင်နက်တည်း နာမည်ပြောင်းပေးနိုင်ပြီး file extension တွေကို ပါ ပြောင်းပေးနိုင်ပါတယ်။ဖိုင်အများအပြားကို တစ်ပြိုင်နက်တည်း နာမည်ပြောင်းဖို့  အတွက် Third-party software တွေလည်း အများအပြားရှိပါတယ်။ အဲဒီ ဆော့ဝဲတွေကတော့ နာမည်ပြောင်းတာအပြင် မလိုအပ်တဲ့ စာလုံးတွေ ၊ symbols,digits တွေ ကို ပဲ ဖယ်ရှား ပေး နိုင်ပါ တယ်။ စာ လုံးအကြီးအသေးစတာကိုလည်း ပြုလုပ်နိုင်ပါတယ်။ဖိုင်တွေ အပြင် ဖိုဒါတွေကို လည်းနာမည်ပြောင်းပေးနိုင်ပါတယ်။အထက်ဖော်ပြပါ အားသာချက်တွေရှိတဲ့ ဆော့ဝဲတွေကိုလည်းသုံးနိုင်ပါတယ်။သင် ဟာ ရိုးရိုး နာမည်ပြောင်းတာပဲပြုလုပ်ချင်ရင် တော့ တစ်ခြား software တွေမလိုဘဲ windows explorer , command prompt စတာတွေကို အသုံးပြုနိုင်ပါတယ်။