Wednesday, December 12, 2012

Widgets

How To Remove Windows 8 From Dual-Boot

1

အရင်ဆောင်းပါးတစ်ခု မှာ windows 8 ကို download ရယူဖို့ ဆောင်းပါးနဲ့  windows 8 နဲ့  windows 7 ကို ကွန်ပြူတာတစ်လုံးထဲမှာ dual-boot ပြုလုပ်ပြီး သုံးနိုင်ဖို့ ရေးပေးခဲ့ပါတယ်။အခုဆောင်းပါးမှာတော့ windows 8 နဲ့  windows 7 ကို dual-boot လုပ်ပြီးသုံးနေတဲ့ ကွန်ပြူတာကနေ windows 8 ကို ပြန် ဖြုတ် နိုင်မယ့် အကြောင်းရေးပေးပါ့မယ်။တစ်ခု သိထားရမှာ က windows 8 ကို ပြန်ဖြုတ်ရင် windows 8 partition မှာရှိတဲ့ဖိုင် တွေအကုန်လုံးကို ဖျက်ပစ်မှာဖြစ်တဲ့ အတွက် သင်သိမ်းထားချင်တဲ့ ဖိုင်တွေကို backup လုပ်ထားပါ။

သင့် ရဲ့ ကွန်ပြူတာကို windows 7 ကနေ boot တက်ပြီး ရင် windows start menu ရဲ့ search box ကနေ msconfig လို့ ရိုက်ပြီး msconfig.exe ကို နှိပ်ပါ။System Configuration windows ပေါ်လာရင် boot tab ကိုသွားပြီး windows 8 ကိုရွေးပြီး Delete ကိုနှိပ်ပါ။ပြီးရင် apply နှိပ် ok နှိပ်ပြီး exit without restart ကိုနှိပ်ပါ။

2

Start menu search box ကနေ disk management လို့ ရိုက်ပြီး enter ခေါက်ပါ။Disk Management window ပေါ်လာရင် windows 8 partition ပေါ်ကို right click နှိပ်ပြီး delet volume ကိုနှိပ်ပြီး confirm လုပ်ပေးပါ။

3

Windows 8 partition ဟာ Unallocated ဖြစ်သွားပါပြီ။Unallocated space ကို  partition D ကို ပေးနိုင်ဖို့ အတွက် D ပေါ်မှာ right click နှိပ်ပြီး Extend Volume ကိုနှိပ်ပါ။Extend Volume Wizard ပေါ်လာပြီး Default Options အတိုင်းဆက်လုပ်သွားရင် Unallocated space ဟာ partition D ကိုရောက်သွားပါပြီ။အခုဆိုရင် သင့်ကွန်ပြူတာမှာ windows 8 ကို ဖယ်ရှားပြီးဖြစ်လို့  windows restart ချကြည့်ရင် windows 7 ကနေပဲ boot တက်လာမှာဖြစ်ပါတယ်။

4

1 comments:

  1. ကျေးဇူးတင်တယ်ဗျာ..ကျွန်တော်ကွန်ပြူတာကလိထားတာ..ပထမဝင်းဒိုးxp s3 နဲ့ပြန်တင်တာမရ..မရလို့ဝင်းဒိုး 7 တင်တာရတယ်..ရပြန်တော်..စတာနဲ့..အိုးဝင်းဒိုး နဲ့ဝင်မလား..ဝင်းဒို7 နဲ့ဝင်မလားမေးတယ်..
    အိုးနဲ့ဝင်ရင်အယ်ရာပြတယ်..7 နဲ့ဝင်ရင် ဂွတ်ရှယ်..8 တင်ကြည့်လိုက်တယ်..မရ..အိုးကော..၈ ကော..7 ကော
    သုံးခုပေါ်ပြီး 7တခုသာဝင်ရင်မှန်တယ်..ဘယ်လိုပြန်ဖြုတ်ရမလဲဆင်းစားနေတာ..အခုမှအဖြေရပြီထင်တယ်..
    ပြန်ကလိကြည့်လိုက်မယ်.သူငယ်ချင်းရေ...

    ReplyDelete