Tuesday, July 30, 2013
Official Firmware Searching Tool By SaiArkar ( MMUC )
1
Sony , Huawei ဖုန်းများဧ။် Official Firmware များကို အလွယ်တကူ ဒေါင်းလုပ်ဆွဲနိုင်စေရန် ရည်ရွယ်ချက်ဖြင့် Myanmar Mobile Users Club ( MMUC ) မှာ ကိုစိုင်းအာကာ မှ တီထွင်ဖန်တီးပေးထားသည့် ကွန်ပျုတာဆော့ဝဲဖြစ်ပါတယ် ။
Download (557) kb
23
Password : mmuc
Credit : Ko SaiArKar
http://newstarmobileygn.blogspot.com/2013/07/official-firmware-searching-tool-by.html  မှကူးယူဖော်ပြပါသည်။
ဖုန်းလာရင် Floating Notification အနေနဲ့ ပြပေးမယ့် CallHeads
ashampoo 01
မကြာခင်က Facebook က သူ့ ရဲ့ Messenger App မှာ Chat Head Notification ကို မိတ်ဆက်ခဲ့ပြီးလူကြိုက်များခဲ့ပါတယ်။CallHeads ကလည်း Chat Head လို ပါပဲ။ ပုံမှန်အားဖြင့် သင် app တစ်ခုကိုသုံးနေတဲ့အချိန်မှာ ဖုန်းဝင်လာရင် အနှောင့်အယှက်ဖြစ်ရပါတယ်။CallHeads ကို သုံးရင် Floating Notification အနေနဲ့ ပြပေးမှာဖြစ်ပြီးသင်လက်ရှိလုပ်နေတဲ့အလုပ်ကို ဆက်လုပ်နိုင်တဲ့အတွက် အနှောင့်အယှက်မဖြစ်တော့ပါဘူး။ ဖုန်းဝင်လာရင် ဖုန်းကို လက်ခံပြောလို့ ရသလို decline လုပ်လို့ ရပါတယ်။ဒါ့အပြင်အချိန်ဘယ်လောက်ကြာမှ ဖုန်းကို answer လုပ်မယ် ဆိုပြီး postpone လုပ်ထားလို့ လည်းရပါတယ်။
App တစ်ခု ကို သုံးနေတဲ့အချိန် ဖုန်းဝင်လာရင်အောက်ကပုံမှာလို Floating Bubble အနေနဲ့ တွေ့ မြင်ရမှာဖြစ်ပြီး သင့်အလုပ်ကို အနှောင့်အယှက်မဖြစ်စေဘဲဆက်လုပ်နိုင်ပါသေးတယ်။ Bubble ကို ဖိပြီး ဘယ်ညာ drag ဆွဲပြီး accept,decline လုပ်ရမှာပါ။
ashampoo 02ashampoo 03
ashampoo 04ashampoo 05
ဓါတ်ပုံရိုက်နေတဲ့အချိန်ဖုန်းဝင်လာရင်လည်း သင့်စိတ်ကြိုက် ပုံရိုက်ပြီးမှ ဖုန်း ကိုင်လို့ ရပါသေးတယ်။
ashampoo 06
Download CallHeads  (2) mb  from Google Play Store  or  Dropbox 
Note : တစ်ခုမှတ်ထားရမှာက ဖုန်း ကို Lock လုပ်ထားတဲ့သူတွေကတော့ Lock ဖြစ်နေတဲ့အချိန်မှာဖုန်းဝင်လာရင်တော့  default call application ကိုပဲတွေ့ မြင်ရမှာဖြစ်ပြီး CallHeads ရဲ့ Floating Noti ကိုမတွေ့ နိုင်ပါ။
Myanmar Mobile Zawgyi Changer 2 V1.0.2 For Android (Updated)
1
Android ဖုန်းနဲ့ Tablet တွေမှာ မြန်မာစာနဲ့ keyboard ကိုဖုန်းထဲမှာတင် အလွယ်တကူထည့်သွင်းနိုင်ဖို့အတွက် Myanmar Mobile Zawgyi Changer version 2 v1.0.2 ကိုထပ်မံထုတ်လုပ်လိုက်ပါပြီ။ Myanmar Mobile Zawgyi Changer 2 မှာ Zawgyi font , Sony Myanmar font, စံမြန်မာ font စတဲ့ အသုံးများမြန်မာဖောင့်များကို မြန်မာစာကီးဘုတ်နဲ့တကွ ဖုန်းထဲသို့ Click တစ်ချက်နှိပ်ရုံနဲ့ထည့်သွင်းပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် Android 4.2 နှင့်အထက်ဖုန်းတွေအတွက် feature သစ်အနေနဲ့ မြန်မာစာလုံးများမှန်ကန်စွာမပေါ်ခြင်းကို ဖြေရှင်းပေးမယ့် (ဖုန်းတိုင်းမှာမရသေးပါ ။) Smart Zawgyi font fix features (Android 4.2.x) ကိုလည်းထည့်သွင်းပေးထားပါတယ်။ Myanmar Mobile Zawgyi Changer 2 ဟာ ဖုန်းကို factory reset ချလိုက်ရင်တောင်မှ မြန်မာဖောင့်နဲ့ မြန်မာစာကီးဘုတ်ကို မပျက်သွားအောင်သွင်းပေးထားမှာဖြစ်ပါတယ်။ Myanmar Mobile Zawgyi Changer 2 ကိုအသုံးပြုဖို့အတွက် ဖုန်း/Tablet ကို root လုပ်ထားဖို့/Root Access ရရှိဖို့လိုအပ်ပါတယ်။ Myanmar Mobile Zawgyi Changer 2 v1.0.2 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
-ယခု version မှာ မြန်မာစာမှန်တဲ့ မြန်မာကီးဘုတ်ကိုထည့်သွင်းလိုက်ပါပြီ။
- မြန်မာစာအရေးရော အဖတ်ရောမှန်သွားပါပြီ။ ( MMAS Zawgyi Changer 2 v1.0.2 ကီးဘုတ်နဲ့ရေးထားတာကိုပဲ အမှန်မြင်ရမှာပါ။ ကျန်တဲ့ မြန်မာစာမမှန်သေးသူတွေက MMAS Zawgyi Changer 2 v1.0.2 မှာပါတဲ့ကီးဘုတ်မျိုးမသွင်းထားဘူးဆိုရင် စာလုံးအမှန်မြင်ရမှာမဟုတ်ပါဘူး)
- အရင် version မှာ font ပြောင်းလိုက်တဲ့အခါ တရုတ်ဖောင့်များပျောက်ကုန်ခြင်းနဲ့ စာလုံးအချို့ လေးထောင့်တုံးတွေ ဖြစ်ကုန်ခြင်းကို ပြန်လည်ပြင်ဆင်ပေးထားပါတယ်။ (ပထမဆုံး Button ” ဇော်ဂျီဖောင့် + မြန်မာကီးဘုတ်သွင်းရန်” ကိုနှိပ်၍ ပြန်လည် fix လုပ်ပါ)
Download from Link 1  or Link 2 (3.5) mb
2
myanmarmobileapp.com မှကူးယူဖော်ပြပါသည်။
Bagan Keyboard Pro 1.5
ashampoo 01
မင်္ဂလာပါခင်ဗျာ။ အားလုံးမျှော်လင့်နေတဲ့ Feature အသစ်တွေနဲ့ Bagan Keyboard Pro ကို Version 1.5 အနေနဲ့ Major Changes တွေ ပြုလုပ်ပြီး ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်ခင်ဗျာ။ အထူးခြားဆုံးအနေနဲ့ Jelly Bean စနစ်သုံး Devices တွေမှာ အရေး၊ အဖတ် နှစ်မျိုးလုံးအတွက် မြန်မာစာ ကို မှန်ကန်စွာမြင် ၊ ရိုက်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မိမိရိုက်လိုက်တဲ့ Font ကိုလဲ အခြား Jelly Bean စနစ်သုံး Devices တွေမှာလဲ မှန်ကန်စွာမြင်ရမှာဖြစ်ပါတယ်။ Android 4.0 စနစ်နှင့်အထက်သုံး ဖုန်းများအတွက် အလွန် သုံးသင့်သော Keyboard တစ်ခုဖြစ်ပါတယ်။
Bagan Keyboard Pro မူလ Version မှာ ပါတဲ့ အခြား မြန်မာ Keyboard တွေထက်ထူးခြားတဲ့ စာလုံးတွေကို ခန့်မှန်းပေးတဲ့ Auto Suggestion Sytem အပြင် ရရစ်၊ ရပင့်၊ ၀ဆွဲ၊ အောက်မြင့်တွေကို နေရာမှန်အောင် ပြုလုပ်ပေးတဲ့ Smart Zawgyi Feature (ဥပမာ။ ။ "နိုင်" ဟူသော စာလုံးကို ရိုက်လိုလျှင် "န" ရေးစရာမလိုပဲ မူလ "န" ကို "န" အဖြစ်သို့ ပြောင်းလဲပေးခြင်း)၊ စာရိုက်ရာမှာ မြန်ဆန်အောင် Shift Key နှိပ်စရာမလိုပဲ Keyboard Screen ကို Swipe Up လုပ်လိုက်ရုံနဲ့ Shift Key နှိပ်သကဲ့သို့ဖြစ်သွားနိုင်ခြင်း၊ အသုံးများသော စာလုံးများကို Shift Key နှိပ်စရာမလိုပဲ နှစ်ခါနှိပ်ပေးရုံဖြင့် စာလုံးပေါ်ခြင်း (ဥပမာ။ ။ "ဂ" ဟူသော စာလုံးကို ရိုက်လိုလျှင် "၈" ကို နှစ်ချက်နှိပ်လိုက်ပါက "ဂ" ဖြစ်သွားပါမည်။) Keyboard ၏ အလယ်ဗဟိုနေရာတွင်ရှိသော " ~ " Key သည် အဆင့် စာလုံးများကို ရေးရာတွင် အသုံးပြုရန်ဖြစ်ပါတယ်။ (ဥပမာ။ ။ "သတ္တိ" ဟူသော စာလုံးကို ရိုက်လိုလျှင် "သ + တ + ~ + တ + -ိ" ဟု ရိုက်လိုက်ပါက "သတ္တိ" ဖြစ်သွားပါမည်။) Keyboard ၏ အရောင်နှင့် Layout ကိုလဲ အနည်းငယ်ပြောင်းလဲထားပါတယ်။
ယခုကဲ့သို့ ထူးခြားသော Features များ၊ Android 4.0 အထက် မှန်ကန်အောင် ပြုလုပ်ထားသော Bagan Keyboard Pro Version ကို အခမဲ့ ဖြန့်ချိသွားမှာဖြစ်ပါတယ်။ (၂.၈၂၀၁၃ မှ ၄.၈.၂၀၁၃ အထိ) ကျင်းပမည့် Yangon ICT Fair တွင်လဲ အခမဲ့ ဖြန့်ချိသွားမည်ဖြစ်ပါတယ်ခင်ဗျာ။
Download
Bagan Innovation Technology ရဲ့ Facebook Page မှကူးယူဖော်ပြပါသည်။
12
Monday, July 29, 2013
Wiki pro (Wikipedia) v3.2.1 For Android
ashampoo 04
Wikipedia ၀က်ဆိုက်ကို အဆင်ပြေပြေ ကြည့်လို့ ရစေမယ့် application ပါ။ဆောင်းပါးတွေကို offline ဖတ်ဖို့ သိမ်းထားနိုင်ပါတယ်။Newspaper tab ကနေလည်း သင့် စိတ်ကြိုက် newspaper တွေကို ဖတ်နိုင်အောင်ပြုလုပ်ပေးထားပါတယ်။Voice search feature လည်းပါရှိပါတယ်။
Download from Link 1 or Link 2
ashampoo 05
Hola Accelerator & Unblocker : Internet Speed ကိုမြန်စေဖို့ နဲ့  ပိတ်ထားတဲ့ဆိုက်တွေကို ကျော်ခွကြည့်ဖို့  Android Application
ashampoo 01
ဒီ application လေးကအလုပ်နှစ်မျိုးလုပ်ပေးပါတယ်။ Internet Speed ကိုမြန်စေသလို ပိတ်ထားတဲ့ဆိုက်တွေကိုပါ ကြည့်လို့ ရအောင်လုပ်ပေးနိုင်ပါတယ်။ Web Video တွေကို ကောင်းမွန်စွာကြည့်လို့ ရနိုင်တဲ့အပြင် HD quality video တွေကို ပါအဆင်ပြေပြေကြည့်နိုင်မယ်လို့ ပြောပါတယ်။
Download Hola Accelerator & Unblocker from Link 1  or Link 2 (3) Mb
ashampoo 02
Sunday, July 28, 2013
Air Call-Accept V.1.3 (Paid Version)
1
Samsung Galaxy S series ကိုင်တဲ့ သူတွေအတွက် ဖုန်းလာရင် ဖုန်းပေါ်ကိုလက်ဝှေ့ ယမ်းလိုက်ရင် ဒါမှမဟုတ် ဖုန်းကို နားနားကပ်လိုက်ရင် အလို လို ဖုန်းပြောလို့ ရပါတယ်။ အဲဒီ အတွက် answer button ကို swipe လုပ်စရာမလို တော့တဲ့အတွက်အလုပ်ရှုပ်သက်သာပါတယ်။သင့် android phone မှာလည်းအဲလို အသုံးပြုချင်ရင် Air Call-Accept ဆိုတဲ့ app ကို သုံးပါ။ Paid version ကို အခုမှရလို့ တင်ပေးလိုက်ပါတယ်။အရင်နေ့ ကတင်ပေးလိုက်တာ free version ပါ။Paid version မှာတော့ features တွေအပိုပါလာပါတယ်။
Key features:
★ Answer calls
★ Reject calls (Paid version only)
★ Speaker on when answer call (Paid version only)
★ Send SMS when reject call (Paid version only)
Download from Link 1  or Link 2 
ashampoo 12ashampoo 13
Tawea : Websites တိုင်းမှာ Facebook Chat သုံးမယ်။
ashampoo 11
သင် ဘယ် ၀က်ဆိုက်ကို ကြည့်နေနေ facebook chat ကို သုံးလို့ ရအောင်လုပ်ပေးနိုင်တဲ့ browser extension or add-on တစ်ခုပါ။အဲဒီအတွက် သင့် facebook သူငယ်ချင်းတွေ နဲ့ အဆက်အသွယ်မပြတ်ဘဲ စကားပြောနိုင်မှာပါ။Chrome, Safari, Firefox, Opera, and Internet Explorer  စတဲ့ browser တွေမှာသုံးနိုင်ပါတယ်။Tawea ကို သင့် browser မှာအင်စတောလုပ်ပြီးရင် ကွန်ပြူတာ screen ရဲ့ ညာဘက်အောက်ထောင့်မှာ ဘားတန်းလေးကိုတွေ့ မြင်နိုင်ပြီး အဲဒီကနေ Login လုပ်ပြီး Tawea ကို Permission ပေးပါ။
ashampoo 05
ashampoo 06
ပြီးရင်တော့ သင်ဘယ်ဝက်ဆိုက်ကိုကြည့်နေကြည့်နေ သင့် facebook သူငယ်ချင်းတွေနဲ့ ချက်လို့ ရပါပြီ။
ashampoo 09
Smileys တွေသုံးလို့ ရသလို web ပေါ်ကပုံတွေကို chat box ပေါ်ကို drag and drop လုပ်ပြီးပို့ လို့ ရပါတယ်။နောက်ပြီး ပုံတွေကို facebook , twitter တို့ မှာ share အလွယ်တကူလုပ်လို့ ရပါတယ်။
ashampoo 07
Checkout Tawea @ tawea.com/
Google Play Installer V1.0 For Android
1
Google Play မပါလာတဲ့ Android ဖုန်းတွေအတွက် Google Play ဆော့ဝဲကို ဖုန်းထဲမှာတင် တိုက်ရိုက်ထည့်သွင်းပေးမယ့် Google Play Installer v1.0 for Android ကိုတင်ပေးလိုက်ပါတယ်။ Google Play ဆော့ဝဲ Built-in ပါမလာတဲ့ Huawei လိုတရုတ်ဖုန်းတွေနဲ့အခြားဖုန်းတစ်ချို့အတွက်အဆင်ပြေစေမှာပါ။ ဒီဆော့ဝဲလေးကို Myanmar Mobile Application Store ရဲ့ product တစ်ခုအနေနဲ့ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ Android version 4.1 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်ပါမယ်။ Google Play Installer v1.0 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
Download from Link 1 or Link 2
2
www.myanmarmobileapp.com မှကူးယူဖော်ပြပါသည်။
Myanmar Mobile Zawgyi Changer 2 For Android
1
Android ဖုန်းနဲ့ Tablet တွေမှာ မြန်မာစာနဲ့ keyboard ကိုဖုန်းထဲမှာတင် အလွယ်တကူထည့်သွင်းနိုင်ဖို့အတွက် Myanmar Mobile Zawgyi Changer version 2 ကိုထပ်မံထုတ်လုပ်လိုက်ပါပြီ။ Myanmar Mobile Zawgyi Changer 2 မှာ Smart Zawgyi font , Sony Myanmar font, စံမြန်မာ font စတဲ့ အသုံးများမြန်မာဖောင့်များကို မြန်မာစာကီးဘုတ်နဲ့တကွ ဖုန်းထဲသို့ Click တစ်ချက်နှိပ်ရုံနဲ့ထည့်သွင်းပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် Android 4.2 နှင့်အထက်ဖုန်းတွေအတွက် feature သစ်အနေနဲ့ မြန်မာစာလုံးများမှန်ကန်စွာမပေါ်ခြင်းကို ဖြေရှင်းပေးမယ့် Smart Zawgyi font fix features (Android 4.2.x) ကိုလည်းထည့်သွင်းပေးထားပါတယ်။ Myanmar Mobile Zawgyi Changer 2 ဟာ ဖုန်းကို factory reset ချလိုက်ရင်တောင်မှ မြန်မာဖောင့်နဲ့ မြန်မာစာကီးဘုတ်ကို မပျက်သွားအောင်သွင်းပေးထားမှာဖြစ်ပါတယ်။ Myanmar Mobile Zawgyi Changer 2 ကိုအသုံးပြုဖို့အတွက် ဖုန်း/Tablet ကို root လုပ်ထားဖို့/Root Access ရရှိဖို့လိုအပ်ပါတယ်။ Myanmar Mobile Zawgyi Changer 2 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
Download from Dropbox or Mirrorcreator
23
www.myanmarmobileapp.com မှကူးယူဖော်ပြပါသည်။
MaskMe : Email အတုများပြုလုပ်ပြီး သင့် Email ကိုကာကွယ်ပါ။
1
MaskMe ကို သုံးဖို့  Chrome,Firefox browser မှာ MaskMe Extension or Add-On ကို အင်စတောလုပ်ရမှာပါ။အင်စတောလုပ်ပြီးရင် ဘရောက်စာမှာ MaskMe အိုင်ကွန်ကိုတွေ့ မြင်နိုင်ပါတယ်။သင်ဝက်ဆိုက်တစ်ခုမှာ Sign Up လုပ်ရင် အီးမေး ဘောက်စ် မှာ cursor ချလိုက်တာနဲ့ MaskMe ရဲ့  pop up ကိုတွေ့ မြင်နိုင်ပြီးအီးမေးအတုတစ်ခု ပြုလုပ်လို့ ရပါပြီ။ Password box မှာ လည်း password တစ်ခု ကိုပြုလုပ်ပါ။
ashampoo 03
Browser က MaskMe icon ကိုနှိပ်ကြည့်ရင် သင့် သက်ဆိုင်ရာအကောင့်တွေ အတွက်ပြုလုပ်ထားတဲ့ အီးမေး နဲ့  password တွေကိုတွေ့ မြင်နိုင်ပါတယ်။Verify လုပ်ရမယ့် ၀က်ဆိုက်တွေဆိုရင်လည်း အဲဒီအီးမေး တွေ ရဲ့  temporary inbox မှာမေးကို ဖတ်ပြီး verify လုပ်လို့ ရပါတယ်။တစ်ခုမှတ်ထားရမှာက temporary inbox က လေးနာရီအကြာက၀င်လာတဲ့အီးမေးတွေကိုပဲသိမ်းပေးထားမှာပါ။ အဲဒီဝက်ဆိုက်တွေကို login ၀င်ရင် လည်း MaskMe က username,password တွေအလိုလို ဖြည့်ပေးနိုင်ပြီး login ၀င်ရောက် နိုင်ပါတယ်။
ashampoo 04
MaskMe အီးမေး အတုတွေဆီဝင်လာတဲ့ မေးတွေကို သင့် အီးမေး အစစ်အမှန်ဆီရောက်အောင်လည်း mail forwarding လုပ်လို့ ရပါသေးတယ်။
Download MaskMe @ www.abine.com/maskme/
Saturday, July 27, 2013
Mozilla ရဲ့  Firefox OS သုံး Smart Phone ကို Windows မှာစမ်းသုံးကြည့်ရအောင်။
1
Firefox Browser ကနေ Firefox OS Simulator Add-On  ကို အင်စတောလုပ်ပါ။Add-On က 50 mb ၀န်းကျင်လောက်ရှိပြီး ဆိုက်တော်တော်ကြီးတဲ့ အတွက်အချိန်အနည်းငယ်တော့ကြာမြင့်မှာပါ။ Unresponsive Script dialog  တွေပေါ်လာရင် Continue ကိုနှိပ်ပါ။အင်စတောလုပ်ပြီးသွားရင် Tools>Web Developer>Firefox OS Simulator ကိုနှိပ်ပါ။
ashampoo 02
Tab အသစ်မှာ page တစ်ခုပေါ်လာရင် Simulator Button ကိုနှိပ်ပြီး Firefox OS Simulator ကို run ပါ။
ashampoo 03
ဒါဆိုရင် Firefox OS Simulator ၀င်းဒိုးပေါ်လာပြီး Firefox OS Smart Phone ကို သင်စမ်းသပ်သုံးစွဲနိုင်ပါပြီ။
ashampoo 01
Android OS မှာလိုပဲဘယ်ဘက်  ညာဘက် ကို Swipe လုပ်ရင် Apps တွေကို တွေ့ မြင်ပြီးစမ်းသပ်သုံးနိုင်ပါတယ်။
ashampoo 04
Firefox Smart Phone မှာ ကိုယ်ပိုင် Application Store တစ်ခုပါ  ရှိပြီး Marketplace ဖြစ်ပါတယ်။အဲဒီကနေ Applications တွေကို အင်စတောလုပ်ပြီးစမ်းသပ်သုံးနိုင်ပါတယ်။ Firefox OS Applications တွေဟာ HTML5 app တွေဖြစ်ပြီး အင်စတောလုပ်စရာမလို ဘဲ သုံးလို့ ရ တယ်လို့ လည်း ဖတ်ရပါတယ်။
ashampoo 06
Firefox OS ကနေမဟုတ်ဘဲလည်း  marketplace.firefox.com/ ကိုသွားပြီး Firefox OS ရဲ  Applications တွေကိုလေ့လာနိုင်ပါတယ်။
Thursday, July 25, 2013
Air Call-Accept (free) v 1.1
ashampoo 05
Samsung Galaxy S series ကိုင်တဲ့ သူတွေအတွက် ဖုန်းလာရင် ဖုန်းပေါ်ကိုလက်ဝှေ့ ယမ်းလိုက်ရင် ဒါမှမဟုတ် ဖုန်းကို နားနားကပ်လိုက်ရင် အလို လို ဖုန်းပြောလို့ ရပါတယ်။ အဲဒီ အတွက် answer button ကို swipe လုပ်စရာမလို တော့တဲ့အတွက်အလုပ်ရှုပ်သက်သာပါတယ်။သင့် android phone မှာလည်းအဲလို အသုံးပြုချင်ရင် Air Call-Accept ဆိုတဲ့ app ကို သုံးပါ။ Paid version ကို ရှာမရသေးလို့  free version ပဲတင်ပေးလိုက်ပါတယ်။ Free နဲ့  Paid version ကွာခြား ချက်ကို အောက်မှာကြည့်ပါ။ ဘာပဲဖြစ်ဖြစ် free version မှာ Answer Calls အလို လို လုပ်ပေးနိုင်တဲ့အတွက် အဆင်ပြေပါတယ်။
Key features:
★ Answer calls
★ Reject calls (Paid version only)
★ Speaker on when answer call (Paid version only)
★ Send SMS when reject call (Paid version only)
Download Air Call-Accept Free from Dropbox  (or)  Box 
ashampoo 06
Wednesday, July 24, 2013
Android Phone ရဲ့  Screen On/Off ကိုအလိုလို ပြုလုပ်ပေးမယ့် Gravity Screen Pro On/Off
ashampoo 02
သင့် ဖုန်းက screen ကို on/off လုပ်ဖို့  တစ်နေ့ ကို ဘယ်နှစ်ကြိမ်လောက် power button ကို သင်နှိပ်မိတယ်ဆိုတာ သတိထားမိလား? ကျွန်တော်ထင်ပါတယ် ။ တစ်နေ့ ကို အကြိမ်များစွာသင်နှိပ်မိမှာပါ။ဖုန်းကိုကိုင်လိုက်တာနဲ့  အလိုလို screen on ပေးမယ်။ ဖုန်းကို တစ်နေရာရာပေါ်တင်လိုက်တာနဲ့  အလို လို screen off ပေးမယ်။ ဖုန်းကို အိတ်ကပ်ထဲထည့်လိုက်တာနဲ့ အလို လို screen off လုပ်ပေးနိုင်တဲ့ app ရှိရင် တော်တော် အလုပ်ရှုပ်သက်သာမှာပါ။ ရှိပါတယ်။ Gravity Screen On/Off က အဲဒီလုပ်ဆောင်ချက်တွေကို အလို လို လုပ်ပေးနိုင်ပါတယ်။Google Play Store မှာလေ့လာနိုင်ပြီးကြိုက်ရင်အောက်မှာဒေါင်းပါ။
Download Gravity Screen Pro On/Off 1.6 from sendspace  or  zippyshare 
12
Tuesday, July 23, 2013
Samsung ရဲ့ Find My Mobile Service ကို အသုံးပြုခြင်း
1
Find my mobile ၀က်ဆိုက်ကိုသွားပြီး Samsung account တစ်ခုပြုလုပ်ပါ။သင့် facebook အကောင့်နဲ့  link လုပ်ရင်လည်းရပါတယ်။ပြီးရင် တော့ အကောင့်ကို activate လုပ်ပေးပါ။ပြီးရင် ဖုန်းက find my phone feature ကို activate လုပ်ပေးရပါမယ်။ဒီလို လုပ်ဖို့ အလွယ်ဆုံးနည်းကတော့ Samsung ၀က်ဆိုက်က user guide ကိုဖွင့်ပြီး device model ကိုရွေးပေးပါ။ဒါဆိုရင် သင့် model အတွက် full instruction ကို တွေ့ မြင်နိုင်ပါတယ်။ Model တစ်ခုနဲ့ တစ်ခု ပြုလုပ်ပုံသိပ်ကွာမယ်မထင်ပါ။
- App>Settings ကိုသွားပါ။
- Accounts>Add account ကိုသွားပါ။
- Samsung account ကိုရွေးပါ။
- Update တွေကို download လုပ်ခိုင်းရင်လုပ်ပြီး အပေါ်ကအဆင့်တွေကိုပြန်လုပ်ပါ။
- Samsung account ရဲ့ user name,password တွေ ဖြည့်ပေးပါ။
- Setting>Security ကိုသွားပါ။
- Find my phone အောက်က remote controls ကိုနှိပ်ပါ။
- password ဖြည့်ပေးပြီး done ကိုနှိပ်ပါ။
ဒါဆိုရင် Samsung ရဲ့ find my mobile service ကို အသုံးပြုလို့ ရပါပြီ။
23
Find my mobile
သင့်ဖုန်း ပျောက်သွားရင်  Find my mobile ၀က်ဆိုက်ကိုသွားပြီး အောက်က track လုပ်တဲ့ features တွေကို သုံးနိုင်ပါတယ်။
- Locate my mobile – သင့်ဖုန်းရဲ့  တည်နေရာကို ပြပေးနိုင်ပါတယ်။
- Lock my mobile – သင့်ဖုန်းကို lock ချနိုင်ပါတယ်။
- Ring my mobile – ဖုန်းက အနီးအနားမှာပျောက်နေတယ်ဆိုရင် ring မြည်အောင်လုပ်ပြီး သိနိုင်ပါတယ်။
- Call / Message forwarding – ပျောက်နေတဲ့ဖုန်းကို ၀င်လာတဲ့ call/message တွေကို forward လုပ်နိုင်ပါတယ်။
- Wipe my mobile – သင့် personal data တွေကို wipe လုပ်ပြီးဖျက်နိုင်ပါတယ်။
- Unlock my screen – screen ကို unlock လုပ်နိုင်ပါတယ်။
4
Pro Myankey v 2.0 Beta 5 For Android
1
Android Version 4.1.x အထက်တွေမှာ မြန်မာစာရေးရာတွေ စာတွေရှေ့နောက်မကူးစေတဲ့ အသစ်ထွက်ရှိလာတဲ့ Pro Myankey V2.0 Beta 5 ကီးဘုတ်လေးပါစာရိုက်ရတာ အထူးကောင်းမွန် စာရိုက်မြန်စေတဲ့ ကျနော် အကြိုက်ဆုံးကီးဘုတ်ဖြစ်ပါတယ်MMUC မှ ကိုThu Rein ရေးထားတဲ့ Pro Myankey ကီးဘုတ်လေးပါ ။ရိုက်ကွက်ဖွဲစည်းပုံလဲ  ကွန်ပြူတာဇော်ဂျီကီးဘုတ် လက်ကွက်တိုင်းပါပဲ။တစ်ဘက်စာမျက်နှာ မှာ ရှိတဲ့ ကိုယ်ရွေးချင်တဲ့စာကိုလဲ တစ်ဘက်သို့လှန်စရာမလိုပဲ ထိုစာလုံးရှိရာတည်နေရာကို လက်ဖြင့်နှစ်ချက်ခေါက်လိုက်ပါက နောက်ဘက်စာမျက်နှာရှိ စာလုံးကို အော်တိုရွေးချယ်ပြီးသားဖြစ်သွားပါမယ် ။စာမျက်နှာလှန်စရာမလိုပဲ တစ်မျက်နှာထဲမှာ လိုရာပုံဖေါ်ရေးနိုင်တဲ့ ကီးဘုတ်အလန်းလေးဖြစ်ပါတယ် ။( ထိုကီးဘုတ်မှာ Frozen Keyboard Pro ထက် ဘာအားသာလဲဆိုတော့မိတ်ဆွေ Frozen Keyboard Pro ကို အသုံးပြုကာ မြန်မာစာရိုက်ပြီး ရှာဖွေမှူတစ်ခုလုပ်ကြည့်ပါ ။သဘောက မိတ်ဆွေ Myanmar English Dictionary ဖြစ်တဲ့ Shwe Book Pro ဆော့ဝဲမှာ ( ရေ ) ဆိုပြီး မြန်မာစာရိုက်ပြီး စာရှာကြည့်ပါ ။ကိုယ်ရှာဖွေလိုတဲ့ စကားလုံးတွေထွက်မလာပါဘူး ကီးဘုတ်ရဲ့စာတွေရှေ့နောက်မကူးအောင် ဖွဲစည်းထားတဲ့ အခြေခံ အားနည်းချက်ကြောင့်ဖြစ်ပါတယ် ။Pro Myankey နဲ့ ( ရေ ) ဆိုပြီးရိုက်ကြည့်လိုက်ပါ ကိုယ်ရှာဖွေလိုတဲ့ စကားလုံးတွေ ထွက်လာပါလိမ့်မယ် )
" အင်စတော လုပ်နည်း နှင့် အသုံးပြုနည်းကို ဒီမှာလေ့လာပါ "
Pro MyanKey ကို အင်စတောလုပ်ပြီးတဲ့အခါမှာ Open ကို တန်းနှိပ်လိုက်ပါ။
MyanKey Enable လုပ်ရန် ဆိုတဲ့စာကိုရွေးပါ။
Pro Myankey အမှန်ခြစ်ပေးပြီးဘေးက စက်တင်ဖြစ်တဲ့ စက်ဘီးလုံးပုံလေးထဲကို ဝင်လိုက်ပါ။
Type Of Keyboard ဆိုတဲ့ စာနေရာကိုနှိပ်ပြီး Myankey 11 Keys ကို ရွေးချယ်ပေးလိုက်ပါ သင်အဆင်ပြေစွာ ထိုကီးဘုတ်ကို ချိန်းပြီး အသုံးပြုနိုင်ပါပြီ ။
Pro Myankey V2.0 Beta 5 ကီးဘုတ်ကို လိုချင်သူများ Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။
Pro Myankey V2.0 Beta 5 ကီးဘုတ်ကို လိုချင်သူများ Dev-Host လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။
Pro Myankey V2.0 Beta 5 ကီးဘုတ်ကို လိုချင်သူများ Limelinx လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။
အားလုံးပဲ အဆင်ပြေကြပါစေ.... ။
Credit to : Djjoe Man (MMF)
ကိုလတ်(ကျွဲဆင်း)
Winkabarkyaw  ဆိုက်မှကူးယူဖော်ပြပါသည်။