User Account Control (UAC) က ၀င်းဒိုးရဲ့  security feature တစ်ခုဖြစ်ပြီး တစ်ချို့  programs တွေကို အသုံးပြုတဲ့အခါမှာ admin အနေနဲ့ ခွင့်ပြု မပြုမေးတတ်ပါတယ်။ UAC prompt မပေါ်အောင် UAC ကို downgrade လုပ်လို့ ရပေမယ့် security ပိုင်းအရ မလုပ်သင့်ပါဘူးလို့  ပညာရှင်တွေက ရေးကြပါတယ်။သင်အသုံးပြုနေတဲ့ programs တွေကို ဖွင့်တိုင်း uac prompt ပေါ်လာတာကို မကြိုက်ရင်တော့ ElevatedShortcut ဆိုတဲ့ portable freeware လေးကဖြေရှင်းပေးနိုင်ပါတယ်။Elevated Shortcut ကို Windows 7 and Windows 8 မှာသုံးနိုင်ပါတယ်။
ElevatedShortcut ကိုဒေါင်းပြီးရင် windows 7 နဲ့  windows 8 ဖိုဒါနှစ်ခုကိုတွေ့ ရမှာပါ။သက်ဆိုင်ရာ ၀င်းဒိုးအလိုက် exe ဖိုင်ကို run ပါ။New shortcut ကိုနှိပ်ပါ။
Target path မှာ UAC prompt မပေါ်စေချင်တဲ့ program ရဲ့  exe ဖိုင်ကို ရွေးပေးပါ။Folder to store shortcut မှာ desktop ကို ရွေးပါ။ OK နှိပ်ပါ။
The operation completed successfully ! ဆိုပြီး ပေါ်လာပြီးရင် အဲဒီ program ရဲ့  elevated shortcut ကို desktop မှာတွေ့ မြင်နိုင်ပြီး အသုံးပြုရင် uac prompt ကို တွေ့ ရတော့မှာ မဟုတ်ပါဘူး။Remove shortcut ကိုနှိပ်ပြီး ပြုလုပ်ထားတဲ့ elevated shortcut ကို ဖျက်နိုင်ပါတယ်။
Download ElevatedShortcut @ WinAero
0 comments:
Post a Comment