Friday, July 5, 2013

Widgets

Microsoft Account ကို 2 Step Verification နဲ့ လုံခြုံအောင်လုပ်မယ်

Moborobo20130705171002

အင်တာနက်မှာ အကောင့်တွေ hack ခံနေရတဲ့  အကြောင်းတွေ ခနခနမြင်တွေ့ နေရပါတယ်။အဲဒီအတွက် သင့်အကောင့်တွေကို အလုံခြုံဆုံးဖြစ်အောင် 2 step verification ပေးတဲ့ service မှန်သမျှမှာ အဲဒီ security feature ကို အသုံးပြုသင့်ပါတယ်။ 2 step verification ဆိုတာက သင့်အကောင့်ကို ပထမအဆင့်အနေနဲ့  user name and password ထည့်ပေးရမှာပါ။ ဒုတိယ အဆင့်အနေနဲ့  သင့်ဖုန်းကို ကုတ်ပို့ ပေးပြီး အဲဒီကုတ်ကို သင်ကပြန်လည်ဖြည့်ပေးရမှာပါ။တစ်ချို့ service တွေက two step verification နဲ့  google authenticator app ကို တွဲဖက်အသုံးပြုနိုင်ပါတယ်။ Google authenticator app ကိုသုံးရင်တော့ ကုတ် စောင့်စရာမလို ပါဘူး။Google authenticator app က ကုတ်တွေ အလို လို ထုတ်ပေးနေမှာပါ။ google authenticator app ကို android, iphone, windows phone စတဲ့ device တွေ မှာ အသုံးပြုနိုင်ပါတယ်။  2 step verification ပြုလုပ်ထားတဲ့အတွက် သင့်အကောင့်ရဲ့  user name and password ကို တစ်ခြားသူကသိရင်တောင် သူ့ မှာ သင့်ဖုန်း မရှိတဲ့အတွက် သင့်အကောင့်ကို မ၀င်နိုင်တော့ပါဘူး။ ဟုတ်ပါပြီအကောင့်ကတော့လုံခြုံပါတယ်။ဒါပေမယ့် ဒုတိယ အကြိမ်ကုတ်တွေ ထည့်ပေးရတော့အလုပ်မရှုပ်ဘူးလား? မရှုပ်ပါဘူး။ သင့် device တွေကို trusted device စာရင်းထဲထည့်ပေးထားမှာဖြစ်တဲ့အတွက် သင့် device တွေကနေ သင့်အကောင့်တွေကို ၀င်တိုင်း အရင်အသုံးပြုသလို user name and password ထည့်ပေးရုံပါပဲ။ ဒုတိယအဆင့် ကုတ်တွေ ထည့်ပေးစရာမလို ပါဘူး။

Setting Up 2 Step Verification and Google Authenticator 

ပထမဆုံး google authenticator app ကို သက်ဆိုင် ရာ device အတွက် app store တွေကနေဒေါင်းပြီး သင့် ဖုန်းမှာ အင်စတောလုပ်ထားပါ။ account.live.com  ကိုသွားပြီး သင့် Microsoft အကောင့်နဲ့  ၀င်ပါ။ အကောင့်မရှိသေးရင်ပြုလုပ်ပြီး sign in လုပ်ပါ။Security info မှာ Set up two-step verification ကိုနှိပ်ပါ။

ashampoo 04

Next နှိပ်ပါ။

ashampoo 05

Dropdown arrow ကိုနှိပ်ပြီး Authenticator app ကိုရွေးပေးပါ။ သင့်ဖုန်း က google authenticator app ကို ဖွင့်ပြီး menu>setup account>scan a barcode ကိုနှိပ်ပြီး barcode ကို scan လုပ်ပါ။

ashampoo 06

Scan လုပ်ပြီးတာနဲ့ သင့်ဖုန်း က google authenticator app  မှာ သင့် microsoft account အီးမေးလိပ်စာနဲ့  ကုတ်တွေ ပေါ်နေပါလိမ့်မယ်။ အောက်ကပုံမှာ ကျွန်တော့် အကောင့် တွေ အများကြီးကို google authenticator app နဲ့ pair လုပ်ထားလို့ အကောင့်အများကြီးမြင်နေရတာပါ။

Moborobo20130705171002

နောက်အဆင့်မှာတော့ သင့်ဖုန်းက ကုတ်ကို ဖြည့်ပေးပြီး verify လုပ်ပေးရပါမယ်။ဒါဆိုရင် 2 step verification နဲ့  google authenticator app ကို set up လုပ်ပြီးပါပြီ။

ashampoo 07

App Password

Web browser ကနေ အသုံးပြုရတာမဟုတ်တဲ့ Windows messenger , Outlook desktop app , email app from your phone, office app စတဲ့ app  တွေနဲ့  တစ်ချို့  device တွေက 2 step verification မလုပ်ပေးနိုင်ပါဘူး။ အဲဒီ app တွေမှာ သင့် password ထည့်ပြီးသုံးလို့ မရပါဘူး။အဲဒီအတွက် App password  ကိုပြုလုပ်ပြီး သင့် password နေရာမှာ App password ကို သုံးရမှာပါ။

ashampoo 08

Security info ကိုနှိပ်ပါ။ Create a new app password ကို နှိပ်ပါ။

ashampoo 09

App password ကို သေချာမှတ်ထားပါ။ ဒါဆိုရင် App password ကို ပြုလုပ်တာပြီးပါပြီ။

ashampoo 10

How Google Authenticator App Works ?

Google authenticator app က စက္ကန့်  ၃၀ ခြားတစ်ခါကုတ်တွေပြောင်းလဲထုတ်ပေးနေတာပါ။ အဲဒီကုတ်တွေက microsoft server က နေ ပို့ ပေးလိုက်တာလည်းမဟုတ်ပါဘူး။ ဒါဆိုရင် microsoft က သင် ဖြည့်ပေးလိုက်တဲ့ကုတ်တွေ က သင့်ဖုန်းက ဆိုတာဘယ်လို သိနေသလဲ  ? သင့်ဖုန်းမှာ google authenticator app ကို set up လုပ်လိုက်တာနဲ့ တစ်ပြိုင်နက် microsoft server မှာလည်း သင့် google authenticator app နဲ့ အမွှာညီအစ်ကို google authenticator app တစ်ခု ကို set up လုပ်လိုက်ပါတယ်။အဲဒီ အမွှာညီအစ်ကို နှစ်ယောက်ဟာ တစ်ပြိုင်နက်မွေးဖွာလာသလို တစ်ချိန် တည်းမှာပဲတူညီတဲ့ကုတ်တွေကို ထုတ်ပေးနေတာကြောင့် သင့် ဖြည့်လိုက်တဲ့ကုတ်တွေက သင့် ဖုန်းကဆိုတာ microsoft ကသိနေတာပါ။

Google အကောင့်မှာ 2 step verification နဲ့  google authenticator အသုံးပြုနည်း ကို ရေးပေးထားပါတယ်။ ကျွန်တော်သိသလောက် အခု လောလောဆယ် 2 step verification ပေးတဲ့ service တွေ ကတော့  google, twitter, linkedin, lastpass , microsoft တို့ ဖြစ်ပြီး အဲဒီ service တွေ မှာ 2 step verification အသုံးပြု ဖို့ အကြံပေးပါတယ်။ ကျွန်တော်ကတော့ အဲဒီ services တွေအားလုံးက ကျွန်တော့် အကောင့်တွေကို 2 step verification နဲ့  လုံခြုံအောင်ကာကွယ်ထားပါတယ်။

0 comments:

Post a Comment