Saturday, July 27, 2013
Widgets
Mozilla ရဲ့  Firefox OS သုံး Smart Phone ကို Windows မှာစမ်းသုံးကြည့်ရအောင်။
1
Firefox Browser ကနေ Firefox OS Simulator Add-On  ကို အင်စတောလုပ်ပါ။Add-On က 50 mb ၀န်းကျင်လောက်ရှိပြီး ဆိုက်တော်တော်ကြီးတဲ့ အတွက်အချိန်အနည်းငယ်တော့ကြာမြင့်မှာပါ။ Unresponsive Script dialog  တွေပေါ်လာရင် Continue ကိုနှိပ်ပါ။အင်စတောလုပ်ပြီးသွားရင် Tools>Web Developer>Firefox OS Simulator ကိုနှိပ်ပါ။
ashampoo 02
Tab အသစ်မှာ page တစ်ခုပေါ်လာရင် Simulator Button ကိုနှိပ်ပြီး Firefox OS Simulator ကို run ပါ။
ashampoo 03
ဒါဆိုရင် Firefox OS Simulator ၀င်းဒိုးပေါ်လာပြီး Firefox OS Smart Phone ကို သင်စမ်းသပ်သုံးစွဲနိုင်ပါပြီ။
ashampoo 01
Android OS မှာလိုပဲဘယ်ဘက်  ညာဘက် ကို Swipe လုပ်ရင် Apps တွေကို တွေ့ မြင်ပြီးစမ်းသပ်သုံးနိုင်ပါတယ်။
ashampoo 04
Firefox Smart Phone မှာ ကိုယ်ပိုင် Application Store တစ်ခုပါ  ရှိပြီး Marketplace ဖြစ်ပါတယ်။အဲဒီကနေ Applications တွေကို အင်စတောလုပ်ပြီးစမ်းသပ်သုံးနိုင်ပါတယ်။ Firefox OS Applications တွေဟာ HTML5 app တွေဖြစ်ပြီး အင်စတောလုပ်စရာမလို ဘဲ သုံးလို့ ရ တယ်လို့ လည်း ဖတ်ရပါတယ်။
ashampoo 06
Firefox OS ကနေမဟုတ်ဘဲလည်း  marketplace.firefox.com/ ကိုသွားပြီး Firefox OS ရဲ  Applications တွေကိုလေ့လာနိုင်ပါတယ်။
0 comments:
Post a Comment