Tuesday, July 16, 2013

Widgets

Peacekeeper : ဘယ် Browser အမြန်ဆုံးလဲစမ်းရအောင်

1

Browsers တွေရဲ့  အမြန်နှုန်းကို စမ်းသပ်ပေးတဲ့ browser benchmark tool တစ်ခုဖြစ်တဲ့   ၀က်ဆိုက်တစ်ခု နဲ့ မိတ်ဆက်ပေးပါရစေ။ဒီဆောင်းပါးမှာ စမ်းသပ်တဲ့ browsers တွေကတော့ chrome , firefox , internet explorer, opera , safari , maxthon တို့  ဖြစ်ပါတယ်။Browsers အားလုံးကို latest stable version ဖြင့်စမ်းသပ်ထားတာဖြစ်ပါတယ်။ Java ကလွဲပြီး Browsers အားလုံးက add-on , extension , plugins တွေအားလုံးကို disable လုပ်ပြီးစမ်းသပ်ထားပါတယ်။Peacekeeper ၀က်ဆိုက်ကိုသွားပြီး facebook အကောင့်နဲ့  login ၀င်ပြီးစမ်းသပ်နိုင်ပါတယ်။ Login ၀င်ပြီးစမ်းသပ်ရင်တော့ results တွေကို သိမ်းပေးထားမှာဖြစ်ပါတယ်။ Login မ၀င်ဘဲလည်းစမ်းသပ်နိုင်ပါတယ်။တစ်ခြား notebook,smart phones,tablet device တွေ ကနေလည်း browsers တွေ ကို စမ်းသပ်နှိုင်းယှဉ်နိုင်ပါတယ်။ အခုဆောင်းပါးမှာတော့ ၀င်းဒိုးကနေစမ်းသပ်ထားတာပါ။Browser တစ်ခု ချင်းစီကနေ peacekeeper ၀က်ဆိုက်ကိုသွားပြီးစမ်းသပ်ရမှာပါ။Browser တစ်ခု ကို စမ်းသပ်ချိန်က ၅ မီနစ်လောက်ကြာတတ်ပါတယ်။Peacekeeper ၀က်ဆိုက်ကိုသွားပြီး Test your browser GO ကို နှိပ်ပြီးစမ်းသပ်ပါ။

2

Chrome Vs  Firefox  Vs IE Vs Opera  Vs  Safari  Vs Maxthon

(1) Chrome (2661)

ashampoo 02

(2) Maxthon (2606)

ashampoo 03

(3) Opera (2096)

ashampoo 18

(4) IE (2006)

ashampoo 04

(5) Safari (1634)

ashampoo 01

(6) Firefox (595)

ashampoo 17

The Winner is Chrome !!!

ရရှိတဲ့ အမှတ်တွေ အရ chrome browser က အများဆုံးဖြစ်ပြီး အမြန်ဆုံးလို့ အဖြေထွက်ပါတယ်။Chrome က ကျွန်တော်အကြိုက်ဆုံး browser ဖြစ်ပြီး အသုံးပြုရတာ အလျင်မြန်ဆုံးပါ။ Peacekeeper ၀က်ဆိုက်မှာလည်း ကမ္ဘာတစ်ဝန်းကစမ်းသပ်ချက်တွေ အရ Chrome ကပဲအမြန်ဆုံးဆိုတာ မြင်တွေ့ နိုင်ပါတယ်။

1

စာဖတ်သူရော ဘယ် browser ကို သုံးလဲ? ဘယ် browser ကို အကြိုက်ဆုံးလဲဆိုတာ ပြောပြခဲ့ပါလား။

Checkout Peacekeeper @ peacekeeper.futuremark.com/

0 comments:

Post a Comment