Android users တွေ အတွက် facebook beta application ကို စမ်းသပ်သုံးစွဲနိုင်ပြီး features အသစ်တွေ , bugs ,errors တွေကို feedback လုပ်ပေးနိုင်မယ့် program တစ်ခု facebook က ပြုလုပ်လိုက်ပါတယ်။ဒီ program ရဲ့ ရည်ရွယ်ချက်ကတော့ facebook app ကို ပို မို ကောင်းမွန်အောင် ပြုလုပ်ဖို့ အတွက်ဖြစ် ပါတယ်။ Facebook beta app က bugs,errors တွေကို feedback ပြန်ပေးဖို့ အတွက် facebook for android beta tester group မှာ join ရမှာပါ။ဒီ group ကို join ဖို့ အတွက်အောက်မှာဆက်ဖတ်ပါ။
ပထမအဆင့်အနေနဲ့ Google က ‘Facebook for Android Beta Testers’ Google group မှာ အရင် join လုပ်ရပါမယ်။
Google profile နဲ့  link လုပ်တာတွေ email subscribe လုပ်တာတွေ ပြုလုပ်နိုင်ပါတယ်။
နောက်အဆင့်အနေနဲ့ google play store က facebook for android beta tester page ကို သွားရမှာပါ။ကျွန်တော် သွားကြည့်တော့ error page ကျလာပါတယ် အဲဒီအတွက် ကျော်ခွတဲ့ ဆော့ဝဲသုံးရပါမယ်။Become a tester ကိုနှိပ်ပါ။တစ်ခု မှတ်ထားရမှာက google email နဲ့  facebook email က တစ်ခု ထဲ ဖြစ်ရပါမယ်။ပြီးရင်download facebook from play store ကိုနှိပ်ပြီး play store ကနေ facebook ကို update လုပ်ပါ။တကယ်လို့  facebook version အဟောင်း page ပဲကျလာရင် android phone ကို restart လုပ်ပြီး android phone က play store ကနေ update လုပ်ပါ။အခု စာရေးနေတဲ့ အချိန်မှာ facebook app beta version က 3.4 ပါ။
သင် facebook beta app ကို စမ်းသပ်မသုံးချင်တော့တဲ့ရင် ဒီ page ကို ပြန်လာပြီး Leave the test ကိုနှိပ်ပါ။ သင့် ဖုန်းက beta app ကို uninstall လုပ်ပြီး play store ကနေ stable version ကို ပြန်သုံးနိုင်ပါတယ်။
ဒါဆိုရင် facebook beta version ကို သင်စမ်းသပ်သုံးစွဲနိုင်ပါပြီ။ Feature အသစ်တွေ ကိုလည်း စမ်းသပ်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ သင့်ဖုန်း မှာ ဖြစ်တဲ့ bugs , errors တွေကို feedback ပြန်ပေးနိုင်ဖို့  အတွက် facebook for android beta tester group on facebook မှာ join လုပ်ပါ။
0 comments:
Post a Comment