Tuesday, July 23, 2013
Widgets
Samsung ရဲ့ Find My Mobile Service ကို အသုံးပြုခြင်း
1
Find my mobile ၀က်ဆိုက်ကိုသွားပြီး Samsung account တစ်ခုပြုလုပ်ပါ။သင့် facebook အကောင့်နဲ့  link လုပ်ရင်လည်းရပါတယ်။ပြီးရင် တော့ အကောင့်ကို activate လုပ်ပေးပါ။ပြီးရင် ဖုန်းက find my phone feature ကို activate လုပ်ပေးရပါမယ်။ဒီလို လုပ်ဖို့ အလွယ်ဆုံးနည်းကတော့ Samsung ၀က်ဆိုက်က user guide ကိုဖွင့်ပြီး device model ကိုရွေးပေးပါ။ဒါဆိုရင် သင့် model အတွက် full instruction ကို တွေ့ မြင်နိုင်ပါတယ်။ Model တစ်ခုနဲ့ တစ်ခု ပြုလုပ်ပုံသိပ်ကွာမယ်မထင်ပါ။
- App>Settings ကိုသွားပါ။
- Accounts>Add account ကိုသွားပါ။
- Samsung account ကိုရွေးပါ။
- Update တွေကို download လုပ်ခိုင်းရင်လုပ်ပြီး အပေါ်ကအဆင့်တွေကိုပြန်လုပ်ပါ။
- Samsung account ရဲ့ user name,password တွေ ဖြည့်ပေးပါ။
- Setting>Security ကိုသွားပါ။
- Find my phone အောက်က remote controls ကိုနှိပ်ပါ။
- password ဖြည့်ပေးပြီး done ကိုနှိပ်ပါ။
ဒါဆိုရင် Samsung ရဲ့ find my mobile service ကို အသုံးပြုလို့ ရပါပြီ။
23
Find my mobile
သင့်ဖုန်း ပျောက်သွားရင်  Find my mobile ၀က်ဆိုက်ကိုသွားပြီး အောက်က track လုပ်တဲ့ features တွေကို သုံးနိုင်ပါတယ်။
- Locate my mobile – သင့်ဖုန်းရဲ့  တည်နေရာကို ပြပေးနိုင်ပါတယ်။
- Lock my mobile – သင့်ဖုန်းကို lock ချနိုင်ပါတယ်။
- Ring my mobile – ဖုန်းက အနီးအနားမှာပျောက်နေတယ်ဆိုရင် ring မြည်အောင်လုပ်ပြီး သိနိုင်ပါတယ်။
- Call / Message forwarding – ပျောက်နေတဲ့ဖုန်းကို ၀င်လာတဲ့ call/message တွေကို forward လုပ်နိုင်ပါတယ်။
- Wipe my mobile – သင့် personal data တွေကို wipe လုပ်ပြီးဖျက်နိုင်ပါတယ်။
- Unlock my screen – screen ကို unlock လုပ်နိုင်ပါတယ်။
4
2 comments:
  1. note 1 မှာမရဘူးဗျ...
    ReplyDelete
    Replies
    1. ဟုတ်လား။ user guide မှာ ၀င်ကြည့်ရင် supported devices တွေကို သိနိုင်တယ်နော်။
      Delete