Wednesday, June 10, 2015

Viber update Version & Line update Version 6.10.15


==========================================



IOS 9 တွင် ပါဝင်လာမည့် အကောင်းဆုံး FEATURE သစ် (၅) မျိုး

Apple သည် တနင်္လာနေ့က ကျင်းပခဲ့သော WWDC 2015 တွင် နှစ်ကုန်ပိုင်း၌ မျိုးဆက်သစ် iPhone များနှင့်အတူ ဖြန့်ချိမည့် iOS ဗားရှင်းသစ်ကို ပွဲထုတ် မိတ်ဆက်ပေးခဲ့သည်။ ၎င်းဗားရှင်းကို ယနေ့မှစတင်ကာ developer account တစ်ခုရှိသူတိုင်း စတင်သုံးစွဲနိုင်ပြီ ဖြစ်သည်။

iOS 9 တွင် Apple က feature သစ်များကို ထည့်သွင်းပေးခဲ့ပြီး ၎င်းအနက် အကောင်းဆုံး feature သစ် (၅) မျိုးကို ဖော်ပြလိုက်ပါသည်။

(၁) ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားသည့် Siri

Siri သည် iOS 8 တွင် ပိုမိုကောင်းမွန်လာခဲ့သော်လည်း iOS 9 တွင် အပြောင်းအလဲများ ထပ်မံ ပြုလုပ်ထားသည်။ iOS 9 တွင် ပါဝင်သည့် Siri တွင် Apple က Proactive Assistant feature သစ်ကို မိတ်ဆက်ပေးခဲ့သည်။ ၎င်းသည် Google Now နှင့် ဆင်တူပြီး သုံးစွဲသူမှ မည်သည့် လုပ်ဆောင်ချက်များ ပြုလုပ်ရန် မလိုဘဲ အချက်အလက်များ ဖော်ပြပေးမည် ဖြစ်သည်။

ဥပမာ အနေဖြင့် Siri ၏ Proactive Assistant feature သစ်သည် ယခင် သုံးစွဲမှုများနှင့် နေ့တစ်နေ့၏ အချိန်အပေါ်တွင်မူတည်ကာ app များကို ဖွင့်ပေးမည် ဖြစ်သည်။ အကြံပြုဖော်ပြပေးမည့် app ကို lock screen ၏ ဘယ်ဘက်အောက်ထောင့်နားနှင့် iOS 9 ၏ Spotlight search page သစ်တွင် တွေ့ရမည် ဖြစ်သည်။

ထို့အပြင် email ကိုကြည့်နေချိန် Siri ကိုဖွင့်ပြီး “remind me about this later” ဟု ပြောကြားသည့်အခါ Siri က သက်ဆိုင်ရာ email ကို ဖွင့်ပေးရန်အတွက် reminder တစ်ခု ဖန်တီးပေးမည် ဖြစ်သည်။

Proactive Assistant သည် invitation များနှင့် event များကိုလည်း Calendar app တွင် အလိုအလျောက် ထည့်သွင်းပေးမည် ဖြစ်သည်။

သို့သော်လည်း Google Now ကဲ့သို့ အချက်အလက်များကို Apple server များတွင် သိမ်းဆည်းထားမည် မဟုတ်သလို third party များထံသို့လည်း ဝေမျှပေးမည် မဟုတ်ကြောင်း Apple မှ ဆိုခဲ့သည်။

(၂) Apple Pay အဆင့်မြှင့်တင်မှုများ

Apple Pay ကို Discover card များနှင့် စတင်အသုံးပြုနိုင်ပြီး ၎င်းငွေပေးချေမှုစနစ်ကို ယခုနှစ်အတွင်း Trader Joe’s နှင့် Baskin Robbins ကဲ့သို့သော နာမည်ကျော်ဆိုင်များ၌ စတင်လက်ခံသွားမည် ဖြစ်သည်။ ထို့အပြင် Apple သည် အသေးစား စီးပွားရေးလုပ်ငန်းများတွင် သုံးနိုင်မည့် Apple Pay သုံးနိုင်သော card reader သစ်များကို မိတ်ဆက်ရန် Square နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

(၃) Apple iOS app များကို အဆင့်မြှင်တင်ထားခြင်း

Notes app တွင် toolbar တစ်ခုနှင့် built-in check list အထောက်အပံ့ ပါဝင်လာသည်။ ထို့အပြင် Camera app နှင့် camera roll အသုံးပြုခြင်းကို ထောက်ပံ့ပေးထားသောကြောင့် ဓာတ်ပုံများကို ထည့်သွင်းနိုင်ပြီး drawing support ကိုလည်း ၎င်း app တွင် ထောက်ပံ့ပေးထားသည်။ iCloud က iOS နှင့် Mac ထုတ်ကုန်များမှ အရာမှန်သမျှကို sync လုပ်ပေးမည် ဖြစ်သည်။

Apple Maps app တွင်လည်း မြေပုံအသစ်များနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် အချက်အလက်များကို ထောက်ပံ့ပေးထားသည်။ သုံးစွဲသူတစ်ဦးက ဘူတာတစ်ခု သို့မဟုတ် မှတ်တိုင်တစ်ခုကို နှိပ်လိုက်သည့်အခါ ကား/ရထား ထွက်ခွာမည့်အချိန်၊ နောက်ကျမည့် အချိန်နှင့် အခြားအချက်အလက်များကို ရရှိနိုင်မည် ဖြစ်သည်။ Transit feature ကို မြို့ ၁၀ မြို့တွင် စတင် အသုံးပြုနိုင်မည် ဖြစ်သည်။

ဆက်လက်ပြီး Apple က News ဟုခေါ်သည့် app အသစ်ကို iOS 9 တွင် မိတ်ဆက်ပေးခဲ့သည်။ အဆို app သစ်တွင် ရင်းမြစ်အများအပြားမှ သတင်းများကို လှပသည့် interactive user interface ဖြင့် ဖတ်ရှုနိုင်မည် ဖြစ်သည်။

(၄) iPad multitasking

iPad တွင် iOS 9 ကို အသုံးပြုသည့်အခါ app switcher သစ်ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် app သစ်များကို screen ပေါ်တွင် slide လုပ်ကာ သုံးနိုင်သလို split view ဖြင့်လည်း screen ပေါ်တွင် app အများအပြားကို တစ်ပြိုင်နက် သုံးနိုင်မည် ဖြစ်သည်။ Picture-in-picture feature ကလည်း မည်သည့် app အပေါ်တွင်မဆို video တစ်ခု၏ thumbnail ကို တင်ကာ ကြည့်နိုင်မည် ဖြစ်သည်။

(၅) Low Power Mode

၎င်း feature သစ်ကို enable လုပ်ထားသည့်အခါ ဘက်ထရီသက်တမ်းကို နောက်ထပ် ၃ နာရီအထိ တိုးမြှင့် သုံးစွဲနိုင်မည် ဖြစ်သည်။

Ref: BGR
ref : internet journal

FACEBOOK ကို လုံခြုံစွာနဲ့ ရှင်းလင်းစွာ အသုံးပြုနိုင်မယ့် နည်းလမ်းအချို့

Facebook လို Social Network တစ်ခုမှာ စွမ်းဆောင်ချက်များစွာ ပါရှိသလို လျှို့ဝှက်ထားတဲ့ Options များစွာလည်း ရှိတဲ့ အတွက် အားလုံးကို သိဖို့ဆိုတာ မလွယ်ကူပါဘူး။ အဲဒီ နည်းလမ်းများထဲက Facebook ကို လုံခြုံစွာနဲ့ ရှင်းလင်းစွာ အသုံးပြုနိုင်မယ့် နည်းလမ်းအချို့ကို တင်ပြပေးလိုက်ပါတယ်။
Group Notification နဲ့ Settings များကို ပြုပြင်ပါ။
Facebook မှာ Group များစွာ ရှိပြီး သင်ဟာ အဖွဲ့ဝင် ဒါမှမဟုတ် Admin အနေနဲ့ ပါဝင် ပတ်သက်နေမှာပါ။ သင်က အဖွဲ့ထဲ ကိုယ်တိုင်ဝင်ရောက်တာ မဟုတ်ဘဲ သူငယ်ချင်းများက အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားတာတွေလည်း ရှိနေပါတယ်။ အဖွဲ့ဝင်တစ်ယောက်ဖြစ်နေရင် မလိုလားအပ်တဲ့ Notification များစွာကို သင်ရရှိနေမှာပါ။  အဲဒီအတွက် သင်ပါဝင်နေတဲ့ အဖွဲ့အားလုံးကို တစ်နေရာတည်းကနေ မြင်တွေ့နိုင်ဖို့နဲ့ နှုတ်ထွက်ချင်တဲ့ အဖွဲ့ထဲကနေ ထွက်ခွာဖို့အတွက် Group Notification နဲ့ Settings များကို ပြုပြင်ရမှာပါ။ ဒီလိုလုပ်ဖို့ Home Page ရဲ့ ဘယ်ဘက်မှ Group ရဲ့ ညာဘက်ဘေးမှ More ခလုတ်ကိုနှိပ်ပါ။ Browse Groups Page ကိုရောက်သွားမှာ ဖြစ်ပြီး Suggested, Friends , Local, Invites နဲ့ သင်အဖွဲ့ဝင်ဖြစ်နေတဲ့ Your Groups ဆိုတဲ့ ကဏ္ဍငါးခုနဲ့ ပြသပေးထားပါတယ်။ Your Groups မှ အဖွဲ့များရဲ့ ညာဘက်ဘေးမှ Add to Favorites ကို နှိပ်ပြီး Favorites ထဲထည့်သွင်းနိုင်ပါတယ်။ Settings Icon ကိုနှိပ်ပြီး Edit Notification Settings ထဲမှာ အဖွဲ့ဝင်တစ်ယောက် Post တင်ရင် အချက်ပြပေးဖို့၊ သူငယ်ချင်းတစ်ယောက် Post တင်ရင် အချက်ပြပေးဖို့နဲ့ အချက်ပြမှုကို ပိတ်ထားဖို့ စတာတွေ ပြုလုပ်နိုင်ပါတယ်။ နှုတ်ထွက်ဖို့အတွက် Leave Group ကိုနှိပ်ပါ။

4
Unfollow or Hide လုပ်ပါ။
စိတ်အနှောင့်အယှက် ဖြစ်စရာ Post များကို တင်နေသူများအတွက် ဖြေရှင်းစရာ နည်းလမ်းက Unfollow or Hide ပြုလုပ်တာပါ။ ပို့စ်ရဲ့ ညာဘက်ဘေးမှ အောက်စိုက်နေတဲ့ မျှားကိုနှိပ်ပါ။ Unfollow or Hide all from ကိုနှိပ်ရင် အဲဒီ သူငယ်ချင်းရဲ့ ပို့စ်အားလုံးကို မြင်တွေ့ရမှာ မဟုတ်တော့ပါဘူး။ I don’t want to see this ကိုနှိပ်ရင်တော့ အဲဒီပို့စ်ကို နောက်တစ်ကြိမ်မြင်တွေ့ရမှာ မဟုတ်တော့ပါဘူး။
5
Stop Notification ကို အသုံးပြုပါ။

တစ်ခါတစ်လေမှာ Facebook အသုံးပြုရတာ ရှုပ်ထွေးပါတယ်။ သင့်သူငယ်ချင်းတစ်ယောက်က သူ့ရဲ့ ပို့စ်တစ်ခုမှာ သင့်ကို Tag လုပ်လိုက်တယ်ဆိုရင် အဲဒီ ပို့စ်ကို အခြားသူတွေက Like or Comment လုပ်တိုင်း သင့်မှာ Notification ရရှိနေမှာပါ။ ဒါတွေဟာ သင့်ကို အလုပ်ပိုစေတယ်ဆိုရင် အဲဒီပို့စ်အောက်မှ Stop Notifications ကိုနှိပ်နိုင်ပါတယ်။
6
Chat အတွက် သူငယ်ချင်းများကို ရွေးချယ်ပါ။
သင့်ကို အခြားသူများ စကားလာပြောတာကို မနှစ်သက်ရင် သင့် Chat Box မှ Online Status ကို သူငယ်ချင်း အနည်းငယ်ကိုသာ မြင်နိုင်အောင် ပြုလုပ်ထားနိုင်ပါတယ်။ ညာဘက်အောက်ထောင့်မှ Settings Icon ကိုနှိပ်ပြီး Advanced Settings ထဲသွားပါ။ Turn on chat only some friends ကိုရွေးချယ်ပြီး သင့်ရဲ့ Online Status ကို မြင်စေချင်တဲ့ သူငယ်ချင်းများကို ရွေးချယ်ပေးပါ။
7
Timeline and Tagging Settings ကို ပြောင်းလဲပါ။
အချို့ Facebook အသုံးပြုသူများက သူတို့ရဲ့ အလုပ်ကိစ္စအတွက် Fan Page မထောင်ထားဘဲ Personal Account ကိုသာ အသုံးပြုကြပြီး အခြား သူများကို Tag လုပ်ခြင်းဖြင့် အနှောင့်အယှက် ဖြစ်စေကြပါတယ်။ သူတို့ Tag လုပ်တဲ့ ပို့စ်တိုင်းဟာ သင့်ရဲ့ Timeline မှာ ပြသပေးမှာပါ။ အဲဒီသူကို Unfriend ပြုလုပ်ခြင်း ဒါမှမဟုတ် Tag ပြုလုပ်တာကို လုပ်ခြင်းဖြင့် ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ ဒုတိယ တစ်ခုကို ရွေးချယ်မယ်ဆိုရင် Settings ထဲက Timeline and Tagging ကို သွားပါ။ posts friends tag you in before they apper on your timeline? မှာ On လုပ်ပေးရင် သင့် သူငယ်ချင်းများက သင့်ကို Tag လုပ်ထားတဲ့ ပို့စ်များကို သင့်ရဲ့ Timeline မှာ မပြသပေးခင်မှာ သင်က လုပ်နိုင်မှာပါ။ အဲဒီကနေ သင့်ကို Tag လုပ်ထားတဲ့ ပို့စ်များထဲကနေ သင့် Timeline မှာ ဖော်ပြစေချင်တဲ့ ပို့စ်များကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
8

Messenger App အစား မိုဘိုင်း ဘရောက်စာကို အသုံးပြုပါ။

Facebook Mobile App မှာ Chat ကို အသုံးပြုရင် Messenger App ကို အင်စတော လုပ်ခိုင်းတဲ့ ပြောင်းလဲမှုကို Facebook က ပြုလုပ်လိုက်ပါတယ်။ Messenger App ကို အင်စတော မလုပ်ချင်သူများအနေနဲ့ မိုဘိုင်း ဘရောက်စာကနေ m.facebook.com ကိုသွားပြီး Facebook ကို အသုံးပြုနိုင်သလို Chat ကိုလည်း အသုံးပြုနိုင်မှာပါ။
9
Hashtag ကို အသုံးပြုပါ။
Newsfeed မှာ ပို့စ်များစွာနဲ့ ရှုပ်နေရင် ဖတ်ချင်တဲ့ သတင်းတစ်ပုဒ်ကို ရှာဖွေရတာ မလွယ်ကူပါဘူး။ အဲဒီလို အခြေအနေမှာ Hashtag ကို အသုံးပြုပြီး လျှင်မြန်စွာ ရှာဖွေနိုင်ပါတယ်။ Search Box ကနေ #လို့ရိုက်ပြီး နောက်မှာ စကားလုံးကို ရိုက်ပြီး ရှာဖွေပါ။
10



ref;http://www.myanmardigitallife.com/

Tuesday, June 9, 2015

FACEBOOK ကိုအခုမှ စအသုံးပြုနေသူများနဲ့ FACEBOOK အသုံးပြုသူများ အတွက် FACEBOOK အသုံးပြုနည်း စာအုပ်လေးပါ

 Facebook အသုံးပြုနည်းစာအုပ်လေးပါ။facebok သုံးနေသူများအနေနဲ မိမိ facebook  security ကို မည်သို့ထိန်းသိမ်းရမည် စသည့်အကြောင်းအရာများကိုပြည့်ပြည့်စုံစုံ မြန်မာလိုဖော်ပြထားတဲ့
စာအုပ်လေးပါ။ အခုမှစသုံးသူတွေအတွက်လဲ လေ့လာလိုကောင်းတဲ့စာအုပ်လေးပါပဲ။လေ့လာချင်သူများအဆင်ပြေအောင်တင်ပေးလိုက်ပါသည်။စာဖတ်ခြင်းဖြင့်
နည်းပညာတိုးတက်ပါစေဆုတောင်းလျက်။
Download Here

Saturday, June 6, 2015

FACEBOOK 3.5 & MESSENGER 29 6.6.2015 UPDATED



====================================================

Wednesday, June 3, 2015

Android ဖုန်းတွေအတွက်ဗားရှင်းအလိုက် Font Changer များ

Clash Of Clan Myanmar Font (Coc မြန်မာစာ ထည့်သွင်းနိုင်သည်)

fepfz(v2.1) (Jelly Bean ဖုန်းများ စာရှေ့နောက်လွဲနေသူများ Patch လုပ်နိုင်သည်)

Zawgyi Fontchanger (2.3.6 မှ 4.1.2 ဖုန်းများအထိအဆင်ပြေသည်)

 ICS_MM_Font _Installer (4.0 မှ 4.04 ဖုန်းများအတွအဆင်ပြေသည်)

MM AIo Font Changer Pro (Beta2) (2.3 မှ 4.4.2 ဖုန်းများအထိအဆင်ပြေသည်)


 MMAIO font Changer (2.3 မှ 4.3 အထိအဆင်ပြေသည်)

HUAWEI G730 FONT INSTALLER V2


 MMSD Smart Zawgyi 1.5 (4.2.2 ဖုန်းများအတွက်အဆင်ပြေသည်)

MPPG Font Tool v1.3 (2.2 မှ 4.4.4 ဖုန်းများအတွက်အဆင်ပြေသည်)

LOLLIZWAPER (5.x ဖုန်းများအတွကက်အဆင်ပြေသည်)


Monday, June 1, 2015

အင်တာနက်တွင် ခြိမ်းခြောက်အကျပ်ကိုင်ခံရပါက









အင်တာနက်တွင် ခြိမ်းခြောက်အကျပ်ကိုင်ခံရပါက တွေဝေခြင်းမရှိပဲ ချက်ချင်း take action လုပ်ပါ။
ဖုန်းနံပါတ် တောင်းပါက မပေးပါနှင့်။
Credit to Ko Ei Maung and Wiki How