Sunday, May 26, 2013

Widgets

PauseForLater: Resume Watching Online Videos Where You Left Them

1

Online Videos တွေကြည့်ရတာ ကြိုက်နှစ်သက်တဲ့သူတွေ အတွက် Pause For Later ဆို တဲ့  free web service ကို အသုံးပြုသင့်ပါတယ်။ဥပမာ ဆိုပါစို့ သင်ကြိုက်နှစ်သက်တဲ့ online video တစ်ခု ကြည့်နေတယ်ဆိုပါစို့ ။လုပ်စရာအလုပ်ရှိလို့  သွားလုပ်ရတယ်ဆိုရင်နောက်တစ်ခါ ဒီ video ကို ပြန်ကြည့်ရင် အစကနေပြန်ကြည့်ရမှာပါ။Pause for later ကိုအသုံးပြုရင် အစကနေ ပြန်ကြည့်စရာမလို ဘဲ သင် pause လုပ်ထားတဲ့ နေရာကပဲပြန်ပြီး ကြည့်နိုင်ပါတယ်။Pause for later က YouTube, Hulu,  Vimeo, Netflix စတဲ့ ဆိုက်က video တွေကို support ပေးပါတယ်။

Pause for later ၀က်ဆိုက်မှာအကောင့်တစ်ခု လုပ်ပြီး ၀င်ပါ။ပြီးရင် သက်ဆိုင်ရာ browser အလိုက် extension(or) add-on ကို အင်စတောလုပ်ပါ။အင်စတောလုပ်ပြီးရင် browser မှာ pause for later အိုင်ကွန်ကို တွေ့ မြင်နိုင်ပြီး YouTube, Hulu,  Vimeo , Netflix စတဲ့ဆိုက်တွေက video တွေကို ကြည့်ရှုနိုင်ပါပြီ။သင် pause လုပ်ချင်တဲ့ အချိန်ကျရင် pause for later ကို နှိပ်လိုက်ပါ။ဒါဆိုရင် pause for later ဆိုက်ကို ရောက်သွားပြီး သင်ကြည့်နေတဲ့ video, time remaining , pause လုပ်ထားတဲ့ အချိန် စတာတွေကို မြင်တွေ့ နိုင်ပါတယ်။သင်အဲဒီ video ကို pause လုပ်ထားတဲ့နေရာက နေ ပြန်ကြည့်ချင်ရင် Actions ကို နှိပ်ပြီး Watch Now ကို နှိပ်ပါ။Actions ကို နှိပ်ပြီး အဲဒီ video ကို အစကနေ ပြန်ကြည့်နိုင်သလို delete လည်းလုပ်နိုင်ပါတယ်။

ashampoo 01

Checkout Pause for later @ www.pauseforlater.com/

11 comments: