Thursday, May 2, 2013

Widgets

ကွန်ပြူတာက ကွန်နက်ရှင်ကို Android Phone မှာသုံးမယ်

1

Android Phone က ကွန်နက်ရှင်ကို USB tether (or)  Wifi hotspot ပြုလုပ်ပြီး ကွန်ပြူတာမှာ သုံးလို့ ရတာကို တော့သိကြမှာပါ။အပြန်အလှန်အားဖြင့် ကွန်ပြူတာက ကွန်နက်ရှင်ကို Connectify သုံးပြီး သင့် ဖုန်း မှာ ကွန်နက်ရှင်သုံးနိုင်ပါတယ်။Connectify မသုံးချင်ရင် Reverse Tethering ဆိုတဲ့ portable software ကို သုံးနိုင်ပါတယ်။ဒီ ဆော့ဝဲကို သုံးဖို့  သင့် ဖုန်း ဟာ root လုပ်ပြီးသားဖြစ်ရမှာပါ။Android phone တွေကို အလွယ်တကူ root လုပ်ပေးနိုင်တဲ့ one click root tool တွေ ကို လည်းတင်ပေးထားပါတယ်။နောက်ပြီးသင့်ဖုန်း ရဲ့ setting ထဲမှာ USB Debugging ကို အမှန်ခြစ်ပေးထားရပါမယ်။

Reverse Tethering ကို ဒေါင်းလုပ်လုပ်ပြီးရင်သင့်ဖုန်းကို ကွန်ပြူတာနဲ့ ချိတ်ပါ။ Android Tool.exe ကို run ပါ။Device ကို ရှာမတွေ့ သေးရင် Refresh ကို နှိပ်ပါ။သင့် device ကို ရှာတွေ့ ရင် Connect ကို နှိပ်ပါ။သင့်ဖုန်းမှာ USB Tunnel ဆို တဲ့ application ကို အင်စတောလုပ်ပါလိမ့်မယ်။

ashampoo 06

အောက်ကပုံမှာလို မြင်ရရင်တော့ ချိတ်ဆက်မိသွားပြီး သင့်ဖုန်းမှာ ကွန်နက်ရှင်ရပြီးသုံးနိုင်ပါပြီ။

ashampoo 08

Download Reverse Tethering 3.2 from Dropbox  (or)  Mirrorcreator

0 comments:

Post a Comment