Friday, May 10, 2013

Widgets

DNS Jumper – Speed Up Your Browsing & Access Blocked Websites

ashampoo 01

Domain Name Server (or) DNS ဆိုတာ  လူတွေ မှတ်ရလွယ်တဲ့ Web Address (eg. www.google.com)   ကို ကွန်ပြူတာတွေ နားလည်တဲ့ IP Address တွေ အဖြစ်ပြောင်းလဲ ပေးတာပါ။ဥပမာ သင်က facebook.com လို့ ရိုက်လိုက်တယ်ဆိုပါစို့ ။ DNS server က IP address အဖြစ်ပြောင်းလဲပေးလိုက်ပါတယ်။အဲဒီအခါကျမှသင်က facebook ကို အသုံးပြုလို့ ရတာပါ။သင် ၀က်ဆိုက်တစ်ခု ဖွင့်တိုင်း DNS server ကကြားထဲကနေအလုပ်လုပ်ပေးနေတာပါ။ အဲဒီအတွက် အင်တာနက်အမြန်နှုန်းက DNS server ပေါ်မှာလည်းမူတည်ပါတယ်။ လူအများစုက Internet Service Provider(ISP) တွေရဲ့  DNS ကို သုံးကြပါတယ်။သင့် အင်တာနက် speed ပိုမိုကောင်းမွန်အောင်လို့  သင့် ISP ရဲ့ DNS ကို မသုံးဘဲတစ်ခြား DNS(google dns,open dns etc:) တွေကို ပြောင်းလဲသုံးနိုင်ပါတယ်။နောက်ပြီး ISP က blocked လုပ်ထားတဲ့ဆိုက်တွေ ၊ region blocked sites တွေ ကို လည်း ကြည့်ရှုနိုင်အောင်ပြုလုပ်ပေးနိုင်ပါတယ်။ DNS Jumper ဆို တဲ့ freeware က DNS တွေကို အလွယ်တကူ ပြောင်းလဲပေးနိုင်ပါတယ်။ DNS Jumper က portable ဖြစ်ပြီး Windows Xp , Windows Vista , Windows 7 , Windows 8 – (x86 & x64) စတဲ့ os တွေ မှာသုံးနိုင်ပါတယ်။

Windows မှာ DNS setting ကို ပြောင်းဖို့ အတွက် Control Panel\Network and Internet\Network Connections အောက်ကို သွားပြီး adapter setting က နေ IPV4 ရဲ့  properties ကို ပြင်ရမှာပါ။ဒါက manual လုပ်တာဖြစ်ပြီး အလုပ်ရှုပ်ပါတယ်။DNS Jumper ကို သုံးရင် အလွယ်တကူနဲ့ Google Public DNS, OpenDNS စတာတွေ အပြင်တစ်ခြား DNS (၃၉) ခု ကို အလွယ်တကူပြောင်းလဲသုံးနိုင်ပါတယ်။နောက်ပြီး DNS Jumper က Fastest DNS တွေကို ရှာပေးနိုင်လို့  အမြန် ဆုံး DNS ကို ရွေးချယ်သုံးနိုင်ပါတယ်။ DNS Jumper ကို run ပြီး Fastest DNS ကို နှိပ်ပါ။

ashampoo 02

Find Fastest DNS ကို နှိပ်ပါ။

ashampoo 03

ဒါဆိုရင် အမြန်ဆုံး DNS ကို တွေ့ မြင်နိုင်ပြီး Apply Fastest DNS ကို နှိပ်ပါ။

ashampoo 04

DNS မပြောင်းခင်နဲ့ ပြောင်းပြီး သင့် အင်တာနက် speed ပို မြန်လာလား သိဖို့ အတွက် Speedtest.net ၀က်ဆိုက်မှာ စစ်ဆေးကြည့်နို်င်ပါတယ်။ဆော့ဝဲအသုံးပြုပြီးစမ်းသပ်ချင်ရင်တော့ အင်တာနက် speed ကို windows task bar မှာ အမြဲဖော်ပြပေးနိုင်တဲ့ NetSpeedMonitor ဆို တဲ့ freeware ကို သုံးပါ။

သင့် ISP ရဲ့  DNS ကို ပြန်ပြောင်းချင်ရင်တော့ star icon ကို နှိပ်ပြီး Default DNS ကို နှိပ်လိုက်ရင် နဂို DNS ကို ပြန်ပြောင်းပေးမှာပါ။

2

Download DNS Jumper @  sordum.org/7952/dns-jumper-v1-0-5/

0 comments:

Post a Comment