Friday, May 24, 2013

Widgets

Google Plus က Posts တွေရဲ့  Width ကိုအကြီးချဲ့ ကြည့် မယ်

1

မကြာသေးမီက google က google plus ရဲ့ ဒီဇိုင်းကို ပြောင်းခဲ့ပါတယ်။ဒီဇိုင်းအသစ်မှာ တော့ posts တွေကို two column layout ,  one column layout နှစ်မျိုးနဲ့ ကြည့်နိုင်ပါတယ်။ဒါပေမယ့် post တွေ ရဲ့ width က သေးသွားတာတွေ့ ရပါတယ်။တကယ်လို့  သင်ဟာ ကျွန်တော့်လို ပဲ google plus က post တွေကို ဖတ်ရတာ အားမရတဲ့သူဆိုရင် အောက်ကနည်းနဲ့  post တွေရဲ့ width ကို အကြီး ချဲ့ ကြည့်နိုင်ပါတယ်။

Width တွေကို မပြောင်းခင်နဲ့ ပြောင်းပြီး ကွာခြားချက်ကို အောက်ကပုံနှစ်ပုံမှာ ကြည့်နိုင်ပါတယ်။

ashampoo 05

ashampoo 03

ဒီလို ပြောင်းဖို့ အတွက် Stylish  ဆို တဲ့ browser extension (or) add-on ကို သုံးပါမယ်။Stylish ကို Chrome  , Firefox  စတဲ့ သင်အသုံးပြုတဲ့ browser မှာ အင်စတောလုပ်ပါ။ပြီးရင် Wider Posts On Google Plus ကို Stylish မှာ အင်စတောလုပ်ပါ။ပြီးရင်တော့ Google Plus က posts တွေကို ကြီးကြီးနဲ့ ရှင်းရှင်းမြင်ရပါပြီ။

0 comments:

Post a Comment