Friday, May 10, 2013

Widgets

GoodSync Enterprise 9.4.8.8 Full Version

goodsync

Windows , IOS , Android စတဲ့ device တွေ ကြားမှာ ဖိုင်တွေ ကို synchronize, backup လုပ်ပေးနိုင်ပါတယ်။GoodSync က peer-to-peer နည်းကိုသုံးတာဖြစ်တဲ့ အတွက် ကြားခံ  sync services  , cloud storage , server တွေ မလို အပ်တော့ဘဲ သင့်ကွန်ပြူတာ နဲ့ devices တွေ ကြားမှာ ဖိုင်တွေကို တိုက်ရိုက် sync လုပ်ပေးနေတာပါ။ ဥပမာအားဖြင့် Dropbox, Google Drive စတဲ့ sync service, cloud storage services တွေ က နေတဆင့် သင့်ကွန်ပြူတာ ကဖိုင်တစ်ခု ကို သင့်ဖုန်းကနေအသုံးပြုချင်တယ်ဆိုပါစို့ ။အရင်ဆုံး သင့်ကွန်ပြူတာက ဖိုင်ကို Dropbox,Google Drive ကို upload,sync လုပ်ထားရမှာပါ။ပြီးမှ အဲဒီဖိုင်ကို cloud storage ကနေတစ်ဆင့် သင့်ဖုန်း က နေ download လုပ် ရမှာပါ။အဲဒီအတွက် upload , download လုပ်ရတဲ့ အတွက် အချိန်ပို ကြာသလို ကြားခံ cloud storage တစ်ခု ရှိဖို့ လိုအပ်ပါတယ်။GoodSync ကို အသုံးပြုရင် ကြားခံ cloud storage တွေ မလို ဘဲ သင့်ကွန်ပြူတာနဲ့  သင့် IOS, Android device တွေ ကြားမှာ တိုက်ရိုက် ဖိုင်တွေ sync , backup  လုပ်နိုင်သလို သင့် ရဲ့ ကွန်ပြူတာ၊Android,IOS device တွေက ဖိုင်တွေကို ရောက်လေရာနေရာတိုင်းကနေ အသုံးပြုလို့ ရပါတယ်။

download button

GoodSync Enterprise Version , Portable Version နှစ်မျိုးစလုံးတင်ပေးထားပါတယ်။Portable Version မှာတာ့ GoodSync  ရဲ့ features တစ်ချို့ ကို အသုံးမပြုနိုင်ပါဘူး။ Advantages နဲ့  Limitation တွေကို official page မှာ ဖတ်ပါ။

Download GoodSync Enterprise Full Version  (Download With Tusfiles Accelerator ဆို တဲ့ check box က အမှန်ခြစ်ကို ဖြုတ်ပြီးဒေါင်းပါ။)

Download GoodSync (Portable Version)

Activate လုပ်နည်း

GoodSync ကို Pro version ဖြစ်အောင် activate လုပ်ရတာ တစ်ခြားဆော့ဝဲတွေလို မဟုတ်ဘဲ နည်းနည်း ပို ထူးခြားပါတယ်။အဲဒီအတွက် activate လုပ်နည်းကို ပြောပါမယ်။ဆော့ဝဲကို အင်စတောလုပ်ပြီးရင် ဖွင့်ပါ။Job တစ်ခု လုပ်ခိုင်းရင် ကြိုက်ရာနာမည်ပေးပါ။GoodSync Connect Setup မှာ No ပေးပါ။GoodSync UI ပေါ်လာရင် Help menu ကနေ Activate Pro ကို နှိပ်ပါ။နောက်ဝင်းဒိုးမှာ Activate Online via Browser ကို ရွေးပြီး  သင့်နာမည်နဲ့ Order ID (1234567890) ကို ထည့်ပေးပါ။နောက်ဝင်းဒိုးမှာကုတ်တွေ ပေါ်လာရင် Copy ကို နှိပ်ပါ။ဒေါင်းလုပ်လုပ်ထားတဲ့ Keygen ကို run ပြီး Request Code မှာ paste လုပ်ပြီး Gimme!  ကိုနှိပ်ပါ။Keygen က activation code တွေကို copy လုပ်ပြီး GoodSync activation window က Paste Activation Code Here  မှာ paste လုပ်ပြီး Next ကိုနှိပ်ရင် pro version ဖြစ်ပါပြီ။

activate 

Backup And Synchronization

GoodSync မှာ backup , sync လုပ်ဖို့ Job တစ်ခု စပြီး create လုပ်ရမှာပါ ။Job တစ်ခု စလုပ်ရင် backup (or) synchronize လုပ်မှာလားမေးပါလိမ့်မယ်။အဲဒီအတွက် GoodSync က  backup , sync နှစ်ခု ရဲ့ ခြားနားချက်ကို ပြောပြချင်ပါတယ်။

Backup လုပ်တာကတော့ တစ်နည်းအားဖြင့် one way synchronization လုပ်တာဖြစ်ပါတယ်။ဥပမာအားဖြင့် သင့်ကွန်ပြူတာက်ဖိုဒါတစ်ခုကို external hard drive တစ်ခု မှာ backup လုပ်မယ်ဆိုပါစို့ ။ သင့်ကွန်ပြူတာက ဖိုဒါကို source folder(or) left side လို့ ခေါ်ပြီး external hard drive မှာ သိမ်းမယ့် ဖိုဒါကို destination folder(or) right side လို့ ခေါ်ပါတယ်။Left side မှာ ဖိုင်တစ်ခု အသစ်တိုးလာရင် right side မှာ အဲဒီဖိုင်အသစ်ကို သိမ်းပေးမှာပါ။ Right side မှာ ဖိုင်အသစ်တစ်ခု တိုးလာရင်တော့ အဲဒီဖိုင်ကို GoodSync ကနေ backup လုပ်တဲ့ အချိန်ကျရင် ဖျက်ပစ်မှာပါ။ Left side မှာ ရှိတဲ့ ဖိုင်တွေပဲ right side မှာ ရှိနေမှာပါ။

Synchronize လုပ်တာကတော့ two way ဖြစ်ပြီး left side မှာ ဖိုင်အသစ်တစ်ခု တိုးလာရင် right side မှာအဲဒီဖိုင်အသစ်ကို သိမ်းပေးမှာဖြစ်ပြီး အပြန်အလှန်အားဖြင့် right side မှာ ဖိုင် အသစ်တစ်ခု တိုးလာရင် left side မှာ ပါ အဲဒီဖိုင်အသစ်ကို သိမ်းပေးမှာပါ။

Backup (or) Synchronize Job တစ်ခု ပြုလုပ်ခြင်း

Backup (or) Synchronize  job တစ်ခု ပြုလုပ်ဖို့  + button ကို နှိပ်ပါ။နာမည်နှစ်သက်ရာပေးပါ။Backup (or) Synchronize တစ်ခုခု ကို ရွေးပေးပြီး OK နှိပ်ပါ။

ashampoo 11

Left side က browse button ကို နှိပ်ပြီး ဖိုဒါတစ်ခု ရွေးပေးပါ။Right side က browse button ကို နှိပ်ပြီး ဖိုဒါတစ်ခု ရွေးပေးပါ။

ashampoo 12

ဖိုဒါ တစ်ခု ကို ရွေးချယ်နိုင်သလို ဖိုဒါအများအပြားကို လည်းရွေးချယ်နိုင်ပါတယ်။ဖိုဒါအများအပြားကို ရွေးချယ်ဖို့  Select multiple items ဆိုတဲ့ check box မှာ အမှန်ခြစ်ပေးပါ။ဒီ feature က advanced user တွေ အတွက်အသုံးတည့်မှာဖြစ်ပြီးနည်းနည်းရှုပ်ထွေးပါတယ်။

ashampoo 14

ဖိုဒါတွေ ရွေးပြီးရင် Analyze ကို နှိပ်ပြီး Sync ကို နှိပ်ပါ။ဒါဆိုရင် backup (or) sync ပြုလုပ်ပြီးပါပြီ။ Auto ကို နှိပ်ပြီး အချိန်သတ်မှတ်ပြီး အလို လို backup(or) synchronize လုပ်ခိုင်းနိုင်ပါတယ်။

ashampoo 13

GoodSync Connect အသုံးပြုခြင်း

GoodSync Connect ကို အသုံးပြုပြီး သင့် အိမ်က ကွန်ပြူတာ ၊ရုံးက ကွန်ပြူတာ ၊သင့်ရဲ့ android ,ios  device တွေ က ဖိုင်တွေကို sync (or) backup လုပ်နိုင်ပါတယ်။Peer-to-Peer နည်းကို အသုံးပြုတာဖြစ်ပြီး ကြားခံ cloud storage တွေသုံးစရာမလိုဘဲ သင့်ရဲ့  ကွန်ပြူတာတွေ ၊android ,ios device တွေက ဖိုင်တွေကို တိုက်ရိုက် backup(or)sync လုပ်နိုင်ပါတယ်။နောက်ပြီး သင့်ကွန်ပြူတာတွေ ၊ devices တွေကဖိုင်တွေကို အချိန်မရွေး နေရာမရွေး ရယူအသုံးပြုနိုင်တဲ့ အတွက် ကျွန်တော် အကြိုက်ဆုံး feature တစ်ခု ဖြစ်ပါတယ်။ဥပမာအားဖြင့် သင့် အိမ်က ကွန်ပြူတာနဲ့  ရုံးက ကွန်ပြူတာ နှစ်လုံးကို GoodSync Connect ဖြင့်ချိတ်ဆက်ထားတယ်ဆိုရင် အဲဒီ  ကွန်ပြူတာ နှစ်လုံးကြားမှာ ဖိုင်တွေ အပြန်အလှန် backup(or)sync ပြုလုပ်နိုင်သလို အဲဒီ ကွန်ပြူတာနှစ်လုံးက ဖိုင်တွေကို အပြန်အလှန်ပေးပို့ ရယူနိုင်မှာဖြစ်ပါတယ်။

ဒီ tutorial မှာတော့ ကျွန်တော့် ကွန်ပြူတာ thuya-pc နဲ့  ကျွန်တော့်ညီ ကွန်ပြူတာ aungkhinemyint နှစ်လုံးကို ချိတ်ဆက်စမ်းသပ်ပြီး အသုံးပြုနည်းကို ရေးပါတယ်။ပထမဆုံး အဲဒီစက်နှစ်လုံးမှာ GoodSync ကို အင်စတောလုပ်ပြီး activate လုပ်ပါတယ်။ပြီးရင် ကျွန်တော့်စက် thuya-pc က GoodSync ရဲ့  Tools menu က GoodSync Connect Setup ကိုနှိပ်ပါတယ်။

ashampoo 15

နောက်ဝင်းဒိုးမှာ Yes ကို ရွေးပြီး next နှိပ်ပါတယ်။

ashampoo 16

နောက်အဆင့်မှာ တော့ GoodSync Connect Account တစ်ခု ပြုလုပ်ရမှာပါ။Computer ID မှာတော့ သင့်ကွန်ပြူတာ ID ရိုက်ပြီးသားဖြစ်နေပါလိမ့်မယ်။ကျန်တဲ့လိုအပ်တာတွေကို ဖြည့်ပေးပြီးအကောင့်တစ်ခု လုပ်ပါ ။

ashampoo 17

နောက်အဆင့်မှာ windows password ကို ဖြည့်ပေးပါ။

ashampoo 18

နောက်အဆင့်မှာ Apply နှိပ်ပေးရင် GoodSync Connect Accout တစ်ခု ပြုလုပ်ပြီး setup လည်းပြုလုပ်ပြီးပါပြီ။

နောက်ကွန်ပြူတာတစ်လုံးဖြစ်တဲ့ ကျွန်တော့်ညီ ကွန်ပြူတာ aungkhinemyint မှာလည်း အပေါ်ကနည်းအတိုင်းပဲ ပြုလုပ်ပေးပါ။အကောင့် register လုပ်ရမယ့် wizard မှာတော့ အသစ်မလုပ်ဘဲ  အပေါ်မှာ ပြုလုပ်ထားတဲ့ အကောင့်ကို ဖြည့်ပေးပါ။ကျန်တဲ့အဆင့်တွေကို အပေါ်ကနည်းအတိုင်းပြုလုပ်ပေးပါ။

ashampoo 19

ဒါဆိုရင် အဲဒီ ကွန်ပြူတာနှစ်လုံးချိတ်ဆက်မိပါပြီ။တကယ် ချိတ်ဆက်မိပြီလားသိရအောင် GoodSync Explorer ကို ဖွင့်ပါ။GoodSync ကို အင်စတောလုပ်ပြီးတဲ့ အချိန်မှာ GoodSync နဲ့   GoodSync Explorer ဆိုတဲ့ shortcut icon နှစ်ခု ကို desktop မှာတွေ့ မြင်နိုင်ပါတယ်။GoodSync Explorer ကို ဖွင့်ပြီး drop down arrow ကနေ GoodSync Connect ကို နှိပ်ပါ။ပုံမှာမြင်တွေ့ ရသလို thuya-pc.thuya.goodsync   ,   aungkhinemyint.thuya.goodsync  ကို တွေ့ မြင်ရရင် ကွန်ပြူတာနှစ်လုံးချိတ်ဆက်မိပါပြီ။huawei ဖုန်း ပါမြင်ရတာကတော့ ကျွန်တော့် ဖုန်းကို ချိတ်ဆက်ပြီးစမ်းသပ်ထားလို့ မြင်တွေ့ ရတာပါ။

akm

GoodSync Connect ဖြင့် ချိတ်ဆက်ထားသော Devices တွေ မှာ Backup & Sync  ပြုလုပ်ခြင်း

GoodSync Connect နဲ့ ချိတ်ဆက်နေတဲ့ ကွန်ပြူတာနှစ်လုံးကဖိုင်တွေကို backup & sync လုပ်ဖို့ အတွက် အဆင်ပြေတဲ့ ကွန်ပြူတာတစ်လုံးကနေ ပြုလုပ်နိုင်ပြီး အပေါ်မှာ ပြထားတဲ့ backup & sync လုပ်တဲ့ နည်းအတိုင်းပဲပြုလုပ်နိုင်ပါတယ်။ ဥပမာ thuya-pc က ဖိုဒါတစ်ခုကို aungkhinemyint ကွန်ပြူတာက ဖိုဒါတစ်ခု နဲ့  sync (or) backup လုပ်မယ်ဆိုပါစို့ ။thuya ကွန်ပြူတာကနေ အသုံးပြုမယ်ဆိုပါစို့ ။ဖိုဒါတွေ ရွေးချယ်တဲ့ နေရာမှာ Left side က Browse ကိုနှိပ်ရင် My Computer အောက်ကိုအလိုလို ရောက်နေမှာပါ။My Computer အောက်က sync (or)backup လုပ်ချင်တဲ့ ဖိုဒါကို ရွေးချယ်ပေးပါ။

ashampoo 22

Right side က browse ကို နှိပ်ပြီး GoodSync Connect နဲ့ ချိတ်ဆက်ထားတဲ့ aungkhinemyint (or) remote computer ကို ရွေးချယ်ရမှာ ဖြစ်တဲ့အတွက် ဘယ်ဘက်က My Computer အောက်က GoodSync Connect ကိုရွေးပေးရမှာပါ။ညာဘက်ခြမ်းက aungkhinemyint ကွန်ပြူတာက sync (or) backup လုပ်ချင်တဲ့ ဖိုဒါကို ရွေးပေးရမှာပါ။ပြီးရင်တော့ အဲဒီ ကွန်ပြူတာနှစ်လုံးကဖိုဒါနှစ်ခုကို backup (or) sync လုပ်နိုင်ပါပြီ။

ashampoo 24

GoodSync Explorer ကို အသုံးပြုပြီး ဖိုင်တွေ Download ပြုလုပ်နည်း

GoodSync Explorer ကို သုံးပြီး ကွန်ပြူတာတွေ ကြား device တွေ ကြားမှာ ဖိုင်တွေ အပြန်အလှန်ပေးပို့ ရယူနိုင်ပါတယ်။ဒီ tutorial မှာ တော့ thuya-pc နဲ့  ကျွန်တော့် android phone ကြားမှာ ဖိုင်တွေ အပြန်အလှန်ပေးပို့ ရယူနည်းကို စမ်းသပ်ရေးထားပါတယ်။ဒီလို လုပ်ဖို့ အတွက် android ဖုန်းမှာ GoodSync Server application ကို အင်စတောလုပ်ထားပြီး GoodSync account နဲ့  sign in လုပ်ထားရပါမယ်။

Download GoodSync Server for Android from Google Play Store   (or) Direct Link

Download GoodSync Server for IOS from Apple Store 

thuya-pc က GoodSync Explorer ကိုဖွင့်ပြီး drop down arrow က GoodSync Connect ကို နှိပ်ရင် huawei android phone ကို တွေ့ မြင်နိုင်ပါတယ်။

ashampoo 25

Android phone  က နေ သင့်ကွန်ပြူတာကို ကူးချင်တဲ့ဖိုင်ကို ရွေးပြီးရင် Download ကို နှိပ်ပါ။ပြီးရင် သင့်ကွန်ပြူတာမှာသိမ်းမယ့်နေရာကို ရွေးပေးပြီးရင် အဲဒီဖိုင်ကို ဒေါင်းလုပ်စလုပ်ပါပြီ။ဒေါင်းလုပ်လုပ်ပြီးရင်တော့ အဲဒီဖိုင်ကို သင့်ကွန်ပြူတာမှာမြင်တွေ့ နိုင်ပါပြီ။

ashampoo 26

ကျွန်တော် ရေးပေးထားတာက အခြေခံ အသုံးပြုနည်းပါ။ GoodSync မှာ အသုံးဝင်တဲ့ တစ်ခြား features တွေ အများကြီးရှိပါသေးတယ်။အသေးစိတ်ကို http://www.goodsync.com/support/manual မှာလေ့လာနိုင်ပါတယ်။

0 comments:

Post a Comment