Friday, May 24, 2013

Widgets

SwipePad: launch apps without leaving the window you are working in

ashampoo 06

Windows ကွန်ပြူတာမှာ applications တွေ အများအပြားဖွင့်ပြီး multi-task လုပ်ပြီးအသုံးပြု ရတာလွယ်ကူပါတယ်။Android Phone မှာ တော့ applications တွေ အများအပြားဖွင့်ပြီးသုံးရတာအဆင်မပြေပါဘူး။ဥပမာ Android phone မှာ facebook သုံးနေတယ်ဆိုပါစို့ ။ Gmail application ကို သုံးဖို့  facebook ကို ပိတ် home button ကို နှိပ် gmail  ကို ရှာ ပြီးသုံးရမှာပါ။ပြီးရင် facebook ကို ပြန်သုံးချင်ရင် gmail ကို ပိတ်ပြီး facebook ကို ပြန်ရှာပြီးသုံးရမှာပါ။SwipePad ဆိုတဲ့ android application က အဲဒီအခက်အခဲကို ဖြေရှင်းပေးနိုင်ပါတယ်။Application တွေအများအပြားကို လက်ရှိသုံးနေတဲ့ application window  ကနေပဲပြောင်းလဲသုံးစွဲနိုင်ပါတယ်။

SwipePad ကို အင်စတောလုပ်ပြီးရင် tutorial ကို ပြပေးပါလိမ့်မယ်။အဲဒါပြီးရင်တော့ SwipePad ကို အသုံးပြုဖို့  configure စလုပ်ရမှာပါ။PADS အောက်က Default pad ကို နှိပ်ပါ။နောက်အဆင့်မှာ လွတ်နေတဲ့ Portal တစ်ခု ကို နှိပ်ပါ။

Moborobo20130524201857Moborobo20130524201937

Applications ကိုနှိပ်ပြီး SwipePad ကနေ သုံးချင်တဲ့ application ကို ရွေးပါ။

Moborobo20130524202154Moborobo20130524202215

ပြီးရင် HOTSPOTS အောက်မှာ HOTSPOTS ကို သတ်မှတ်ပေးပါ။Hotspot size ကိုလည်း ပြောင်းလဲနိုင်ပါတယ်။အောက်ကပုံမှာတော့ hotspot ကို ညာဘက်အပေါ်ထောင့်မှာသတ်မှတ်ထားတာပါ။သဘောက သင် applications တွေကို ပြောင်းလဲအသုံးပြုချင်ရင်အဲဒီ သတ်မှတ်ထားတဲ့ hotspot နေရာကို ဖိထားလိုက်ရင် applications တွေ ပေါ်လာပြီးပြောင်းလဲသုံးစွဲနိုင်ပါပြီ။

Moborobo20130524203512

download button

Download SwipePad from Google Play Store  (or)  Dropbox

YouTube က tutorial video ကိုလည်းကြည့်နိုင်ပါတယ်။

0 comments:

Post a Comment