Thursday, May 9, 2013

Widgets

YouTube က Video တွေကို လျှင်လျှင်မြန်မြန်ကြည့်ရှုနိုင်မယ့် Feather Beta

1

YouTube က video တွေကို ကြည့်ရတာ အဆင်မပြေဖြစ်နေသလား? ကွန်နက်ရှင်မကောင်းတဲ့သူတွေအတွက် Feather Beta ဆိုတဲ့ option တစ်ခု ကို  YouTube ကပြုလုပ်ပေးထားပါတယ်။Feather Beta က advanced web techniques တွေကို အသုံးပြုပြီး ကွန်နက်ရှင်မကောင်းတဲ့ သူတွေ အဆင်ပြေစွာကြည့်နိုင်ဖို့  ပြုလုပ်ပေးမှာပါ။ နောက်ပြီး recommended video, related video တွေကို လည်း ပြပေးထားခြင်းမရှိတဲ့ အတွက် page loading ကို မြန်စေပြီး ကြည့်ချင်တဲ့ ဗီဒီယိုတွေကို လျှင်လျှင်မြန်မြန် ကြည့်နိုင်မှာပါ။ကွန်းမန့် တွေ ရေးတာကို တော့ပြုလုပ်နိုင်မှာ မဟုတ်ပေမယ့် သူများတွေရေးထားတဲ့ ကွန်းမန့် တွေကို တော့ ဖတ် နိုင်မှာပါ။Video တွေကို like, dislike လုပ်နိုင်ပါတယ်။

Feather Beta ကို join လုပ်နိုင်သလို အချိန်မရွေး leave လုပ်နိုင်ပါတယ်။ Feather Beta ကို စမ်းသုံးနိုင် ဖို့  Join Feather Beta လင့်ကို နှိပ်ပါ။

ashampoo 02

Feather Beta ကို join ပြီးသွားရင်တော့ YouTube ကို အောက်ကပုံ မှာလို မြင်တွေ့ ကြည့်ရှုနိုင်ပါတယ်။ ရိုးရှင်းပြီး page loading လည်းလျှင်မြန်လာတာတွေ့ ရပါတယ်။Feather Beta က Beta အဆင့်ပဲရှိပါသေးတယ်။အဲဒီအတွက် တစ်ချို့  video တွေကို တော့ ကြည့်ရှုနိုင်မှာ မဟုတ်ပါဘူး။

ashampoo 03

Web Video တွေကိုလျှင်လျှင်မြန်မြန် နဲ့ အဆင်ပြေစွာ ကြည့်နိုင်အောင်ပြုလုပ်ပေးနိုင်တဲ့ Speedbit Video Accelerator ဆိုတဲ့ ဆော့ဝဲကို လည်းတင်ထားပေးပါတယ်။စမ်းသုံးကြည့်ပါ။

0 comments:

Post a Comment