Android device ဟာ boot မတက်တော့တဲ့ အချိန်မှာ recovery mode ထဲဝင်ပြီး factory reset ချ နည်း ကို ရေးပေးထားပါတယ်။Boot မတက်တော့တဲ့ အချိန်မှာ recovery mode ထဲဝင်ဖို့  combination key တွေ တွဲနှိပ်ရပါတယ်။Recovery Mode ထဲ ၀င်ဖို့ နှိပ်ရမယ့် ကီးတွေ က ဖုန်းတစ်လုံးနဲ့ တစ်လုံး မတူပါဘူး။ကိုယ့်ဖုန်း အတွက် နှိပ်ရမယ့်ကီးကို ရှာမတွေ့ ရင် Easy reboot recovery ဆို တဲ့ windows application ကို သုံးပါ။
Easy reboot recovery က portable ဖြစ်ပြီး အင်စတောလုပ်စရာမလို ပါဘူး။ဒေါင်းလုပ်လုပ်ပြီးရင် zip ဖိုင်ကို ဖြည်ပြီး RebootRecovery.bat ကို run ပါ။ပြီးရင် command prompt window ပေါ်လာပြီးရင်ဖုန်း က အလို လို recovery mode ထဲရောက်သွားပါမယ်။
Recovery mode ထဲရောက်သွားရင်တော့ wipe data/factory reset ကို နှိပ်ရင် သင့်ဖုန်းက စက်ရုံထုတ်အနေအထားအတိုင်းပြန်ဖြစ်သွားပါပြီ။ Factory reset ချရင် ဖုန်းက ဒေတာတွေ ပျက်သွားမှာဖြစ်လို့ သင့်ဖုန်းကို အသုံးပြုလို့ ရနေတဲ့ အချိန်တွေ မှာ အမြဲတစေ Backup လုပ်ထားဖို့ အကြံပေးပါတယ်။
႘ဒါင႙းလိူ႔ မရဘူးဗ်ာ ျပန႙တင႙ ႘ပးပါဦး
ReplyDeleteဒေါင်းလုပ်လင့်ကို နှိပ်ရင် ကြော်ညာ Page တစ်ခု ရောက်ပါမယ်။ ၅ စက္ကန့် စောင့်ပြီးညာဘက်အပေါ်ထောင့်က SKIP AD ကိုနှိပ်ရင် ဒေါင်းလုပ် Page ကိုရောက်ပါမယ်
ReplyDelete