Monday, December 31, 2012
Ashampoo Burning Studio 2013 With License
2
Data တွေကို CDs, DVDs and Blu-ray discs တွေကို burn နိုင်ပါတယ်။Data disc တွေကို menu မပါတဲ့  auto start disc အနေနဲ့ ဖန်တီးနိုင်ပါတယ်။Burn ပြီးတဲ့ data disc တွေကို update လည်းလုပ်နိုင်ပါတယ်။CDs, DVDs and Blu-ray discs တွေကဖိုင်တွေကို backup and restore လုပ်ပေးနိုင်ပါတယ်။Audio cd တွေကို rip လုပ်ပေးနိုင်ပြီး MP3/WMA disc, audio CD စတဲ့ ဖောက်မက်တွေအနေနဲ့  burn ပေးနိုင်ပါတယ်။Movie တွေကို ဘန်းပေးနိုင်ပြီး  dvd files(VOB, IFO and BUP ) တွေပါရှိတဲ့ folder ကနေ လည်း ဘန်းပေးနိုင်ပါတယ်။CDs, DVDs and Blu-ray discs တွေကို ကော်ပီ လုပ်ပေးနိုင်ပါတယ်။Image ဖိုင်တွေကို လည်း ပြုလုပ်ပေးနိုင်ပြီး ဘန်းပေးနိုင်ပါတယ်။CD-RW, DVD-RW and Blu-ray Disc တွေကို erase လုပ်ပေးနိုင်ပါတယ်။Windows XP, Vista, 7, 8 os တွေကို support ပေးပါတယ်။
Fotobabble : Create Talking Photo & Share On Social Networks
1
Social Networks တွေမှာ ပုံတင်ရတာ အားမရသေးဘဲ အသံပါထည့် ပြီး သူငယ်ချင်းတွေကို share လုပ်ချင်ရင်တော့ free web service တစ်ခု ဖြစ်တဲ့ fotobabble ကို သုံးကြည့်ပါ။စကားပြောတဲ့ ပုံလေးတွေကို သင့်သူငယ်ချင်းတွေ နှစ်ခြိုက်သဘောကျကြမှာပါ။Facebook ,twitter,google plus ,gmail, other mail  စတာတွေ အပြင်တစ်ခြား social networks အများအပြားမှာလည်း share လုပ်နိုင်ပါတယ်။ Blogger တွေအတွက် လည်း ဆောင်းပါးတွေမှာ အသံပါပါတဲ့  ပုံတွေကို ထည့်သွင်းနိုင်  ပြီး blogger,tumblr စတဲ့ blog တွေမှာ အသုံးပြုနိုင်ပါတယ်။
Sunday, December 30, 2012
NetSpeedMonitor : Find Out Instantaneous Download & Upload Speed Of Your Connection
Online မှာ သင့် Internet Speed ကို Test လုပ်နိုင်တဲ့ sites တွေ အများအပြားရှိပါတယ်။Speedtest.net ဆိုက်မှာလည်းသင့် ကွန်နက်ရှင် speed ကို စမ်းသပ်နိုင်ပါတယ်။ဒါပေမယ့် သင့် အင်တာနက် speed ကို အချိန်ပြည့်စောင့်ကြည့် ချင်ရင်တော့ NetSpeedMonitor ဆိုတဲ့ freeware ကိုသုံးကြည့်ပါ။ဖိုင်ဆိုက်ကလည်း သေးငယ်ပြီးသုံးရတာလွယ်ကူပါတယ်။Windows XP, Windows Server 2003, Windows Vista or Windows 7 စတဲ့ os တွေမှာသုံးနိုင်ပါတယ်။Windows 8 user တွေအတွက်လည်း compatibility mode ကို အသုံးပြုပြီး install လုပ်နိုင်ပါတယ်။
Yamicsoft Windows 8 Manager 1.0.3 With Keygen
1
Windows 8 user တွေ အတွက် system utility software ပါ။System and Hardware information တွေကို ဖော်ပြပေးနိုင်ပြီး one click cleaner လည်းပါရှိပါတယ် ။မလိုအပ်တဲ့ process တွေကို ပိတ်ပေးနိုင်ပြီးသင့်ကွန်ပြူတာကို လျှင်မြန်စွာအလုပ်လုပ်စေနိုင်ပါတယ်။Start up manager လည်းပါရှိပြီး ကွန်ပြူတာရဲ့  start up and shut down ကို လျှင်မြန်စေပါတယ်။Uninstaller , duplicate file finder တွေလည်းပါရှိပါတယ်။Registry cleaner ,registry defrag,junk file cleaner စတာတွေလည်းပါရှိပါတယ်။system Explorer, Desktop, Start Menu, Taskbar and notification area စတာတွေကို လည်း customize လုပ်နိုင်ပါတယ်။Internet connection speed ကို လည်း မြှင့်တင်ပေးနိုင်ပါတယ်။
Saturday, December 29, 2012
Malwarebytes Anti-Malware Pro 1.70.0.1000 With Keygen
1
Internet မှာ virus တွေ သင့်ကွန်ပြူတာ ကသတင်းအချက်အလက်တွေကို ခိုးယူတဲ့ malicious ware တွေ အများအပြားရှိပါတယ်။ဒါ့ကြောင့် antivirus တွေအပြင် antimalware တွေပါ အများအပြားပေါ်ထွက်လာပါတယ်။Malware တွေရဲ့  ရန်ကကာကွယ်ဖို့  antivirus တွေအပြင် antimalware တွေကို ပါ အသုံးပြုသင့်ပါတယ်။Malwarebytes က သင့်ကွန်ပြူတာ က process တိုင်းကို စောင့်ကြည့်ပေးနိုင်ပြီး အန္တရယ် ရှိတဲ့ process တွေကို တားဆီးဖယ်ရှားပေးနိုင်ပါတယ်။သင့်ကွန်ပြူတာတစ်ခုလုံးက malware တွေကို ဖယ်ရှားပေးနိုင်ပါတယ်။Antivirus တွေနဲ့ တွဲဖက်ပြီးကောင်းကောင်းအလုပ်လုပ်နိုင်ပါတယ်။Malwarebytes  1.70.0.1000 က XP, Vista, 7, and 8 (32-bit and 64-bit) စတဲ့ os တွေ မှာ အသုံးပြုနိုင်ပါတယ်။
Thursday, December 27, 2012
Google Dictionary : Easily Get The Definition Of Any Word While You Surf[Chrome Extension]
1
Chrome browser မှာ သင်သိချင်တဲ့ စာလုံးတွေရဲ့  definition တွေကို အလွယ်တကူဖော်ပြပေးနိုင်တဲ့ google dictionary ပါ။သင် ၀က်ဆိုက်တွေကြည့်နေရင်းမသိတဲ့ စကားလုံးတွေရဲ့ definition တွေကိုသိချင်တဲ့အခါမှာ တစ်ခြား dictionary application တွေ dictionary websites တွေကို သွားစရာမလိုဘဲ သိချင်တဲ့စကားလုံးကို double click နှိပ်လိုက်ရုံနဲ့  definition တွေကို pop-up အနေနဲ့ ဖော်ပြပေးနိုင်ပါတယ်။ဘာသာစကားများစွာကို လည်း english definition အပြင် တစ်ခြားဘာသာစကားများအနေနဲ့ ပါ ဖော်ပြပေးနိုင်ပါတယ်။
How To Install Windows 8 On VirtualBox
1
Wednesday, December 26, 2012
Connectify Hotspot Pro 3.7.0.25374 With Keygen
1
Tuesday, December 25, 2012
Highlight Text To Begin Google Search In Chrome[Extension]
1
အရင် ဆောင်းပါးတစ်ခု မှာ web page ပေါ်က စာသားတွေကို select လုပ်ပေးရုံနဲ့  Google image search result ကို အဲဒီ page မှာတင်ပဲ ကြည့်ရှုနိုင်စေမယ့် chrome extension အကြောင်း  ရေးပေးထားပါတယ်။အခုဆောင်းပါးမှာတော့ web page တွေပေါ်ကစာသားတွေကို highlight လုပ်ပြီး google မှာရှာပေးနိုင်တဲ့ chrome extension အကြောင်းပါ။Google chrome browser မှာ စာ သား တွေကို highlight လုပ်ပြီး right-click  နှိပ်ကြည့်ရင် အဲဒီစာသားကို google ကနေ ရှာဖွေဖို့  option ပါပြီးသားပါ။ဒါပေမယ့် ရှာချင်တဲ့ keyword  နဲ့ ပတ်သက်တဲ့ တစ်ခြား option တွေကို မပြပေးနိုင်တဲ့ အပြင် keyword တွေကို edit လုပ်ပြီး ရှာဖွေနိုင်အောင်လည်းမလုပ်ပေးနိုင်ပါဘူး။ဒီ ကွက်လပ်ကို ဖြည့်ပေးနိုင်တဲ့ chrome extension ကတော့ Highlight To Search ပါ။
Select Any Text To View Google Image Search Results In Chrome[Extension]
1
သင်ဟာ Google ကနေ ပြီး image တွေကိုရှာဖွေပြီး စုဆောင်းရတာသဘောကျသူ ဆိုရင်တော့ ဒီ chrome extension ကို သင်နှစ်သက်မှာသေချာပါတယ်။Image တွေကို ရှာဖွေဖို့  www.images.google.com ကိုသွားစရာမလိုဘဲ သင်ဖတ်နေတဲ့ ဆောင်းပါး ၊ web page ကစာတွေကို select လုပ်ပေးပြီး left-click တစ်ချက်နှိပ်လိုက်ရုံနဲ့ သင်ကြည့်နေတဲ့ web page ရဲ့ အောက်မှာ google image search results တွေကို thumbnail အနေနဲ့ ပြပေးနိုင်ပါတယ်။သင်ရှာဖွေတဲ့ ပုံကို တွေ့ ရင်တော့ ပုံကို click လုပ်တာနဲ့  နောက် tab တစ်ခုမှာ ပုံ ရဲ့  full size ကို  ကြည့်နိုင်ပြီး သိမ်းထားချင်ရင်သိမ်းနိုင်ပါပြီ။ 
Saturday, December 22, 2012
Perfect365 Standard Edition With Serial
1
သင့်ပုံတွေကို ပိုမိုကောင်းမွန်အောင်အလွယ်တကူ ပြုပြင်ပြောင်းလဲပေးနိုင်တဲ့  one-click makeover software ပါ။အသင့်ပါရှိပြီးသားပုံစံတွေကို တစ်ချက်နှိပ်လိုက်ရုံနဲ့ သင့်ပုံတွေကို  သင်လိုချင်တဲ့  ပုံစံကို ပြောင်းလဲပေးနိုင်ပါတယ်။ပုံတွေကို facebook, twitter, flickr တို့ မှာလည်း share လုပ်နိုင်ပါတယ်။ပုံမှာပါတဲ့ မျက်နှာ များကို အလိုလို သိရှိနိုင်ပြီး မျက်နှာအားလုံးဒါမှမဟုတ်ကြိုက်နှစ်သက်ရာမျက်နှာကို ပြုပြင်ပြောင်းလဲနိုင်ပါတယ်။မပြုပြင် ခင်နဲ့ ပြုပြင်ပြီး ပုံနှစ်ပုံကိုလည်း နှိုင်းယှဉ်ကြည့်ရှုနိုင်ပါတယ်။ပြုပြင်လိုက်တဲ့ ပုံကို မကြိုက်ရင် undo/redo ပြုလုပ်နိုင်ပါတယ်။
Friday, December 21, 2012
Ashampoo Snap 6.0.3 With Crack
1
Tools တွေစုံလင်စွာပါရှိတဲ့ screen capture software ပါ။Desktop, Web pages, windows , menu  စတာတွေ အားလုံးကို capture လုပ်ပေးနိုင်ပြီး live preview ပြပေးနိုင်တဲ့အပြင် edit လုပ်နိုင်ဖို့  tools တွေစုံလင်စွာပါရှိပါတယ်။ဒါ့အပြင် timer ပါရှိပြီး အချိန်သတ်မှတ်ပြီး ပုံတွေဖမ်းယူပေးနိုင်ပါတယ်။ Video capture လည်းလုပ်ပေးနိုင်ပါတယ်။ဖမ်းယူရရှိတဲ့ ပုံတွေကို resize,crop လုပ်နိုင်ပါတယ်။နောက်ပြီး ပုံတွေမှာ ရက်စွဲ ၊ number တွေဖြည့်နိုင်သလို ပုံတွေမှာ သင် အဓိက ပြချင်တဲ့ နေရာတွေကို အလွယ်တကူမျှားထိုး ပေးနိုင်ပါတယ်။တစ်ခြား image effect တွေကို လည်း ပြုလုပ်နိုင်ပါသေးတယ်။ပုံတွေကို BMP, JPG, PNG,PDF ဖိုင်တွေအနေနဲ့ သိမ်းနိုင်ပါတယ်။ဒါ့အပြင် ပုံတွေကို email ပို့ ပေးနိုင်ပြီး facebook ကိုလည်း upload လုပ်နိုင်ပါတယ်။
Tuesday, December 18, 2012
Plus.ly : Shorten Your Google + Profile URL
1
သင့်သူငယ်ချင်းတွေ   သင့်ကို google plus မှာ join ဖို့ အတွက် သင့် google plus profile လိပ်စာပေးဖို့ အခက်တွေ့ နေရရင်တော့ ဒီ free service ကိုသုံးကြည့်ပါ။သင်သတိထားမိရင် သင့် google plus profile ရဲ့ url address ဟာ အလွန်ရှည်လျားပြီး ဂဏန်းတွေအများကြီးနဲ့ မှတ်သားရခက်ပါတယ်။Plus.ly ဆိုတဲ့ free web service ကဒီအခက်အခဲကို ဖြေရှင်းပေးပြီး သင့်ရဲ့  google plus profile url ကို တိုတောင်းပြီး မှတ်သားရလွယ်ကူတဲ့ လိပ်စာ အဖြစ်ပြုလုပ်ပေးနိုင်ပါတယ်။နောက်ပြီး သင့်စိတ်ကြိုက် နာမည်နဲ့ လိပ်စာပြုလုပ်နိုင်ပါတယ်။
Download Windows 8 Accessibility Guide From Microsoft
1
Windows 8 Professional ကို Download လုပ်နိုင်ဖို့ ကျွန်တော်တင်ထားပေးပြီးပါပြီ။နောက်ပြီး windows 7 and 8 ကို ကွန်ပြူတာတစ်လုံးတည်းမှာ dual-boot လုပ်နည်း ၊dual-boot ကနေ windows 8 ကို ပြန်ပြီး Uninstall လုပ်နည်းတွေကို ပါရေးပေးထားပါတယ်။Microsoft ရဲ့  OS အသစ် windows 8 ကို မြည်းစမ်းသုံးစွဲဖို့ Microsoft ကလည်း  windows 8 accessibility guide ကို ထုတ်ပေးထားပြီး အခမဲ့ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ဒီ accessibility guide မှာ ပါဝင်တဲ့ guide တွေထဲကအနည်းငယ်ကို ပြောပြပါမယ်။Ease of access page ကို customize လုပ်နည်း၊ကွန်ပြူတာကို personalize လုပ်နည်း၊start screen ကို customize လုပ်နည်း၊control panel and taskbar အသုံးပြုနည်းတွေ၊ start screen မှာ applications,websites တွေထည့် သွင်းနည်း၊mouse and keyboard အသုံးပြုနည်းတွေ၊touch keyboard အသုံးပြုနည်း၊keyboard shortcut တွေ၊mail keyboard shortcut ၊internet explorer keyboard shortcut ၊ file explorer keyboard shortcut ၊ taskbar keyboard shortcut  စတာတွေအပြင် တစ်ခြား guide တွေ အများအပြားပါရှိပါတယ်။
Monday, December 17, 2012
Artensoft Photo Collage Maker 1.2 With Serial
1
WYSIWYG Web Builder 8.5.0 With Crack
1
Programming မတတ်ဘဲ website တစ်ခု ကို လွယ်လွယ်ကူကူ ဖန်တီးပေးနိုင်တဲ့ web designer software ပါ။ရိုးရှင်းပြီးအသုံးပြုရတာလွယ်ကူပါတယ်။အသင့်  ဖန်တီးပြီးသား template တွေလည်းပါရှိတဲ့အ  ပြင် နောက်ထပ် template တွေကိုလည်း Download လုပ်နိုင်ပါတယ်။Navigation menu, menu bar,mega menu,drop down menu တွေကို အလွယ်တကူပြုလုပ်နိုင်ပါတယ်။Image ,slide show, youtube video , flash , flash player,media player စတာတွေထည့်သွင်းနိုင်ပါတယ်။RSS feed တွေကို လည်းဖန်တီးပေးနိုင်ပြီး facebook, twitter အပြင် တစ်ခြား social media integration ပါရှိပါတယ်။Log in system တွေကို လည်းပြုလုပ်နိုင်ပါသေးတယ်။ Unicode support ပေးတဲ့အတွက် မြန်မာစာဖောင့်တွေအသုံးပြုပြီး Website ဖန်တီးနိုင်ပါတယ် ။ Online Tutorial တွေကို လေ့လာနိုင်ပါတယ်။
Sunday, December 16, 2012
Advanced System Optimizer 3 v 3.5.1000.14640 With Patch
1
Toptenreviews.com ရဲ့ System Utility Softwares တွေကို review လုပ်ထားတဲ့ comparison chart မှာ No.(1) နေရာရထားတဲ့ Tools တွေစုံလင်စွာပါတဲ့ System Utility Software ပါ။Junk file,registry,privacy traces တွေကို ရှင်းပေးနိုင်ပါတယ်။Defrag hard disk လုပ်ပေးနိုင်ပြီး registry optimizer လည်းပါရှိပါတယ်။ဒါ့အပြင် driver updater ပါရှိပြီး spyware တွေကိုလည်းသတ်ပေးနိုင်ပါတယ်။ Game optimizer လည်းပါရှိပြီး သင့်ရဲ့ ကိုယ်ရေးကိုယ်တာဖိုင်တွေကို ပြန်ပြီး ရှာလို့ မရနိုင်အောင်ဖျက်ပေးနိုင်တဲ့ secure delete လည်းပါရှိပါတယ်။ဖိုင်တွေကို password ပေးပြီးသိမ်းထားနိုင်တဲ့ secure encryptor ပါရှိပါတယ်။တစ်ခြား system utility တွေမှာမပါတဲ့ backup manager,system files backup and restore လည်းပါရှိပါတယ်။Duplicate file remover,startup manager,uninstall manager,scheduler စတဲ့ tools တွေစုံလင်စွာပါရှိတဲ့ system utility software ပါ။
Saturday, December 15, 2012
Decide Which Facebook Friends See You Online & Which Don’t , The Easy Way
1
သင် facebook မှာ ရှိနေတာကို သင့် သူငယ်ချင်းတွေ မသိအောင် လုပ်ပေးနိုင်တဲ့နည်းလေးကို မျှဝေပေးချင်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့်  သင် မတွေ့ ချင်တဲ့ သူငယ်ချင်း တွေကို မမြင်အောင်လုပ်နိုင်သလို ၊ သင်တွေ့ ချင်တဲ့ သူငယ်ချင်းကို ပဲ ရွေးပြီး မြင်အောင်လုပ်နိုင်ပါတယ်။သူငယ်ချင်းတစ်ယောက်ချင်း ရွေးနိုင်သလို friend list တွေကို လည်းရွေးချယ်နိုင်ပါတယ်။Facebook ရဲ့  list feature ဟာ google plus ရဲ့ circle နဲ့ ဆင်တူပါတယ်။သင် share လုပ်တာကို သင့်အနီးကပ်ဆုံးသူငယ်ချင်းတွေကို ပဲ သိစေချင်တဲ့အခါ၊ အလုပ်ကသူငယ်ချင်းတွေကို ပဲသိစေချင်တဲ့အခါမျိုးတွေမှာ list feature ကအသုံးဝင်ပါတယ်။ 
Internet Download Manager 6.14 Build 1 With Crack
1
အခုနောက်ဆုံးထွက် IDM ကို တင်ပေးလိုက်ပါတယ်။Internet Download Manager Version 6.14 မှာ တော့ Windows 8 ကို support ပေးလာပါတယ်။အရင် versions အဟောင်းတွေ မှာ ဖြစ်လေ့ရှိတဲ့  problems တွေကို ပြုပြင်ထားပါတယ်။Internet download manager ရဲ့ features တွေကတော့
*IE, AOL, MSN,Chrome, Netscape, Firefox, Avant Browser စတဲ့ browsers များနဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။
*Internet applications တွေရဲ့ bulid in download manager နေရာမှာအစားထိုး နိုင်ခြင်း။(ဥပမာ။ windows itunes က applications တွေကို idm နဲ့ ဒေါင်းလုပ်ဆွဲချင်ရင် idm ရဲ့ option>general မှာ add browser နှိပ်ပြီး itunes main exe ဖိုင်ကိုရွေးပေးလိုက်ပါ။)
*youtube,google video စတဲ့ video sites များမှ video များကို ဖမ်းယူနိုင်ခြင်း။
*Antivirus program များဖြင့် download ဆွဲပြီးသောဖိုင်များကို စစ်ဆေးနိုင်သော Automatic virus checking  ပါရှိခြင်း။
*download link များကို idm windows ပေါ်သို့ drag and drop လုပ်နိုင်ခြင်း။
*Intelligent dynamic file segmentation technology ဖြင့် download speed acceleration ကို မြှင့်တင်နိုင်ခြင်း။
*Resume download ပြုလုပ်နိုင်ခြင်း။
*Scheduler ပါရှိခြင်း
*Quick update feature ပါရှိခြင်း။
Friday, December 14, 2012
ThumbsPlus Pro 9 Build 3919 With Serial
1
သင့်ကွန်ပြူတာမှာရှိတဲ့ image ဖိုင်တွေအားလုံးကို organize , edit လုပ်နိုင်ပါတယ်။ဒါ့အပြင် image ဖိုင်အများအပြားကို တစ်ပြိုင်နက်တည်း edit လုပ်နိုင်ပါတယ်။Windows XP, 2003, 2008, Vista and Windows 7 and 8. Both 32 and 64-bit operating systems တွေမှာအသုံးပြုနိုင်ပါတယ်။Feature အသေးစိတ်ကို အောက်မှာဆက်ဖတ်ပါ။
Thursday, December 13, 2012
Easeus Partition Master Professional 9.1.0
1
သင့် ကွန်ပြူတာက hard disk တွေ ကို manage လုပ်ဖို့  tools တွေစုံလင်စွာပါရှိပါတယ်။Windows 7 and Windows 8 ကို dual-boot လုပ်ဖို့  partition ခွဲနိုင်ပါတယ်။Partitions   အများအပြားကို  တစ်ခုတည်း အဖြစ်ပေါင်းနိုင်ပါတယ်။Partitions တွေကို resize/move လုပ်ပေးနိုင်ပါတယ်။Hard disk တွေကို copy လုပ်ပေးနိုင်ပါတယ်။System partition ကို ပိုမိုကြီးမားတဲ့ hard disk ကို upgrade လုပ်ပြီးပြောင်းရွှေ့ နိုင်ပါတယ်။အဲဒီအတွက် operating system ,applications တွေကို ပြန်ပြီး install လုပ်စရာမလိုတော့ပါဘူး။့Partition တွေကို ပြန်ပြီး recover မလုပ်နိုင်အောင် wipe/delete လုပ်ပေးနိုင်ပါတယ်။Partition recovery wizard ဖြင့် မတော်တဆမှားဖျက်မိတဲ့ partition တွေ၊format ချလိုက်မိတဲ့ partition တွေကို ပြန်လည်ရှာဖွေပေးနိုင်ပါတယ်။
Wednesday, December 12, 2012
Free Download Facebook Chat Spammer 1.0
1
ဒီ software လေးကတော့ သင့် facebook ကသူငယ်ချင်းတွေ အများအပြားဆီကို chat box ကနေ message တွေအလိုလို ပို့ ပေးနိုင်ပါတယ်။ဖိုင်ဆိုက်သေးငယ်ပြီးသုံးရတာလွယ်ကူပါတယ်။သင် ပို့ ချင်တဲ့ message ကို facebook chat spammer မှာ ရိုက်ထားပြီး second  အပိုင်းအခြားဘယ်လောက်မှာတစ်ကြိမ် ပေးပို့ မလဲဆိုတာကို  အချိန် သတ်မှတ်ပေးထားရုံပါပဲ။Facebook chat spammer က သင်သတ်မှတ်ပေးထားတဲ့ အချိန် အပိုင်းအခြား ရောက်တိုင်း သင်ပေးပို့ ချင်တဲ့ message ကို ပေးပို့ ပေးပါလိမ့်မယ်။
How To Remove Windows 8 From Dual-Boot
1
အရင်ဆောင်းပါးတစ်ခု မှာ windows 8 ကို download ရယူဖို့ ဆောင်းပါးနဲ့  windows 8 နဲ့  windows 7 ကို ကွန်ပြူတာတစ်လုံးထဲမှာ dual-boot ပြုလုပ်ပြီး သုံးနိုင်ဖို့ ရေးပေးခဲ့ပါတယ်။အခုဆောင်းပါးမှာတော့ windows 8 နဲ့  windows 7 ကို dual-boot လုပ်ပြီးသုံးနေတဲ့ ကွန်ပြူတာကနေ windows 8 ကို ပြန် ဖြုတ် နိုင်မယ့် အကြောင်းရေးပေးပါ့မယ်။တစ်ခု သိထားရမှာ က windows 8 ကို ပြန်ဖြုတ်ရင် windows 8 partition မှာရှိတဲ့ဖိုင် တွေအကုန်လုံးကို ဖျက်ပစ်မှာဖြစ်တဲ့ အတွက် သင်သိမ်းထားချင်တဲ့ ဖိုင်တွေကို backup လုပ်ထားပါ။
Saturday, December 8, 2012
How To Dual-Boot Windows 7 And Windows 8 On The Same PC
1
Windows 8 ကို မြည်းစမ်းသုံးစွဲချင် တယ်   ဒါပေမယ့် Windows 7 ကို လည်း မပစ်ရက်နိုင်တဲ့သူတွေအတွက် ကွန်ပြူတာတစ်လုံး တည်းမှာ windows နှစ် မျိုး လုံး ကို  dual-boot လုပ် ပြီး အ သုံးပြု နိုင် ပါ တယ်။ Windows 8 အခွေမရှိသေးသူတွေအတွက်ကျွန်တော်တင်ပေးထားပါတယ်။Windows 8 pro  ကို အဲဒီ page မှာ Download ရယူပါ။ပြီးရင်တော့ ပထမအဆင့်အနေနဲ့ windows 8 အတွက် partition တစ်ခု ပြုလုပ်ပေးရပါမယ်။ဒုတိယအဆင့်က တော့ windows 8 ကို partition အသစ်မှာ install လုပ်တဲ့အပိုင်းကို ဆက်သွားပါမယ်။
Free Download Windows 8 Professional With Activator
1
Windows 8 pro for 32-bit and 64-bit နှစ်မျိုးစလုံးအတွက်တင်ပေးလိုက်ပါတယ်။Activator လည်းပါရှိပြီး စမ်းသပ်ပြီး အလုပ်ကောင်းကောင်းလုပ်တဲ့ အတွက် ပြန်လည် မျှဝေလိုက်ပါတယ်။ဒီ windows 8 ကို ကျွန်တော် torrent ဆိုက်ကနေ ရလာတာပါ။ဖိုင်ဆိုက် (4) gb လောက်ရှိတဲ့  အတွက် ကွန်နက်ရှင် အခက်အခဲ ကြောင့် ကျွန်တော့် ကိုယ်ပိုင် file hosting sites တွေကိုတော့ ပြန်မတင်ပေးနိုင်တော့ပါဘူး။Torrent ဖိုင်တွေအကြောင်းနဲ့  torrent ဖိုင်တွေကို ဘယ်လိုဒေါင်းလုပ်လုပ်ရတယ်ဆိုတာကို what is torrent file? and how to download it ဆိုတဲ့ဆောင်းပါးမှာဖတ်ပါ။Torrent ဖိုင်တွေကို torrent client တွေအသုံးမပြုဘဲ ဘယ်လို ဒေါင်းလုပ်လုပ်ရမလဲဆိုတာ ကို How to download torrent without torrent client ဆိုတဲ့ဆောင်းပါးမှာဖတ်ပါ။အောက်မှာလည်းဒေါင်းလုပ်လုပ်နည်း၊ install လုပ်နည်း၊ activate လုပ်နည်းတွေကို သေချာရှင်းပြပေးပါမယ်။
Thursday, December 6, 2012
Facebook Built Into The New Version Of Firefox 17
1
Firefox ရဲ့ နောက်ဆုံးထွက်တဲ့ version 17 မှာတော့ “ Social API “ (Application Integration) ပါရှိလာပြီး firefox browser ကနေ ဘယ် ၀က်ဆိုက်ကို ကြည့်နေသည်ဖြစ်စေ facebook ရဲ့  chat box,side bar, notifications, friend request , messages  စတာတွေအားလုံးကို အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။သင့်မှာ Firefox version 17 မရှိရင် Firefox Latest Version ကို firefox official site မှာ အခမဲ့ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။နောက် တစ်ခြား popular social network တစ်ခုဖြစ်တဲ့ Twitter အတွက်လည်းပြုလုပ်ဖို့ အစီအစဉ်ရှိတယ်လို့ ဖတ်ရပါတယ်။
Free Download Artisteer 4.0.0.58475 With Crack
1
Website , blog တွေကို ဖန်ုတီးချင်တဲ့သူတွေအတွက် programming knowledge မရှိဘဲ အလွယ်တကူ ဖန်တီးပေးနိုင်တဲ့ web designer software ပါ။ဖန်တီးပြီးတဲ့ ဒီဇိုင်းတွေကို Blogger, Joomla, Wordpress and other CMS products တွေကို export လုပ်နိုင်ပါတယ်။Photoshop, CSS, HTML or other technologies စတာတွေ မတတ်ဘဲနဲ့ အလွယ်တကူ web design ပြုလုပ်နိုင်ပါတယ်။User Manual ကို artisteer site မှာဒေါင်းလုပ်လုပ်နိုင်ပါတယ်။
Monday, December 3, 2012
Free Download Cyberlink Youcam 5 Deluxe v5.0.1129 Full Version
1
Webcam effect တွေစုံလင်စွာပါရှိပါတယ်။Video,photo တွေကို  facebook,youtube တို့ ကို direct upload လုပ်နိုင်ပါတယ်။Video presentation တွေပြုလုပ်နိုင်သလို desktop screen capture လည်းပြုလုပ်နိုင်ပါတယ်။Webcam surveillance feature ကတော့ သင့်အိမ် မှာ security cam လို အသုံးပြုနိုင်ပြီး motion detection ပြုလုပ်နိုင်သလို  email လည်းအလိုအလျှောက်ပေးပို့ နိုင်ပါတယ်။အသစ်တိုးလာတဲ့ feature တွေကတော့ windows login မှာ user name and password ရိုက်စရာမလိုဘဲ သင့်မျက်နှာကို မှတ်သားပြီး  face login လုပ်ပေးနိုင်တယ်။ဒါ့အပြင် Facebook ,google,youtube,amazon,ebay,flickr,twitter,blogger,aol စတဲ့ websites တွေကို face login လုပ်ပေးနိုင်ပါတယ်။Websites face login feature ကတော့ internet explorer browser တစ်မျိုး ထဲကိုပဲ support ပေးပါသေးတယ်။Websites face login အတွက်လို အပ်တဲ့ requirements တွေကို လေ့လာနိုင်ပါတယ်။Face out feature ကတော့ သင် ကွန်ပြူတာရှေ့ မှာမရှိတော့တဲ့ အချိန်မှာ သင့်ကွန်ပြူတာကို lock လုပ်ပေးနိုင်ပါတယ်။
Sunday, December 2, 2012
Sync Firefox Bookmarks Across Computers
1
Firefox user တွေအနေနဲ့  သင့်ကွန်ပြူတာက bookmarks တွေကို တစ်ခြားကွန်ပြူတာတွေမှာ အသုံးပြုချင်ရင် လွယ်လွယ်ကူကူ ပဲ sync လုပ်နိုင်ပါတယ်။Bookmarks တွေတင်မကဘဲ add on , preference,tabs,passwords,history တွေကိုပါ sync လုပ်နိုင်ပါတယ်။အဲဒီအတွက် သင်ဘယ်နေရာရာရောက်ရောက်သင့်ကွန်ပြူတာက firefox browser ကို တစ်ခြားကွန်ပြူတာမှာအသုံးပြုနိုင်ပါတယ်။ပထမဆုံးသင့်ကွန်ပြူမှာ အရင်ဆုံး sync setup လုပ်ရပါမယ်။
Attach 10 GB File To Gmail With Google Drive Integration[Updates]
1
အခုဆိုရင် gmail မှာ google drive integration ပါရှိလာပြီး 10 gb အထိရှိတဲ့ဖိုင်တွေကို gmail attachment နဲ့ ပေးပို့ နိုင်ပါပြီ။Gmail ကနေ ဖိုင်ဆိုက်ကြီးကြီး ပို့ ချင်တဲ့သူတွေအတွက် အဆင်ပြေလာပါပြီ။အဲဒီ feature အသစ်ကို အသုံးပြုနိုင်ဖို့ သင့် google drive ဆီကို သင်ပေးပို့ ချင်တဲ့ဖိုင်ကို upload လုပ်ထားရပါမယ်။Upload ဖိုင်ကို share လုပ်ပြီး sharing setting မှာ public လုပ်ထားဖို့ တော့လိုပါတယ်။ပြီးမှ gmail ရဲ့   new compose experience ဆိုတဲ့ feature အသစ်ကိုသုံးပြီးပေးပို့ ရမှာပါ။Google drive က သင့်ဖိုင်တွေ အားလုံးကို gmail attachment အနေနဲ့ ပေးပို့ နိုင်တယ်ဆိုတဲ့သဘောလည်းသက်ရောက်ပါတယ်။
Search Internet From Windows 7’s Start Menu
1
Windows 7 start menu ရဲ့ search box ကနေ internet မှာ ရှာဖွေလို့ ရနိုင်တဲ့နည်းပါ။ Start menu ကနေ သင်ရှာချင်တာကို default browser ကိုဖွင့်ပြီးရှာပေးပါလိမ့်မယ်။ဒီလိုလုပ်ဖို့ အတွက် start menu ကနေ  gpedit.msc လို့ ရိုက်ပြီး ဖွင့်ပါ။Local group policy editor ၀င်းဒိုး ပေါ်လာပါမယ်။User Configuration->Administrative Templates->Start Menu and Taskbar ကိုသွားပါ။Add internet link to start menu ကို right click နှိပ်ပြီး edit ကိုနှိပ်ပါ။
MusicNotesLib : An Online Resource To Get Music Sheets For Popular Songs
Music သမားတွေအတွက် ကြိုက်နှစ်သက်တဲ့ english သီချင်းတွေရဲ့  notes တွေအလွယ်တကူ ရှာဖွေပြီးအခမဲ့ဒေါင်းလုပ်လုပ်နိုင်မယ့်ဆိုက်တစ်ခု တွေ့ ပါတယ်။Register လုပ်စရာမလို ပါဘူး။MusicNotesLib ဆိုက်မှာ သင်ကြိုက်နှစ်သက်တဲ့ song,album,artist အလိုက် ရိုက်ပြီးသီချင်းတွေရှာဖွေနိုင်သလို alphabet အလိုက်လည်း artist တွေရဲ့ သီချင်းတွေကိုရှာဖွေနိုင်ပါတယ်။ဒေါင်းလုပ်လုပ်မယ့်ဖိုင်အမျိုးအစားတွေက တစ်ခြား music software တွေနဲ့ တွဲဖက်အသုံးပြုနိုင်မယ့် ဖိုင်အမျိုးအစားတွေအပါအ၀င် text , pdf , midi , gif , sib ,gpx guitar pro စတဲ့ ဖိုင်အမျိုးအစားတွေဒေါင်းလုပ်လုပ်နိုင်ပါတယ်။