Thursday, December 27, 2012
Widgets
How To Install Windows 8 On VirtualBox
1
Virtualbox ကို ဖွင့်ပြီး New ကိုနှိပ်ပါ။
Ashampoo_Snap_2012.12.27_17h58m24s_002_Oracle VM VirtualBox Manager
နောက် အဆင့်မှာတော့ သင် ရဲ့  windows 8 version ကို ရေးပေးပါ။ဒီ tutorial မှာတော့ windows 8 (64) ကို အသုံးပြုပါမယ်။
Ashampoo_Snap_2012.12.27_18h01m21s_003_Create Virtual Machine
ဒီအဆင့်မှာတော့သင့် guest os အတွက် memory (ram) ကို ရွေးပေးရမှာပါ။ များများပေးရင်သင့် guest os ကမြန်မြန် အလုပ်လုပ်မှာပါ။ဒါပေမယ့် guest os run နေတဲ့အချိန်မှာတော့ host os က အဲဒီ memory ကိုအသုံးမပြုနိုင်ပါဘူး။ Windows 8 အတွက် Memory size ကို အနည်းဆုံး 2 gb(2048 mb) ပေးဖို့ အကြံပေးပါတယ်။သင့်မှာ memory များများရှိရင်တော့ များများပေးရင် guest os ကမြန်မြန် အလုပ်လုပ်မှာပါ။
Ashampoo_Snap_2012.12.27_18h04m38s_004_Create Virtual Machine
Create a virtual hard drive ကိုရွေးပေးပြီး create နှိပ်ပါ။
Ashampoo_Snap_2012.12.27_18h07m35s_005_Create Virtual Machine
VDI(virtualbox disk image) ကို ရွေးပေးပြီး next နှိပ်ပါ။
Ashampoo_Snap_2012.12.27_18h09m07s_006_Create Virtual Hard Drive
ဒီအဆင့်မှာ တော့ physical  hard disk မှာ နေရာယူမယ့် virtual hard disk အမျိုးအစားကို ရွေးပေးရမှာပါ။ဆိုက်ကိုတော့ နောက်အဆင့်မှာ သတ်မှတ်ပေးရမှာပါ။ဥပမာ Dynamically allocated ကိုရွေးပေးပြီးနောက်အဆင့်မှာ ဆိုက်ကို 30 gb ပေးတယ်ဆိုပါစို့ ။Virtual hard disk မှာ အသုံးပြုနေတဲ့ ပမာဏ က 20 gb ဆိုရင် ပို နေတဲ့ 10 gb ကို physical hard disk ကအသုံပြုနိုင်ပါတယ်။Fixed size ကို ရွေးထားရင်တော့ နေရာအသေပေးထားတာဖြစ်တဲ့ အတွက် ပို နေတဲ့ နေရာကို physical hard disk ကမသုံးနိုင်ပါဘူး။ဒီ tutorial မှာတော့ Dynamically allocated ကိုရွေးမှာပါ။
Ashampoo_Snap_2012.12.27_18h10m17s_007_Create Virtual Hard Drive
Windows 8 အတွက် virtual hard disk ကို အနည်းဆုံး 25 mb သတ်မှတ်ပေးပါ။ကျွန်တော်ကတော့ 30 gb ပေးပါတယ်။ပြီးရင် create ကို နှိပ်ရင် virtual machine တစ်ခု ပြုလုပ်ပြီးပါပြီ။
Ashampoo_Snap_2012.12.27_18h25m05s_008_Create Virtual Hard Drive
Virtualbox manager window ကိုပြန်ရောက်သွားရင် သင်ဖန်တီးထားတဲ့ virtual machine ကိုရွေးပေးပြီး setting ကို နှိပ်ပါ။
Ashampoo_Snap_2012.12.27_18h31m21s_010_Oracle VM VirtualBox Manager
System ကိုနှိပ်ပြီး Enable IO APIC ကို အမှန်ခြစ်မပေးရသေးရင်ပေးပါ။
Ashampoo_Snap_2012.12.27_18h34m46s_011_windows 8-64- - Settings
Processor tab ကိုသွားပြီး Enable PAE/NX ကို အမှန်ခြစ်ပေးပါ။
Ashampoo_Snap_2012.12.27_18h36m47s_012_windows 8-64- - Settings
Acceleration tab ကိုသွားပြီး Enable VT-x/AMD-v  နဲ့  Enable Nested Paging ကိုအမှန်ခြစ်မပေးရသေးရင်ပေးပါ။
Ashampoo_Snap_2012.12.27_18h38m30s_013_windows 8-64- - Settings
ok ကိုနှိပ်ရင် virtualbox manager window ကို ရောက်သွားပြီး start ကို နှိပ်ပါ။
Ashampoo_Snap_2012.12.27_18h42m58s_014_Oracle VM VirtualBox Manager
Select start-up disk wizard ပေါ်လာရင် windows 8 အခွေကို ထည့်ပြီးသင့်ရဲ့  cd/dvd drive ကိုရွေးပေးပါ။Windows 8 iso ဖိုင်ကို အသုံးပြုမယ်ဆိုရင်တော့ folder ပုံကိုနှိပ်ပြီး windows 8 iso ဖိုင်ကို ရွေးပေးရပါမယ်။
Ashampoo_Snap_2012.12.27_18h46m49s_015_Select start-up disk
ဒါဆိုရင် windows 8 ကို install လုပ်ပါပြီ။Installation wizard အတိုင်းဆက်လုပ်သွားပါ။Upgrade (or) Custom wizard မှာ Custom ကိုရွေးပေးပါ။Windows 8 ကို install လုပ်ပြီးသွားရင် guest addition ကို install လုပ်ရပါမယ်။
Guest Addition
Guest   addition   ဆိုတာ  virtual   machine  ပိုမို  ကောင်း  မွန် အောင် အ လုပ်လုပ်ဖို့  ထပ်ဖြည့်ထားတဲ့ system  application , driver စတာတွေပါ။သင်သတိထားမိရင် သင့် virtual machine window ပေါ်မှာ mouse pointer ဟာအလုပ်ကောင်းကောင်းမလုပ်ပါဘူး။အဲဒီအတွက် guest addition ကို install လုပ်ရမှာပါ။Guest addition support ပေးနိုင်တဲ့ feature အများကြီး ထဲကမှ နောက်အရေးကြီးတဲ့ feature ကတော့ shared folder ပါ။သင့် host os ကဖိုင်  တွေ  ၊ဖိုဒါ  တွေ ကို guest  os  ကအသုံးပြုနိုင်ဖို့  shared folder တည်ဆောက်ပြီးအသုံးပြုရမှာပါ။ Guest addition ကို install လုပ်ဖို့  Devices menu ကိုနှိပ်ပြီး Install Guest Additions ကို နှိပ်ပါ။Installation wizard ပေါ်လာပြီး install လုပ်ပေးပါ။Restart လုပ်ဖို့ လို ရင် လုပ်ပေးပါ။
Ashampoo_Snap_2012.12.27_19h13m09s_016_ 
Shared Folder
Guest addition ကို install လုပ်ပြီးရင် shared folder ဆောက်လို့ ရပါပြီ။သင့် host os မှာ shared folder တစ်ခုပြုလုပ်ပါ။Windows 8 virtual machine ကို  shut down လုပ်ပါ။Shut down လုပ်ဖို့  charms bar(win+c) ရဲ့ setting ထဲကနေ power button ကို နှိပ်ပြီး shut down လုပ်ပါ။Virtualbox manager window ကိုပြန်ရောက်သွားရင် windows 8 virtual machine ရဲ့ setting ထဲသွားပါ။Shared folders ကိုနှိပ်ပြီး new folder ပုံကိုနှိပ်ပါ။Add Share box ပေါ်လာရင် drop down arrow ကိုနှိပ်ပြီး Other ကိုနှိပ်ပြီး သင်ပြုလုပ်ထားတဲ့ shared folder ကို ရွေးးပေးပါ။ပြီးရင်  auto mount ကို အမှန်ခြစ်ပေးပါ။Host os ကဖိုင်တွေကို guest os မှာအသုံးပြုချင် အဲဒီဖိုင်တွေကို Shared folder ထဲထည့်ပေးပါ။Guest os ရဲ့ windows explorer ကို ဖွင့်ကြည့်ရင် shared folder ကိုတွေ့ မြင်နိုင်ပြီး အဲဒီကနေ ဖိုင်တွေကို အသုံးပြုနိုင်ပါတယ်။
Ashampoo_Snap_2012.12.27_19h23m38s_017_
Ashampoo_Snap_2012.12.27_19h45m32s_018_
ဒါဆိုရင် windows 8 virtual machine တစ်ခု ကို ပြုလုပ်ပြီးပြီဖြစ်တဲ့အတွက် windows 8 ကို သင်စမ်းသပ်သုံးစွဲနိုင်ပါပြီ။ Windows 8 ကို activate လုပ်ဖို့ အတွက် ဒီဆောင်းပါး မှာဖတ်ပါ။
0 comments:
Post a Comment