Friday, August 30, 2013
Dropbox ကဖိုဒါတွေကို Tree View အနေနဲ့ သုံးလို့ ရမယ့် Dropbox Plus
Dropbox User တွေ အနေနဲ့  Folder တွေကို Tree View နဲ့ အသုံးပြုလို့ ရရင်တော်တော်အဆင်ပြေမှာပါ။ဘာလို့ လဲဆိုရင် Root Folder အောက်က Sub Folder တစ်ခုထဲကို ၀င်ကြည့်တယ်ဆိုပါစို့ ။ တစ်ခြား Root Folder အောက်က Sub Folder တစ်ခုထဲကို သွားချင်တယ်ဆိုရင် ကလစ် နှစ်ချက်နှိပ်ရပါမယ်။ ပထမဆုံး Home Page ဖြစ်တဲ့ Root Folders တွေ ရှိရာကို အရင်ထွက်ရပါမယ်။ပြီးမှ သွားချင်တဲ့ Root Folder ထဲက Sub Folder ကိုသွားရမှာဖြစ်ပါတယ်။Tree View ကိုသာအသုံးပြုလို့ ရရင် ကလစ်နှစ်ချက်နှိပ်စရာမလို ဘဲ တစ်ချက်နှိပ်ရုံနဲ့ အဆင်ပြေမှာပါ။ဒီအခက်အခဲကို Dropbox Plus ကဖြေရှင်းပေးနိုင်ပါတယ်။
dropbox-plus
Dropbox Plus က User Script တစ်ခုဖြစ်ပြီး User Script Manager Extension or Add-On တွေ နဲ့ တွဲပြီးသုံးရမှာပါ။ Firefox မှာတော့ Greasemonkey Add-On နဲ့ တွဲသုံးရမှာဖြစ်ပြီး Chrome မှာတော့ Tampermonkey Extension နဲ့ တွဲသုံးရမှာပါ။ Dropbox Plus ကို အင်စတောလုပ်ပြီးရင်တော့ အပေါ်ကပုံမှာမြင်တဲ့အတိုင်း Dropbox ကဖိုဒါတွေကို Tree View နဲ့ အသုံးပြုနိုင်ပြီဖြစ်ပြီးအလုပ်ရှုပ်သက်သာစေပါတယ်။ကျွန်တော်စမ်းကြည့်တာတော့ Firefox မှာတော့အဆင်ပြေပြီး Chrome မှာတော့ အဆင်မပြေပါ။ စမ်းကြည့်လိုက်ပါအုံး။အဆင်ပြေပါစေ။
သိချင်တာတွေကို လွယ်လွယ်ရှာဖို့  Kikin for Chrome
ဝက်ဆိုက်တစ်ခု မှာ စာဖတ်နေတုန်း စကားလုံး ၊ စကားစု တစ်ခုရဲ့  အဓိပ္ပါယ်ကို သိချင်ရင် Dictiionary Website တစ်ခုကိုဖွင့်ပြီးရှာ ဒါမှမဟုတ် စကားလုံး၊စကားစုကို Select လုပ်ပြီး Google ကနေရှာရပါတယ်။Image,Video တွေ ကို ရှာချင်ရင်လည်း Google  ကနေ Image,Video စသဖြင့် ပြောင်းလဲပြီးလိုက်ရှာရပါတယ်။Kikin for Chrome ဆိုတဲ့ Chrome Extension ကိုသုံးရင် စာဖတ်နေတဲ့ ၀က်ဆိုက်မှာတင်ပဲ စကားလုံး၊စကားစု ရဲ့  အဓိပ္ပါယ် ၊ Image တွေ ၊ Video တွေ၊ News တွေ၊  Maps တွေကို ပါရှာပေးနိုင်ပါတယ်။
သိချင်တဲ့ စကားလုံး၊စကားစုကို ရှာဖို့ အတွက် စကားလုံး အပေါ်မှာ Left Click ကို နှစ်စက္ကန့် လောက်ဖိထားတာနဲ့ ညာဘက်မှာ Sidebar တစ်ခုပေါ်လာပြီး Definition,Image,Video,News,Maps တွေကို သိနိုင်ပါပြီ။
kikin-for-chrome-660x516
စကားစုတစ်ခုကို ရှာချင်ရင်အောက်ကပုံမှာတွေ့ ရတဲ့ စကားစုရဲ့  ဘယ်ဘက်  နဲ့  ညာဘက်မှာရှိတဲ့ Selection Button လေးကို Drag လုပ်ပြီး Select လုပ်နိုင်ပါတယ်။
chrome-search-extension-660x534
ညာဘက် Sidebar ကသိချင်တာတစ်ခုကို နှိပ်လိုက်ရင် အဲဒီ Page မှာပဲ Definition,Image,Video တွေကို Pop Up အနေနဲ့  ပြပေးနိုင်ပါတယ်။
ashampoo 02
Kikin for Chrome က အင်တာနက် က မသိတဲ့ စကားလုံးတွေရဲ့  Definition တွေကို အလွယ်တကူရှာဖို့ ၊မှတ်သားဖို့  အသုံးဝင်တဲ့ Extension တစ်ခုဖြစ်ပါတယ်။
Install Kikin for Chrome
Facebook မှာ GIF တွေ Share လို့ ရပြီ။
giphy
Facebook မှာ GIF တွေ Share လို့ ရပါပြီ။ Google Plus မှာတော့ GIF တွေ Share လို့ ရနေတာကြာပြီဖြစ်ပြီး Facebook မှာအခုမှရတာပါ။ ဒါကလည်း တစ်ဆင့်ခံအနေနဲ့ giphy ၀က်ဆိုက်ကနေပဲ Share လို့ ရတာပါ။ GIF တွေ Share ချင်တယ်ဆိုရင်တော့ Giphy  ကိုသွားပါ။ နှစ်သက်တဲ့ GIF ကို ရွေးပြီး Facebook Share Button ကိုနှိပ်ပါ။ Link ကို Copy ကူးပြီး လည်း Share လို့ ရပါတယ်။ Giphy Home Page မှာ Miley Cyrus ရဲ့ Hot ဖြစ်နေတဲ့ Performance ပုံတွေ့ တာနဲ့  စမ်းပြီး Share ကြည့် တာပါ။တစ်မျိုးမထင်စေချင်ပါ။ တစ်ခုရှိတာက ဒီသတင်းကို Cnet က ရတာဖြစ်ပြီး ကွန်းမန့် တွေ မှာတော့ အဆင်မပြေတဲ့သူတွေ ရဲ့ Responces တွေကို တွေ့ ရပါတယ်။ ကျွန်တော်စမ်းကြည့်တာတော့အဆင်ပြေပါတယ်။ အဆင်ပြေပါစေ။ Have Fun !!!
ashampoo 09
Thursday, August 29, 2013
Facebook မှာ Shared Photo Album တွေတင်မယ်။
Facebook_Shared_Albums_610x406
Facebook ရဲ့ Features အသစ်ဖြစ်တဲ့ Shared Photo Albums တွေ ကသူငယ်ချင်းတွေ ပုံတွေ စုတင်လို့ ရသလို ၊ အလုပ်ကိစ္စတွေ မှာလည်း Album ကို Share လုပ်ပြီးသုံးလို့ ရပါတယ်။ဒီလို လုပ်ဖို့ အတွက် အရင်ဆုံး Album အသစ်တစ်ခုပြုလုပ်ပြီးပုံတစ်ပုံတင်ရမှာပါ။ပုံတင်ပြီးရင် Make Shared Album လုပ်ဖို့  Pop Up ပေါ်လာပါမယ်။ Make Shared Album ကို နှိပ်ပါ။
ashampoo 04
Album မှာ ပုံတွေ အတူတူတင်မယ့်    Contributors တွေကို ရွေးချယ်ပါ။ ရွေးချယ်ထားတဲ့ Contributors တွေ က နောက်ထပ်တစ်ခြား Contributors တွေကို Add လုပ်ဖို့ ၊မလုပ်ဖို့  ကိုလည်းသင်က ရွေးချယ်နိုင်ပါတယ်။ Privacy မှာလည်း Public,Friends of Contributors , Contributors Only စတာတွေကို ရွေးချယ်နိုင်ပါတယ်။Save လုပ်ပါ။
ashampoo 05
ဒါဆိုရင် Shared Album တစ်ခု ပြုလုပ်ပြီးပါပြီ။ သင် Add လိုက်တဲ့ Contributors တွေက Alert Message ရရှိပြီးသိရှိနိုင်ပါတယ်။သူငယ်ချင်းတစ်ယောက်က Contributor အနေနဲ့ ပုံတင်လိုက်ရင်လည်းသင် က Alert Message ရရှိမှာပါ။ သင့် Album မှာ မနှစ်သက်တဲ့ ပုံတွေ တင်ရင်လည်း Delete လုပ်လို့ ရသလို Contributors List ထဲကသူငယ်ချင်းတွေကိုလည်း Add,Remove  လုပ်နိုင်ပါတယ်။
Facebook အကောင့် Hack မခံရအောင်ကာကွယ်ပေးမယ့် FB Phishing Protector
download (1)
Phishing Attack ဆိုတာ ၀က်ဆိုက် Login Page အတုတွေ ကို အသုံးပြုပြီးသင့်အကောင့် Username , Password တွေကိုခိုးယူတဲ့နည်းတစ်ခုဖြစ်ပါတယ်။ အီးမေးက နေ Facebook ကို Login ၀င်ခိုင်းတဲ့လင့်တွေပို့ ပြီး  Login Page အတုကို ရောက်သွားမှာပါ။ အဲဒီမှာ သင့်အကောင့် Username,Password တွေကိုဖြည့်မိရင်တော့ သင့်အကောင့် Hack ခံလိုက်ရပါပြီ။Phishing အကြောင်းသိတဲ့သူတွေ ကတော့ ၀က်ဆိုက်လိပ်စာကို ဂရုတစိုက်သတိထားကြည့်ကြပါတယ်။ဒါပေမယ့်လည်းတစ်ခါတစ်လေတော့လည်း သတိမထားမိတဲ့အတွက် အခိုးခံကြရပါတယ်။အဲဒီနည်းက အသုံးအများဆုံးခိုးနည်းဖြစ်လို့  Google,Facebook တို့ က သင့်ထံအီးမေးပို့ ပြီး ဘယ်တော့မှ Login မလုပ်ခိုင်းဘူးလို့  ပြောကြားထားတာကို သတိပြုပါ။ဒီလို Phishing Page အတုအယောင်တွေကို ကာကွယ်ပေးနိုင်တဲ့ FB Phishing Protector ဆိုတဲ့ Firefox Add-On ကို အင်စတောလုပ်ထားရင်တော့ သင့်ဖေ့ဘုတ်အကောင့် ကို အခိုးခံရခြင်းမှကင်းဝေးစေမှာပါ။
Phish
Download FB Phishing Protector
Virus တွေကို အမြန်ဆုံးရှင်းပေးမယ့် Bitdefender 60-Second Virus Scanner
bitdefender_60
Antivirus တွေ ထဲမှာ နာမည်ကြီးတစ်ခုဖြစ်တဲ့ Bitdefender ရဲ့  60-Second Virus Scanner  က Virus, Malware  တွေကို အလျှင်မြန်ဆုံးရှင်းပေးနိုင်ပါတယ်။ အချိန်အနည်းငယ်အတွင်းမှာ Virus တွေကို ရှင်းပေးနိုင်တဲ့အတွက် အချိန်ကုန်သက်သာစေပါတယ်။ 60-Second Virus Scanner   က သင့်စက်မှာ အင်စတောလုပ်ထားတဲ့ တစ်ခြား Antivirus တွေ နဲ့ လည်း Compatible ဖြစ်ပါတယ်။
bit_defender60_1
60-Second Virus Scanner   က System Performance ကို မကျစေဘဲစွမ်းဆောင်ပေးနိုင်ပါတယ်။Cloud Scanning Technology ကို အသုံးပြုပြီး နောက်ဆုံးပေါ် Virus တွေကို စစ်ဆေးပေးနိုင်ပါတယ်။Windows XP (Service Pack  2) ကနေ Windows 8 အထိသုံးနိုင်ပါတယ်။File Size ကလည်း 150 KB သာရှိပြီးဆောင်ထားသင့်တဲ့ Virus Scanner တစ်ခုဖြစ်ပါတယ်။
bitdefender_60_2
Download Bitdefender 60-Second Virus Scanner
Facebook ရဲ့  News Feed ကို Organize လုပ်နည်း။
3D_Facebook_Logo_Cube_HD_Wallpaper-Vvallpaper.Net_
Facebook မှာ မိမိနဲ့  အပြင်မှာတကယ်ခင်သူ သူငယ်ချင်းတွေ ရှိသလို မသိတဲ့  သူငယ်ချင်းတွေလည်းအများကြီးရှိမှာပါ။ အဲဒီအတွက် ကိုယ့် ရဲ့ News Feed မှာ Post တွေ များပြားနေပြီး မိမိ နဲ့ ခင်မင်သူသူငယ်ချင်းတွေ ရဲ့  Posts တွေ၊ သတင်းတွေကို ဦးစားပေးအနေနဲ့ တွေ့ မြင်ချင်ရင်ပဲဖြစ်ဖြစ် မသိသူတွေရဲ့  Posts တွေကို သိပ်မတွေ့ ချင်ရင်ပဲဖြစ်ဖြစ်  ဒီနည်းကို သုံးပါ။Facebook မှာ သိပ်ပြီးအဆက်အသွယ်မလုပ်ဖြစ်တဲ့သူတွေရဲ့  Posts တွေကို သိပ်မတွေ့ မြင်နိုင်အောင် သူတို့ ကို Acquaintances List ထဲထည့်ထားလို့ ရပါတယ်။Acquaintances List ထဲကို Manual ထည့်လို့ ရသလို Facebook ရဲ့  Organize Tool ကို အသုံးပြုလို့ ရပါတယ်။Organize Tool က မိမိနဲ့  အဆက်အသွယ် သိပ်မရှိတဲ့ သူငယ်ချင်းတွေကို Suggest လုပ်ပေးနိုင်တဲ့အတွက်လွယ်ကူအဆင်ပြေစေပါတယ်။
facebook.com/friends/organize ကိုသွားပြီး Suggest လုပ်ထားတဲ့သူငယ်ချင်းတွေ ထဲက ရွေးချယ်ပြီး Acquaintances List  ထဲထည့်နိုင်ပါတယ်။
ku-bigpic
Wednesday, August 28, 2013
ဖုန်းလာရင် Voice Command နဲ့  Accept,Reject လုပ်ပေးမယ့် Smart Call Accept
ashampoo 01
ဖုန်းလာရင် လက်ဝှေ့ ရမ်းလိုက်တာနဲ့   ဒါမှမဟုတ် နားနားကပ်လိုက်တာနဲ့  ဖုန်းပြောလို့ ရတဲ့ Air call Accept လုပ်ပေးနိုင်သလို လုပ်ပေးနိုင်တဲ့အပြင် Voice Command နဲ့  လည်း ဖုန်းကို Accept,Reject လုပ်လို့ ရပါတယ်။ Reject လုပ်ပြီး SMS လည်းပြန်ပို့ နိုင်ပါတယ်။Voice Command တွေကို Record လုပ်ပြီးသတ်မှတ်ထားလို့ ရပါတယ်။
Download Smart Call Accept from Play Store  or  XDA Forum  
ashampoo 02ashampoo 01
Tuesday, August 27, 2013
သင်နှစ်သက်တဲ့ ၀က်ဆိုက်တွေ ကို Desktop App ပြုလုပ်အသုံးပြုနည်း။
download (1)
သင်နှစ်သက်တဲ့ ၀က်ဆိုက်တွေကို Desktop App အနေနဲ့ အသုံးပြုနိုင်ဖို့  Chrome Browser ကပြုလုပ်ပေးနိုင်ပါတယ်။Chrome Browser ကနေ နှစ်သက်တဲ့ ၀က်ဆိုက်ကိုသွားပါ။ပြီးရင် Customize & control Chrome button ကိုနှိပ်ပြီး Tools > Create application shortcut ကိုနှိပ်ပါ။
ashampoo 01
Desktop,Start menu,Taskbar မှာ Shortcuts တွေ ပြုလုပ်ဖို့ ရွေးချယ်နိုင်ပြီး Create ကိုနှိပ်ပါ။
ashampoo 02
ဒါဆိုရင် သင်နှစ်သက်တဲ့ ၀က်ဆိုက်ကို Desktop App အနေနဲ့ သုံးနိုင်ပါပြီ။
ashampoo 03
Monday, August 26, 2013
မမြင်စေချင်တဲ့ Program Windows တွေကို ဖွက်ထားပေးမယ့် HiddeX
သင့် အလုပ်မှာ အလုပ်ရှင်က အလုပ်ကလွဲပြီးတစ်ခြား Programs တွေ သုံးတာ ကို မကြိုက်ဘူးဆိုရင်  Program တွေကို ဖွက်ထား ပေးနိုင်တဲ့ HiddeX ဆိုတဲ့ Portable Freeware ကိုသုံးပါ။ Mouse နဲ့  Keyboard Shortcut ကို အသုံးပြုပြီး Browser, Chat App,Game,Video Player တွေ ရဲ့ ဝင်းဒိုးကို ဖျောက်ပေးထားနိုင်ပါတယ်။Windows XP, Windows Vista, Window 7 and Windows 8 မှာသုံးနိုင်ပါတယ်။
HiddeX ကို Run ပြီးရင် Applications တွေကို တွေ့ မြင်နိုင်ပြီး Hide လုပ်ချင်တဲ့ Application ကို Double Click နှိပ်ပြီး TO HIDE pane ထဲကို ထည့်ပေးရမှာပါ။Keyboard hotkeys,Mouse hotkeys နှစ်ခုမှာ Hotkeys တွေကို သတ်မှတ်ပေးပါ။
Hiddex
HiddeX က Programs တွေ အပြင် Services တွေကို ပါ Hide လုပ်ပေးနိုင်ပါတယ်။Type Section မှာအသုံးပြုနိုင်ပါတယ်။ HiddeX ကို စ ဖွင့်ရင် hotkeys တွေကို activate လုပ်ဖို့ ၊ ၀င်းဒိုးတွေကို hide လုပ်ဖို့  on start HiddeX မှာသတ်မှတ်နိုင်ပါတယ်။
HiddeX-2.3
Download HiddeX 
Sunday, August 25, 2013
သုံးချင်တဲ့ဆော့ဝဲရှာမတွေ့ ဘူးလား? AlternativeTo မှာရှာပါ။
download (2)
alternativetoလိ
Checkout AlternativeTo.net
Phone Message ကို PC ကဖတ်မယ် ၊ ပို့ မယ်။
texting-at-computer
MightyText
MightyText က သင့်ဖုန်း ကို ၀င်လာတဲ့ Message တွေကို ကွန်ပြူတာကနေ ဖတ်ရှုနိုင်ပြီး ကွန်ပြူတာကနေပဲ Message တွေကို ပြန်လည်ပေးပို့ နိုင်ပါတယ်။MightyText ရဲ့ Android App နဲ့  Extension ကို သင့်ဖုန်း နဲ့  သက်ဆိုင်ရာ Browser မှာအင်စတောလုပ်ပါ။ Chrome,Firefox,Safari,IE,Opera စတဲ့ Browser တွေမှာသုံးနိုင်ပါတယ်။ပြီးရင် Google အကောင့်နဲ့ ချိတ်ဆက်ပေးပါ။Extension မသုံးချင်တဲ့သူတွေ အနေနဲ့ MightyText ၀က်ဆိုက်မှာလည်းအသုံးပြုနိုင်ပါတယ်။ဒါဆိုရင် သင့် Browser ကနေပဲ ဖုန်း Message တွေကို ဖတ်နိုင်ပေးပို့ နိုင်ပါပြီ။
mightytext-in-browser
AirDroid
AirDroid app ကို သင့်ဖုန်းမှာအင်စတောလုပ်ပါ။AirDroid ၀က်ဆိုက်မှာအကောင့်တစ်ခုလုပ်ပါ။ ဖုန်းနဲ့  ကွန်ပြူတာက တူညီတဲ့ Network တစ်ခုထဲမှာရှိရပါမယ်။ AirDroid ကဖုန်း Message တွေကို Browser ကနေဖတ်နိုင် ပြန်ပေးပို့ နိုင်တဲ့အပြင် App တွေကို Manage လုပ်တာ၊ ဖုန်းနဲ့ ကွန်ပြူတာကြား ဖိုင်တွေ ပေးပို့ ရယူတာတွေ၊ပျောက်သွားတဲ့ဖုန်းကို ပြန်ရှာတာတွေ  ပါပြုလုပ်နိုင်ပါတယ်။
AidDroid app ကို Run ပြီးရင် ရလာတဲ့ ၀က်ဆိုက်လိပ်စာကို Browser ကနေဖွင့်ပါ။ Connection ကို Accept လုပ်ပါ။AirDroid page က Message အိုင်ကွန်ကိုနှိပ်ပြီး Message တွေ ဖတ်နိုင် ပေးပို့ နိုင်ပါတယ်။
airdroid-send-text-messages-via-your-browser
Browser မှာသိမ်းထားတဲ့ Password တွေမေ့သွားလား ? WebBrowserPassView ကိုသုံးပါ။
download (1)
ဒီနေ့ ခေတ် Modern Browser တွေ မှာ Password Manager တွေ ပါရှိပါတယ်။ Password Manager တွေက သင့် အကောင့်တွေ ရဲ့ Username, Passwords တွေကို သိမ်းပေးထားနိုင်ပြီး ၀က်ဆိုက် တွေ Login ၀င်ရင်အလိုလို ဖြည့်ပေးနိုင်ပါတယ်။ အဲဒီ Password တွေကို ဖျက်မိလို့ ဖြစ်ဖြစ် ၊ မေ့ လို့ ဖြစ်ဖြစ်မသိတော့ရင်  Recover လုပ်ပေးနိုင်တဲ့ WebBrowserPassView ဆိုတဲ့ Freeware ကိုသုံးပါ။
WebPassView1-393x400
Download WebBrowserPassView
Saturday, August 24, 2013
Firefox ကို Reset ချရင်ဘာဖြစ်မလဲ?
images (1)
Firefox Browser ကောင်းကောင်းအလုပ်မလုပ်တော့တဲ့ အခြေအနေဖြစ်နေပြီး ပြုပြင်လို့ လည်းမရတော့ဘူးဆိုရင် Reset ချနိုင်ပါတယ်။ Reset လုပ်ဖို့  Help > Troubleshooting Information ကိုနှိပ်ပါ။ဒါမှမဟုတ် Address Bar မှာ  about:support လို့ ရိုက်ပါ။
ashampoo 21
Page တစ်ခုပေါ်လာပြီးညာဘက်က Reset Firefox ကိုနှိပ်ပါ။
1
Reset ချရင် Search Engine , Home Page တွေကို Default အတိုင်းပြုပြင်မှာဖြစ်ပြီး extensions, sync settings, open tabs, tab groups ,themes , toolbars စတာတွေအားလုံးကို ဖျက်ပစ်မှာပါ။ Passwords, Form Data, Browsing history, Favorites or Bookmarks, Cookies ,Plugins စတာတွေကိုတော့ မဖျက်ပဲ ပြန်အသုံးပြုနိုင်ပါတယ်။
Android Phone ကနေ Passwords တွေခိုးရတာလွယ်လွယ်လေးပါ။ဒါဆိုရင် သင်ဘယ်လို ကာကွယ်မလဲ ?
1
Android  Phone ကနေ Passwords တွေကို ခိုးပေးနိုင်တဲ့ dSploit ဆိုတဲ့ Android App အကြောင်းပြောပြချင်ပါတယ်။Hacker တစ်ယောက်မဟုတ်ဘဲနဲ့  Wifi Network တစ်ခုထဲမှာ ရှိတဲ့ Devices တွေ က Passwords တွေကိုခိုးယူပေးနိုင်ပါတယ်။dSploit ကိုသုံးဖို့  သင့် ဖုန်း ဟာ  Root လုပ်ပြီးသားဖြစ်ရပါမယ်။ဒီနေ့  ၀က်ဆိုက်တော်တော်များများ  က HTTP အစား HTTPS ကိုသုံးကြပါတယ်။HTTPS ကိုသုံးခြင်းဖြင့် လုံခြုံမှုရှိစေပါတယ်။HTTP အသုံးပြုတဲ့ဝက်ဆိုက်တွေကို အသုံးပြုရင် တစ်စုံတစ်ယောက်က dSploit app ကိုသုံးပြီးသင့် Passwords တွေကို ရယူနိုင်ပါတယ်။dSploit က Hack လုပ်ဖို့  အထူးသီးသန့် ပြုလုပ်ထားတာဖြစ်ပြီး သူ့ အလုပ်လုပ်ပုံကိုသင်သိရင် သင့်ကိုယ်သင်ကာကွယ်ပြီးသားလည်းဖြစ်သွားပါလိမ့်မယ်။
Steal Passwords
dSploit ကို ဖွင့်ပြီးရင် Wifi Network ထဲက Device တွေကို Scan လုပ်ပါလိမ့်မယ်။ ပြီးရင် Device တစ်ခုကိုရွေးပြီး MITM(Man In The Middle ) ကိုရွေးပြီး Password Sniffer  ကိုအသုံးပြုပြီး Passwords တွေခိုးနိုင်ပါတယ်။သင်ရွေးချယ်ထားတဲ့ Device က HTTP အသုံးပြုတဲ့ဝက်ဆိုက်မျိုးအသုံးပြုတယ်ဆိုရင် Password တွေရနိုင်ပါတယ်။
Screenshot_2013-07-08-13-12-46
Hijack A Session
Session Sniffer ကိုသုံးပြီး Login ၀င်နေတဲ့ ၀က်ဆိုက်တွေကိုအလွယ်တကူအသုံးပြုနိုင်ပါတယ်။ဒါကလည်း HTTP သုံးတဲ့ဝက်ဆိုက်တွေ မှရမှာပါ။
Screenshot_2013-07-08-13-12-46
အောက်ကပုံကတော့ Amazon အကောင့်ကို dSploit က Hijack လုပ်နိုင်ခဲ့တာတွေ့ နိုင်ပါတယ်။
Screenshot_2013-07-08-10-25-12
Replace All The Images On A Website
စနောက်ဖို့ အတွက်အသုံးပြုနိုင်တဲ့ Tools တွေ လည်းပါရှိပြီး Replace Images,Replace Videos,Kill Connection စတာတွေကိုသုံးနိုင်ပါတယ်။
Screenshot_2013-07-08-10-21-25
Protect Yourself
dSploit ကိုသုံးပြီး Password တွေ ခိုးရတာလွယ်ကူတယ်ဆိုတာ သင်သဘောပေါက်ရင် မိမိရဲ့  Password တွေ အခိုးမခံရအောင် ဂရုစိုက်သင့်ပါတယ်။ Public Wifi တွေ အသုံးပြုရင် Bank Account လို အရေးကြီးတဲ့ ၀က်ဆိုက်တွေ ကို အသုံးမပြုသင့်ပါဘူး။HTTP အစား HTTPS ကိုသုံးပါ။ Firefox နဲ့ Chrome အတွက် HTTPS Everywhere Extension ကိုသုံးပါ။dSploit လို App တွေကို Detect လုပ်ပေးနိုင်တဲ့ BlackSheep  ဆိုတဲ့ Firefox Add-On  ကိုသုံးပါ။ VPN App တွေ သုံးခြင်းကလည်း လုံခြုံမှုရှိစေတယ်လို့ ဆိုပါတယ်။
YouTube မှာ Full Length Movie တွေကို ရှာပေးနိုင်တဲ့ Moviefork
1
YouTube မှာ Full Length Movie တွေ ရှာရတာမလွယ်ပါဘူး။Trailer တွေ နဲ့ ရောထွေးနေပြီးရှာရခက်လှပါတယ်။အဲဒီအခက်အခဲကို Moviefork က ဖြေရှင်းပေးနိုင်ပါတယ်။Moviefork က YouTube က Full Length Movie တွေကိုပဲ စုစည်းပေးထားပြီး decade, genre, and movie score စသဖြင့် ရှာဖွေနိုင်ပါတယ်။
Checkout Moviefork
Friday, August 23, 2013
Google Chrome မှာကြည့်နိုင်မယ့်ဖိုင်လေးမျိုး။
images (1)
Google Chrome Browser က အမြန်ဆုံး Browser တစ်ခုဖြစ်ပြီး ၀က်ဆိုက်တွေကို ကြည့်ဖို့ ပဲအသုံးဝင်တာမဟုတ်ပါဘူး။Video,Music,PDF,Microsoft Office Document ဖိုင်တွေကိုပါကြည့်လို့  နားထောင်လို့ ရပါတယ်။
Video File
Chrome မှာ Built-in Video Player ပါရှိပြီး .mp4,.3gp, .avi, .mov, .m4v, .mkv, .ogv, .ogm, .webm စတဲ့ ဖိုင်အမျိုးအစားတွေကို Chrome မှာဖွင့်လို့ ရပါတယ်။Video ဖိုင်ကို Chrome Browser Window ပေါ်ကို Drag and Drop လုပ်ပြီး ဖွင့်ရမှာပါ။သင်ဖွင့်ချင်တဲ့ ဖိုင်အမျိုးအစားက Support ပေးတဲ့ ဖော်မက်မဟုတ်ရင် Converter တွေ သုံးနိုင်ပါတယ်။
ashampoo 05
Music
Chrome မှာ .mp3,.mp4, .m4a, .ogg, .oga, .wav စတဲ့ Music File တွေကိုဖွင့်နိုင်ပါတယ်။Drag and Drop လုပ်ပြီးဖွင့်ပါ။
chrome-play-local-music4
ဒါပေမယ့် သီချင်းတစ်ပုဒ်ချင်းစီကိုပဲဖွင့်နိုင်ပါတယ်။တစ်ပုဒ်ပြီးမှနောက်တစ်ပုဒ်ကို Drag and Drop လုပ်ပြီးဖွင့်ရမှာပါ။သီချင်းအများကြီး ကို Play list အနေနဲ့ ဖွင့်ချင်ရင် Achshar Player ဆိုတဲ့ Extension ကိုသုံးနိုင်ပါတယ်။
ashampoo 06
PDF Documents
Chrome မှာ Built-in PDF Viewer ပါရှိပြီး Drag and Drop လုပ်ပြီးဖွင့်နိုင်ပါတယ်။ဒါမှမဟုတ် Default Program အဖြစ်သတ်မှတ်ပြီးဖွင့်နိုင်ပါတယ်။
set-chrome-as-default-pdf-viewer
Microsoft Office Document
Chrome မှာ Chrome Office Viewer  extension ကိုအသုံးပြုပြီး Microsoft Office Document တွေ ကိုဖွင့်နိုင်ပါတယ်။Extension ကိုအင်စတောလုပ်ပြီးရင် Word documents, Excel spreadsheets, and PowerPoint presentations စတာတွေကို Chrome Browser မှာပဲ ဖွင့်ကြည့်နိုင်ပါပြီ။Document ဖိုင်ကို Chrome Browser Window ပေါ်ကို Drag and Drop လုပ်ပြီးဖွင့်နိုင်ပါတယ်။
chrome-office-viewer
သင့် Android Phone ရဲ့  CPU,RAM,Network,Disk Usage ကိုဖော်ပြပေးနိုင်တဲ့ Usemon (Usage monitor)
ashampoo 01
Windows မှာ Task Manager ကိုသုံးပြီး CPU,RAM,Network Usage တွေကိုလွယ်လွယ်ကူကူသိနိုင်ပါတယ်။Android မှာ သိနိုင်ဖို့ အတွက် Usemon လို Application ကိုသုံးနိုင်ပါတယ်။Notification Bar မှာပြသပေးနေမှာဖြစ်ပြီး Bar ကိုဆွဲချပြီး Graph အနေနဲ့ ကြည့်နိုင်ပါတယ်။Noti Bar မှာ ပြပေးမယ့် Status တွေကိုလည်း  ရွေးချယ်နိုင်ပါတယ်။Widget လည်းပါရှိပြီးဖိုင်ဆိုက်ကလည်း 1 mb တောင်မပြည့်ပါဘူး။
Download Usemon from Play Store  or  Dropbox 
ashampoo 02ashampoo 03