Monday, August 19, 2013

Widgets

YouTube ကို အမြန်ဆုံး Load လုပ်ပေးနိုင်တာ Chrome ပါ။

Google က YouTube ကို ပိုမိုကောင်းမွန်လာအောင် အမြဲ Tweak လုပ်နေပါတယ်။Google က YouTube မှာ Content တွေကို Load လုပ်တဲ့နည်းအသစ်ကို စမ်းသပ်သုံးစွဲနေပါတယ်။အရင်နည်းလမ်း မှာတော့ Full Page Reload လုပ်တာပါ။သဘောက YouTube မှာ Video တစ်ခုကြည့်နေတယ်ဆိုပါစို့ ။ ညာဘက် Sidebar မှာ Related  Video တွေကို တွေ့ မြင်နိုင်ပါတယ်။ Related Video တွေ ထဲက တစ်ခုကို နှိပ်ကြည့်ရင် အသစ်ပေါ်လာတဲ့ Page မှာလည်း အရင် Page က Content တော်တော်များများပြန်ပါလာပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ တူညီတဲ့ Content တွေကို Fully Reload ပြန်လုပ်တဲ့အတွက်အချိန်ကြာပါတယ်။ဒါကနည်းဟောင်းပါ။ နည်းအသစ်မှာတော့ တူညီတဲ့ Content တွေကို Reload မလုပ်တော့ဘဲ  cache or a Google server  ကနေပဲ ပြန် Load လုပ်ပေးတဲ့အတွက်  Page Loading Time ကပိုမြန်လာတာပါ။ ကွန်နက်ရှင်ကောင်းတဲ့ နိုင်ငံတွေ မှာမသိသာနိုင်ပေမယ့် ကွန်နက်ရှင်မကောင်းတဲ့ ကျွန်တော်တို့ ဆီမှာတော့ သိသာနိုင်ပါတယ်။

Chrome ကို အသုံးပြုပြီး YouTube ကို ကြည့်မယ်ဆိုရင် Related Video ထဲကတစ်ခုခု ကို နှိပ်ကြည့်ရင် Address Bar အောက်က အနီရောင်ဘားတန်းလေးတက်လာတာကို တွေ့ မြင်ရမှာပါ။အရင် Page က တူညီတဲ့ Content တွေ  ပါနေတဲ့အတွက် Fully Reload  မလုပ်တာကို ပြသတဲ့သဘောဖြစ်ပါတယ်။

youtube-faster-loading

ဒီ Feature ကို Chrome နဲ့ Opera 15 or newer နှစ်မျိုးမှာပဲသုံးလို့ ရပါတယ်။Firefox User တွေ အတွက်တော့သုံးချင်ရင် User Agent Switcher ဆို တဲ့ Add-On ကို အင်စတောလုပ်ပြီးသုံးနိုင်ပါတယ်။ User Agent Switcher က Firefox Browser ကို Chrome Browser ဒါမှမဟုတ် တစ်ခြား Browser အနေနဲ့ သင်ကြည့်ရှုတဲ့ဝက်ဆိုက်တွေက ထင်မြင်အောင်လုပ်ပေးနိုင်ပါတယ်။User Agent Switcher ကို Firefox မှာအင်စတောလုပ်ပြီး Default User Agent ကို Chrome လို့ ပြောင်းပြီးသတ်မှတ်ပေးပါ။

ဒီ Feature ကကွန်နက်ရှင်ကောင်းတဲ့သူတွေအတွက်တော့ ဘာမှမသိသာနိုင်ပေမယ့် ကွန်နက်ရှင်မကောင်းတဲ့သူတွေအတွက်တော့ အနည်းငယ်ပိုပြန်လာနိုင်ပါတယ်။

0 comments:

Post a Comment