Friday, August 30, 2013

Widgets

Dropbox ကဖိုဒါတွေကို Tree View အနေနဲ့ သုံးလို့ ရမယ့် Dropbox Plus

Dropbox User တွေ အနေနဲ့  Folder တွေကို Tree View နဲ့ အသုံးပြုလို့ ရရင်တော်တော်အဆင်ပြေမှာပါ။ဘာလို့ လဲဆိုရင် Root Folder အောက်က Sub Folder တစ်ခုထဲကို ၀င်ကြည့်တယ်ဆိုပါစို့ ။ တစ်ခြား Root Folder အောက်က Sub Folder တစ်ခုထဲကို သွားချင်တယ်ဆိုရင် ကလစ် နှစ်ချက်နှိပ်ရပါမယ်။ ပထမဆုံး Home Page ဖြစ်တဲ့ Root Folders တွေ ရှိရာကို အရင်ထွက်ရပါမယ်။ပြီးမှ သွားချင်တဲ့ Root Folder ထဲက Sub Folder ကိုသွားရမှာဖြစ်ပါတယ်။Tree View ကိုသာအသုံးပြုလို့ ရရင် ကလစ်နှစ်ချက်နှိပ်စရာမလို ဘဲ တစ်ချက်နှိပ်ရုံနဲ့ အဆင်ပြေမှာပါ။ဒီအခက်အခဲကို Dropbox Plus ကဖြေရှင်းပေးနိုင်ပါတယ်။

dropbox-plus

Dropbox Plus က User Script တစ်ခုဖြစ်ပြီး User Script Manager Extension or Add-On တွေ နဲ့ တွဲပြီးသုံးရမှာပါ။ Firefox မှာတော့ Greasemonkey Add-On နဲ့ တွဲသုံးရမှာဖြစ်ပြီး Chrome မှာတော့ Tampermonkey Extension နဲ့ တွဲသုံးရမှာပါ။ Dropbox Plus ကို အင်စတောလုပ်ပြီးရင်တော့ အပေါ်ကပုံမှာမြင်တဲ့အတိုင်း Dropbox ကဖိုဒါတွေကို Tree View နဲ့ အသုံးပြုနိုင်ပြီဖြစ်ပြီးအလုပ်ရှုပ်သက်သာစေပါတယ်။ကျွန်တော်စမ်းကြည့်တာတော့ Firefox မှာတော့အဆင်ပြေပြီး Chrome မှာတော့ အဆင်မပြေပါ။ စမ်းကြည့်လိုက်ပါအုံး။အဆင်ပြေပါစေ။

0 comments:

Post a Comment